စစ်တွေဖြစ်ကြတဲ့အခါ အတိအနိဋ္ဌာရုံတွေ တတွဲတည်းပါလာတတ်တာကို မလွှဲမရှောင်သာ ကြုံကြရမှာပါ။ စတင် စစ်မြှူသူ/ ကျူးကျော်သူတွေက အပြစ်ရှိတာ အမှန်ပေမယ့် အမှန်ကို အမှား အမှားကို အမှန် ကပြောင်းကပြန်လုပ်တတ်ကြတဲ့ လောကကြီးမှာ အမှန်နဲ့ အမှား ဘယ်သူကအလွန်ဆိုတာ အချက်တချက်ထဲပေါ် မူတည်ကောက်ချက်ချဖို့ မလွယ်ပါဘူး။ စစ်ဖြစ်တဲ့အထိ ဖြစ်လာခဲ့တဲ့ အကြောင်းရင်းတွေ၊ ဝေးသောအကြောင်း၊ နီးသောအကြောင်း၊ ဘယ်အဖွဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲဆိုတာကိုပါကြည့်ဖို့ အရေးပါလာပါတယ်။
ဘယ်ဘက်ကို ထောက်ခံတယ်ဆိုတာကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။ စစ်ကို စစ်လိုမတိုက်ပဲ ကလေး/မိန်းမ/အရပ်သားတွေကို ဓါးစာခံလုပ်/ သတ်ဖြတ်တာကတော့ လူလို့ မခေါ်ထိုက်သူတွေ လုပ်ကြတာပါ။ သမိုင်းမှာ အဲဒီလိုလုပ်ခဲ့ကြတဲ့ ဖက်ဆစ် နာဇီ အကြမ်းဖက်စတဲ့ သူယုတ်တွေကို သေချာဆန်းစစ်ကြည့်လိုက်ရင် ရဲစွမ်းသတ္တိပိုင်းရော ဉာဏ်ရည်ပိုင်း၊ လူထုထောက်ခံမှုအပိုင်းတွေမှာပါ ကျန်တဘက်ကို မယှဥ်နိုင်တာဟာ အမှန်တရားတခု ဖြစ်သလို နိုင်မယ့်အဖွဲ့က ရှုံးမဲမဲတဲ့ ကိစ္စမျိုးတွေ လုပ်လေ့မရှိတာ သဘာဝတခုပါပဲ။
၉/၁၁တုန်းကတောင် အကြမ်းဖက်တွေရဲ့လုပ်ရပ်ကို ပြောင်ပြောင်တင်းတင်း ထောက်ခံရဲတာ အကြမ်းဖက်အားပေးနိုင်ငံတွေမှာပဲ ရှိခဲ့ပေမယ့် ခုကိစ္စမှာ မွေးကင်းစကလေးတွေအပါအဝင် ကလေးငယ်၄၀ကျော်ကို မိဘရှေ့မှာ ပစ်သတ်၊ ခေါင်းဖြတ်၊ မီးရှို့သတ်၊ အမျိုးသမီးငယ်တွေကို မုဒိန်းကျင့်သတ်ဖြတ်၊ သက်ကြီးတွေကို ပစ်သတ်ခဲ့တဲ့ အကြမ်းဖက်ဟာမာ့စ်တွေဘက်က ထောက်ခံကြောင်းကို လွှတ်တော်ထဲက အေအိုစီနဲ့ မွတ်၂ဦးပါဝင်တဲ့ လက်ဝဲစွန်းစကွာဒ်အဖွဲ့၊ ဘီအယ်လ်အမ်၊ ယူနီယံများ၊ လိင်တူ/ပြောင်း/ကလေးကြိုက်/ဘာလာလာစတဲ့အဖွဲ့များ၊ သမိုင်းကို ခြေခြေမြစ်ဖြစ်မသိပဲ အလကားနေရင်း မီဒီယာမှိုင်းကြောင့် ဂျူးမုန်းနေသူများက ပျော်ပျော်ပါးပါး ထောက်ခံပွဲတွေ အမေရိကန်မြို့ကြီးတွေမှာပါ နွှဲကုန်ကြပါပြီ။ ကလေးခေါင်းဖြတ်တဲ့သတင်းတွေ တက်လာပြီးမှ ဝိုင်းဆဲကြတဲ့အတွက် တချို့ကိုယ်ရှိန်သတ်ကုန်ကြတာပါ။ မီဒီညာတွေကလည်း ဟာမာ့စ်ကို အကြမ်းဖက်လို့ ခေါ်ဖို့ ဝန်လေးနေဆဲဖြစ်ပြီး ဟာမာ့စ်ထောက်ခံသူတချို့က နာဇီစက်ြာအလံလေးတွေကိုပါ ကိုင်ဆောင်ထားကြတာ တွေ့ရပါတယ်။
လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ခံကြတဲ့ထဲမှာ ဟားဗတ်၊ ယေးလ်၊ ပရင်စ်တန်တို့လို ထိပ်တန်းတက္ကသိုလ်ကြီးတွေက ကျောင်းသားအဖွဲ့တွေလည်း ပါဝင်လာတာကြောင့် လူ့ဂုဏ်သိက္ခာတို့ ကိုယ်ကျင့်တရားတို့ဆိုတာ လုံးဝအရေးမပါတော့တဲ့ခေတ်ကို ရောက်နေပြီလားလို့ မေးလာကြပါတယ်။ အဲဒီလိုဖြစ်လာတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။
ဟားဗတ်၊ ယေးလ်၊ ပရင်စ်တန် စတာတွေက ဖိတ်ခေါ်လေ့ရှိသူက နော်မန်ဖင်ကယ်လ်စတိန်းလို့ခေါ်တဲ့ အစ္စရေး ပါလက်စ်တိုင်းပဋိပက္ခနဲ့ ဟိုလိုကော့စ်သုတေသီဆိုတဲ့သူဖြစ်ပါတယ်။ အဲဒီသူက ဂျူးအမျိုးသမီးငယ်တွေ မုဒိမ်းကျင့်ခံ၊ အသတ်ခံနေရတာကို ကြည့်ရတာ ရင်ထဲမှာ နွေးသွားတာပဲလို့ ဆိုကြောင်း၊ အဲဒီမြင်ကွင်းကို နာဇီခေတ် ဝါဆောဂက်တိုပုန်ကန်မှုနဲ့ အလားတူတယ်လို့ တင်စားသွားကြောင်း၊ အဲဒီလိုစိတ်ဓါတ်ရှိသူတွေကိုပဲ ရွေးခေါ်ပြီး ခဏခဏ ဦးနှောက်ဆေးပေးနေမှတော့ အနာဂတ်အတွက် မျှော်လင့်ချက်က အားရစရာမရှိကြောင်း၊ ဟားဗတ်မှာ ဥပဒေပါမောက္ခလုပ်သွားဖူးတဲ့ အလန်ဒါရှိုဝဇ်က ဆိုပါတယ်။ ဟားဗတ်ကျောင်းအုပ်က မနေ့ကမှ စာထုတ်ပြီး အဲဒီကျောင်းသားအုပ်စုတချို့ထုတ်ပြန်တဲ့စာက ဟားဗတ်တခုလုံးကို ကိုယ်စားပြုတာမဟုတ်ကြောင်း၊ ဟာမာ့စ်ကပစ်မှတ်ထားသတ်လို့ သေရတဲ့ အရပ်သားတွေအတွက် ဝမ်းနည်းရပါကြောင်း ကြေငြာသွားပါတယ်။
ဝါဆောဂက်တိုမှာ ဖြစ်သွားတာက ကလေး၊ မိန်းမ၊ အရပ်သား၊ သက်ကြီး၊ လက်နက်မဲ့ စသဖြင့် ဘာဆိုဘာမှ မချန်ပဲ ရက်စက်ခဲ့ကြတဲ့ ဖက်ဆစ်နာဇီတွေကို ပိုလန်ဂျူးတွေက တော်လှန်တာပါ။ ဘန်ရှာပီရိုကတော့ နာဇီတွေကမှ သူတို့သတ်တာ လူမမြင်အောင် လုပ်သေးတယ်၊ ဟာမာ့စ်တွေက အသတ်ခံရတဲ့ မိသားစုတွေ မမြင် မြင်အောင် ရှေ့တင်တမျိုး၊ ဗီဒီယိုရိုက် လိုက်ဖ်လွှင့်တာတဖုံ၊ အသတ်ခံရသူရဲ့ ဖဘမှာ တင်တာဆိုတော့ ပိုဆိုးရွားတယ်လို့ ဆိုပါတယ်။
