စာဖတ်သူများလည်း ထရမ့်နဲ့ ဒေါ်စု ခေါင်းဆောင် ၂ဦး ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေထဲက တချို့ကို ဖတ်ပြီးတော့ စဥ်းစားမှုတွေ အတော်အတန် လုပ်ပြီးလောက်ပြီထင်ပါတယ်။ ထရမ့်လက်ထက်မှာ အိမ်ဖြူအနေနဲ့ ဒေါ်စုကို အနောက်တံခါးကိစ္စ၊ လူ့အခွင့်အရေးကိစ္စ စတဲ့ ကိစ္စတွေနဲ့ ဖိအားပေးမှု မရှိခဲ့လို့ ဒေါ်စုအနေနဲ့ ပြည်တွင်းကိစ္စတွေအပေါ်မှာ ပိုအာရုံစိုက်လာနိုင် ခဲ့သလို မာန်ထောင်လှတဲ့ တရုတ်ကြီးဖက်က လျော့ရတဲ့အထိ ခပ်တင်းတင်း ဆက်ဆံနိုင်ခဲ့တာ ဟာလည်း အိမ်ဖြူမှာ ထရမ့်ရှိနေတာကြောင့်ပါ။ အဆိုပါကာလမှာ အနောက်တံခါးကိစ္စနဲ့ ပတ်သက်တဲ့ဖိအားက ထရမ့်ဆီကလာတာမဟုတ်ပဲ ဂလိုဘယ်လစ်ဥရောပနဲ့ ဒီမိုကရက် ခေါင်းဆောင်များဆီကသာ ဖြစ်ပါတယ်။ ဘိုင်ဒန်တက်လာပြီး ဒေါ်စုဘာဖြစ်သွားလဲဆိုတာနဲ့ ယှဥ်ကြည့်ရင် ပိုရှင်းပါလိမ့်မယ်။
ဒုတိယသက်တမ်းအတွက် မဲဆွယ်ပွဲကာလမှာ အိုဘားမားက နှစ်နိုင်ငံအကျိုးစီးပွားအပေါ် သက်ရောက်မှု ကြီးကြီးမရှိပဲ ဒေါ်စုကို လာတွေ့ခဲ့တာရယ် အိမ်ဖြူကိုဖိတ်၊ ဓါတ်ပုံဒစ်ပလိုမေစီ မားကက်တင်း ကုတ်ရှစ် လုပ်ပြီး ဒေါ်စုတက်လာတော့ သူတို့ကြိုးဆွဲမရတာနဲ့ ဖိအားပေး၊ ဒုက္ခရောက်တော့ ပစ်ထားလိုက်တော့တာ မိတ်ဆွေကောင်း ပီသတယ်လို့ ဆိုနိုင်ပါ့မလား။
ဒေါ်စုမှ မဟုတ်ပါဘူး၊ ကမ္ဘာ့ရွာအုပ်စုက သူတို့ကြိုးဆွဲလို့မရတဲ့ခေါင်းဆောင် ဘယ်သူ့ကိုမှ အရာမသွင်းတာပါ။ ဆိုဗီယက်အရိပ်အောက်မှာ နေခဲ့တဲ့နိုင်ငံတွေထဲကဆိုရင် ဂလိုဘယ်လစ် လမ်းစဥ် လက်မခံ လာဘ်မစားပဲ ခရစ်ယာန်ဘာသာကို အလေးထားတဲ့ ပိုလန်တို့ ချက်တို့ ဟန်ဂေရီတို့ကို ခေါက်ထားတော့ အဲဒီနိုင်ငံတွေ အဆင်ပြေ ပျော်ရွှင်နေတဲ့အကြောင်း သတင်းတွေမှာ သိပ်မဖော်ပြကြပေမယ့် ခြစားတာနဲ့ နာမည်ဆိုးထွက်တဲ့ ယူကရိန်း၊ ဘူလ်ဂေးရီးယား၊ ရုရှားတို့နဲပဲ ဘိုင်ဒင်တို့ ငွေပေးငွေယူ အရှုပ်အရှင်းရှိခဲ့တာ အဲဒီနိင်ငံတွေနဲ့ပဲ ဇတ်တိုက် ဇတ်ကနေကြတာ တိုက်ဆိုင်မှုတခုထက်တော့ ပိုပါလိမ့်မယ်။
ဟန်းတားသတင်းကစလို့ ယူကရိန်းမှာ ကနေ့မနက်ဖြန်ပဲ နိုင်တော့မလို ရုရှားတွေ ကားနေအောင် ခံနေရသလိုတွေ ဝါဒဖြန့်ပြီး တကယ့်မြေပြင်မှာ နိုင်ငံပြာကျနေတာ ပြည်သူတွေ ခံနေရတာမျိုးကနေ မီဒီယာပေါ်က ပြောတိုင်း ရေးတိုင်းကို မယုံသင့်ကြောင်း သင်ခန်းစာ ယူသင့်ပါတယ်။
တကယ်တော့ ထရမ့်နဲ့ ဒေါ်စုတို့နှစ်ဦးကို အနီးကပ် ပြဿနာပေးနေတာက မအလတို့ ဘဒတို့လို အမည်ကွဲနေ ပါတီကွဲ နေရာကွဲနေနိုင်ပေမယ့် သူတို့နှစ်ဦးရဲ့ အနီးကပ်ရန်သူတွေကို ထိန်းချုပ်နေတာက တဦး/တဖွဲ့တည်း/တဖက်တည်း ဖြစ်နေတာပါ။ နှစ်ဖက်လုံးမှာ အဓမ္မဝါဒီတွေ တက်လာဖို့ အခါပေး မီးစိမ်းပြနေတာကလည်း သူတို့အားလုံး မထိရဲတဲ့ ဦးပေါက်ဆီပဲ ဖြစ်နေတာ မဟုတ်ဘူးလား။
အဲဒီတော့ အမေရိကန်က မြန်မာနွယ်ဖွားတွေ ချစ်လှပါချေရဲ့ဆိုတဲ့ ပြည့်မိခင်ကြီးအတွက် သူ့ကိုဖိမယ့်အဖွဲ့တွေ ကိုပဲ မျက်စေ့မှိတ်ထောက်ခံနေကြတာ သူမကို ကူညီနေတာလား ဒုက္ခပေးနေတာလားဆိုတာ စဥ်းစားဖို့ လိုလာပါပြီ။ မသိလို့ မှားခဲ့တယ်ဆိုတာ တခါပဲ ကောင်းပါတယ်။ အခုအချိန်ကစပြီး ရှေ့နှစ် မဲပေးချိန်အထိ ကိစ္စအရပ်ရပ်ကို သေချာ ပြန်သုံးသပ်ကြဖို့ တိုက်တွန်းပါတယ်။ ပြောတော့ ချစ်လှပါချေရဲ့၊ ကျေးဇူးကြီးလှပါချေရဲ့ဆိုပြီး လုပ်တော့ သူမရပ်တည်ချက်တွေနဲ့ ဆန့်ကျင်တဲ့၊ စကားလုံးချိုချိုတွေနဲ့ မင်းသားမျက်နှာဖုံး စွပ်ထားတဲ့ လူတွေခင်းထားတဲ့ ခယောင်းလမ်းပေါ် တွန်းပို့နေကြသလို ဖြစ်မှာကို ထည့်တွက်ကြပါလို့ မေတ္တာရပ်ခံပါတယ်။ စိတ်ခံစားချက်ထက် ဖြစ်သင့်တာကို ဦးစားပေးဖို့ အင်မတန် အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ။