ကလိန်တန်တို့နဲ့ နီးစပ်သူတွေ သူတို့နားမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ သူတို့ရဲ့ ကိုယ်ရံတော်တွေ အပါအဝင် လူ၄၆ယောက် အချိန်မတိုင်ခင် မပြန်လမ်းကို မြန်းသွားခဲ့တဲ့အကြောင်းကို သူတို့လင်မယားနဲ့ အလွန်ရင်းနှီးသူ ကေလာရီရဲ့ အနီးကပ်လက်ထောက် ဟူမာအာဘေဒင်ရဲ့ခင်ပွန်း နယူးယောက်အမတ်ဟောင်း အန်တိုနီဝီနာကို မေးမြန်းထားတာဖြစ်ပါတယ်။ စာရင်းနဲ့တကွ မြင်ရပါလိမ့်မယ်။ အနာပေါ်ဒုတ်ကျသလို ဖြစ်သွားတဲ့ ဝီနာရဲ့ ဂမူးရှူးထိုးတုန့်ပြန်ပုံက သံသယရှိစရာ ပိုကောင်းပါတယ်တဲ့။
အဲဒီဝီနာကလည်း ခေသူမဟုတ်ပါပဲ၊ ၂၀၁၁ နယူးယောက်အမတ်ဘဝတုန်းက အရွယ်မရောက်သေးတဲ့ မိန်းကလေးဆီကို သူ့အောက်ပါပစ္စည်း ဖုံးနဲ့ဓါတ်ဖမ်းပြီး ပို့ပေးလိုက်လို့ ထောင် ၂၁လ ကျသွားဖူးသူပါ။ လင့်ခ်ကို ကွန်မန့်မှာပေးပါမယ်။