ဒီနေ့မှာ သမ္မတရဲ့ အထူးသံတမန် Steve Witkoff ဟာ ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ ဥရောပခေါင်းဆောင်များကို အော်စလိုမြို့မှာ တွေ့ဆုံအပြီးမှာ ရုရှားသမ္မတပူတင်နဲ့ စိန့်ပီတာစဘတ်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ပူတင်က ရုရှား-ယူကရိန်း-ယူအက်စ် သုံးပွင့်ဆိုင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို နိုဝင်ဘာလလယ်လောက်မှာ ပြန်စဖို့ မူအားဖြင့် သဘောတူထားပါတယ်။ အဆိုပါဆွေးနွေးပွဲကို အဘူဒါဘီမှာပြုလုပ်ဖွယ်ရာရှိပြီး ကရင်မလင်က စစ်ပြီးကာလ ရုရှား-ယူကရိန်း လုံခြုံရေးအစီအမံများအပေါ် အာရုံစိုက်ချင်တဲ့သဘော ရှိပါတယ်။ ဇယ်လန်းစကီးကတော့ ခုလက်ရှိရှေ့တန်းမှာ ရောက်နေတဲ့နေရာမှာ အဲဒီအတိုင်း ရပ်ထားချင်ပါတယ်၊ အပစ်ရပ်မယ်၊ freeze လုပ်မယ်၊ စစ်ရပ်မယ်၊ အဲဒီသဘောပါ။ နှစ်ဖက်သဘောထားကတော့ ဟ နေသေးတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်ကြီးမိုက်ခ်ဖလင်းတင်ထားတဲ့ ဗီဒီယိုထဲမှာ ဇယ်လန်းစကီးကို Steve Witkoff နဲ့မတွေ့ခင် နော်ဝေဝကခနဲ့ ဖင်လန်သမ္မတတို့က တိုးတိုးကြိတ်ကြိတ် မှာနေတာကို ပြထားပါတယ်။ တဦးကContinue reading “အောက်တိုဘာ ၂၁ရက် ၂၀၂၆”
Author Archives: Omma
Operation Epic Fury (120)
အသစ်ထွက်ပေါ်လာတဲ့ BAE Systems ကနေ ထုတ်လုပ်တဲ့ High Power Microwave (HPM) system လက်နက်သစ်ကြီးဟာ အုပ်လိုက်ပျံလာတဲ့ drone swarm တွေကို အလင်းရဲ့အလျင်နဲ့ ဖျက်ချနိုင်တယ်လို့ စမ်းသပ်ထားပြီးဖြစ်ကြောင်း the Association of the US Army ညီလာခံမှာ ထုတ်ပြသွားပါတယ်။ အဲဒီ HPM နဲ့တွဲပြီး သုံးရမှာက Multi-Domain Artillery Cannon Systems (MDACS) ဆိုတဲ့ kinetic စနစ်ဖြစ်ပါတယ်။ အုပ်လိုက်ကြီးပျံလာတဲ့ ဒရုန်းတွေကို ဈေးကြီးတဲ့ လေကာစနစ်တွေနဲ့ ဖျက်ချတာထက် အခုလို ဈေးချိုချိုနဲ့ ထိထိရောက်ရောက် ဖျက်ချနိုင်တာက အားရစရာပါ။ အမေရိကန်ပိတ်ဆို့မှုတွေကြားထဲကနေ အီရန်က လေယာဥ်ဆီနဲ့ (propane တို့ butane တို့ပါဝင်တဲ့)Continue reading “Operation Epic Fury (120)”
အောက်တိုဘာ ၁၇ရက် ၂၀၂၆
ပြင်သစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြင်းထန်နေရာမှာ ဒီနေ့ ဆန္ဒပြသူ ၈သိန်းခန့်ရှိတယ်လို့ ဆိုပါတယ် အစိုးရသတင်းကတော့ တနိုင်ငံလုံးမှာ ၅သိန်းခွဲ၊ ပဲရစ်မှာ ၁.