Blog

Operation Epic Fury (36)

ဒီနေ့ည သမ္မတမိန့်ခွန်းမှာ အီရန်ကိစ္စနဲ့ပတ်သက်လို့ လာမယ့် ၂ပတ်-၃ပတ်အတွင်း အီရန်မှာ ကျန်ရှိနေသေးတဲ့ ဒုံးတွေ ဒရုန်းတွေ လက်နက်တိုက်တွေကို အင်တိုက်အားတိုက် ဖျက်ဆီးသွားမှာ ဖြစ်ကြောင်း၊ ဒီကြားထဲမှာ ဆွေးနွေးမှုတွေကိုလည်း ဆက်လက်ပြုလုပ်နေမှာဖြစ်ပြီး သဘာတူညီချက် မရခဲ့ရင် ကျောက်ခေတ်ကို ပြန်ရောက်သွားတဲ့အထိ လုပ်ရလိမ့်မယ်လို့ ထည့်သွင်း ပြောကြားသွားပါတယ်။ ထရမ့်ဒီနေ့တင်တဲ့ ထရုသ်မှာ အီရန်က သမ္မတဟာ အရင်လူတွေထက် အစွန်းရောက်တာ အများကြီးနည်းပြီး ဉာဏ်ပညာလည်း အများကြီးပိုရှိကြောင်း၊ အခုပဲ အမေရိကန်နဲ့ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုသွားကြောင်း၊ ဟော်မုဇ်ရှင်းရှင်းလင်းလင်းပြန်ဖွင့်ပြီဆိုမှ ငါတို့ဘက်က စဥ်းစားပေးမှာ ဖြစ်ကြောင်း၊ အဲဒီလိုမဖြစ်ခင်အထိတော့ ငါတို့က အီရန်ကို ပြန်ဆော်စရာ ဘာလက်နက်မှ မကျန်တော့တဲ့အထိ တိုက်ခိုက်ဖျက်ဆီးသွားရမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ လာမယ့် ၂ပတ်-၃ပတ်အတွင်း တိုးမြှင့်တိုက်ခိုက်မယ်ဆိုတဲ့ သမ္မတရဲ့ စကားအတိုင်း ပင်တဂွန်က A-10…

Operation Epic Fury (35)

၂၉ရက်နေ့က တိုက်ခိုက်မှုတွေမှာ လျှပ်စစ်ဓါတ်အားပေးစနစ်ကို ဖျက်ဆီးခဲ့တဲ့အတွက် တီဟီရန်နဲ့ အနားတဝိုက်က မြို့တွေ အမှောင်ကျခဲ့ပြီး ၃၀ရက်နေ့မှာတော့ မီးမရှိတဲ့ လှိုဏ်ခေါင်းတွေရဲ့ လေဝင်လေထွက်ပေါက်တွေ ရေဝင်ရေထွက်စနစ်တွေကိုပါ ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် အီရန်ဖက်နဲ့ ဆွေးနွေးပွဲ တိုးတက်လာတော့တာပါပဲ။ အီရန်ရဲ့ ခေါင်းဆောင်ပိုင်းရှင်းလင်းဖို့၊ လေတပ်၊ ရေတပ်၊ လေ/ကာစနစ်တွေကို ဖျက်ဆီးဖို့၊ ဒုံးကျည်နဲ့ /ဒရုန်းတွေကို ဖျက်ဆီးဖို့အတွက် ၄-၆ပတ်လို့ မှန်းထားတော့ ကျန်သလောက်ကို ပြီးအောင် တွန်းတော့မယ့်သဘောပါ။ တပ်ကလာတဲ့ IR ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လေမလျော့သေးပါဘူး။ တချို့သတင်းတွေမှာ အီရန် သမ္မတနဲ့ IRGC တပ်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေလို့ IRGC က တချို့နေ့စဥ်ကိစ္စတွေကို ဝင်ထိန်းလိုက်သလို တွေ့မိပါတယ်။ အာဏာကို လက်မလွှတ်ချင်တဲ့ အီရန်က သူ့ဒရုန်းတွေ ဒုံးတွေကို အရပ်ဖက်နေရာတွေကို…

