အမေရိကန်နဲ့ ကမ္ဘာမှာ လက်ဝဲစွန်းတွေ တွန်းတင်လာနေတဲ့ ထရန်စ်ဂျန်ဒါ၊ ရာသီဥတု၊ အသားအရောင်၊ လူဖြူလူမျိုးကြီးဝါဒ စတဲ့မှိုင်းတွေဟာ အတုအယောင်စမ်းသပ်ချက်/ ထင်မြင်ချက်တွေ အပေါ် အခြေခံထားတဲ့ အလိမ်အငြာသီအိုရီများပဲ ဖြစ်နေတာ တွေ့လာရပါတယ်။ အရင်တွေ့ရှိချက်တွေကို ဖော်ပြပြီးပါပြီ၊ နောက်ပိုင်းတွေ့ရှိလာတာတွေက အမွှေစိန်ကို ဝေဖန်ရင် ဂျူးဆန့်ကျင်တယ်လို့ အလိုလို ပုဒ်မတပ်ခံရပြီး ဆိုရှယ်မီဒီယာတွေ မီဒီယာတွေမှာ ကန့်သတ်ပုတ်ခတ်ခံရတာပါ။ တကယ်တမ်းမှာ အမွှေစိန်က ဂျူးဆိုပေမယ့် လောက်ဂျူးပါ၊ မိစ္ဆာကောင်လက်ထက် ဂျူးတွေသန်းနဲ့ချီသတ်ဖို့ ဖမ်းတုန်းကြတုန်းက ဂျူးတွေရဲ့ ပိုင်ဆိုင်မှုတွေကို မလှိမ့်တပတ်နဲ့ ဘတ်ယူခဲ့သူ ဖြစ်ပါတယ်။
ခုတင်ပြမှာကတော့ ဝဲစွန်းတွေ မားကက်တင်းမတရားလုပ်နေတဲ့ ထရန်စ်ကိစ္စပဲ ဖြစ်ပါတယ်။ ကျားအဖြစ်မွေးဖွားလာသူတွေကို မဟော်မုန်းပေးခြင်းဖြင့်သော်လည်းကောင်း၊ မအဖြစ်မွေးဖွားလာသူတွေကို ကျားဟော်မုန်း ပေးခြင်းဖြင့်သော်လည်းကောင်း မွေးရာပါ ကျား/မ အင်္ဂါတွေ ဖြတ်တောက်ခွဲစိတ်ခြင်းဖြင့်သော်လည်းကောင်း ကျား/မအဖြစ်က အဝတ်ပြောင်းဝတ်လိုက်သလို လွယ်လွယ်ကူကူ ပြောင်းလွယ်ပြင်လွယ်ရယ်လို့ မြင်လာအောင် မီဒီညာအားနဲ့ တကမ္ဘာလုံးကို ထိုးစစ်ဆင်နေတာ တွေ့ကြရမှာပါ။
အမှန်မှာတော့ ထရန်စ်သီအိုရီက ၁၉၆၅မှာမွေးဖွားခဲ့တဲ့ ယောက်ျားလေးအမွှာ ရိမ်မာညီအကို တွေထဲက တဦးကိုသာ ဆရာဝန်တဦးက စမ်းသပ်ခဲ့ဖူးတာဖြစ်ပြီး အဲဒီတခုတည်းသော စမ်းသပ်ချက်ကလည်း အောင်မြင်ခဲ့တာ မဟုတ်ပါဘူးဆိုတာကို ဒေါက်တာဂျော်ဒန်ဘီ ပီတာဆန်နဲ့ ဒေါက်တာ မေရီယမ် ဂရော့စ်မန်တို့နှစ်ဦး ဆွေးနွေးထားကြပါတယ်။ (ကွန်မန့်မှာ လင့်ခ်ပေးပါမယ်။) ရိမ်မာအမွှာဟာ မွေးဖွားလာပြီးနောက် ဆီးသွားလမ်းကြောင်း ပုံမှန်မဖြစ်နေတဲ့အတွက် လိင်ထိပ်ဖူးဖုံးအရေပြား ဖြတ်ဖို့ ဆရာဝန်က အကြံပြုခဲ့တဲ့အလျောက် ဖြတ်ကြရာမှာ တဦးမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်တဦးဖြစ်တဲ့ ဒေးဗစ်မှာတော့ လိင်တံတခုလုံး လောင်ကျွမ်းသွားခဲ့တဲ့အတွက် ဖြတ်ပစ်ခဲ့ရပါတယ်။
