Blog

အောက်တိုဘာ ၃ရက် ၂၀၂၆

အမေရိကန်က ကမ္ဘာမှာ တနေ့ကို ဒီဇယ်စည် ၁.၂သန်းတင်ပို့ရာကနေ အခုဆို ၁.၅သန်းအထိ တင်ပို့ပြီး အမြင့်ဆုံးတင်ပို့သူ ဖြစ်ပါတယ်။ ဒုတိယလိုက်တဲ့ ရုရှားက တနေ့ကို စည် ၇၈၃,၀၀၀နဲ့ ဆော်ဒီက ၆၇၈,၀၀၀ စည်နဲ့ တတိယပါ။ အိန္ဒိယနဲ့ တောင်ကိုးရီးယားတို့ကလည်း တနေ့ ဒီဇယ်စည် ၅သိန်းကျော် တင်ပို့နေကြပါတယ်။ ယူကရိန်းက ရုရှားရဲ့ ဒီဇယ်ချက်စက်ရုံတွေကို တိုက်ခိုက်တာရယ်၊ ဆော်ဒီနဲ့ ဟူသီပြဿနာရယ်၊ အီရန်စစ်ရယ်အပြင် စက်တွေ ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲမှာ နည်းသွားပေမယ့် စိုက်ပျိုးရေး/ ရိတ်သိမ်းရာသီ၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး စသည်တွေမှာ  လိုအပ်ချက်က လျော့မသွားလို့ ဒီဇယ်ဈေးတက်ကုန်တာပါ။ ရုရှားက ဒီနှစ် မေ-ဇွန်အထိ တင်ပို့မြဲပမာဏအတိုင်းပဲ ပို့နေပါသေးတယ်။ ဇူလိုင် ၈-၃၁မှာ ဒီဇယ်ချက် စက်ရုံတွေ အတိုက်ခိုက်ခံရပြီး…

OEF/ Operation Economic Outcast (117)

ဒီနေ့မှာ အမေရိကန်က အီရန်အပေါ် စီးပွားရေးအရ နောက်တဆင့် ထပ်မံတင်းကြပ်လိုက်ပါတယ်။ အီရန်ရဲ့ ရေနံနဲ့ လေကြောင်းကလွဲရင် အဓိကဝင်ငွေအုပ်စုတွေဖြစ်တဲ့ ကား၊ ရထား၊ ကုန်ထုတ်လုပ်မှုနဲ့ စတီးလ်ကဏ္ဍတွေကို ပစ်မှတ်ထားတာဖြစ်လို့ အလျော့မပေးသေးပဲ စစ်သားတွေ ဝန်ထမ်းတွေ လစာပေးဖို့၊ အစားအသောက်ဘာညာဝယ်ဖို့ ငွေစက္ကူပဲ ရိုက်ထုတ်နေရင် ငွေဖောင်းပွမှုက ခုထက် အများကြီး ဆိုးလာပါလိမ့်မယ်။ ဆန်ရှင်ထပ်မံတင်းကြပ်လိုက်တဲ့ ဘဏ္ဍာရေးဌာနရဲ့ အဓိက ရည်ရွယ်ချက်က IRGC တွေ စစ်ဆက်မတိုက်နိုင်အောင်နဲ့ အကြမ်းဖက်အဖွဲ့တွေကို ငွေ/လက်နက်နဲ့ မထောက်ပံ့နိုင်အောင် ငွေရပေါက်ရလမ်းတွေ အကုန်လုံးကို လိုက်ပိတ်ရတာပါ။ ပြည်တွင်းကားဈေးကွက်ရဲ့ ၉၀%ကို ကိုင်ထားတဲ့ အီရန်ကားကုမ္ပဏီတွေဖြစ်တဲ့ Khodro နဲ့ SAIPA ၊ အစိုးရ ရထားကုမ္ပဏီနဲ့ ကုန်စည်သယ်ယူပို့ဆောင်တဲ့ လုပ်ငန်းကြီးတွေ၊ စတီးလ်နဲ့ အကြီးစားစက်မှုလုပ်ငန်းတွေအပြင် နိုင်ငံခြားက ကူညီပေးနေတဲ့ကုမ္ပဏီတချို့ကိုပါ…

