Operation Epic Fury (72)

သမ္မတထရမ့်က အီရန်ဘက်က ကိုယ်စားလှယ်ဆိုသူတွေရဲ့ တုန့်ပြန်ချက်အပေါ် နှစ်သက်မှုမရှိကြောင်းနဲ့ လုံးဝ လက်မခံနိုင်ကြောင်း ထရုသ်မှာ ရေးသားခဲ့ပါတယ်။ အမေရိကန်က စာတမျက်နှာရှိတဲ့ အဆိုပြုချက်ကို အီရန်ကို ပေးခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်ပါတယ်။ ဒီနေ့ထုတ်လွှင့်တဲ့ Full Measure က Sheryl Attkisson နဲ့ အင်တာဗျူးမှာ သမ္မတထရမ့်က အီရန်မှာ ကျန်နေသေးတဲ့ ပစ်မှတ်တွေကို ဖြိုခွင်းဖို့ ၂ပတ်ခွဲလောက်တော့ အချိန်ယူရမယ်လို့ ပြောသွားပါတယ်။ ဒါပေမယ့် မတိုက်ရင်တောင်မှ အရင်လို အခြေအနေကို ပြန်ရောက်ဖို့ နှစ်အကြာကြီး ပြန်လုပ်ယူရဦးမှာပါလို့လည်း ဆိုပါတယ်။ IRGCက ရန်လိုတိုက်ခိုက်မှုတွေ ပြန်စလာရင် အဲဒါဟာ ကြီးမားတဲ့အမှားဖြစ်လိမ့်မယ်လို့ သမ္မတထရမ့်ကို သတိပေးသွားသလို သမ္မတ Pezeshkian ကလည်း ငါတို့က ဦးညွှတ်မယ့်သူတွေ မဟုတ်ဘူးလို့ ပြောပြီး နျူစက်ရုံ၊ ယူရေနီယံနဲ့Continue reading “Operation Epic Fury (72)”

Operation Epic Fury (71)

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ထားမှုကြောင့် အကြပ်တွေ့နေတဲ့ အီရန်မှာ ဟော်မုဇ်ကို ဖြတ်သွားတဲ့ အင်တာနက်ကေဘယ်တွေကနေ ဝင်ငွေရှာဖို့  IRGC နောက်ခံမီဒီယာက တိုက်တွန်းနေပါတယ်။ ဘယ်လိုငွေရှာမလဲဆိုရင် ခိုးဖို့ ဓါးပြတိုက်ဖို့လောက်ကိုပဲ ဗျူဟာလို့ ထင်ကြသူတွေဆိုတော့ မိုင်းထောင်ပြီး ဖြတ်သန်းခ ဓါးပြတိုက်တာလိုပဲ ပေးရင်ပေး မပေးရင်ဖြတ်ပစ်မယ်ဆိုတာမျိုးပဲ ဖြစ်လာမယ်ထင်ပါတယ်။ မနေ့က ဟော်မုဇ်ထဲမှာ အီရန်ဘက်က ပစ်ခတ်မှုတွေ မရှိခဲ့ပေမယ့် ဒီနေ့မှာတော့ စပိဘုတ် ၁၃၀ကျော် ဟာ အဖွဲ့ကြီး ၂ဖွဲ့ခွဲပြီး ဟော်မုဇ်မှာ လှုပ်ရှားနေကြတယ်လို့ ဂြိုလ်တုကပုံတွေမှာ ဖော်ပြထားပါတယ်။ မိုင်းထောင်ဖို့ လှုပ်ရှားနေကြတာဖြစ်နိုင်သလို အထက်မှာပြောခဲ့သလို ကေဘယ်တွေကို ဓါးစာခံလုပ်ဖို့ လှုပ်ရှားနေကြတာလည်း ဖြစ်နိုင်ပါတယ်။ အပေါ်ကသတင်းတွေထွက်ပြီး မကြာခင်မှာပဲ အီရန်က ဟော်မုဇ်ကို ဖြတ်သွားတဲ့ ပင်လယ်အောက် အင်တာနက်ကေဘယ် ၇ခုစလုံးကို အီရန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ထားဖို့Continue reading “Operation Epic Fury (71)”

Operation Epic Fury (70)

အမေရိကန်နဲ့ အီရန်ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အပေါ် သတင်းထောက်တွေက အပစ်ရပ် အသက်ဝင်နေတုန်းပဲလားလို့ သမ္မတထရမ့်ကို မေးခဲ့ပါတယ်။ ထရမ့်က အပစ်ရပ်မရှိတော့ဘူးဆိုရင် မီးခိုးလုံးကြီးတွေ တက်လာတာ မြင်ရမှာပေါ့၊ အဲဒီလိုမဖြစ်ဖို့ သူတို့ဘက်က လက်မှတ်အမြန်ထိုးဖို့ လိုကြောင်း၊ ငါကထိုးစေချင်တာထက် မထိုးရင် သူတို့ဘက်က အထိနာမှာဖြစ်လို့ သူတို့က ငါ့ထက်ပိုပြီး လက်မှတ်ထိုးချင်နေမှာဖြစ်ကြောင်း ပြန်ဖြေသွားပါတယ်။ ဒီနေ့ထိ အီရန်မှ/သို့ သွားမယ့် ရေနံတင်သင်္ဘောအစီး ၇၀ကျော်ကို ဟန့်တားခဲ့ပြီလို့ CENTCOM က ကြေငြာပါတယ်။ အဲဒီပမာဏဟာ ရေနံစည် ၁၆၆သန်း၊ တန်ဖိုးအားဖြင့် ၁၃ဘီလီယံ အီရန်က မရောင်းလိုက်ရပဲ ဝင်ငွေဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒီနေ့မှာ အီရန်အလံတင် ရေနံတင်သင်္ဘောအလွတ် ၂စီးဖြစ်တဲ့ M/T Sea Star III နဲ့ M/T  SevdaContinue reading “Operation Epic Fury (70)”

Operation Epic Fury (69)

ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်တပ် Burke-class အမေရိကန်ဖျက်သင်္ဘော ၃စီးဟာ ဟော်မုဇ်ကို ဖြတ်ပြီး အိုမန်ပင်လယ်ကွေ့ ဘက်ကို ထွက်ခွာလာခဲ့ရာ အီရန်ဘက်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ လှမ်းပစ်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က တခုမကျန် ဖျက်ချနိုင်ခဲ့လို့ ဘာထိခိုက်မှုမှ မရခဲ့တဲ့အပြင် အီရန်ရဲ့ စပိဘုတ်တွေကိုပါ သူတို့ရဲ့ ပင်လယ်ကြမ်းပြင်က ရေတပ်ကြီးနဲ့အတူ အနားယူဖို့ လှလှပပလေး ပို့ပေးလိုက်နိုင်ခဲ့ပါတယ်။ ပုံမှန်နိုင်ငံဆိုရင် ဒီဖျက်သင်္ဘောတွေ ဖြတ်သန်းလာတာကို ဘာမှ ခွင့်မပြုစရာ မရှိပေမယ့် အီရန်ကတော့ ပုံမှန်မဟုတ်ပဲ အရူးအနှမ်းတွေက ဦးဆောင်နေတာဖြစ်လို့ အခုလို ပစ်ခတ်တာဖြစ်ကြောင်း၊ တကယ်လို့ သူတို့မှာ နျူလက်နက်ရှိခဲ့ရင် သုံးမှာသေချာကြောင်း၊ မေးနေစရာကို မလိုကြောင်း၊ ဒါပေမယ့် သူတို့နျူဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရတော့မှာ မဟုတ်ကြောင်း၊ ငါတို့ ဒီနေ့သူတို့ကို အပြတ်ဆော်ထဲ့လိုက်သလိုပဲ သူတို့သဘောတူညီချက်စာချုပ်ကို မြန်မြန်Continue reading “Operation Epic Fury (69)”

