မေ ၁၆ ၂၀၂၃

မနေ့က ရုရှားကိုလူးရှင်းဆိုတာ ဟုတ်/မဟုတ်ကို စစ်ဆေးတဲ့ ဒူရမ်ရီပို့ ၄နှစ်တာ အချိန်ယူပြီး နောက်မှာ ထွက်ရှိလာပါပြီ။ ထရမ့်အိမ်ဖြူမှာရှိတုန်းထဲက ထွက်ဖို့ကို အဖာအထေး ဇတ်လမ်းတွေ ဆင်နေရလို့ ခုမှ စာမျက်နှာ ၃၀၀ကျော်နဲ့ ထွက်လာတာပါ။ တွေ့ရှိချက်တွေထဲမှာ အက်ဖ်ဘီအိုင်ဟာ လုံလောက်တဲ့ သက်သေခံအထောက်အထား မပြည့်စုံပါပဲနဲ့ ကလင်တန်ကမ်ပိန်းက ငှားထားတဲ့ ဗြိတိန်စုံထောက်ဟောင်း ခရစ်စတိုဖာစတီးလ်ရဲ့ ထရမ့်နိုင်တာ ရုရှားကူလို့ပါဆိုတဲ့ စကားတခွန်းထဲနဲ့ အလျင်စလို ခရော့စ်ဖိုင်းယားဟာရီကိန်း စစ်ဆင်ရေးလုပ်ပြီး သမ္မတထရမ့်အပေါ် စစ်ဆေးရေးစလုပ်ခဲ့ပါတယ်။  

စတီးလ်ကို သူ့ရဲ့ ဒေါ်စီရေမှာ ပြောထားတာတွေကို သက်သေပြဖို့ ဒေါ်လာ ၁သန်းတောင် အက်ဖ်ဘီအိုင်က ပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ စီအန်အန်က ဖော်ပြခဲ့ဖူးပါတယ်။ စတီးလ်ပြောသွားတာ တွေက အီဂေါ်ဒန်ချန်ကိုးဆီက လာတာတာပါ။ ဒန်ချန်ကိုးကို အက်ဖ်ဘီအိုင်ကို လိမ်လည်မှုနဲ့ တရားစွဲဆိုခဲ့ပေမယ့် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး မနှစ်ကတော့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ တကယ်တိုင်တဲ့သူနောက်မှာ ဘာအကျိုးစီးပွားရှိလဲ၊ ဘာတွေသက်သေရှိလဲဆိုတာ ခဏလောက်စကားပြောကြည့်ရင်တောင် ပေါ်နိုင်နေတာကို တမင်သက်သက် စစ်ဆေးဖို့ ခွင်ဆင်ခဲ့ကြတာဖြစ်ပြီး အပြစ်မရှိသူ ထရမ့်လက်ရုံးများ လံကြုတ်ဇတ်လမ်းတွေနဲ့ အဖြုတ်ခံ၊ ထောင်ချခံခဲ့ကြရတာပါ။

ထရမ့်အပေါ် အက်ဖ်ဘီအိုင်က အလျင်စလို စစ်ဆေးရေးစခဲ့ပေမယ့် ကလင်တန်ကမ်ပိန်းနဲ့ ပတ်သက်နေတာတွေ၊ ကလင်တန်နိုင်ငံခြားဝန်ဘဝတုန်းက အစိုးရကိစ္စတွေကို ကိုယ်ပိုင် ကလင်တန်အီးမေးလ်အကောင့်နဲ့သုံးပြီး အစဖျောက်ပြစ်ခဲ့တာကိုတော့ မတို့ရဲ မထိရဲခဲ့ပဲ သတိကြီးစွာထားပြီး ကိုင်တယ်ခဲ့ကြတာကိုကြည့်ရင် အက်ဖ်ဘီအိုင်က ဘယ်ဖက်ပင်းနေတယ် ဆိုတာ လယ်ပြင်ဆင်သွားသလို ထင်ရှားနေတာပါပဲ။ ကလင်တန်နဲ့ သူမလက်ရုံး ဟူမာအာဘေဒင်တို့ကြား ၂၀၁၂ ဘန်ဂါဇီကွန်ဆူလိတ်ရုံး တိုက်ခိုက်ခံရတဲ့ကိစ္စအပါအဝင် အီးမေးတွေ အပြန်အလှန်ပို့ထားကြတာကို ဟူမာအာဘေဒင်ရဲ့ ခင်ပွန်း အဲဒီတုန်းက နယူးယောက်အမတ် အန်တိုနီဝီနာ ဆယ်ကျော်သက်မလေးနဲ့ မဖွယ်မရာကိစ္စတွေဖြစ်တာ အတိုင်ခံရလို့ သူ့လက်ပ်တော့ပ်ကို စစ်ရာကနေ တွေ့လာတာပါ။ စတွေ့တာက ၂၀၁၅မှာ ဖြစ်ပါတယ်။