ကြံရာမရတဲ့ မိဘနဲ့ ဆရာဝန်တွေဟာ လိင်တံမရှိတော့တဲ့ ဒေးဗစ်ကို မိန်းကလေးအဖြစ် ပျိုးထောင်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး မိန်းကလေးအဝတ်တွေဆင်ပေးပြီး မိန်းကလေးကြိုက် အရုပ်တွေနဲ့သာ ဆော့ကစားစေခဲ့ပါတယ်။ ဒေးဗစ်က သူ့အဖြစ်သူမသိခဲ့ပေမယ့် မိန်းကလေးလို ဝတ်ရ ဆော့ရ ဆီးထိုင်သွားရတာကို လုံးဝ မနှစ်မြို့ခဲ့ပဲ ယောက်ျားလေးသဘာဝ ခွန်နဲ့အားနဲ့ ယှဥ်ပြိုင်ကစားရတာကိုသာ နှစ်သက်ခဲ့တာပါလို့ ကြီးလာတော့ ပြန်ပြောပြခဲ့ပါတယ်။ (အိမ်က ကြောင်ထီးလေးလည်း ရှယ်လ်တာကလူတွေက ဖမ်းမိကတည်းက သင်းပေးထားတာကြောင့် မျိုးမပွားနိုင် မပန်းနိုင်ပေမယ့် ကျန်အထီးသဘာဝ အကုန်ရှိသေးတာ ကြောင်မလေးနဲ့ အပြုအမူချင်း ကစားပုံချင်း လုံးဝ ကွဲပြားတာ ကိုယ်တွေ့ဖြစ်ပါတယ်။)
ဒေးဗစ်အပေါ် မ ဟော်မုန်းနဲ့ စမ်းသပ်ခဲ့တဲ့ ဒေါက်တာ ဂျွန်မန်းနီးကလည်း ကလေးတွေကို ဟော်မုန်းပေးစမ်းသပ်ဖို့ သူ့ဆီ ပုံမှန်ပို့ထားရတဲ့အချိန်တွေမှာ အမွှာလေးနှစ်ဦးကို တဦးက ကျား တဦးက မ လေးအဖြစ် မတော်မလျော်တွေ သရုပ်ဆောင်ခိုင်းခြင်းဖြင့်လည်း အဘျုုစ်လုပ်ခဲ့ ပါသေးတယ်။ အဲဒါတွေကို ၂၀၀၄ အသက် ၃၉နှစ်အရွယ်မှာ ဒေးဗစ်မကွယ်လွန်မီ ကတည်းက ထုတ်ဖော်ပြောကြားသွားပြီး ဖြစ်ပါတယ်။ မီဒီညာတွေက အဲဒီအဖြစ်တွေကို ဖုံးဖိပြီး ထရန်စ်ကိစ္စဟာ ဆေးလေးကျွေးလိုက်တာနဲ့ ဘာဆိုးကျိုးမှမရှိပဲ လွယ်လွယ်လေး ပြောင်းသွားသလို ပုံမှားရိုက်ပြီး မားကက်တင်းလုပ်ကြတာဟာ မီဒီညာတွေနဲ့ နွံအိုင်နိုင်ငံရေးသမားများရဲ့ အတွင်းသရုပ်ကို ဖော်ပြနေတာပါပဲ။ စစ်အတွင်းက နဇတွေအစမ်းသပ်ခံ ဖြစ်ခဲ့ရတဲ့ ဂျူးကလေးတွေကိုတောင် ပြန်ပြောင်း သတိရစေပါတယ်။
အမှန်တော့ ကျား/မ ဖြစ်တည်မှုဆိုတာ ဒီအန်အေမှာပါတဲ့ ခရိုမိုဆုမ်းမှာ ပါဝင်တော ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာ ရှိတယ်လို့ သိပ္ပံနည်းကျ ပြောနိုင်သလို အဘိဓမ္မာမှာလည်း ကျား/မဆိုတဲ့ ဘာဝရုပ်ဟာ ဆံဖျားက ခြေဖျားအထိ တကိုယ်လုံးမှာ ပြန့်နှံ့ပြီးတည်တယ်လို့ အတိအလင်း ဖွင့်ဆိုထားပါတယ်။ အဲဒီတော့ ဘယ်လောက်ကြီးဟော်မုန်းကျွေးကျွေး ခွဲစိတ်စိတ် တူသယောင်ထက် ပိုလာမှာ မဟုတ်ပါဘူး။ အကြောင်းကြောင်းကြောင့် ဟော်မုန်းကျွေးတာ ရပ်လိုက်ရတဲ့အချိန်မှာ မွေးရာပါလိင်ကိုပဲ ပြန်သွားမှာ ဖြစ်ပါတယ်။
သိပ္ပံပညာနဲ့ အဘိဓမ္မာကို သိပါလျက်နဲ့ မျက်စေ့မှိတ်ယုံကြသူတွေ ကတော့ လူလိမ်တွေအကြိုက် သူတို့ရဲ့ အသုံးတော်ခံတွေ ဖြစ်လာတာပါပဲ။ လူလိမ်နဲ့ လူအတွေကြား ဒုက္ခများရတာက နုနယ်ပြီး အသိမကြွယ်တဲ့ ကလေးငယ်တွေဖြစ်တယ်ဆိုတာကိုတော့ သတိပြုကြပါလို့ ပြောချင်ပါတယ်။ ဒီကလေးတွဗ တသက်တာနောင်တတွေ ပွေ့ပိုက်ပြီး ဘယ်ဘက်နဲ့မှ အံမဝင်၊ မျိုးပွားဖို့လည်း မဖြစ်နိုင်၊ ပျော်ရွှင်မှုတွေ ဆိတ်သုဥ်းပြီး ဘဝဆုံးအောင် လုပ်ကြရင် ကိုယ့်လက်ချက် မကင်းဘူးလို့သာ မှတ်ကြပါ။
အလားတူပဲ နောက်ထပ် အလိမ်ထဲမှာဆိုရင် လူဖြူလူမျိုးကြီးဝါဒဆိုတာ ဒီမိုကရက်တွေရဲ့ တချိန်က ကေ၃လုံးအဖွဲ့ကြီးတုန်းက ရှိခဲ့တာဖြစ်ပြီး အိုဘမမတက်ခင်အထိ နေရာတိုင်း နိုင်ငံတိုင်းမှာ ရှိတတ်တဲ့ ပုံမှန် လူများစုနဲ့ လူနည်းစုအကြား ဖြစ်တတ်တဲ့ အထင်အမြင်လွဲမှားမှုပြဿနာတခုထက်မပိုတာ အရောင်ကွဲတွေကြား လက်ထပ်နှုန်း အများကြီးတက်လာတာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါကို အိုဘမက တနိုင်ငံလုံးသူ့ကို ဝက်ဝက်ကွဲ မဲပေးခဲ့ကြတာကိုမှ အားမနာ စနစ်တကျ လူမျိုးရေး ခွဲခြားမှုတွေ ရှိနေပါတယ်လို့ မှိုင်းတိုက်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ အပတ်က ဂျိုးဘိုင်ဒန်က အမေရိကန် ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ အကြီးဆုံးက လူဖြူကြီးစိုးရေးဝါဒပါလို့ ပြောသွားခဲ့ပါတယ်။
ကိုယ်တိုင်မွေးထားတဲ့ သွေးသားချင်းတူတူတောင် ညီတူညီမျှ ချစ်နိုင်ကြတာမဟုတ်တဲ့ လူ့လောကမှာ လူ့စိတ်ဆိုတာက သံသယမျက်လုံးနဲ့ကြည့်ရင် အရာရာဟာ သံသယဖြစ်စရာ ကောင်းသွားတာရယ်၊ အမုန်းနဲ့ သွေးခွဲပြီး ဒဗိုက်အန်ရူးလ်လုပ်တာက ကမ္ဘာ့သမိုင်းမှာ အစိုးရဆိုးတိုင်းလုပ်ခဲ့ကြတာရယ်၊ လုပ်တိုင်း အောင်မြင်ခဲ့ကြတာရယ်၊ လူအများစုက ဓမ္မဓိဌာန်ကျကျ အကြောင်းအရာအပေါ် စဥ်းစားဆင်ခြင်ရတာ မကြိုက်ကြပဲ ပုဂ္ဂလဓိဌာန်နဲ့ လွယ်လွယ်ယုံချင်ကြတာရယ် အဲဒါတွေပေါင်းလိုက်ရင် သမ္မတထိုင်ခုံကသူ သွေးခွဲ အမုန်းမှိုင်းရဲ့ သက်ရောက်မှုအတိုင်းအတာကို ခန့်မှန်းနိုင်ကြမှာပါ။ ဘာပြောပြော ယုံချင်တဲ့သူက ယုံချင်တာ ယုံကြမှာဖြစ်လို့ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေလို့ပဲ ဆုတောင်းပါတော့မယ်။