အစ္စရေးရယ်လို့ စပြီးဖြစ်လာတဲ့ အိုင်ဒီယာက ယူကေကစခဲ့တာဖြစ်ပြီး ၁၉၄၇-၄၈ကျမှ ယူအန်ဆုံးဖြတ်ချက်နဲ့ ပါလက်စ်တိုင်းဒေသကို ဂျူးပိုင်နဲ့ အာရပ်ပိုင်အဖြစ် နှစ်ပိုင်းခွဲခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ စစ်ပွဲများစွာ မြေပုံအပြောင်းအလဲများစွာဖြစ်ခဲ့ပြီး ၂၀၀၈မှာ အစ္စရေးက ဂါဇာကနေ လုံးဝ ဆုတ်ခွာခဲ့တာ ဖြစ်ပါတယ်။ ပါလက်စ်တိုင်းဆိုရာမှာလည်း အာရာဖတ်လိုလူတွေကိုချည့် မြင်ယောင်နေလို့ မရပါဘူး။ အာရာဖတ်က ဟာမာ့စ်မဟုတ်သလို ကိုယ့်ပြည်သူပြန်ထိမှာ ထည့်မတွက်တဲ့ ဟာမာ့စ်မှာလည်း စားပွဲပေါ်မှာ ဆွေးနွေးနိုင်လောက်တဲ့ လက်ရုံးရည် နှလုံးရည်ရှိသူ ထွက်ပေါ်လာဖို့ မနီးသေးပါဘူး။
ဂျူးဆန့်ကျင်ရေးလုပ်ကြတာနဲ့ ပတ်သက်ပြီး အတွင်းကျကျ လေ့လာမယ်ဆိုရင် ဂျူးမုန်းသူ အန်တိုင်ဆီမက်တစ်တွေဟာ အမေရိကန်ကို မုန်းတီးသူ လစ်ဗြဲတွေပဲ ဖြစ်နေပြန်ပါတယ်။ အဲဒီထဲမှာ ဟူစိန်အိုနဲ့ ဒီမိုကရက်နောက်လိုက်တွေ အများစု ပါဝင်နေပါတယ်။ ထရမ့်လက်ထက်မှာ အီရန်ကိုတင် ဆန်ရှင်တွေနဲ့ ကြပ်ထားတာမဟုတ်ပဲ ဂါဇာနဲ့ ဝက်စ်ဘန့်ခ်ကိုပါ ၇၅သန်းပေးဖို့ ဟူစိန်အိုတို့ စီစဥ်ထားတာကို ရပ်ပစ်ခဲ့ပါတယ်။ ဘိုင်ဒန်တက်လာပြီးမှ အီရန်အပေါ် ကြပ်ထားတာတွေရော ဂါဇာနဲ့ ဝက်စ်ဘန့်ခ်ကို မပေးဖြစ်ခဲ့တဲ့ ၇၅သန်းကိုပါ ချက်ချင်းပြန်ပေးခဲ့တာပါ။ ၂၀၀၈တုန်းက အစ္စရေးတပ်တွေ ဂါဇာက လုံးဝရုပ်သိမ်းပြီးနောက် ဂါဇာကို နိုင်ငံတကာအကူအညီတွေ အများကြီးလှိမ့်ဝင်လာခဲ့တာမှာ သုံးတတ်ရင် တော်တော်ကြီး တိုးတက်နေလောက်ပါပြီ။ ဒါပေမယ့်လည်း အကြမ်းဖက်က အကြမ်းဖက် ဦးနှောက်လောက်ပဲရှိတော့ ခေါင်းဆောင်ပိုင်းပဲဇိမ်ခံပြီး ကျန်တာက အကြမ်းဖက်လုပ်ငန်းတွေထဲပဲ ဝင်သွားတာပါပဲ။
လက်ရှိအစ္စရေးစစ် စလာရတဲ့ အကြောင်းရင်းတွေထဲမှာ ဂျိုးဘဒတက်လာလာချင်း အီရန်အပေါ် အိုဘမခေတ်ကလိုပဲ အူယားဖားယား ဆန်ရှင်တွေ ဖြေလျော့ပေးတာရယ်၊ အမေရိကန်ဓါးစာခံ ၅ဦးလွှတ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းထားတဲ့ ဒေါ်လာ ၆ဘီလီယံရယ်ကို လွှတ်ပေးလိုက်တာရယ်၊ ခုလိုတွေဖြစ်လာတော့ အဲဒီ ၆ဘီလီယံကို ပြန်ထိန်းမလားမေးတော့ ရူးချင်ယောင်ဆောင်နေကြတာရယ်၊ ဟာမာ့စ်တွေ ကိုင်ထားတဲ့ လက်နက်တွေက အာဖဂန်မှာ ဂျိုးဘဒတို့ ရက်ရက်ရောရောထားခဲ့တဲ့ အမေရိကန်လုပ်လက်နက်တွေ ဖြစ်နေတာရယ် တို့ကို ကြည့်ရင် မပြေးသော် ကန်ရာရှိ ဘယ်သူဖြစ်နေမလဲဆိုတာ အလွယ်လေးသိမှာပါ။