The Donald J. Trump Presidential Library

အမေရိကန်မှာ သမ္မတတွေ အနားယူသွားပြီးရင် သူတို့နာမည်နဲ့ အမှတ်တရ စာကြည့်တိုက်တွေ သူတို့နေထိုင်ရာဒေသမှာ ဆောက်လေ့ရှိပါတယ်။ စာကြည့်တိုက်လို့ ခေါ်ပေမယ့် စာအုပ်တွေတင် ရှိတာမဟုတ်ပဲ သက်ဆိုင်ရာ သမ္မတ သုံးစွဲခဲ့တာတွေ၊ နိုင်ငံတကာ အကြီးအကဲတွေက ပေးကြတဲ့ လက်ဆောင်တွေ၊ အထင်ကရ မှတ်တမ်းတွေ၊ သမိုင်းဝင် လုပ်ဆောင်ချက်တွေ အစုံပါဝင်တဲ့အတွက် ပြတိုက်လို မော်ကွန်းတိုက်လိုသဘောလည်း ပါပါတယ်။ စာကြည့်တိုက်အပိုင်းကို လူတိုင်း အခမဲ့ ဝင်ကြည့်ခွင့်ရှိပေမယ့် ပြခန်းပိုင်းကိုတော့ ပိုက်ဆံကောက်လေ့ရှိပါတယ်။ အမေရိကန်မှာ Presidential Library ပေါင်း ၁၆ခုရှိပြီး သူတို့ကို National Archives and Records Administration (NARA) လက်အောက်က Office of Presidential Libraries က ထိန်းသိမ်းစီမံပါတယ်။ ပထမဆုံး Presidential Library…

Operation Epic Fury (34)

ရေတပ်ရော လေတပ်ပါ မရှိတော့တဲ့ အီရန်က လေရော တိုက်ခိုက်မှုရော မလျော့သေးတာကြောင့် အမေရိကန်နဲ့ အစ္စရေးတိုက်လေယာဥ်တွေက ဓါတ်အားပေးစက်ရုံတွေ ထပ်ဆင့်ဖြန့်ဖြူးတဲ့ နေရာတွေကို ဒီနေ့ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တီဟီရန်တဝိုက်က အမှောင်အတိနီးပါး ဖြစ်သွားခဲ့ပါတယ်။ အလင်းရောင်ဆိုလို့ ပစ်ခတ်မှုတွေက ထွက်ပေါ်လာတဲ့ လိမ္မော်ရောင် မီးတောက်မီးလျံတွေ၊ အရေးပေါ်မီး မှုံပြပြတွေလောက်ပဲ  လင်းတော့တာဖြစ်ပါတယ်။ သမ္မတထရမ့်က ဟော်မုဇ်ပြန်မဖွင့်ရင် ဓါတ်အားပေးစက်ရုံတွေ ဖျက်ဆီးပစ်မယ်လို့ ပြောထားခဲ့တာပါ။ ဆက်ပြီးခေါင်းမာနေသေးရင်တော့ အကြီးဆုံးကြီးပါ အဖျက်ခံရပါလိမ့်မယ်။ အမေရိကန်က B-52 ဗုံးကြဲလေယာဥ် ၂စီး ယူကေက RAF Fairford ကို ထပ်ပို့ထားတဲ့အတွက် အဲဒီမှာ အကြီးစားဗုံးကြဲလေယာဥ် ၂၃စီး ရှိနေပြီဖြစ်ပါတယ်။ ဒီလေယာဥ်တွေက ပစ်မှတ်ကို တိကျစွာ ပစ်ခတ်နိုင်တဲ့ ပေါင် ၇သောင်းအထိရှိတဲ့ ဗုံးတွေကို သယ်ဆောင်တိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ အခုလို…

Operation Epic Fury (33)