ကလင်တန်က ဘယ်တုန်းကမှ အစိုးရအီးမေးလ်အကောင့်ကို မသုံးခဲ့ မထိခဲ့ပါဘူး။ အစိုးရအလုပ်ဖြစ်စေ ပုဂ္ဂလိကအလုပ်ဖြစ်စေ အလုပ်ကိစ္စကို အလုပ်အီးမေးလ်ပဲ သုံးရတာ ထုံးစံပါ။ လျို့ဝှက်ကိစ္စတွေနဲ့ အမြဲထိတွေ့နေရပြီး နိုင်ငံတော်လုံခြုံရေး risk ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့။ သူမဟာ အစိုးရဖုံးကိုလည်း မသုံးသလို သူမပိုင်ဘလက်ဘယ်ရီကနေပဲ ဆက်သွယ်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး ပေါ်သွားတဲ့အခါမှာတော့ ကလင်တန်ဖောင်ဒေးရှင်းအီးမေးဆာဗာတွေ ဖုံးတွေ ကွန်ပြူတာတွေထဲက သူမအီးမေးလ်တွေ အကုန်လုံးကို လုံးဝဖျက်ပစ်လိုက်တဲ့အပြင် အခွံတွေကိုပါ တူနဲ့ထုရိုက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

သူမအီးမေးလ်ကိစ္စကို အက်ဖ်ဘီအိုင်က စစ်တော့လည်း မီဒီယာအားနဲ့ ရုရှားကိုလူးရှင်း ဆိုတာကြီးကို စာဥသီချင်းလို အကျယ်ကြီးဖွင့်ကြတဲ့နောက်ကွယ်မှာ ကလင်တန်အီးမေးလ် အပေါ် စစ်ဆေးမယ့်ကိစ္စဟာ မထင်မရှား ဇတ်သိမ်းခဲ့ပါတယ်။ အဲဒီအပေါ် အက်ဖ်ဘီအိုင်က သေချာစစ်ခဲ့သလား၊ အဖြစ်စစ်ပြခဲ့သလားဆိုတာ ထင်ရှားစေချင်လို့ ပြန်ရေးပြတာပါ။

ပိတ်ဆုံးသုံးသပ်ချက်ကတော့ အမေရိကန်လောအန်ဖို့စ်မန့်ရော ထောက်လှမ်းရေးရောက ကိုလူးရှင်းဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ဘာတခုမှမရှိပဲ ခရော့စ်ဖိုင်းယားဟာရီကိန်းကို စခဲ့တယ်ဆိုတာပါပဲ။ မီဒီယာအားနဲ့ ဖိထားတဲ့ ကိုလူးရှင်းအာဘော်နဲ့ မကိုက်ညီတာဆိုရင် ဘာအထောက်အထားကြီးပဲဖြစ်ဖြစ် ထည့်မစဥ်းစားပဲ ပစ်ထားလိုက်တယ်လို့လည်း ဆိုပါတယ်။ ဘက်မလိုက်ပဲ နိုင်ငံအကျိုးအတွက် အလုပ်လုပ်ရမယ့် အရေးကြီးအစိုးရအဖွဲ့ကြီးက အခုလို သိသိသာသာ ဘက်လိုက်နေတာဟာ မြန်မာနိုင်ငံက စစစအဖွဲ့ကြီးကို ခင်ညံ့တို့ အသုံးချခဲ့တာကို ပြန်ပြောင်းသတိရစေပါတယ်။ မ အ အောင် သမိုင်းသင်ဆိုတာ စာကျက်ခိုင်းတာကို ပြောတာမဟုတ်ပါဘူး၊ တူတဲ့ဖြစ်ရပ်တွေ ဆက်စပ်ကြည့်နိုင်အောင်ပါ။

