စားဖားတွေ ခြတွေ ပေါက်ဆီအိတ်ကပ်ထဲကဟာတွေ အသေဝိုင်းကိုက်နေတာ ခုမှတော့ မဟုတ်ပါဘူး၊ ၂၀၁၅မှာ နိုင်ငံရေးကစားကွင်းထဲ တရားဝင် စဝင်လာကတည်းကပါ။
အခုလည်း ၂၀၂၄မှာ ဝင်မပြိုင်နိုင်ဖို့ မဟုတ်ကဟုတ်က နည်းမျိုးစုံနဲ့ ကြိုးစားနေကြတာပါ။
အခုနောက်ဆုံးစွဲလိုက်တဲ့အမှုက ပထမအကြိမ် သမ္မတသက်တမ်းအပြီး အိမ်ဖြူက ထွက်စဥ်မှာ လှို့ဝှက်စာရွက်စာတမ်းတွေကို မာရာလေဂိုကို သယ်ဆောင်သွားပြီး လူတကာဝင်ထွက်နေတဲ့ မာရာလေဂိုမှာ ထားချင်သလိုထားတဲ့အတွက် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်လို့ စွပ်စွဲထားပြီး အကုန်ပြန်အပ်ခိုင်းတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာတွေ ထောက်စရာတွေက အများကြီးပါ။ အဆိုးဆုံးက မီဒီယာအများက ညွှန်းနေကြတာက ကလပ်စီဖိုင်းဒေါကျူမန့်စ်တွေကို မလျော်မကန်ကိုင်တွယ်ခြင်းလို့ ပြောကြပေမယ့် တကယ်တမ်းစွဲလိုက်တာက အဲဒီထက် ပြစ်မှုဒီကရီ အဆများစွာပိုကြီးတဲ့ နိုင်ငံတော်ကာကွယ်ရေးသတင်းအချက်အလက်များလို့ သုံးထားတဲ့ အနှစ် ၁၀၀လောက်သက်တမ်းရှိပြီး အကြီးလေးဆုံးပြစ်မှုကြီးဖြစ်တဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ဖြစ်ပါတယ်။
၁ က အဲဒီလျို့ဝှက်စာရွက်စာတမ်းတွေဆိုတာက သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ ဒီကလပ်စီဖိုင်းလုပ်ပြီးမှ သယ်လာတာပါ။ တိုင်းပြည်အပေါ် ဘာကောင်းကျိုးမှ မပြုခဲ့တဲ့ အိုဘားမားသယ်သွားခဲ့တာ ထရမ့်ယူလာတာထက် အဆပေါင်းများစွာ ပိုပါတယ်။ ဘိုင်ဒန်သယ်သွားတယ်ဆိုတာက ဒုသမ္မတအနေနဲ့ လုပ်ပိုင်ခွင့် ယူပိုင်ခွင့်မရှိပဲ ဘောင်ကျော်ပြီး ယူသွားတာဖြစ်တဲ့အပြင် ခြရာဇဝင်လည်းရှိတာ ထင်ရှားနေတဲ့ကြားက တရုပ်တန်းမှာတွေ့၊ ကားဂိုဒေါင်မှာတွေ့တဲ့ သတင်းတွေ တက်လာတာပါ၊ ဒါတောင် ပြည်သူက ချက်ခြင်းသိရတာမဟုတ်ပါဘူး။ သယ်သွားတာခြင်းတူတူ ပြည်ဖျက်ခြတွေ ဥပဒေဘောင်ကျော်ပြီး သယ်သွားတာကိုကျ မမြင်ချင်ယောင်ဆောင်ပြီး တိုင်းပြည်ကို သိပ်ချစ် သိပ်အကျိုးပြုခဲ့တဲ့ ထရမ့်ဒါကိုကျမှ မဲနေတဲ့ ဒီအိုဂျေဟာ သမာသမတ်ကျလား တပါတီလက်ကိုင်ဒုတ်ဖြစ်နေလားဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြနေတာပဲ ဖြစ်ပါတယ်။
၂ က မာရာလေဂိုဆိုတာက အိမ်မဟုတ်ပါဘူး၊ ဂေါက်ဖ်ကလပ်လို ဟာမျိုးပါ၊ ထရမ့်နေတာက အဲဒီမာရာလေဂိုရဲ့ သီးသန့်အစိတ်အပိုင်းတခုမှာ အစောင့်အကြပ်အပြည့်အစုံနဲ့ပါ။ လူတိုင်းဝင်လို့မရတာ သေချာသလို ခြအဖြစ်နဲ့ တိုင်းပြည်ကို ရောင်းစားတဲ့ ရာဇဝင်မရှိပဲ သူသိပ်ချစ်တဲ့တိုင်းပြည်ကို အထိမခံနိုင်တာလည်း ထင်ရှားနေတဲ့သူက ကိုယ့်တိုင်းပြည်ရဲ့ လျို့ဝှက်ချက်တွေကိုသုံးပြီး တိုင်းပြည်အန္တရာယ်ဖြစ်အောင် လုပ်မှာတဲ့လား။ အဘအိုင်က ပထမအကြိမ်လာစစ်ပြီး မြေအောက်ခန်းမှာ အကုန်စုထား၊ သော့ထပ်တပ်လို့ ပြောတာတွေလည်း အကုန်လိုက်နာခဲ့တာပဲလေ။
၃ က ထရမ့်အနေနဲ့ ဒီစာရွက်စာတမ်းတွေကို ပြန်အပ်ဖို့ကိစ္စကို လုံးဝ မလုပ်သင့်တာကလည်း ဘဒတို့ အကောက်ကြံမှာကြောင့်ပါပဲ။ ၂၀၂၁ ဂျူလိုင် ၁၅တုန်းက ဘဒလက်စွဲ ဗိုချုပ်ကြီးမာ့ခ်မီလီက ထရမ့်ဟာ အီရန်ကို ဝင်တိုက်ဖို့ ကြိုးစားခဲ့လို့ သူကပဲ မလုပ်ဖို့နားချခဲ့ရသယောင် သတင်းလွှင့်ပါတယ်။ တကယ်တမ်းမှာ မီလီက အီရန်ကို ဝင်တိုက်စေချင်လို့ အကြိမ်ကြိမ် တိုက်တွန်းနေတာကို ထရမ့်က ငြင်းဆန်ခဲ့တာသာဖြစ်တဲ့အကြောင်း ထရမ့်က မှတ်တမ်းတွေကို ထုတ်ပြလိုက်တော့မှ ဝိုင်းဖြဲကြတဲ့ မီဒီညာတွေ တန့်သွားခဲ့တာပါ။ အီရန်ကို မတိုက်တာက မတိုက်ပဲ နာခံလာအောင် လုပ်နိုင်ခဲ့တာကြောင့်ပါ။ စစ်ကို မလိုအပ်ပဲတိုက်ရင် စစ်နဲ့ လုပ်စားသူတွေ အိတ်ဖောင်းကြပေမယ့် ပြည်သူ့ရင်သွေးတွေ ဆုံးရှုံးနိုင်သလို ပြည်သူ့ဘဏ္ဍာလည်း အများကြီးကုန်ကျတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အပြစ်မဲ့ပြည်သူတွေကိုပါ ထိခိုက်လာနိုင်ကိုပါ လူပီသသူတိုင်း ထည့်တွက်ကြပါတယ်။
ထရမ့်အပေါ်ကို စွဲလိုက်တဲ့အမှုတွေကိုကြည့်ရင် ဘာမှ အသစ်အဆန်းမရှိပဲ ဖြစ်ပြီးသား ပိတ်ပြီးသားအမှုတွေကိုပဲ ပြန်ပြန်ဖွင့်ပြီး ၏ကိုသည်ပြောင်း ချေးခြောက်နေရင် ရေနှူးပြီး ပြန်ကျော့နေတာပဲ တွေ့ရမှာပါ။ မဟုတ်တာလုပ်ထားရင် အရင်ဆုံးဖော်နိုင်တဲ့ အဖွဲ့ကြီး ၂ခုဖြစ်တဲ့ ပြည်တွင်းအခွန်နဲ့ ထလှရ(တရားရေး)တို့က ခြလက်ကိုင်ဒုတ်အဖြစ် လွန်ခဲ့တဲ့ ၈နှစ်လုံး ဘီးစိတ်တိုက် မီးထွန်းရှာနေတာတောင် ဘာတခုမှ မပြနိုင်တာဆိုတော့ ခေါင်းမပါတဲ့ ဝေလေလေတွေလောက်ပဲ ထရမ့်ခြစားတယ်ဆိုတဲ့မှိုင်းကို ယုံကြမှာပါ။
အမှုဆင်ရတဲ့ ရည်ရွယ်ချက်တခုက ထရမ့်ကို ၂၀၂၄မှာ ဝင်မပြိုင်နိုင်စေဖို့ပဲ ဖြစ်မှာပါ။ ဟားဗတ်က ရာသက်ပန်ဥပဒေပါမောက္ခ အလန်ဒါရှိုဝဇ်ကတော့ အမေရိကန်ခြေ/ဥမှာ အသက် ၃၅နှစ်ပြည့်ပြီး အမေရိကန်အဖြစ် မွေးဖွားလာသူလည်းဖြစ်မယ်၊ အမေရိကန်မြေပေါ်မှာ ပြီးခဲ့တဲ့ ၁၄နှစ်အနည်းဆုံး နေထိုင်သူလည်းဖြစ်မယ်၊ ပြည်တွင်းစစ်မှာ တောင်ပိုင်းတပ်တွေဘက်က ဝင်မတိုက်ခဲ့ဘူးဆိုရင် ထောင်ထဲရောက်နေသူတောင် ဝင်ပြိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။
တရားစွဲတယ်ဆိုတာက ပုံမှန်အားဖြင့်ဆိုရင် အပြစ်ရှိကြောင်း စွပ်စွဲခံရသူမှာ အမှန်တကယ်အပြစ်ရှိကြောင်း တရားစွဲဆိုသူက သက်သေ အခိုင်အမာ ချပြရပါတယ်၊ အဲဒီလို မပြနိုင်သေးသ၍ အစွပ်စွဲခံရသူကို အပြစ်မရှိသူအနေနဲ့ပဲ သတ်မှတ်ရတာပါ။ တရားရေးမဏ္ဍိုင် ပျက်ယွင်းနေတဲ့ နိုင်ငံတွေမှာတော့ အစွပ်စွဲခံရသူဟာ အပြစ်ရှိသူအဖြစ် တဖက်စောင်းနင်း သတ်မှတ်ခံရပြီး ဖြေရှင်းခွင့်၊ ခုခံကာကွယ်ခွင့်၊ စတာတွေလည်း မရကြတာ များပါတယ်။ တဖက်ပိတ်မီဒီယာတွေကလည်း ခြကြိုက်မှိုင်းတွေကိုပဲ ဇောင်းပေးကြတဲ့အတွက် အမှန်သိအောင် အားမထုတ်ပဲ တီဗီကပြောတိုင်း ယုံကြသူတွေဟာ အမိနိုင်ငံက ဘောမတွေ ဂျန်လိတွေလို ဖြစ်ကုန်ကြတာပါပဲ။
တချို့ကလည်း ထရမ့်ကို စိတ်ပျက်အားလျော့ပြီး နိုင်ငံရေးကစားကွင်းထဲက အပြီးထွက်သွားတော့မှာလားဆိုတာမျိုး မေးကြပါတယ်။ ထရမ့်က ငါထွက်သွားချင်မှတော့ ၂၀၁၅/၁၆ထဲက ထွက်သွားမှာပေါ့၊ တကယ် မဖြစ်နိုင်တဲ့ ဘာမှမဟုတ်/ မရှိတဲ့ဟာတွေနဲ့ စွပ်စွဲ ပုတ်ခတ် အမှုဆင်လာတာ အဲဒီကတည်းကပဲလေလို့ ပြန်ဖြေပါတယ်။ ထရမ့်အကြိမ်ကြိမ်ပြောနေသလိုပဲ တကယ်တမ်း သူ့ကို တိုက်ခိုက်နေတာက လူကိုမုန်းလို့ဆိုတာထက် အများကြီး ပိုပါတယ်။ ထရမ့်တက်ရင် ပြည်သူ့လက်ထဲ အာဏာပြန်ရောက်မှာ၊ ပြည်သူတွေ မျက်စေ့ နား ပွင့်လာမှာ၊ ချောင်လည်လာမှာ၊ တိုင်းပြည်ချမ်းသာလာမှာ၊ ကမ္ဘာကြီး အေးချမ်းလာမှာ တခုမှ ခြတွေ အလိုမရှိပါဘူး။ ဘယ်ခြ/ ဘယ်အာဏာရှင်မဆို ပြည်သူအများ လွတ်လပ်ချောင်လည်တာ မကြိုက်ပါဘူး၊ အကြောက်တရားအောက်မှာပဲ နေစေ့ချင်ပြီး စားဝတ်နေရေးပြဿနာတွေကြားမှာ ခေါင်းမဖော်နိုင်တာကို ကြိုက်ကြပါတယ်။ ကမ္ဘာကြီး အေးချမ်းလာရင်လည်း ဖန်တီးစစ်တွေနဲ့ လက်နက်တွေရောင်းမယ့် စားပေါက်တွေ ပိတ်ကုန်တော့မှာပါ။
အဲဒီလို ဖြစ်မလာဖို့ ဒမကရ ခြတွေဖက်က အရှိန်အဟုန်မြှင့် ကြိုးစားနေသလို တက်ခ်နဲ့ ဆိုရှယ်မီဒီညာများကလည်း အသည်းအသန် စစ်ဆင်ရေး စနေပါပြီ။ သတိထားကြည့်ရင် သိပါလိမ့်မယ်။ အမွှေစိန်တို့က နောက်ကွယ်က ကြိုးကိုင်နေရတာ အားမရတော့လို့ ကိုယ်ပိုင်မီဒီယာ တီဗီချန်န်ယ် ရေဒီယို စတာတွေဝယ်ထားပါပြီ။ အမွှေစိန်က အသက်ကြီးလာတော့ သူ့ထက် ပိုဆိုးပြီး အိမ်ဖြူကို ချောင်းပေါက်နေတဲ့ သူ့သား အဲလက်စ်က သူ့နေရာဆက်ခံပြိး သူတို့ကြိုးကိုင်ခံမယ့်သူတက်ဖို့ မောင်းတင်နေပါပြီ။ လျော့တွက်ရင် ဒီတသက် တရားမျှတမှုဆိုတာနဲ့ ရေစက်ကုန်သွားမယ့် အခြေအနေတခုကို ရောက်သွားနိုင်ပါတယ်။
တချို့ကလည်း ဒီဆန်းတစ်စ်ကို ပြောင်းရွေးချိန်တန်ပြီလို့ ဆိုကြပါတယ်။ အရင်ကပြောခဲ့သလိုပဲ စေ့စပ်ညှိနှိုင်းတာ အပေးအယူလုပ်တာတွေမှာ တသက်လုံး စီးပွားရေးလုပ်ငန်းကြီးတွေ ညှိနှိုင်းတာတွေလုပ်လာတဲ့ထရမ့်က ဆရာကျပါတယ်။ ဒါကြောင့်လည်း ခပ်ညံ့ညံ့ အညှာလွယ်တဲ့ အမေရိကန်ခေါင်းဆောင်တွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အမြတ်ထုတ်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ထရမ့်ကို ရှိန်ကြတာပါ။ ထရမ့်က စစ်ကို မလိုလားတာလည်း သက်သေပြခဲ့ပြီးဖြစ်သလို ကမ္ဘာကြီးတည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ ခေါင်းဆောင်တဦး ဖြစ်တာလည်း အများအမြင်ပါပဲ။ တဖက်မှာလည်း ဒီဆန်းတစ်စ်နောက်မှာ စစ်ကြိုက်တဲ့ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေ ရှိနေတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အမေရိကန်ခေါင်းဆောင်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမှာ အခရာကျတယ်ဆိုတဲ့ အချက်ကလည်း မဖြစ်မနေ ထည့်စဥ်းစားရမှာပါ။ (စကစကတောင် ဒီအချက်ကို သဘောပေါက်လာလို့ ထရမ့်ပြန်တက်မှာ မလိုလားတဲ့ အရိပ်အယောင်တွေ ပြနေပါပြီ။)
အရည်အချင်းချင်း တူရင်ဆိုရင်တောင် ဝါရှင်တန်မှာ ခြတွေ ဘယ်လိုအလုပ်လုပ်တာကို သိပြီးသားထရမ့်က အိမ်ဖြူပြန်ရောက်ရင် ဘာတွေလုပ်မယ်ဆိုတာ အစီအစဥ်ဆွဲထားပြီးသား ဖြစ်နေပြီး ၆လအတွင်း ဒလိမ့်ထိုးကျနေတဲ့ တိုင်းပြည်ကို နာလံထူအောင် ပြန်လုပ်သွားမယ့် လုပ်ငန်းစဥ်ကို ချပြထားပြီးဖြစ်တဲ့အပြင် ယူကရိန်းစစ် ချက်ချင်းရပ်သွားအောင် လုပ်ပြမယ်လို့ ပြောထားတာက အဲဒီစစ်ကို တကယ်ရပ်စေလိုသူတိုင်း အလေးထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ထရမ့်သမိုင်းမှာ ကမ်ပိန်းကတိကဝတ်တွေအပေါ် ကျေတာထက်ပိုတယ်ဆိုတာ မှိုင်းမိမနေသူတိုင်း သိကြပါတယ်။ ဒီဆန်းတစ်စ်မှာ အဲဒီအရည်အချင်းတွေရှိသလားဆိုတာက စောင့်ကြည့်ရဦးမှာပါ၊ အပြောက လူတိုင်းတတ်ပေမယ့် ဘယ်လောက်ထိရောက်အောင် လုပ်ပြနိုင်သလဲဆိုတာမှာတော့ ကွာခြားမှုကြီးနိုင်ပါတယ်။
အကောင်းဆုံးအချက်ကတော့ ထရမ့်ကမ်ပိန်းကို လှူကြသူတွေဟာ သန်းပေါင်းများစွာသော အခြေခံလူတန်းစားတွေ ဖြစ်ကြတဲ့အတွက် ဘယ်သူတဦးတယောက်ကိုမှ ကမ်ပိန်းအလှူငွေအတွက် အပေးအယူတို့ နှောင်ကြိုးတန်းလန်းတို့ မရှိတာပါပဲ။ ဒီဆန်းတစ်စ်အပါအဝင် နှစ်ပါတီလုံးက အခြားကန်ဒီဒိတ်များမှာတော့ ထရမ့်လောက် သန်းပေါင်းများစွာသော အခြေခံလူတန်းစားတွေရဲ့ ထောက်ခံမှု မရနိုင်တာကြောင့် ဘီလျှံနာ မီလျှံနာ ကမ်ပိန်းဒိုနာကြီးတွေကို အားကိုးရဖို့ ရှိနေပါတယ်။ အဲဒါတွေက သူတို့ရဲ့ ပြည်သူအပေါ် သစ္စာခံမှုတွေနဲ့ အားပြိုင်မှုတွေ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။
အရာရာတိုင်းမှာ နောက်ကွယ်က အကြောင်းရင်းကို မြင်အောင်ကြည့်ဖို့နဲ့ အမေရိကန်အရေး မြန်မာ့အရေး ကမ္ဘာ့အရေးအတွက် ကိုယ်ဘယ်အခန်းက ပါမလဲ၊ ဘယ်ဘက်က ရပ်မလဲဆိုတာ စာဖတ်သူများ စဥ်းစားနိုင်အောင် ချပြလိုက်တာပါ။