နောက်တချက်ကလည်း အီရန်က ဂျိုးဘဒတက်ခါစက တနေ့ကို ရေနံစိမ်းစည်ပေါင်း ၄သိန်းလောက်ပဲ ထုတ်ရောင်းရာကနေ အခုဆို တနေ့ကို စည် ၃သန်းခွဲ ၄သန်းနီးပါးထိ ထုတ်ရောင်းနေပါပြီ။ အဓိက ဝယ်ယူသူကတော့ တရုတ်ပေါ့။ ထရမ့်လက်ထက်က ပြည်တွင်းရေနံထုတ်ခွင့်ပြုတာဟာ ပြည်သူတွေ အလုပ်အကိုင်ပေါများ စားရိတ်သက်သာချောင်လည်စေတဲ့အပြင် ရေနံရောင်းပြီး အဓိကဝင်ငွေရှာတဲ့ အီရန်ရော ရုရှားကိုပါ အပိုင်ကိုင်ပြီးသားဖြစ်သွားတာပါ။ ကမ္ဘာ့ငပွကြီးတွေ မလှုပ်ရဲလို့ နိုင်ငံငယ်လေးတွေ ငြိမ်းချမ်းရေးရနေကြတော့လည်း လက်နက်မရောင်းရလို့ ဝင်ငွေလျော့ပြန်တာက လူမိုက်တွေကို အပိုးကျိုးစေတဲ့ အကြောင်းရင်းတွေပဲပေါ့။
အိမ်ဖြူအမျိုးသားလုံခြုံရေးကောင်စီရဲ့ ထောက်လှမ်းရေးဒါရိုက်တာနဲ့ သမ္မတရဲ့အထူးလက်ထောက် အဖြစ် ဂျိုးဘဒခန့်ထားတဲ့သူက မာဟာဘီတာဆိုတဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ ဖြစ်နေတာနဲ့ ခုဖြစ်ရပ်ကလည်း တိုက်ဆိုင်မှုဆိုတာထက်တော့ အများကြီးပိုမှာပါ။ ဘီတာက ဟူစိန်အိုဘမလက်ထက်ကလည်း အစိုးရအဖွဲ့ထဲ ပါခဲ့သေးတာဆိုတော့ ဂျိုးဘဒတို့တတွေဟာ အမေရိကန်ရဲ့ မဟာမိတ်အစ္စရေးကို ဘာကြောင့်အမြဲရန်လိုခဲ့ပြီး အမေရိကန်ကိုမုန်းတဲ့ အကြမ်းဖက်တွေနဲ့မှ ဘာလို့ ပလဲနာမသင့်နေခဲ့တာလဲဆိုတာ ထင်ရှားလောက်ပြီထင်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးက တကယ်လုပ်ချင်ရင် ဖြစ်အောင်လုပ်လို့ရတယ်ဆိုတာ ထရမ့်က သက်သေပြသွားပြီးပါပြီ။ ခြလောကမှာတော့ သူတို့နိုင်စေချင်တဲ့ဘက်ကို အသာလေး အနိုင်ဖြစ်အောင် လုပ်လို့ရသလို စစ်ကိုမျှင်းထားပြီး မှိန်းစားချင်ရင်လည်း အရိုးမရှိတဲ့လျှာတချောင်းနဲ့ ပလီစိချောက်ချက်လေးတွေပြောလိုက် လိုအပ်ရင် မျက်ရည်လေး ကျပြလိုက်၊ ဒေါပွပြလိုက်နဲ့ ရသမျိုးစုံပေးပြီး သူတို့လိုချင်တဲ့ဘက်ကို ဆွဲသွားကြတာပါပဲ။ ယူကရိန်းဆိုလည်း ဘယ်မှာ ဘာသုံးတယ်ဆိုတာ မပြနိုင်ပဲ ဇီးသီးဗန်းတင်မက ဇီးသီးကွန်တိန်နာကြီးပါ မှောက်လိုက်သလို ဖြစ်နေတာပါ။ အဲဒါိကိုမှ နိုင်ငံရေးပါးဝတယ်လို့ ခေါ်ကြပါတယ်။ ထရမ့်က အဲဒီလိုမလုပ်လို့ နိုင်ငံရေးလုပ်စားတွေနဲ့ အစေးမကပ်နေတာပါ။ မလုပ်တတ်လို့မဟုတ်ပဲ နိုင်ငံရေးသမားတွေ အီလိတွေပဲ အိတ်ဖောင်းပြီး တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးယုတ်စေလို့ ဖြစ်ပါတယ်။
