၉/၁၁ နှစ်ပတ်လည်နေ့မှာ ဘိုင်ဒန်ဟာ ၂၁ရာစုသမ္မတတွေရဲ့ အစဥ်အလာကို ဖောက်ဖျက်ပြီး ဗီယက်နမ်ကအပြန် အလက်စကားမှာ ရောက်ရှိနေခဲ့ပါတယ်။ တကယ်တော့ အခုလိုနေ့မျိုးဟာ ယုံကြည်ချက်မျိုးစုံရှိကြတဲ့ နိုင်ငံသူ/သားတွေကို နိုင်ငံတော်အရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ အချင်းချင်း စည်းစည်းလုံးလုံး ဖေးမကာကွယ်ကြဖို့ နိုင်ငံချစ်စိတ်ထက်သန်စေဖို့ လှုံ့ဆော်နိုင်မယ့် အကောင်းဆုံးနေ့ရက်မျိုးပါ။ ဒါပေမယ့် ဒီနေ့မှာ တက်လာတဲ့သတင်းနှစ်ပုဒ်က ၉/၁၁နဲ့ ပတ်သက်ပြီး နွေးထွေးစည်းရုံးပေးရမယ့်အစား လက်ချောင်းထောင်ပြလိုက်သလိုတောင် ဖြစ်သွားသေးတာပါ။
သတင်းတခုက အီရန်မှာ နှစ်နဲ့ချီ အဖမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသား ဓါးစာခံ ၅ဦးကို ပြန်လွှတ်ပေးဖို့အတွက် အမေရိကန်ထိန်းချုပ်ထားတဲ့ အီရန်ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ ၆ ဘီလီယံကို အီရန်အာဏာပိုင်တွေထံ လွှဲပြောင်းပေးဖို့ သဘောတူညီလိုက်တဲ့သတင်း ဖြစ်ပါတယ်။ သမ္မတထရမ့်လက်ထက်တုန်းကတော့ အကြမ်းဖက်အာဏာရှင်တွေကို လုံးဝ အလျော့မပေးခဲ့ပေမယ့် အမေရိကန်တွေကို လုံးဝ အထိမခံတဲ့ ၄၅ရဲ့ ခြိမ်းခြောက်မှုကြောင့် ဘယ်ဓါးစာခံမှ ဘေးရန်မခခဲ့တဲ့အပြင် ဘာတပြားမှ ပေးစရာမလိုပဲ အကြမ်းဖက်တွေလက်က အမေရိကန်အကျဥ်းသားအများစုကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အာဏာရှင်နိုင်ငံတွေမှာ အကြမ်းဖက်အုပ်စုတွေက ငွေညှစ်ချင်လို့ပဲဖြစ်ဖြစ် နိုင်ငံတကာ အာရုံစိုက်မှု ရချင်လို့ပဲဖြစ်ဖြစ် အစိုးရနဲ့ အပေးအယူလုပ်ချင်လို့ပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံသားတွေကို ပြန်ပေးဆွဲလေ့ ရှိကြပါတယ်။ ပြန်ပေးသမားတွေကို အလွယ်တကူ လိုက်လျောတာဟာ နောက်ထပ် ထပ်လုပ်ဖို့ တွန်းအားပေးနေသလိုပဲ ဆိုတဲ့ လူတိုင်းသိတဲ့အချက်ကို ဘဒန်အစိုးရက လစ်လျူရှုလိုက်တာပါ။ သူ့ဆရာ ဟူစိန်အိုလက်ထက်မှာလည်း အီရန်က နဲနဲခြောက်ပြတာနဲ့ များများ ကြောက်ပြပြီး တောင်းသမျှ လိုက်လျောခဲ့တာပဲ။ ဘောမရှိကြတာလား၊ ဝေစုခွဲချင်ကြတာလား ဆိုတာကိုတော့ သမိုင်းကို ပြန်လှန် ငွေနောက်ခြေရာခံရင် တွေ့ပါလိမ့်မယ်။
ကနေ့လို နေ့မျိုးမှာ ဘိုင်ဒန်အစိုးရရဲ့ အမျိုးသားလုံခြုံရေးအရာရှိက ဘိုင်ဒန်တို့ရဲ့ ဘစ်လ်ဒ်ဘက်ဘက်တာဘီအက်စ်ကို အမည်ပြောင်းပွဲထုတ်လာတဲ့ ဂလိုဘယ်အင်ဖရာစထရပ်ချာပါတနာရှစ်အတွက် ဆော်ဒီအစိုးရက ၂၀ဘီလီယံ ထည့်ဝင်မယ့်အကြောင်းကို တခုတ်တရ ကြေငြာလိုက်တာပါ။ မနှစ်က ဂျီဆဲဗင်းမှာ ဘဒန်က ကမ္ဘာနိုင်ငံတွေမှာ တရုပ်ရဲ့ တံတား၊ လမ်း၊ သတ္တုတူးဖော်တာတွေစတဲ့ ပရောဂျက်တွေကတဆင့် ဩဇာလွမ်းမိုးလာမှုကို တန်ပြန်ဖို့ ဘီလီယံ၆၀၀ တန်ဖိုးရှိတဲ့ ဂလိုဘယ်အင်ဖရာစထရပ်ချာပရိုဂရမ်ကို ကြေငြာခဲ့တာပါ။
ထုံးစံအတိုင်းပါပဲ၊ ဒီမိုကရက်တွေ လုပ်သမျှဟာ အပေါ်ယံခေါင်းစဥ်ဖတ်ပြီး သာဓုခေါ်လောက်ပေမယ့် သေချာစေ့ငုလိုက်ရင် လူဆိုးအားပေး၊ ရန်သူအားဆေးတိုက်တဲ့ လုပ်ရပ်တွေချည့် ဖြစ်နေတာပါ။ ဥပမာ အန်ဂိုလာက ဆိုလာပရောဂျက်အတွက် ၂ဘီလီယံ၊ ဆိုလာပြားတွေ အဓိက ထုတ်နေတာ (သို့) ဆိုလာပြား/ ဘက်ထရီ ကုန်ကြမ်းက တရုပ်ကလာတာဆိုတော့ တရုပ်ကို တန်ပြန်ဖို့လို့ ခေါင်းစဥ်တပ်ထားပေမယ့် တရုပ်အကျိုးရှိအောင် တဖက်လှည့်နဲ့ လုပ်ပေးသလို ဖြစ်မနေဘူးလား။ နောက်တခုက ဆီနီဂေါမှာ ကဗကကဆ စတာတွေထုတ်တဲ့ စက်ရုံအကြီးစားဆောက်ဖို့ ၃.၃သန်း ထောက်ပံ့မှာ၊ ကကဆတွေက ဒီမှာတောင် အငြင်းပွားစရာတွေ ဒီလောက်ဖြစ်နေတာဆိုတော့ သူတို့ကို ခွံ့ထားတဲ့ ဆေးကုမ္ပဏီကြီးတွေ အကျိုးရှိအောင် ပြည်သူ့ဘဏ္ဍာနဲ့ သက်သက် ခွင်ဆင်ပေးနေသလိုပါပဲ။
ကကဆဆိုလို့ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့က ကဗကကဆအတွက် အက်ဖ်ဒီအေကို ဖဇတင်ထားတဲ့ မှတ်တမ်းတွေကို တရားရုံးကတဆင့် တောင်းခံကြည့်ရှုရာမှာ လူ ၂၃ဦးအပေါ် စမ်းသပ်ထားတာကိုပဲ တင်ပြထားတာ တွေ့ရပါတယ်။ အဲဒီထဲမှာ ၁၈-၅၅အတွင်း ၁၁ဦး၊ ၆၅-၈၅အတွင်း ၁၂ဦးဖြစ်ပြီး အငယ်အုပ်စုက ၁၁ဦးမှာ ၉ဦးက အမျိုးသမီးဖြစ်ပြီး ၂ဦးပဲ အမျိုးသား ဖြစ်ပါတယ်။ စမ်းသပ်အရေအတွက်က နည်းလွန်းတဲ့အပြင် ဆေးထိုးထားတဲ့ လူငယ်တွေထဲက ရုတ်တရက် နှလုံးယောင်/ရပ်သေကြတာမှာ အမျိုးသားက အများစုဖြစ်နေတာနဲ့ ဆက်စပ်ကြည့်သင့်ပါတယ်။
