ထရမ့်ကို နှစ်ပါတီလုံးက နိုင်ငံရေးလုပ်စားသူတွေက ဘာကြောင့် အမဲဖျက်သလို ဖျက်ချင်နေကြသလဲဆိုတဲ့ အကြောင်းရင်းကို တပ်ကာက ရှင်းပြလိုက်ပါတယ်။ (လင့်ခ်ကို ကွန်မန့်မှာ ပေးပါမယ်) သူပြောတာက ၂၀၁၆ ပါတီတွင်းရကပအတွက် ဒီဘိတ်မှာ ထရမ့်က အီရတ်ကို ဝင်တိုက်တာ မှားကြောင်း၊ လူအစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေ တွေ့တယ်ဆိုတဲ့ အကြောင်းပြချက်က ဟန်ပြသာဖြစ်ကြောင်း၊ မရှိမှန်းလည်း ဝါရှင်တန်က လူတိုင်း သိကြကြောင်း ပြောလိုက်တာက ဝါရှင်တန်မှာ လုပ်စားနေသူတွေကို အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်သွားလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံးအချက် ဖြစ်ပါတယ်။
ထရမ့်က ရက်ရောတဲ့ သူဌေးတဦးဖြစ်တဲ့အလျောက် သူ့ဆီကို နှစ်ပါတီလုံးက နိုင်ငံရေးသမားတွေ လာအလှူခံနေကျဖြစ်တော့ အလွတ်သဘောပြောသွားတာတွေ မှတ်မိနေတာ ဖြစ်မှာပါ။ ဘယ်သူကပြောတယ်လို့တော့ မဖော်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ထရမ့်က ပါးစပ်မလုံဘူးဆိုတဲ့စွဲချက် တွင်တွင်ကြားလာရသလို လူလိမ်ကြီးဆိုတဲ့မှိုင်းလည်း ပြင်းပြင်းထန်ထန် ဝင်လာတော့တာပါပဲ။ ဝါရှင်တန်မှာက သေးသေးဖွဲဖွဲကအစ အကုန်လုံး ကလပ်စီဖိုင်းတွေချည့်ပါပဲ။ ဘာမှ အပြင်ကို အထွက်မခံတာပါ။ မအလတွေလိုပဲ နောက်ကြောင်းမရှင်းတာက အဓိကပေါ့။ မဟုတ်တာလဲမလုပ်၊ ပြည်သူအပေါ်လည်း သစ္စာရှိတယ်ဆိုရင် ပြည်သူသိသင့်တာမှန်သမျှ အကုန်ချပြသင့်တာပါ။
နှစ်ပါတီစလုံးက နိုင်ငံရေးနဲ့ အသက်မွေးသူတွေ ထရမ့်ကို ပေါ်ပေါ်ထင်ထင်ရော အချိုသတ် အယုံသွင်းသတ်တာတွေရော ပြင်းပြင်းထန်ထန် လုပ်လာကြတာမှာ သူ့အစိုးရအဖွဲ့ထဲက မိုက်ခ်ပန့်စ်ရောပွန်ပေယိုရော၊ ဘေလ်ဘားရောအပြင် လွှတ်တော်ထဲက လင်ဒ်ဇီဂရမ်ရော မက်ကောနယ်ရောက ရှေ့တင်အရမ်းခင်ပြ မွှန်းပြခဲ့ကြပေမယ့် သူတို့အားလုံးရဲ့တူညီတဲ့အကြံက ထရမ့်အိမ်ဖြူက ထွက်သွားဖို့၊ ဖြစ်နိုင်ရင် နိုင်ငံရေးနယ်က ထွက်သွားဖို့ တခုတည်းပါပဲ။ လင်ဒ်ဇီရော မက်ကောနယ်ရော ရကပွဲပြန်ဝင်တုန်းက အခြေအနေမလှလို့ ထရမ့်ရဲ့ထောက်ခံမှု အသည်းအသန်ယူခဲ့ရပေမယ့် ထိုင်ခုံပြန်ရတာနဲ့ ကျေးစွပ်တော့တာပါ။ ထရမ့်အပေါ် ပုဂ္ဂိုလ်ရေးကျေးစွပ်တာကို မပြောလိုပေမယ့် ပြည်သူအကျိုးအမြဲဦးထိပ်ထားတဲ့ ထရမ့်ကို ပြည်သူအတွက် အလုပ်မလုပ်နိုင်အောင် အကောက်ကြံတာဟာ ပြည်သူကို စော်ကားတာဖြစ်လို့ လုံးဝ မဖြစ်သင့်တာပါ။
ဒီတခါမှာတော့ ခြတော်တော်များများရဲ့ အပေါ်ယံမျက်နှာဖုံးများ ကွာကျလာပြီဖြစ်လို့ ဘယ်သူက ပြည်သူ့ဖက်ကရပ်သလဲ ဘယ်သူက သူတို့အာဏာဆက်တည်မြဲဖို့ ပြည်သူကို ဆက်လှိမ့်နေကြဦးမလဲဆိုတာ ထင်ရှားလာပါပြီ။ ဘယ်လိုပင်ထင်ရှားထင်ရှား မကြည့်ရင် မမြင်မှာဖြစ်လို့ မြင်အောင်ကြည့် နားလည်အောင် ကြိုးစားကြဖို့ ပြောချင်ပါတယ်။ မရှင်းတာ မကျေလည်တာရှိလို့ သိချင်စိတ်အခြေခံနဲ့မေးရင် တတ်နိုင်သလောက် ရှင်းပြပါမယ်။ ငါ့စကားနွားရ ငြင်းချင်စိတ်နဲ့ဆိုရင်တော့ အချိန်ကုန်မခံပါဘူး။