Operation Epic Fury (68)

မနေ့က အီရန်နဲ့ သဘောတူညီချက် ရဖို့နီးပြီဆိုပြီး ပရောဂျက်ဖရီးဒမ်းကို ခေတ္တရပ်တံ့ထားဖို့ ကြေငြာလိုက်ပြီးတာနဲ့ ဒီနေ့မှာ WTI ရေနံဈေးကျပြီး စတော့မားကက် ထောင်တက်သွားခဲ့တာမှာ စစ်မဖြစ်ခင် ၂ပတ်ကျော်ခန့်မှာ ရောက်ခဲ့တဲ့ အမြင့်ဆုံးအနေအထားကို ပြန်ရောက်လုလုပါပဲ။ အီရန်စစ်ကြောင့် သမ္မတထရမ့်ကို သူ့ပါတီတွင်းမှာတောင် လူကြိုက်နည်းနေပြီဆိုတဲ့ မီဒီညာရဲ့ လှိမ့်လုံးတွေကို ယုံနေသူများ မနေ့က ပဏာမရကပတွေကိုကြည့်ရင် ထရမ့်ထောက်ခံပေးတဲ့သူ အများစု နိုင်ကြတာကို တွေ့ရမှာပါ။ ဒီနေ့မှာတော့ သမ္မတထရမ့်က အီရန်ဟာ နျူလက်နက် လုံးဝမထုတ်လုပ်တော့ဖို့ တားမြစ်ချက်ကို သဘောတူလိုက်ပြီလို့ ကြေငြာပါတယ်။ အခုလိုကြေငြာချက်ဟာ အမေရိကန်က အီရန်ရဲ့ သန့်စင်ထားပြီး ယူရေနီယံကို ရယူမယ်လို့ သတင်းဌာနတွေကို ပြောကြားအပြီးမှာ ထွက်လာခဲ့တာပါ။ အခု သဘောတူညီမှုကတော့ ပဏာမအဆင့် သဘောတူညီချက်ဖြစ်ပါတယ်။ အပြီးသတ် သဘောတူညီချက်ရဖို့ ဆွေးနွေးကာလကို ရက်Continue reading “Operation Epic Fury (68)”

Operation Epic Fury (67)

ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ရေးဝန်ကြီး ဟက်ဆက်သ်က အမေရိကန်တပ်တွေက ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေကို လမ်းပြကယ်ထုတ်တဲ့ လုပ်ငန်းစဥ်ဟာ ပြဿနာကို  ယာယီ ဖြေရှင်းတာဖြစ်ကြောင်း၊ အီရန်က ဘာမှမဆိုင်တဲ့ နိုင်ငံတွေကို နိုင်ငံတကာရေပိုင်နက်ထဲမှာ ပိတ်ဆို့တာမျိုး ပြုလုပ်နေတာ ခွင့်မပြုနိုင်ကြောင်း၊​ ပရောဂျက်ဖရီးဒမ်းစခဲ့တဲ့ မနေ့တုန်းက အီရန်ဘက်က ယူအေအီးကို ပစ်ခတ်တာနဲ့ ယူအေအီးနဲ့ တောင်ကိုးရီးယား သင်္ဘောတို့ကို ပစ်ခတ်ခဲ့တာတွေဟာ အပစ်ရပ်သဘောတူညီချက်မှာ မပါတဲ့အတွက် အပစ်ရပ်ကာလ ပြီးသွားပြီလို့ မဆိုနိုင်သလို အမေရိကန်အနေနဲ့ လက်တုန့်ပြန် စစ်ပြန်စဖို့ လုံလောက်တဲ့အကြောင်း မဟုတ်သေးဘူးလို့ စစ်ရေးဝန်ကြီးက ဆိုပါတယ်။ မာကိုက အီရန်နဲ့ ပတ်သက်ပြီး လောလောဆယ်မှာ အမေရိကန်က ကိုယ့်ကို ပစ်ခတ်လာရင် ပြန်ပစ်မယ် ဆိုတဲ့ ခုခံစစ်အနေအထားမျိုးပဲဖြစ်ပြီး မူလစတင်ခဲ့တဲ့ OEF က သူ့ရဲ့Continue reading “Operation Epic Fury (67)”