၂၀၂၁ ၈လပိုင်းမှာ အက်ဖ်ဒီအေက ခွင့်ပြုချက် ထွက်မလာသေးခင် အိမ်ဖြူက ဘုစ်တာထိုးဖို့ အတင်းကာရော လိုက်တိုက်တွန်းနေတာရယ်၊ အရင် ကကဆတွေကို ပြည်သူ/ အာမခံက ပေးရပြီး ဒီတခုနဲ့ နောက်ကျမှ ဘာကြောင့် အစိုးရက ပွဲစားလုပ် ကျခံသလဲဆိုတာရယ် ဘာကြောင့် ကဗကကဆ အလေအလွင့်တွေ ဒီလောက်များနေရတယ်ဆိုတာရယ် ဆက်စပ်ကြည့်ရင် ဘယ်ပြဿနာကိုမှ အလေအလွင့်မဖြစ်စေပဲ (ကိုယ်ကျိုးအတွက်) အမြတ်ရအောင် ထုတ်တတ်တဲ့ ဒီမိုကရက်ခေါင်းဆောင်တွေကို ချီးကျူးဖွယ်ရာ တွေ့ရမှာဖြစ်ပါတယ်။
ကဗကကဆ စမ်းတဲ့ထဲမှာ ကိုယ်ဝန်ဆောင်တွေ မပါပေမယ့် အကျိုးအမြတ်နဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမဆို ချနင်းဖို့ အဆင်သင့်ရှိတဲ့ ဘိုင်ဒန်တို့ရဲ့ ကျန်းမာရေးဝကဌာနဟာ ကိုယ်ဝန်ဆောင်တွေ ကဗကကဆ မဖြစ်မနေထိုးကြအောင် တိုက်တွန်း/ဖိအားပေးဖို့ အမေရိကန်အိုဂျီဆရာဝန်များကောလိပ် ကို ပြည်သူ့အခွန်ထဲက ၁၁.၈သန်း ထောက်ပံ့ပေးခဲ့ပါတယ်။ သန္ဓေသားအပေါ် ဘယ်လိုသက်ရောက်မယ်မှန်းမသိတဲ့အတွက် မထိုးလိုကြတဲ့ အမျိုးသမီးတွေခမျာ ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံကြရပါတယ်။ ကြွက်တွေမှာတော့ ဆေးထိုးထားတဲ့ မိခင်ကြွက်ကနေ ပေါက်လာတဲ့ ကြွက်သားပေါက်တွေမှာ အရိုးဖွဲ့စည်းမှုပုံမှန် မဖြစ်တာတွေ အများကြီး တွေ့ထားတယ်လို့ သိရပါတယ်။ ကျန်းမာတဲ့ နေ့စေ့လစေ့ကလေးကိုတောင် တစစီ ဆွဲဖျက်ဖို့ ဝန်မလေးကြသူတွေအတွက်တော့ ဒီသတင်းက စာဖွဲ့လောက်မယ် မထင်ပါဘူး။
အရည်အချင်းအားဖြင့်ရော လူကြိုက်များမှုမှာပါ ထရမ့်နဲ့ ဘယ်လိုမှ ယှဥ်မရတဲ့ ဒီမိုကရက်တွေနဲ့ အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်တွေဟာ အကျင့်ပျက်တရားရေးဌာနနဲ့ပေါင်းပြီး ထရမ့်ကို ၂၀၂၄ရကပွဲကို မဝင်နိုင်အောင် အမှုပေါင်းစုံ ကြံဖန်ဖွင့်နေကြတာ ကြာပါပြီ။ အီးဂျင်းကာရိုးလ်က ၂၀၁၉မှာ ဒုတိယအကြိမ်စွဲတဲ့အမှုအတွက် ရုံးချိန်းတက်ရမယ့်နေဟာ အိုင်အိုဝါကောကပ်စ်လုပ်မယ့်နေ့ ဖြစ်နေတာပါ။ အဲဒီအမှုအတွက် ဇတ်လမ်းက ၁၉၉၀မှာ ဖြစ်ခဲ့တာပါလို့ဆိုတော့ အနှစ် ၃၀ကြာပြီပေါ့။ တကယ်ဖြစ်ခဲ့ရင်တောင် သက်သေတွေဘာတွေလည်း ရှိတော့မှာမဟုတ်ဘူးလေ။
ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းဆိုတာလည်း သူ့လုပ်ပိုင်ခွင့်နဲ့ တရားဝင် အန်ကလပ်စီဖိုင်းလုပ်ပြီး ပရင့်ထုတ်ထားတာတွေပါ။ ထားတဲ့နေရာကလည်း စီးကရက်ဆားဗစ်တွေ အမြဲစောင့်ကြပ်နေတဲ့နေရာ။ ဘိုင်ဒန်ယူသွားတဲ့ လျို့ဝှက်စာရွက်တွေနဲ့ယှဥ်ရင် ဘိုင်ဒန်က တရားမဝင် ဘောင်အပြင်က လုပ်ပိုင်ခွင့်မရှိပဲ လုပ်သွားတာြဖစ်သလို တွေ့တဲ့နေရာကလည်း လူတိုင်းဝင်ထွက်လို့ရနေတဲ့ အစောင့်အကြပ် ဘာမှမရှိတဲ့ တရုပ်တန်း၊ တက္ကသိုလ်၊ ကားထဲ စတာတွေမှာ တွေ့တာပါ။ ဒါက ထရမ့်တုန်းက တရားဝင်ထားတဲ့နေရာကို တကူးတက ဝင်ရှာပြီး ဓါတ်ပုံရိုက် ကမ္ဘာကိုဖြန့်ပေမယ့် ဘိုင်ဒန့်ကိစ္စမှာကျတော့ မရှာပဲတွေ့တာကို ဖုံးထားပြီး သတင်းပေါက်သွားတော့မှ အဖြစ်တင်ပြကြတာပါ။ နိုင်ငံခြားအစိုးရဆီက လာဘ်စားတာ ဗူးပေါ်သလို ပေါ်နေတာလည်း ဘိုင်ဒန်ပါပဲ။ မတရားတာ မြင်စေချင်လို့ ယှဥ်ပြတာပါ။ အဲဒါတွေအတွက် ဘိုင်ဒန်က ဘာမှ အရေးယူမခံရပဲ ထရမ့်ကျမှ နိုင်ငံတော်သစ္စာဖောက်မှုလောက် အမှုမကြီးကြီးအောင် ဆင်ပြီး ရကပွဲအတွက် အရေးကြီးတဲ့ရက်တွေ အချိန်တွေမှာ ရုံးချိန်းတွေနဲ့ ရှုပ်ရှက်ခတ်နေအောင် လုပ်ထားတာပါ။
ဒီလောက်ညစ်တာတောင် မလောက်သေးဘူးထင်တဲ့ ဒီမိုကရက်တွေနဲ့ ရိုင်နိုတွေဟာ ၂၀၂၄ မဲစာရွက်ပေါ်ကနေ ထရမ့်ကို ဖယ်ထားဖို့ ကြိုးစားလာကြပြန်ပါတယ်။ အကြိတ်အနယ် ပြိုင်ရမယ့် ပြည်နယ်တွေပါဝင်တဲ့ အလက်စ်ကား၊ မေရီလန်း၊ မိရှီဂန်၊ နယူးဟမ်ရှိုင်းယား၊ နယူးမက္ကဆီကိုနဲ့ ရို့ဒ်အိုင်းလန်းစတဲ့ အနည်းဆုံး ၆ပြည်နယ်မှာ ခြေ/ဥပြင်ဆင်ချက် ၁၄နဲ့ ဝင်မပြိုင်နိုင်အောင် ကြိုးစားနေကြတာပါ။ အဲဒီခြေ/ဥပြင်ဆင်ချက် ၁၄ဟာ နိုင်ငံတော်ပုန်ကန်မှု၊ လက်နက်ကိုင်ဆောင်ခြားနားမှု စတာတွေ ကျူးလွန်ထားသူတွေ ဘယ်ရကပွဲမှ မဝင်ရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အကြံကုန် ဂဠုန်ဆားချက်ချင်ကြတဲ့ စူးရောက်သူများဟာ ဂျန်၆ကိစ္စကို ပုံဖျက်ပြီး ထရမ့်နဲ့ လက်ထောက်တွေကို အမှုဘောင်ထဲ အတင်းကာရော သွပ်သွင်းနေကြတာ ဖြစ်ပါတယ်။
အဲဒီဖြစ်ရပ်မှာ လွှတ်တော်ထဲက ရုပ်သံ/ လုံခြုံရေးမှတ်တမ်းတွေ ခုထိ ချပြဖို့ ငြင်းဆိုနေဆဲဖြစ်ပြီး အဲဒီနေ့က အသားလွတ် အနီးကပ် ပစ်သတ်ခံလိုက်ရတဲ့ ထရမ့်ထောက်ခံသူ မရင်းတပ်ထွက် အက်ရှ်လေဘက်ဘစ်ကို ပစ်သတ်တဲ့ လွှတ်တော်ရဲက ရာထူးတက်သွားပေမယ့် ဘာမှမဆိုင်တဲ့ ထရမ့်လက်ထောက်တွေ ထောက်ခံသူတွေ နှစ်ရှည် ချုပ်နှောင်ခံရ ထောင်ကျကြတွေ ဖြစ်ကုန်တာပါပဲ။ သင်းတို့တွေ ထရမ့်ကို ကြောက်ကြ ညစ်ကြပုံများ မြန်မာပြည်က မအလတို့တွေ ပိန်ပိန်ပါးပါး အဖွားအိုလေးကို အသေကြောက်နေ ညစ်နေကြသလိုပါပဲ။