Home

Latest from the Blog

အောက်တိုဘာ ၁၇ရက် ၂၀၂၆

ပြင်သစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေရာမှာ ဒီနေ့ ဆန္ဒပြသူ ၈သိန်းခန့်ရှိတယ်လို့ ဆိုပါတယ် အစိုးရသတင်းကတော့ တနိုင်ငံလုံးမှာ ၅သိန်းခွဲ၊ ပဲရစ်မှာ ၁.၁သိန်းပါ။ အရင်က ကျောင်းသားဆန္ဒပြပွဲ ကနေ အခုတော့ ပညာရေးကိစ္စအပြင် လူနေမှုစားရိတ် မြင့်မားတာကိုပါ ဆန္ဒပြလာကြပြီး ကျောင်းသား၊ ဆရာ၊ အလုပ်သမားသမဂ္ဂတွေ၊ ဆန္ဒပြသူ ၈သိန်းဆိုပေမယ့် ဖျက်လိုဖျက်ဆီး လုပ်ကြတာက အမဲဝတ်အန်တီဖာတောကြောင်တွေရော ပါလက်စ်တိုင်းတွေခေါင်းမှာဆောင်းတဲ့ ကက်ဖ်ဖီရာဆောင်းထားတဲ့သူတွေ ဖြစ်နေပါတယ်။ လူ ၁၂၀၀ကျော် အဖမ်းခံထားရပြီး ရဲ ၆၀-၁၅၀ခန့် ဒဏ်ရာရရှိထားတာမှာ တချို့က တော်တော်လေးပြင်းထန်တယ်လို့ ဆိုပါတယ်။ ဆူပူသူတွေက သမ္မတမက်ခရွန်ဆင်းပေးဖို့ တောင်းဆိုကြတာရှိသလို တချို့က နှစ်ပေါင်း ၁၄၃နှစ် သက်တမ်းရှိ Limoges မြို့က သမိုင်းဝင်မြို့တော်ခန်းမကို ဒီနေ့ မီးတင်ရှို့လိုက်ကြပါတယ်။ ပြင်သစ်ရဲ့ သက်တမ်းအရှည်ဆုံး (နှစ်၄၀၀ကျော်)…

Xavier Becerra နဲ့ ကလေးပျောက်မှုများ

ဘိုင်ဒန်ခေတ်က Health and Human Services Dept ဝန်ကြီး ဖြစ်ခဲ့ပြီး အခု ဒီမိုကရက်ဖက်က ကာလီဖိုးနီးယားဂါဗာနာ ဝင်အရွေးခံမယ့် Xavier Becerra ဟာ သူ့လက်ထက်မှာ နယ်စပ်က မိဘမပါပဲ​ဝင်လာတဲ့ကလေး ၃သိန်းကျော် ပျောက်ဆုံးနေတာအတွက် တိုက်ရိုက်တာဝန်ရှိသူဖြစ်ကြောင်း အဲဒီအချိန်က HHS လက်အောက်က ကလေးတွေကိုယာယီထားတဲ့နေရာတခုက site supervisor တဦးဖြစ်သူ၊ ကလေးတွေစပွန်ဆာကို စစ်ပေးရတဲ့ ကန်ထရိုက်တာနဲ့ နောက်ထပ်ဖွင့်ချသူတွေက သူတို့တွေ့ကြုံခဲ့ရတာတွေကို ရှင်းပြထားပါတယ်။ နယ်စပ်ကနေ မိသားစုမပါပဲ ဝင်လာတဲ့ ကလေးတွေကို HHS အောက်က Office of Refugee Resettlement (ORR)က လက်လွှဲယူပြီး အဲဒီအောက်က Unaccompanied Alien Children Program (UAC) ကို ပို့ပါတယ်။ အဲဒီကနေ…

အောက်တိုဘာ ၁၂ရက် ၂၀၂၆

ဒီနေ့နံနက်စောစောမှာ ပြည်တွင်းလုံခြုံရေးဌာနက စုံစမ်းရေးအေးဂျင့်တွေဟာ မြို့တော်ဒီစီမှာရှိတဲ့ ဆိုမာလီဒုက္ခသည် တဖြစ်လဲ ဒီမိုကရက်အမတ် အီလ်ဟန်အိုမာရဲ့အိမ်ကို ရှာဖွေဝရမ်းနဲ့ သွားရောက်ရှာဖွေမှု ပြုခဲ့ပါတယ်။ အီလ်ဟန်ဟာ လူဝင်မှုနဲ့ အခွန်ကိစ္စတွေအတွက် သူ့မောင်ကို လက်ထပ်ခဲ့တဲ့ သတင်းတွေ ထွက်နှင့်ပြီးဖြစ်သလို ရီပါဘလစ်ကန်အမတ် နန်စီမေ့စ်က အီလ်ဟန်အိုမာကို အဲဒီကိစ္စတွေအတွက် ဇန်နဝါရီကတည်းက ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီလ်ဟန်အမေရိကန်ကို လာရောက်မယ့်အချိန်မှာ ၁၈နှစ်ကျော်လို့ ၁၉နှစ်ထဲ ရောက်နေပြီ ဖြစ်ပေမယ့် မိဘနဲ့အတူ အသက်မပြည့်သေးသူအနေနဲ့ လာရောက်နိုင်ဖို့အတွက် တကယ်မွေးတဲ့ ၁၉၈၁ကို ၁၉၈၂အဖြစ် ပြင်ဆင်ခဲ့ကြောင်း ၂၀၁၉တုန်းက တာဝန်သိပြည်သူတဦးက သတင်းပေးခဲ့ပါတယ်။ အဲဒီလိုသတင်းပေးပြီးနောက်မှာ မင်နီဆိုးတားလွှတ်တော်စာကြည့်တိုက်ရဲ့ ဝက်ဘ်ဆိုက်က သူမမွေးသက္ကရာဇ်ကို ၁၉၈၁ ကနေ ၁၉၈၂အဖြစ် ပြောင်းပစ်လိုက်ပါတယ်။ အမေရိကန်ကို လာတဲ့အချိန်က သူမအသက် ၁၈ကျော်နေပြီဆိုရင် မိဘကတဆင့်…