စက်တင်ဘာ ၃၀ရက် ၂၀၂၆

မနေ့က အိမ်ဖြူမှာ သမ္မတထရမ့်နဲ့ နည်းပညာလောကက ထိပ်သီးတွေ တွေ့ဆုံခဲ့ကြပြီး Super Intelligence SI နဲ့ပတ်သက်တဲ့ ကြေညာချက်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အရင်က ဉာဏ်ရည်တု AI လို့ခေါ်ပြီး အခု SI လို့ပြောင်းခေါ်တဲ့ နည်းပညာဟာ စက်မှုတော်လှန်ရေးထက်ရော အင်တာနက်စပေါ်တုန်းကထက် အများကြီးကြီးမားတဲ့ အပြောင်းအလဲကို ဆောင်ကျည်းလာမှာဖြစ်ပြီး သန်းနဲ့ချီတဲ့ အလုပ်အကိုင်အသစ်တွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ဘာနေဆန်းဒါးစ်တို့ ဒီမိုကရက်တွေကတော့ SI က လူရဲ့ထိန်းချုပ်မှုကို ကျော်လွန်တော့မယ်၊ နျူလက်နက်ထက် ဆိုးတာတွေ လာတော့မယ်ဆိုပြီး တလောက လူသားထုကြီး ပျက်သုဉ်းတော့မယ်ဆိုတဲ့ ခြောက်လှန့်မှုမျိုးကို အားဖြည့်ကြပါတယ်။ သူတို့ရဲ့ အဖြေက ဥပဒေနဲ့ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ဖို့ပါ။ တကယ်တမ်း အဲဒီလို ခြောက်လှန့်တာတွေက လူ့အသက်နဲ့ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားပဲ ဥပဒေကို…

Operation Epic Fury (116)

ယူကေက RAF Fairford အမေရိကန်လေတပ်အခြေစိုက်စခန်းနဲ့ ၂မိုင်ခန့်အကွာမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တွေ့ရှိသူ ကျား၅ဦးကို ယူကေအစိုးရက ထိန်းသိမ်းခဲ့တဲ့အတွက် သမ္မတထရမ့်က ချီးမွမ်းခဲ့ပြီး နောက်တရက်မှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ သမ္မတထရမ့်က အဲဒီထဲက တချို့ကို အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်နေလို့ စောင့်ကြည့်နေခဲ့တာ အချိန်တခုရှိပြီလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးကတော့ အီရန်နဲ့ ပတ်သက်နေနိုင်တာပါပဲ၊ အီရန်ကလည်း အဆိုပါစခန်းကို အန္တရာယ်ပြုဖို့ ခြိမ်းခြောက်ထားဖူးတယ်လေ။ သူတို့ကို ဖမ်းမိချိန်မှာ အနားမှာရှိတဲ့ မသင်္ကာဖွယ် ဗင်ကား၃စီးကလည်း ဓါတုပစ္စည်းတွေနဲ့ ပြည့်နေမယ်လို့ ယူဆရပါတယ်။ ရိတ်ပစ်တွေ အကြမ်းဖက်တွေကို ဝေဖန်/ ထောက်ပြရင်သာ အမုန်းစကားနဲ့ အာမခံမရမှာ၊ အဲဒီလူတွေဆိုရင်တော့ အာမခံက မဖမ်းခင်က ပေးပြီးသားလို့ ပြောရမလိုပါပဲ။ ယူကေတာဝန်ရှိသူတွေကတော့ အဲဒီလူတွေကို လွှတ်လိုက်ပေမယ့် စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။…

စက်တင်ဘာ ၂၈ရက် ၂၀၂၆

ရှီရဲ့ အမေရိကန်ခရီးစဥ်မှာ တရုပ်က ၂နှစ်အတွင်း ကျောက်မီးသွေး မက်ထရစ်တန် သန်း၂၀ ဝယ်ယူဖို့နဲ့ အမေရိကန် လယ်ယာထွက်ကုန်၊ ပင်လယ်စာ၊ သစ်၊ အလှကုန်နဲ့ ဆေးပစ္စည်း စတဲ့ ဘီလီယံ ၃၀ဖိုး ကုန်စည်တွေ ပေါ်မှာ ကုန်သွယ်ခွန်လျော့ချဖို့ သဘောတူညီလိုက်ပါတယ်။ တရုပ်က ၂၀၂၅မတိုင်ခင်က အမေရိကန်ရဲ့ ကျောက်မီးသွေးအများဆုံး ဝယ်ယူသူ ၅ နိုင်ငံထဲမှာ ပါဝင်ခဲ့ပြီး ၂၀၂၅မှာ အဝယ်ရပ်သလောက် ဖြစ်သွားခဲ့တာကနေ ခုမှ ပြန်ဝယ်ဖို့ လုပ်တာဖြစ်ပါတယ်။ အခုပြန်ဝယ်တာကလည်း သူ့တိုင်းပြည် အခြေအနေအရ တင်းမခံနိုင်တော့လို့ပါ။ သမ္မတထရမ့်က ကုန်သွယ်မှုမျှတစေချင်တာကို မာနနဲ့တင်းခံနေတဲ့ အကျိုးဆက်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၆၈ဘီလီယံ လျော့သွားပြီး၊ အိမ်ခြံမြေဈေးကွက်လည်း ဆက်လက် ကျဆင်းနေတဲ့အပြင် လူငယ်အလုပ်လက်မဲ့နှုန်းက စံချိန်တင် မြင့်တက်နေတာပါ။ အမေရိကန်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထရီလီယံနဲ့ချီပြီး…