သမ္မတထရမ့်က အမေရိကန်တွေကို ဒုက္ခပေးသတ်ဖြတ်ရာမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အီရန် စစ်ခေါင်းဆောင် ဆိုလေမာနီကို ရှင်းပစ်လိုက်ပြီး ၁ပတ်လောက်အကြာမှာ ဂျိုးဘဒက မျက်နှာမသာမယာနဲ့ လူရှေ့ထွက်လာပြီး ထရမ့်မှာ ကွန်ဂရက်စ်ရဲ့ အတည်ပြုချက်မပါပဲ အီရန်ကို ဝင်တိုက်ခွင့် လုံးဝမရှိကြောင်း ထွက်ပြောသွားခဲ့တာပါ။ အဲဒီအချိန်မှာ ထရမ့်က ပြည်သူရဲ့ အစစ်အမှန်မဲနဲ့ တင်ထားတဲ့ သမ္မတစင်စစ်ဖြစ်ပြီး ဂျိုးဘဒက (တကမ္ဘာ့လုံးကို ထိန်းချုပ်ချင်တဲ့ ကမ္ဘာ့လက်မဲကြီးတွေက စရံသတ်ထားတဲ့ လက်ဝေခံဖြစ်နေတာကလွဲရင်) ဘာကောင်မှ ဟုတ်မနေပါဘူး။
အဲဒီအချိန်တုန်းကလည်း ထရမ့်က ကွန်ဂရက်စ်ကို အသိမပေးခဲ့လို့သာ အဆိုပါစစ်ဆင်ရေး အောင်မြင်ခဲ့တာဖြစ်ပါတယ်၊။ ပလိုးစီစပီကာ ဖြစ်နေသ၍ ကွန်ဂရက်စ်ကတဆင့် ဖြတ်သွားတဲ့ စစ်ဆင်ရေးတိုင်း မအောင်မြင်ခဲ့တာ အမေရိကန်စစ်သားတွေပဲ ထိခိုက်ခဲ့တာတွေဟာ ဘယ်သူက ရန်သူဆီ သတင်းဖောက်ချနေလို့လဲဆိုတာ ဖော်ဖို့သိပ်ခက်ခဲလှတဲ့ ပဟေဠိတော့ မဟုတ်ပါဘူး။ ကန်ထောက်လှမ်းရေးကလည်း ဒီကိစ္စနောက်ကွယ်မှာ အီရန်ပါနေတယ်လို့ ငါတို့မှာ သက်သေမရှိဘူးလို့ ဖာပါတယ်။ ထရမ့်အိမ်ဖြူကခွာပြီးနောက်မှ ဖေဖော်ဝါရီ ၁ရက်မတိုင်ခင် ဦးပေါက်ဆီထံ လွန်းထိုးသွားပြီး မီးစိမ်းရယူခဲ့တဲ့ အမလကိုလည်း တရုပ်နောက်ကွယ်ကရှိနေပါတယ်လို့ အိမ်ဖြူက ပြောဝံ့မယ်မထင်ပါဘူး။
မနေ့က ထရမ့်ပြောသွားတဲ့ထဲမှာ အီရန်က ဆိုလေမာနီကို လုပ်ကြံမယ့် စစ်ဆင်ရေးမှာ အစ္စရေးက အမေရိကန်နဲ့ ပူးပေါင်းဖို့ သဘောတူထားခဲ့ပေမယ့် မရှင်းပစ်ခင်ညကျတော့မှ နေတန်ယာဟူက ထရမ့်ဆီ ဖုံးခေါ်ပြီး သူမပါတော့ပါဘူး၊ ဘာကြောင့်လဲလို့ မပြောနိုင်ပါဘူးလို့ဆိုကြောင်း၊ စစ်ဆင်ရေးအောင်မြင်တော့မှသာ ဘီဘီက ခရက်ဒစ်ဝင်ယူကြောင်း ပြောသွားပါတယ်။