Operation Epic Fury (66)

ဒီနေ့မှာ IRGC က UAE က Fujairah ရေနံချက်စက်ရုံကို ပဲ့ထိန်းဒုံး၊ ခရုဇ်ဒုံးနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့လို့ လေ/ကာစနစ်က ဖျက်ချခဲ့ရတယ်လို့ ဆိုပါတယ်။ အစ္စရေးလာကူပေးနေတဲ့ iron dome လေ/ကာ စနစ်က ဒုံးကျည် ၁၅ခုနဲ့ ဒရုန်း ၄ခုကို ပစ်ချခဲ့ရတာပါ။ ပစ်ချလိုက်တဲ့ အပိုင်းအစတွေက စက်ရုံမှာ မီးပွားတွေ ဖြစ်စေခဲ့လို့ အလျင်အမြန် ငြိမ်းသတ်ခဲ့ရပြီး အိန္ဒိယသား ၃ဦး ဒဏ်ရာအသင့်အတင့် ရရှိသွားခဲ့ပါတယ်။ တိုင်းပြည်ကို ပစ်မှတ်ထားတာ ထင်ရှားနေတဲ့အတွက် ကျောင်းတွေကို အွန်လိုင်းကို ပြောင်းထားလိုက်ရပါတယ်။ နောက်သတင်းတခုမှာတော့ ယူအေအီးက လူနေအဆောက်အဦတခု ဒရုန်းထိသွားတယ်လို့ ဆိုပါတယ်။ အီရန်သမ္မတက IRGC က တိတ်တိတ်လေး UAE ကို သွားတိုက်တဲ့အပေါ် ဒေါသထွက်နေတယ်လို့ သတင်းထွက်နေပါတယ်။Continue reading “Operation Epic Fury (66)”

Operation Epic Fury (65)

ဒီနေ့မှာ သမ္မတထရမ့်က Project Freedom ကို စတင်လိုက်ကြောင်း ကြေငြာသွားပါတယ်။ အဆိုပါ ပရောဂျက်က ဟော်မုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောတွေ ဘေးကင်းရန်ကင်းထွက်ခွာနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်ဆီကို အကူအညီ တောင်းလာကြတာကြောင့် အမေရိကန်တပ်တွေက သူတို့ ဖြတ်သန်းနိုင်အောင် ကူညီပေးမယ့်လုပ်ငန်းစဥ် ဖြစ်ပါတယ်။ ဒေသစံချိန် မနက်ဖြန် မနက် စမှာပါ။ အဆိုပါနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်းပဋိပက္ခနဲ့ လုံးဝမသက်ဆိုင်တဲ့အတွက် အီရန်၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်ကောင်းဖို့အတွက် လူသားချင်း စာနာထောက်ထားမှုကို ရှေ့ရှုပြီး ယခုလို ကူညီဖို့ ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ သမ္မတထရမ့်က အခုလို လူသားချင်းစာနာလို့ ကူညီပေးတဲ့ လုပ်ငန်းစဥ်ကို နှောက်ယှက်ခဲ့ရင် အင်နဲ့အားနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံတွေက ဟော်မုဇ်က သင်္ဘောတွေ ထွက်ခွာပြီးရင် ဒီဒေသContinue reading “Operation Epic Fury (65)”