အမေရိကန်၊ အစ္စရေးနဲ့ အီရန်စစ်မှာ ပါကစ္စတန်၊ တူရ်ကီ၊ အိုမန်၊ ကာတာနဲ့ တရုတ်တို့က ကြားဝင် ညှိနှိုင်းပေးသူအနေနဲ့ ကြိုးစားခဲ့ကြပေမယ့် ဝါရှင်တန်နဲ့ရော တီဟီရန်နဲ့ပါ အလွမ်းသင့်တဲ့ ပါကစ္စတန်က အဓိကဖြန်ဖြေသူ ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်ကိုယ်တိုင်က ပဋိပက္ခကင်းနေသူတော့ မဟုတ်ပါဘူး။ အာဖဂန်နဲ့စစ်ပွဲကို အိဒ်ကာလအတွက် ဆော်ဒီ၊ တူရ်ကီ၊ ကာတာတို့ဖြန်ဖြေပေးမှုနဲ့ ခေတ္တ ရပ်နားခဲ့တာက ခုပြန်စနေပြီဖြစ်ပြီး အိန္ဒိယနဲ့ စစ်ပွဲတုန်းကလည်း အမေရိကန်က ဖြန်ဖြေပေးခဲ့ရတာပါ။   အမေရိကန် အစ္စရေးနဲ့ အီရန်ကြား ဖြန်ဖြေဖို့ အကြိုးစားခဲ့ဆုံးကတော့ တရုတ်ပါ၊ အဲဒီမှာ အောင်မြင်စွာ ဖြန်ဖြေပေးနိုင်ခဲ့ရင် တရုတ်ဝါးမြိုချင်နေတဲ့ အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှနိုင်ငံတွေ အမြင်မှာ အားကိုးစရာဖြစ်လာမှာကို မျှော်လင့်နေတာပါ။ ဒါပေမယ့် အမေရိကန်ရဲ့ အကျိုးစီးပွား လိုလားသူလည်း မဟုတ်၊ စနစ်ချင်းကလည်း…

Operation Epic Fury (32)

ဒီနေ့ အစ္စရေးစစ်တပ်က ကြိုတင်သတိပေးထားတဲ့အတိုင်း အီရန်အလယ်ပိုင်း Yazd က ယူရေနီယံ ထုတ်လုပ်တဲ့ Ardakan Yellowcake Production Plant ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ သန့်စင်ပြီး ယူရေနီယံရလာဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တူးဖော်ပြီး စက်မှုနည်း ဓါတုနည်းတွေနဲ့ ကုန်ချော ထုတ်လုပ်တဲ့ တခုတည်းသောစက်ရုံဖြစ်ပြီး နျူလက်နက်မှာ သုံးစွဲနိုင်တဲ့ nuclear fuel cycle ရဲ့ ကနဦး ထုတ်လုပ်တဲ့အဆင့်တွေမှာ အရေးပါတဲ့စက်ရုံလို့ အစ္စရေးတို့က ဖော်ပြထားပါတယ်။ ဒီစက်ရုံကို တိုက်ခိုက်ဖျက်ဆီးခြင်းဖြင့် အီရန်ဟာ နောက်နောင် နျူလက်နက်ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေ (လွယ်လွယ်) မရနိုင်တော့ပဲ ဖြစ်သွားမယ်လို့ ဆိုပါတယ်။ အစ္စရေးတပ်တွေက Ardakan က စက်ရုံအပြင် နျူထုတ်လုပ်မှုနဲ့ ဆက်စပ်နေတဲ့ Arak heavy-water…

Operation Epic Fury (31)

ဒီနေ့တော့ ဒီစစ်ကို ဘာကြောင့်စခဲ့ရတယ်ဆိုတဲ့အကြောင်းရင်းမှန်ကို စစ်မစခင် တပတ်အလိုမှာ သမ္မတထရမ့်က Bill O’Reilly ကို ပြောခဲ့တဲ့အကြောင်းလေးနဲ့ စဖွင့်ပါမယ်။ ဒီသမ္မတက တချို့တွေလိုမျိုး ပါးစပ်က ငြိမ်းချမ်းရေးအော်ပြီး တကယ်တမ်းစစ်တိုက်ချင်နေတဲ့သူမျိုး မဟုတ်ပါဘူး၊ သံတမန်နည်းအရ ဖြေရှင်းဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေ အကုန်ရှာခဲ့ပြီ၊ တဖက်မှာလည်း အန္တရာယ်က အရမ်းကိုနီးကပ်နေပြီ၊ အဲဒီအချိန်မှာ မူလာတွေကလည်း အချိန်တိုလေးအတွင်းမှာပဲ အတူရှိကြမှာဆိုတော့ ရွေးစရာမရှိတော့တဲ့အချိန်မှာ တိုက်ဖို့ဆုံးဖြတ်ချက်ကို ချလိုက်တာလို့ အိုရိုင်းလီက ဆိုပါတယ်။ သမ္မတထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ တိုးတက်တဲ့အတွက် လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တိုက်မယ့်ပလန်ကို ၅ရက်ကနေ ၁၀ရက် (ဧပြီ ၆ရက် တနင်္လာနေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ည၈နာရီ) သို့ တိုးမြှင့်ရွေ့ဆိုင်းလိုက်တယ်လို့ ကြေငြာသွားပါတယ်။ အစ္စရေးက အီရန်လွှတ်တော် စပီကာနဲ့ နိုင်ငံခြားဝန်ကြီးတို့ကို သုတ်သင်မယ့်စာရင်းထဲကနေ ခေတ္တချမ်းသာပေးထားလိုက်ပါတယ်။…

Operation Epic Fury (30)

အီရန်က ပြည်သူအပေါ်ရက်စက်တဲ့ အကြမ်းဖက်မူလာတွေကို စာနာပြနေကြသူတွေက အမြဲလိမ် မီဒီယာတွေကို ကိုးကားပြီး အီရန်က ထရမ့်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းနေတာ မဟုတ်ပါဘူး၊ ထရမ့်က လိမ်နေတာပါလို့ ထုံးစံအတိုင်း ဖွကြပေမယ့် အီရန်အစိုးရထိပ်ပိုင်းကလာတဲ့ ရင်းမြစ်တွေကတော့ ယူအက်စ်နဲ့ အီရန်ကြား ဆက်သွယ်မှုတွေ ရှိနေတယ်လို့ အတည်ပြုသွားပါတယ်။ ယူအက်စ်ဘက်က ၁၅ချက်ပါ အပစ်ရပ်ကမ်းလှမ်းချက်ကို ချပြခဲ့ပြီး အီရန်မှာ တွင်းအောင်းနေရတဲ့ မူလာတွေက ရယ်စရာကောင်းတဲ့ တောင်းဆိုချက် ၅ခုနဲ့ တုန့်ပြန်ကြပါတယ်။ အမေရိကန်ရဲ့ ကမ်းလှမ်းချက် ၁၅ခုအနက် ၁၄ခုက ၁။ အီရန်ရဲ့ လက်ရှိနျူကလီးယားစွမ်းရည်များကို ဖျက်သိမ်းဖို့၊ ၂။ အီရန်က နျူကလီးယားလက်နက်များကို ထုတ်လုပ်ဖို့ ဘယ်တော့မှ မကြိုးစားရန် ကတိပြုဖို့၊ ၃။ အီရန်ပိုင်နက်ထဲမှာ ယူရေနီယမ် သန့်စင်မှု မပြုဖို့၊ ၄။ အီရန်ရဲ့…

Operation Epic Fury (28)

သမ္မတထရမ့်က အီရန်ဖက်နဲ့ စကားပြောအပြီးမှာ တိုးတက်မှုရှိတဲ့အတွက် ဟော်မုဇ်ပြန်ဖွင့်ဖို့ ၄၈နာရီရာဇသံကို ၅ရက်သို့ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ သမ္မတထရမ့်က “ပြီးခဲ့တဲ့ ၂ရက်လုံး အရှေ့အလယ်ပိုင်းက ရန်လိုမှုများချုပ်ငြိမ်းရေးအတွက် အီရန်နဲ့ အကျိုးရှိ/ ကောင်းမွန်တဲ့စကားတွေ ပြောဖြစ်ခဲ့ပါတယ်၊ လေသံနဲ့ စကားအသွားအလာ၊ လေးနက်မှု၊ အသေးစိတ်ကျမှုနဲ့ အပြုသဘောဆောင်မှုတွေကြောင့် ငါတို့တပ်တွေကို လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေနဲ့ energy infrastructure ကို တိုက်ခိုက်မယ့်အစီအစဥ်ကို ၅ရက်အထိရွှေ့ဆိုင်းဖို့ အမိန့်ပေးထားလိုက်ပါပြီ၊ ဒီကြားထဲမှာလည်း စကားဆက်ပြောသွားမှာပါ၊ အဲဒီလိုဆက်ပြောတာတွေ အဆင်ပြေရင်ပေါ့” လို့ ရေးသားသွားပါတယ်။ သတင်းတွေမှာ ပြန့်နှံ့နေတာက အီရန်ဘက်က အမေရိကန်နဲ့ ဦးဆောင်ဆွေးနွေးသူဟာ လွှတ်တော် စပီကာ Mohammad-Bagher Ghalibaf လို့ ဆိုကြပေမယ့် အဲဒီစပီကာကတော့ အဲဒါ fake news ပါ၊ သူ ထရမ့်နဲ့ စကားမပြောခဲ့ပါဘူး၊…

Operation Epic Fury (27)

ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ဖို့ ထရမ့်က ရာဇသံပေးထားတာနဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားဝက Abbas Araghchi က “ဟော်မုဇ်က ပိတ်မထားပါဘူး၊ မင်းစခဲ့တဲ့စစ် (ငါတို့စတာမဟုတ်)ကြောင့် အာမခံကုမ္ပဏီက အာမခံမပေးလို့ သင်္ဘောတွေက သွားဖို့ တုန့်ဆိုင်းနေကြတာပါ၊ ဘယ်အာမခံကုမ္ပဏီ ဘယ်အီရန်မှ ခြိမ်းခြောက်လို့ ယိမ်းယိုင်သွားမှာ မဟုတ်ပါဘူး၊ လေးစားမှုလေးထားကြည့်ပါလား” လို့ တုန့်ပြန်သွားပါတယ်။ ဖြတ်သန်းခ ၂သန်းတောင်းတာ၊ ယွမ်နဲ့ဝယ်ရင် ပေးသွားမယ်ပြောတာ၊ အမေရိကန်နဲ့ အစ္စရေးသံတမန်တွေနှင်ထုတ်ရင် သင်္ဘောပေးသွားမယ်ဆိုတာတွေက သူတို့မြှူဆွယ်/ ခြိမ်းခြောက်တာ မဟုတ်ခဲ့သလိုပါပဲ။ ရာဇသံပေးထားစဥ်ကာလမှာ အမေရိကန်တွေကအိုင်ဆန်ဟောင်ဝါခေတ်ထဲက သုံးခဲ့တဲ့ B-52 ဗုံးကြဲလေယာဥ်တွေနဲ့ အီရန်ပစ်မှတ်တွေကို ဆက်လက်ဖျက်ဆီးနေတာပါ။ ပင်တဂွန်ကတော့ B-52 တွေထက် ၂၅% ပိုမြန်တဲ့ B-21 Raider တွေနဲ့ အစားထိုးဖို့ အမြန်ဆုံးထုတ်လုပ်နေပြီဖြစ်ပါတယ်။ မနေ့က အနောက်နိုင်ငံနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ အီရန်ရဲ့…

Something went wrong. Please refresh the page and/or try again.


Follow My Blog

Get new content delivered directly to your inbox.