ထရမ့်သမ္မတဖြစ်စဥ်မှာ ဟူစိန်အိုဘမလက်ထက် နိုင်ငံခြားဝန်ဟောင်း ဂျွန်ကယ်ရီက အီရန်ခေါင်းဆောင်ပိုင်းနဲ့ သွားတွေ့တာရော၊ ဂျိုးဘဒလူရှေ့ထွက်လာပြီး အီရန်ဘက်က နာပေးတာရော၊ ဗိုလ်ချုပ်ကြီးမီလီက တရုပ်တပ်ချုပ်ကို သမ္မတကိုကျော်ပြီး သူနဲ့ပဲ ဆက်သွယ်ခိုင်းတာရောနဲ့ ဆက်စပ်ကြည့်ရင် ဘီဘီကို ဟူစိန်တို့ဒီမိုကရက်တွေက ဖိအားတွေ အများကြီးပေးထားပုံရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်စေ အကြမ်းဖက်တွေကို အလျော့ပေးဆက်ဆံနည်းနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်တာ အခုအဖြစ်က သက်သေပါပဲ။
အစ္စရေးကလည်း ဟာမာ့စ်ကို ရုတ်တရက်နှိမ်နှင်းရခက်နေတာက သူတို့နဲ့တန်းတူဆင်းပြီး မယုတ်မာနိုင်လို့ပါ။ ဟာမာ့စ်တွေက သူတို့ကို ပြန်အတိုက်မခံရအောင် ဂါဇာကမ်းမြှောင် လူနေရပ်ကွက်က ဆေးရုံတွေ ကျောင်းတွေအောက်မှာ ရုံးတွေ အထိုင်ချထားတာဖြစ်ပြီး နိုင်ငံစုံက ဓါးစာခံတွေနဲ့ ကာထားတာပါ။ အစ္စရေးဘက်က ဂါဇာမှာနေထိုင်တဲ့သူတွေဆီ ဆက်လို့ရသမျှဖုံးတွေကို ဖုံးခေါ်ပြီး ဂါဇာကထွက်ခွာဖို့နဲ့၊ တခြားအရပ်သားတွေကိုလည်း အသိပေးတိုက်တွန်းဖို့၊ အရပ်သားတွေ ဘေးကင်းရာရောက်အောင် အချိန်ယူနေရလို့ ဖြစ်ပါတယ်။ ခုစစ်ပွဲမှာ ခုချိန်အထိ အမေရိကန် ၁၅ဦးထက်မနည်း ဟာမာ့စ်တွေ သတ်တဲ့ထဲ ပါသွားပါပြီ။ ထရမ့်လက်ထက်မှာ အမေရိကန်သွေး မြေအကျမခံခဲ့တာနဲ့တော့ ကွာပါတယ်။
အီရန်ခေါင်းဆောင်က အစ္စရေးပြီးရင် အမေရိကန်အလှည့်လာမယ်လို့ ကျိန်းထားသလို ဟာမာ့စ်ခေါင်းဆောင်ခါလက်ဒ်မာရှဲက ဒီသောက်ြာမှာကျရောက်မယ့် ၁၃ရက်နေ့ အယ်လ် အက္ကဆာ ဖလာဒ်နေ့မှာ ကမ္ဘာတလွှားလုံးက မွတ်တွေအားလုံး တညီတညွတ်တည်း အစ္စရေးအပေါ် ဆန့်ကျင်အုံကြွကြဖို့ မွတ်သွေးနဲ့ ဝိညဥ်တွေကို စတေးကြဖို့ ဆော်ဩထားပါတယ်။ နယူးယောက်မြို့ဝန်က ယူနီဖောင်းဝတ်တွေအကုန် အဲဲဒီနေ့ ဝတ်စုံပြည့် တယောက်မကျန် အလုပ်ဆင်းကြဖို့ အမိန့်ထုတ်ထားပါပြီ။ ဘိုင်ဒန့်လက်ထက် နယ်စပ်ကနေ တရားမဝင်ဝင်လာသူ ၈သန်းနီးပါးမှာ အကြမ်းဖက်အားပေးနိုင်ငံတွေက ဝင်လာတာကတင် တိုက်နိုင်ခိုက်နိုင်အရွယ် ကျားတွေချည့် ၇သောင်းကျော်နေပါပြီ။ အကြမ်းဖက်ရာဇဝင်ရှိတာတွေလည်း ပါပါတယ်။ ဖြစ်လာရင် အီလိတွေ ထိနိုင်ခြေနည်းပေမယ့် သာမာန်အရပ်သားတွေကတော့ ကိုယ့်လုံခြုံမှုအတွက် ကိုယ့်မှာပဲ တာဝန်ရှိလာတော့မှာပါ။