ပြည်သူ့အခွန်တွေ သုံးစားပြီး ပြည်သူအပေါ် သစ္စာစောင့်ရမယ့်အစား နွံအိုင်ဖက်ကိုပင်းတဲ့ အက်ဖ်ဘီအိုင်ကို ဒူရမ်တို့ လုပ်ခဲ့နိုင်တာကတော့ တခုတည်းပါပဲ၊ အက်ဖ်ဘီအိုင် ရှေ့နေဟောင်း ကယ်ဗင်ကလိုင်းစမစ်သ်က ထရမ့်ကမ်ပိန်းက ကာတာပေ့ချ်အပေါ် ဖိုင်ဆာ ဆာဗေးလန့်စ်နဲ့ အမှုဆင်ရာမှာ လုပ်ကြံစာရွက်စာတမ်းတွေ သုံးခဲ့တယ်လို့ ဝန်ခံစေခဲ့တာ တခုပါပဲ။ ဆပ်စ်မန်နဲ့ ဒန်ချန်ကိုးကို တရားစွဲခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူတို့ပေါ်ရင် အကုန်ပေါ်မှာစိုးလို့ ဖိထားတဲ့ ဝိတ်ကြီးတွေ အတော်ကြီးပုံရပါတယ်။

အက်ဖ်ဘီအိုင်ကလည်း ဒူရမ်ရီပို့အပေါ် ကြေငြာချက် ထုတ်ပြီး တုန့်ပြန်ပါတယ်။ အဲဒါတွေက ၂၀၁၆-၁၇က ဟာတွေပါ၊ အခုနောက်ပိုင်း အက်ဖ်ဘီအိုင်က ပြောင်းလဲသွားပြီဆိုတော့ ဒါမျိုးကိစ္စတွေ မရှိတော့ပါဘူးတဲ့။ နှာခေါင်းမပါ​ ဦးနှောက်မသုံးချင်ရင်တော့ ယုံကြ ဟပ်ကြပေါ့။ ရိုးဗီဝိတ်ကိစ္စကို သူတို့ပဲ အတွင်းကနေဖောက်ချ၊ ဆူပရင်းမ်ကုတ်က ကွန်ဆာဗေးတစ် တရားသူကြီးတွေအိမ်လိပ်စာတွေ ဖြန့်၊ အိမ်တွေသွား ရန်ထောင်၊ အော်ဟစ် သောင်းကျန်းခဲ့ကြတာရော ကျောင်းတွေမှာ ကျောင်းသားအရွယ်နဲ့ မတော်မလျော်တာတွေ သင်လို့ ကန့်ကွက်တဲ့မိဘတွေကို လိုက်ခြိမ်းခြောက်ရန်ရှာတာရောက အက်ဖ်ဘီအိုင်လက်ချက် မကင်းဘူဆိုတာ လောလောလတ်လတ်ကြီး၊ တနှစ်တောင် မရှိသေးဘူးလေ။

တရားမျှတမှုကို အမှန်တကယ် မြတ်နိုးတယ်ဆိုရင် အပြစ်ရှိတဲ့ ချစ်ခင်သူကို အပြစ်မရှိသယောင် မျက်နှာလွဲမနေသင့်သလို အပြစ်မရှိတဲ့ မုန်းသူကိုလည်း အမှုဆင် အပြစ်ချတာတွေ မဖြစ်ရအောင် ကန့်ကွက်ဖို့ လိုပါတယ်။ နေသာသလိုနေမယ် (သို့) အပြစ်ရှိရှိ/ မရှိရှိ ချစ်သူလွတ်စေ၊ မုန်းသူခံစေဆိုတဲ့ စိတ်ဓါတ်မျိုးရှိနေရင်တော့ ပါးစပ်က ဘာကြီးအော်နေနေ သင်ဟာ တရားမျှတမှုနဲ့ အမှန်တကယ် ထိုက်တန်သူလို့ ဆိုနိုင်ပါ့မလား။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: