Home

Latest from the Blog

ဇန်နဝါရီ ၂၈ရက် ၂၀၂၆

LA ကောင်တီမှာ အမေရိကန်ရဲ့ အကြီးဆုံး ကျန်းမာရေးဝန်ဆောင်မှုအလိမ်အညာတွေ ရှိနေတယ်လို့ မက်ဒီကိတ်/ကဲအကြီးအကဲ ဒေါက်တာမာမက်အော့ဇ်က ဆိုပါတယ်။ Van Nuys အရပ်က ဘလောက် ၄ခု ပတ်ဝန်းကျင်လေးမှာ သေခါနီးလူနာတွေကို ပြုစုစောင့်ရှောက်ပေးတဲ့ Hospice  ၄၂ခုတောင် ရှိနေတာပါ။ တချို့ Hospice က ဓါတ်လှေကားတောင် ရှိပုံမရတဲ့ ဆိုင်ခန်းလို အဖြစ် အဆောက်အဦ သေးသေးလေးရဲ့ အပေါ်ထပ်မှာ ရှိနေတာပါ။ ကျန်တာတွေကလည်း ဆံပင်ညှပ်ဆိုင်အသေးလောက်ပဲ ကျယ်တာဖြစ်ပါတယ်။ အဲဒီလောက် Hospice တွေများနေတာက လူတွေ အသေများနေလို့လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သေသူမရှိတဲ့ Hospice တွေပါ။ ဒါတွေဖြစ်နေတာကို မြို့/ပြည်နယ် အစိုးရက သိပေမယ့် ပိုက်ဆံတွေက ဖက်ဒရယ်ကလာတာ ဖြစ်တာရယ် လူဆိုးတွေကိုမှချစ်တဲ့ အစိုးရ ဖြစ်တာရယ် ကိုယ်တိုင်ခြစားနေတာရယ်ကြောင့်…

ဇန်နဝါရီ ၂၆ ရက် ၂၀၂၆

မင်နီဆိုးတားမှာ ရေခဲတွေကို လိုက်လံနှောက်ယှက်တိုက်ခိုက်ကြတဲ့ အဖွဲ့တွေကို ဘယ်သူတွေက စုစည်းပေး၊ ငွေထောက်ပံ့ပေးနေတာလဲလို့ FBI က လိုက်နေတာမှာ ပေါ်လာတဲ့အဖွဲ့က Skye Whispers လို့ခေါ်တဲ့ Signal က အုပ်စုဖြစ်ပြီး စုစည်းသူခေါင်းဆောင်က ဒု-ဂါဗာနာ ဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့အဖွဲ့လို့ ပေါ်သွားတဲ့နောက် အဖွဲ့ဝင်တွေက ဘယ်ကိုပြေးရမလဲ တိုင်ပင်နေကြပါတယ်။ အဲဒါကြောင့်ထင်ပါရဲ့ ဆင်ဖမ်းမယ် ကျားဖမ်းမယ်အော်နေတဲ့ ဂါဗနာတမ်ပွန်တင်မ်ရော မင်နီယားပုလိစ်မြို့ဝန်ပါ သမ္မတထရမ့် ဖုံးဆက်တာကို ဒီည တွမ်ဟိုမန်လွှတ်လိုက်မယ်ဆိုတာကို လက်ခံပါ့မယ် ဖြစ်သွားတော့တာပါပဲ။ ဒီအန်တီအိုက်စ်အဓိကရုဏ်းတွေက ဆိုမာလီလိမ်လည်မှုတွေ ပေါ်သွားပြီးမှ ပြင်းထန်လာခဲ့တာ သတိထားမိကြမှာပါ။ အခုလက်ဝဲတွေ အာဇာနည်လို ပုံဖော်နေတဲ့ အဲလက်စ်ပရက်တီကို ဟိုးတုန်းက လူရိုသေ ရှင်ရိုသေ သူနာပြုပုံနဲ့ ဖွကြဖြန့်ကြပေမယ့် တကယ်တမ်းမှာ အလုပ်ထွက်ထားတာ လအတန်ကြာ ပြီဖြစ်ပြီး…

ဆရာမကြီးZoom 1/18/26

ဒီနေ့ ဆရာမဒေါက်တာဒေါ်ခင်နွယ်ဝင်းရဲ့ Zoom session မှာ ကြက်ဥအနှစ်မှာပါတဲ့ choline အကြောင်းရယ်၊ ဆားနဲ့ သွေးတိုးအကြောင်း ပြောသွားတာကို အကျဥ်းချုပ်ပြန်တင်ပေးပါမယ်။ ဆရာမရဲ့ To A Better Health page က မနာလိုသူ အဖျက်သမားတွေလက်ချက်နဲ့ ကျသွားပါပြီ။ Zoom ကတော့ အရင်အတိုင်း ဆက်ရှိနေဆဲပါ။ တနင်္ဂနွေမှာ ကျန်းမာရေး၊ ကြာသပတေးနေ့မှာ ဘာသာရေးအကြောင်း သိသင့်သိထိုက်တာလေးတွေကို ရှင်းပြပေးပါတယ်။ အချိန်က အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နံနက် 8:30 မြန်မာစံတော်ချိန် ည၈နာရီ ဖြစ်ပါတယ်။ Zoom ID နဲ့ Passcode က အရင်အတိုင်းပါပဲ။ ကြက်ဥနဲ့ပတ်သက်တဲ့ အယူလွဲ အမှတ်လွဲတွေကတော့ အများကြီးပါ။ သက်သတ်လွတ်သလားတို့၊ အနှစ်စားရင် ကိုလက်စထရောတက်လိမ့်မယ်တို့၊ နှလုံးသွေးကြောပိတ်လိမ့်မယ်တို့ အစုံပါပဲ။…