၁သိန်းပါ။ အရင်က ကျောင်းသားဆန္ဒပြပွဲ ကနေ အခုတော့ ပညာရေးကိစ္စအပြင် လူနေမှုစားရိတ် မြင့်မားတာကိုပါ ဆန္ဒပြလာကြပြီး ကျောင်းသား၊ ဆရာ၊ အလုပ်သမားသမဂ္ဂတွေ၊ ဆန္ဒပြသူ ၈သိန်းဆိုပေမယ့် ဖျက်လိုဖျက်ဆီး လုပ်ကြတာက အမဲဝတ်အန်တီဖာတောကြောင်တွေရော ပါလက်စ်တိုင်းတွေခေါင်းမှာဆောင်းတဲ့ ကက်ဖ်ဖီရာဆောင်းထားတဲ့သူတွေ ဖြစ်နေပါတယ်။ လူ ၁၂၀၀ကျော် အဖမ်းခံထားရပြီး ရဲ ၆၀-၁၅၀ခန့် ဒဏ်ရာရရှိထားတာမှာ တချို့က တော်တော်လေးပြင်းထန်တယ်လို့ ဆိုပါတယ်။ ဆူပူသူတွေက သမ္မတမက်ခရွန်ဆင်းပေးဖို့ တောင်းဆိုကြတာရှိသလို တချို့က နှစ်ပေါင်း ၁၄၃နှစ် သက်တမ်းရှိ Limoges မြို့က သမိုင်းဝင်မြို့တော်ခန်းမကို ဒီနေ့ မီးတင်ရှို့လိုက်ကြပါတယ်။ ပြင်သစ်ရဲ့ သက်တမ်းအရှည်ဆုံး (နှစ်၄၀၀ကျော်)Continue reading “အောက်တိုဘာ ၁၇ရက် ၂၀၂၆”
Xavier Becerra နဲ့ ကလေးပျောက်မှုများ
ဘိုင်ဒန်ခေတ်က Health and Human Services Dept ဝန်ကြီး ဖြစ်ခဲ့ပြီး အခု ဒီမိုကရက်ဖက်က ကာလီဖိုးနီးယားဂါဗာနာ ဝင်အရွေးခံမယ့် Xavier Becerra ဟာ သူ့လက်ထက်မှာ နယ်စပ်က မိဘမပါပဲဝင်လာတဲ့ကလေး ၃သိန်းကျော် ပျောက်ဆုံးနေတာအတွက် တိုက်ရိုက်တာဝန်ရှိသူဖြစ်ကြောင်း အဲဒီအချိန်က HHS လက်အောက်က ကလေးတွေကိုယာယီထားတဲ့နေရာတခုက site supervisor တဦးဖြစ်သူ၊ ကလေးတွေစပွန်ဆာကို စစ်ပေးရတဲ့ ကန်ထရိုက်တာနဲ့ နောက်ထပ်ဖွင့်ချသူတွေက သူတို့တွေ့ကြုံခဲ့ရတာတွေကို ရှင်းပြထားပါတယ်။ နယ်စပ်ကနေ မိသားစုမပါပဲ ဝင်လာတဲ့ ကလေးတွေကို HHS အောက်က Office of Refugee Resettlement (ORR)က လက်လွှဲယူပြီး အဲဒီအောက်က Unaccompanied Alien Children Program (UAC) ကို ပို့ပါတယ်။ အဲဒီကနေContinue reading “Xavier Becerra နဲ့ ကလေးပျောက်မှုများ”
အောက်တိုဘာ ၁၂ရက် ၂၀၂၆
ဒီနေ့နံနက်စောစောမှာ ပြည်တွင်းလုံခြုံရေးဌာနက စုံစမ်းရေးအေးဂျင့်တွေဟာ မြို့တော်ဒီစီမှာရှိတဲ့ ဆိုမာလီဒုက္ခသည် တဖြစ်လဲ ဒီမိုကရက်အမတ် အီလ်ဟန်အိုမာရဲ့အိမ်ကို ရှာဖွေဝရမ်းနဲ့ သွားရောက်ရှာဖွေမှု ပြုခဲ့ပါတယ်။ အီလ်ဟန်ဟာ လူဝင်မှုနဲ့ အခွန်ကိစ္စတွေအတွက် သူ့မောင်ကို လက်ထပ်ခဲ့တဲ့ သတင်းတွေ ထွက်နှင့်ပြီးဖြစ်သလို ရီပါဘလစ်ကန်အမတ် နန်စီမေ့စ်က အီလ်ဟန်အိုမာကို အဲဒီကိစ္စတွေအတွက် ဇန်နဝါရီကတည်းက ဆင့်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အီလ်ဟန်အမေရိကန်ကို လာရောက်မယ့်အချိန်မှာ ၁၈နှစ်ကျော်လို့ ၁၉နှစ်ထဲ ရောက်နေပြီ ဖြစ်ပေမယ့် မိဘနဲ့အတူ အသက်မပြည့်သေးသူအနေနဲ့ လာရောက်နိုင်ဖို့အတွက် တကယ်မွေးတဲ့ ၁၉၈၁ကို ၁၉၈၂အဖြစ် ပြင်ဆင်ခဲ့ကြောင်း ၂၀၁၉တုန်းက တာဝန်သိပြည်သူတဦးက သတင်းပေးခဲ့ပါတယ်။ အဲဒီလိုသတင်းပေးပြီးနောက်မှာ မင်နီဆိုးတားလွှတ်တော်စာကြည့်တိုက်ရဲ့ ဝက်ဘ်ဆိုက်က သူမမွေးသက္ကရာဇ်ကို ၁၉၈၁ ကနေ ၁၉၈၂အဖြစ် ပြောင်းပစ်လိုက်ပါတယ်။ အမေရိကန်ကို လာတဲ့အချိန်က သူမအသက် ၁၈ကျော်နေပြီဆိုရင် မိဘကတဆင့်Continue reading “အောက်တိုဘာ ၁၂ရက် ၂၀၂၆”
Operation Epic Fury (119)