ပူလစ်ဇာဆုရ စိတ်ကုဆရာဝန်​ ဂျာနယ်လစ်တဦးရဲ့ ထရမ့်အပေါ် အမြင်

ဒီဆောင်းပါးက Charles Krauthammer မကွယ်လွန်မီ ၃လအလို ၂၀၁၈ မတ်လတုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ Charles က အလယ်အလတ်လစ်ဘရယ်တဦးဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ လွတ်လပ်သော ကွန်ဆာဗေးတစ်တဦးနဲ့ နိုင်ငံရေးဂုရုတဦး ဖြစ်လာခဲ့သူပါ။ သူဟာ ၁၉၈၇တုန်းက ဝါရှင်တန်ပို့စ်မှာ ရေးခဲ့တဲ့ ကော်လံကနေ ပူလစ်ဇာဆု ရရှိခဲ့ပါတယ်။ ဆောင်းပါးရှင်ဟာ ငယ်စဥ်က ဟားဗတ်မှာ ဆေးကျောင်း ပထမနှစ် တက်နေစဥ် ရေကူးကန်ထဲ ဒိုင်ဗင်ထိုးရင်း မတော်တဆဖြစ်ခဲ့လို့ အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဆေးရုံမှာ ၁၄လ နေခဲ့ပြီးနောက် ဆေးကျောင်းကိုပြန်လာတက်ပြီး စိတ်ကုဆရာဝန် ဖြစ်လာခဲ့ပါတယ်။ သမ္မတကာတာ အစိုးရအဖွဲ့မှာ စိတ်ကုသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်လာပြီး နောက်တော့ ဒုသမ္မတ ဝေါ်လ်တာမွန်ဒေးလ် ရဲ့ မိန့်ခွန်းရေးသူ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ သူက ကော်လံစားနဲ့ နိုင်ငံရေးဝေဖန်သူContinue reading “ပူလစ်ဇာဆုရ စိတ်ကုဆရာဝန်​ ဂျာနယ်လစ်တဦးရဲ့ ထရမ့်အပေါ် အမြင်”

Operation Epic Fury (64)

အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုကြောင့် ဗိုက်နာလာပြီဖြစ်တဲ့ အီရန်ဟာ အရင်ကအမြဲတောင်းဆိုခဲ့တဲ့ ဆွေးနွေးပွဲတွေ ပြန်မစခင် ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးရမယ်ဆိုတဲ့အချက်ကို ထပ်မံရှေ့တန်းတင် မလာတော့ပါဘူး။ ဒီနေ့မှာ အီရန်ဘက်က ၁၄ချက်ပါဝင်တဲ့ အဆိုပြုလွှာကို ပါကစ္စတန်ကတဆင့် ပေးအပ်ခဲ့ပါတယ်။ အဲဒီထဲမှာ ဆွေးနွေးပွဲတွေ ပြန်စချင်ပေမယ့် နျူကိစ္စကို ရွှေ့ဆိုင်းထားချင်သေးသလို ဒုံးကျည်တွေကိစ္စကိုလည်း ထည့်မပြောထားဘူးလို့ WSJ က တင်ပြထားပါတယ်။ အဆိုသစ်အရနျူကိစ္စကို ဆန်ရှင်ဖယ်ပေးဖို့နဲ့ အပေးအယူလုပ် ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ သူတို့အဆိုကို ဆွေးနွေးဖို့ ဝါရှင်တန်က သဘောတူတယ်ဆိုရင် လာမယ့်အပတ် အစောပိုင်းမှာ အမေရိကန်နဲ့ ဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ပါကစ္စတန်ကနေတဆင့် ပြောကြားသွားပါတယ်။ အီရန်ဘက်က အခုလိုသဘောထားပြောင်းလဲလာတာဟာ ဒီတပတ်ထဲမှာ အီရန်စစ်စခဲ့တာ ရက် ၆၀ ကျော်သွားပြီ ဖြစ်လို့ ကွန်ဂရက်စ်ကို အစီရင်ခံရာမှာ ဟက်ဆက်သ်က အီရန်နဲ့Continue reading “Operation Epic Fury (64)”