စက်တင်ဘာ ၂၅ရက် ၂၀၂၆

အိမ်ဖြူမှာ သမ္မတထရမ့်က တရုပ်သမ္မတရှီကို တည်ခင်းဧည့်ခံတဲ့ ညစာစားပွဲမှာ မရင်းတပ်ဖွဲ့တွေ ဖျော်ဖြေခဲ့တဲ့သီချင်းက Les Miserables ပြဇတ်ထဲက “Do You Hear the People Sing?” “လူထုရဲ့ တေးသံကို ကြားလား” ဆိုတဲ့ ဖိနှိပ်တဲ့အစိုးရကို အုံကြွကြတဲ့ ပြည်သူတွေအကြောင်း တေးဖွဲ့ထားတာ ဖြစ်ပါတယ်။ အဲဒီသီချင်းက ၂၀၁၉တုန်းက ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေလုပ်တုန်းက သုံးခဲ့ကြလို့ တရုပ်ပြည်မှာ ပိတ်ပင်ထားတာပါ။ မြွေနှစ်မှာမွေးတဲ့ ရှီကို လက်ဆောင်ပေးတဲ့ လင်းယုန်ငှက်ပန်းပုမှာလည်း ငှက်က သစ်ကိုင်းပေါ်ကနေ ထပျံနေသလို လုပ်ထားတာမှာ သစ်ကိုင်းက မြွေနဲ့ အနည်းငယ်တူပြီး လင်းယုန်က မြွေကို သုတ်တဲ့ပုံ ပေါက်နေတာကိုလည်း ထောက်ပြကြပါတယ်။ ညစာစားပွဲနဲ့ လက်ဆောင်ကို အသေးစိတ်စီစဥ်တာက သမ္မတကတော်ဖြစ်ပြီး သူကလည်း သမ္မတကြီးလိုပဲ troll…

Operation Epic Fury (115)

သမ္မတထရမ့်က ကုလအထွေထွေညီလာခံကို တက်ရောက်လာတဲ့ အရှေ့အလယ်ပိုင်း ၁၂နိုင်ငံက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားပြီး အီရန်အဖွဲ့ကတော့ စတိဗ်နဲ့ ဂျာရက်ဒ်တို့ပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အရင်က သမ္မတထရမ့်က GCC ၆နိုင်ငံနဲ့ပဲ တွေ့ဆုံဖို့ စီစဥ်ထားပေမယ့် အစ္စရေး၊ အီရန်ကလွဲလို့ ကျန်အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးနဲ့ တွေ့ဆုံခဲ့တာပါ။ ဆွေးနွေးပွဲအပြီးမှာ သမ္မတထရမ့်က အီရန်ကိစ္စကို မစ်တမ်းထက် မစောရင်တောင် အဲဒီလောက်ကျရင် စစ်ကို အဆုံးသတ်ဖို့ သဘောတူညီချက် ရလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။ အီရန်ဘက်က လာတဲ့ အရင် သတင်းမှာတော့ အမေရိကန်နဲ့ ပင်လယ်ကွေ့ဒေသက မိတ်ဆွေတွေ ပေါင်းပြီး အီရန်အပေါ် ထိုးစစ်တွေ ပြန်ဆင်နွဲကြဖို့ရှိတဲ့သတင်း ရထားတယ်လို့ အစိုးရမီဒီယာကို ကိုးကားပြီး ဖော်ပြကြပါတယ်။ အဲဒါကြောင့်များ ၁၂နိုင်ငံစလုံးနဲ့ တွေ့လိုက်သလားလို့ ထင်စရာ ဖြစ်နေပါတယ်။ သမ္မတထရမ့်ရဲ့…

စက်တင်ဘာ ၂၂ ရက် ၂၀၂၆

ဒီနေ့မှာ သမ္မတထရမ့်၊ ဒိန်းမတ်ဝကခ Mette Frederiksen, ဂရင်းလန်ဝကခ Jens-Frederik Nielsen တို့ဟာ ဂရင်းလန်သဘောတူညီချက်ကို တရားဝင်လက်မှတ်ရေးထိုးလိုက်ကြပြီဖြစ်ပါတယ်။ အဲဒီစာချုပ်အရ အမေရိကန်က စစ်အခြေစိုက်စခန်းအသစ် ၂ခု ဖွင့်လှစ်မှာဖြစ်ပါတယ်။ တောင်ဘက်စွန်းကတခုက စစ်အေးတိုက်ပွဲတုန်းက အမေရိကန်တွေ သုံးခဲ့ကြတာဖြစ်ပြီး အရှေ့ဖက် ကမ်းခြေကတခုက လောလောဆယ် ဒိန်းမတ်က စွပ်ဖားခွေးတွေနဲ့ ကင်းလှည့်တဲ့စခန်း ဖွင့်ထားတာပါ။ လက်ရှိအနေနဲ့ အမေရိကန်က ဂရင်းလန် အနောက်မြောက်ဖက် ယခင် Thule Air Base နေရာမှာ the Pituffik Space Base တခုပဲ ရှိပါတယ်။ အဲဒီစခန်းမှာလည်း လူမလိုတဲ့စက်တွေနဲ့ ခေတ်မီအောင် ပြုလုပ်သွားနိုင်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့တုန်းက မြောက်ကာရိုလိုင်းနားက Greenland Mines ဆိုတဲ့ NASDAQ မှာ…

စက်တင်ဘာ ၁၉ရက် ၂၀၂၆

ဒီနေ့မှာ ဒီစီရဲ့ အနောက်မြောက်ဖက် မိုင် ၆၀ ပဲဝေးတဲ့ သမ္မတအပန်းဖြေရာ ကမ့်ဒေးဗစ်မှာ အရပ်ဖက်လေယာဥ်တစီးက တားမြစ်ဧရိယာထဲကို ဝင်ရောက်လာတဲ့အတွက် NORAD F-16 တိုက်လေယာဥ်က ဝင်ရောက်တားမြစ်ခဲ့ရပါတယ်။ သမ္မတထရမ့်က ကမ့်ဒေးဗစ်မှာ ရှိနေချိန်ဖြစ်လို့ အားလုံး ပြာရာခတ်သွားကြမှာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အလယ်ပိုင်း လောက်အထိ ဂျက်လေယာဥ်သံ ဆူညံသွားခဲ့ပါတယ်။ ဒီညနေမှာတော့ နိုင်ငံခြားရေးဌာနက အရှေ့အလယ်ပိုင်းက အမေရိကန်တွေကို သတိကြီးကြီးထားနေကြဖို့နဲ့ ခရီးသွားရာမှာ ဖြစ်လာနိုင်တဲ့ အနှောက်အယှက်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ လုံခြုံရေးသတိပေးချက်အသစ် ထုတ်ပြန်လိုက်ပြီးတဲ့နောက် သမ္မတထရမ့်က ကမ့်ဒေးဗစ်ကနေ အိမ်ဖြူကို ချက်ခြင်း ပြန်သွားခဲ့ပါတယ်။ ဆော်ဒီမြို့တော်ရီယာ့ဒ်ကို ဟူသီတွေက ပထမဆုံးအကြိမ်အဖြစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့သတင်းကို ဆော်ဒီက အတည်ပြုလိုက်ပါတယ်။ သမ္မတထရမ့်က စက်တင်ဘာ ၂၃မှာ တရုပ်သမ္မတရှီရဲ့ လေယာဥ်ဆိုက်ရောက်မယ့် Joint…

Operation Epic Fury (113)

ဧပြီ ၃ရက်နေ့က အီရန်ပခုံထမ်းလောင်ချာကြောင့် F-15E Strike Eagle ပျက်ကျရာမှာ ပါဝင်ခဲ့တဲ့ လေသူရဲ ၂ဦးအနက် တဦးဖြစ်ပြီး ရန်သူ့နယ်မြေထဲမှာ နာရီ ၅၀နီးပါး ကျန်ခဲ့လို့ လိုက်ရှာ ကယ်ခဲ့ရတဲ့ Weapon System Officer လေတပ် ဗိုလ်မှူးကြီးက သူ့အတွေ့အကြုံကို CBS ရဲ့ 60 Minutes အစီအစဥ်မှာ ပြောပြထားပါတယ်။ Dude 44 Bravo လို့ပဲ သိကြတဲ့ အဆိုပါအရာရှိက သူ့လေယာဥ်ကို ပခုံးထမ်းဒုံးကျည်နဲ့ အပစ်ခံရတဲ့အရှိန်က ကုန်အပြည့်နဲ့ရထားကြီး ဖြတ်တိုက်သွားသလောက်ကို ပြင်းပါကြောင်း၊ ဒါ့အပြင် လေယာဥ်ထိုင်ခုံက အပြင်ကို ကန်ထုတ်ပေးလိုက်တဲ့ အချိန်မှာလည်း အပစ်ခံလိုက်ရတဲ့အရှိန်ကပြင်းတော့ လေထီးကပွင့်မလာပဲ အလွတ်ပြုတ်ကျလာတာဖြစ်ကြောင်း၊ ကျတဲ့အရှိန်က တနာရီကို မိုင် ၇၀-၁၀၀လောက်ထိ ရှိနိုင်ကြောင်း၊ အဲဒီအချိန်မှာ…

Something went wrong. Please refresh the page and/or try again.


Follow My Blog

Get new content delivered directly to your inbox.