ဒီနေ့မှာ ဟူသီတွေက ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြည်တွင်းခရီးစဥ်တွေအတွက် ထားရှိတဲ့ တာမီနယ် ၃ နဲ့ ၄ ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး အရပ်သား ၁၂ဦး (ဆော်ဒီ ၄ဦး၊ ဘင်္ဂါလီ ၂ဦး၊ အမေရိကန်၊ အီဂျစ်၊ ဂျော်ဒန်၊ ဆီးရီးယား၊ ဆူဒန်နဲ့ ပါလက်စ်တိုင်း တဦးစီ) သေဆုံးပြီး ၃၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအပေါ် နိုင်/ဝန် မာကိုက အပြစ်မဲ့အရပ်သားတွေရဲ့အသက်ကို ပြောင်ပြောင်တင်းတင်း လစ်လှူရှုမှုအဖြစ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။ ဒီလ ၈ရက်နေ့ကမှ အမေရိကန်နိုင်ငံခြားရေးက အရှေ့အလယ်ပိုင်းက ပဋိပက္ခဖြစ်ပွားမှုမြင့်တက်နေတဲ့ နိုင်ငံတွေကို သွားရောက်ဖို့ မသင့်ကြောင်း၊ ကျန်နေရာတွေကို သွားမယ့်အစီအစဥ်တွေရှိရင်လည်း ပြန်စဥ်းစားဖို့ တိုက်တွန်းကြောင်း၊ သွားရောက်ခဲ့ရင် လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊Continue reading “Operation Epic Fury (119)”
Operation Epic Fury/ Operation Economic Outcast (118)
ဒီနေ့မှာ ယီမင်အစိုးရတပ်တွေက အရေးပါတဲ့ရေလက်ကြားဖြစ်တဲ့ Bab al-Mandeb ရေလက်ကြားနဲ့ Perim ကျွန်းကို အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆော်ဒီနောက်ခံပေးထားတဲ့ ယီမင်အစိုးရက ကြေငြာသွားပါတယ်။ အဲဒီလို ပြန်ရယူနိုင်ဖို့ ဆော်ဒီက ယီမင်အစိုးရတပ်နဲ့ ဒေသန္တရလက်နက်ကိုင်တပ် တွေကို လေကြောင်းပစ်ကူ အကြီးအကျယ် ပေးခဲ့တာပါ။ တချို့သတင်းတွေက ထလရဒေတာတွေ၊ ပစ်မှတ်နေရာတွေ တိုက်ခိုက်မှုအစီအစဥ်ပိုင်းတွေမှာ အမေရိကန်က ကူညီပြောပြခဲ့တဲ့အပိုင်းတွေ ရှိတယ်လို့ ဆိုကြပြီး တချို့ကတော့ ဆော်ဒီနဲ့ မက္ကာစာချုပ် ချုပ်ဆိုထားတဲ့ ပါကစ္စတန်က တိုက်လေယာဥ်တွေ ယီမင်ထဲက ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ပါဝင်ခဲ့တယ်လို့ ဖော်ပြကြပေမယ့် ပါကစ္စတန်က ငြင်းဆိုထားပါတယ်။ အီရန်ကတော့ ဒီကိစ္စမှာ ပါကစ္စတန်တပ်တွေ ပါနေတဲ့သတင်း မမှန်ဖို့ မျှော်လင့်နေကြပါတယ်။ အီရန်က သူတို့ထောက်ပံ့ထားတဲ့ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေအပေါ် တာဝန်မယူပေမယ့် ဟူသီတွေContinue reading “Operation Epic Fury/ Operation Economic Outcast (118)”
အောက်တိုဘာ ၇ရက် ၂၀၂၆
ဟာမာ့စ်နဲ့ ပါလက်စ်တိုင်းလက်နက်ကိုင်အုပ်စုတွေ အစ္စရေးတောင်ပိုင်းက ဂီတပွဲတော် ကျင်းပတဲ့နေရာကို ဝင်တိုက်ပြီး မိန်းမ၊ ကလေး၊ လူအိုတွေအပါအဝင် ၁၂၀၀ခန့်ကို သတ်ခဲ့တဲ့ ၃နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံခြားရေးဝကမာကိုက အနောက်တိုင်းယဥ်ကျေးမှု မြစ်ဖျားခံတဲ့ နိုင်ငံရေးအတွေးအခေါ်တွေ အစပြုခဲ့ပြီး ဒီမိုကရေစီကျတဲ့ ညီလာခံတွေ ကျင်းပခဲ့တဲ့ ဂရိနိုင်ငံ အေသင်မြို့မှာ အရေးကြီးတဲ့ မိန့်ခွန်းတရပ်ကို ပြောကြားခဲ့ပါတယ်။ သူပြောခဲ့တဲ့ထဲမှာ ပါးရှန်းတွေ အေသင်ကို ဖျက်ဆီးခဲ့တာလည်းပါသလို အနောက်တိုင်းတန်ဖိုးတွေနဲ့ ရန်သူတွေရဲ့ တန်ဖိုးတွေ ယှဥ်ကြည့်ဖို့၊ ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီကျတဲ့ စနစ်တွေကို ပြန်လည် အင်အားကောင်းအောင်လုပ်ဖို့၊ ပထဝီနိုင်ငံရေးခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံတွန်းလှန်ဖို့တွေ ပြောသွားပြီး အနောက်တိုင်းယဥ်ကျေးမှုဟာ ကမ္ဘာကို ဦးဆောင်မှုပေးတဲ့ အခန်းကဏ္ဍမှာ ဆက်နေမလား၊ အဖက်ဖက်က ကျဆင်းပြီး ခိုင်းဖတ်လိုဖြစ်နေတဲ့ သိမ်ငယ်စရာ အနာဂတ်ကို သွားမလားContinue reading “အောက်တိုဘာ ၇ရက် ၂၀၂၆”
အောက်တိုဘာ ၆ ရက် ၂၀၂၆
သမ္မတထရမ့်ရဲ့ လက်နက်ထိန်းချုပ်ရေးအထူးသံတမန် Marshall Billingslea က ရုရှားဟာ ပဋိဇီဝဆေးမတိုးတဲ့ ပလိပ်ပိုးနဲ့ ပသိုဂျင်/ပိုး ၂ခုနဲ့အထက် ပေါင်းစပ်ထားတဲ့ plague chimeras ပိုးမျိုးကို လတ်တလောသေဆုံးသွားတဲ့ လက်ဘ်ဝန်ထမ်းအလုပ်လုပ်တဲ့ Irkutsk Anti-Plague Research Institute မှာ လျို့ဝှက်စမ်းသပ်နေခဲ့တယ်လို့ ၁၉၉၂မှာ အမေရိကန်ကို ခိုလှုံလာတဲ့ ဆိုဗီယက်ခေတ် ဇီဝလက်နက်အစီအစဥ်က ထိပ်ပိုင်းအရာရှိတဦးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတန်ကြာတုန်းက သူ့ကို ပြောဖူးကြောင်း သတိပေးသွားပါတယ်။ ရုရှားက အဲဒီလက်ဘ်ဝန်ထမ်းက ပုလိပ်ရောဂါနဲ့ သေတာပါလို့ မပြောပဲ သူ့ကိုယ်ထဲက microorganisms တွေကို စစ်ကြည့်တာမှာ သူ့အလုပ်နဲ့ ဆက်စပ်တာမတွေ့ရဘူးလို့ပဲ ပြောပါတယ်။ WHO ကလည်း ရုရှားဘက်က အဲဒီလိုပြောတယ်ဆိုတာကိုပဲ ပြန်ပြောပါတယ်။ ဒါပေမယ့် ဘာလို့ ဘာက သူမကို သေလောက်တဲ့အထိContinue reading “အောက်တိုဘာ ၆ ရက် ၂၀၂၆”
အောက်တိုဘာ ၅ရက် ၂၀၂၆
ပြီးခဲ့တဲ့အပတ်က ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားအရှေ့ပိုင်းက ပလိပ်ရောဂါအကြောင်း လေ့လာတဲ့ the Irkutsk Anti-Plague Research Institute မှာ အသက် ၂၈နှစ်ရှိ လက်ဘ်ဝန်ထမ်း Daria Shipilova ဟာ pneumonic plague ပိုးတွေ ပါဝင်တဲ့ test tube တခုကို မှားယွင်းပြီး ခွဲလိုက်မိတယ်လို့ ဆိုပါတယ်။ အဆုပ်ရောင်လက္ခဏာတွေ ပြနေတဲ့ Daria ကို စက်တင်ဘာ ၂၉မှာ အနားက Shelekhov မြို့ဆေးရုံမှာ တင်ခဲ့ပြီး အသက်ရှုစက် ventilator ပေါ်မှာ ထားခဲ့ရင်းနဲ့ ၂ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ Institute က ဝန်ထမ်းတွေ အပါအဝင် သူနဲ့ ထိတွေ့မှု ရှိနိုင်ခဲ့တဲ့ လူ ၁၈၉ဦးကို ကွာရင်တိုင်းContinue reading “အောက်တိုဘာ ၅ရက် ၂၀၂၆”