အိမ်ဖြူက ဂျိုးဘဒနဲ့ ဒယ်လ်တာဖို့စ်စစ်ဆင်ရေးမှာ ပါဝင်တဲ့ ကန်တပ်ဖွဲ့ဝင်တွေ တွေ့ဆုံနေတဲ့ပုံကို စစ်ဘက်လုံခြုံရေးချိုးဖောက်ပြီး ဝက်ဘ်ဆိုဒ်မှာ တင်လိုက်ပါတယ်။ တင်ပြီး တစ်နာရီလောက်အကြာ သတင်းတွေလဲပြန့် မြင်သွားတဲ့သူတွေလည်း များလာပြီးနောက်မှ ပြန်ဖျက်သွားပါတယ်။ အဲဲဒီဒယ်လ်တာဖို့စ်က ဂါဇာမှာ ဟာမာ့စ်တွေ ဖမ်းခေါ်သွားတဲ့ အမေရိကန်ဓါးစာခံတွေကို ကယ်ထုတ်ဖို့ အစ္စရေးမှာ ရောက်နေတာပါ။ အဲဒီပုံကို တွဒ်တာအသုံးပြုသူတဦးက စစ်သည်တွေရဲ့ မျက်နှာတွေဖုံးပြီး ပြန်တင်ထားတာပါ။ ညံ့ဖျင်းလို့ပဲဖြစ်ဖြစ် တမင်လုပ်တာပဲဖြစ်ဖြစ် အိမ်ဖြူရဲ့ လုပ်ရပ်ကြောင့် ဒီလူတွေနဲ့ သူတို့မိသားစုတွေရဲ့ လုံခြုံရေးက အကြီးအကျယ်စိုးရိမ်လာရပါပြီ။ ဓါးစာခံတွေကယ်ထုတ်ဖို့ကလည်း ပိုခက်သွားတော့မှာပါ။
ယူအန်က အီရန်အပေါ်ထားရှိတဲ့ ဒုံးကျည်နဲ့ ဒရုံးလက်နက်မရောင်းဖို့ ပိတ်ဖို့ထားချက်က မနေ့က သက်တမ်းစေ့သွားခဲ့ပါပြီ။ ဂျိုးအစိုးရက သက်တမ်းတိုးဖို့ ဘာမှမလှုပ်ရှားခဲ့တာကြောင့် ဟာမာ့စ်တွေ အခြားအကြမ်းဖက်တွေကို ပေါ်ပေါ်တင်တင် ရောင်းချင်တိုင်းရောင်းလို့ရပြီဖြစ်လို့ အစ္စရေးနဲ့တကွ တခြားအကြမ်းဖက်တွေကို ရင်ဆိုင်နေရသူတွေအတွက် စိတ်မကောင်းစရာတွေ ဖြစ်ရဦးတော့မယ်ထင်ပါတယ်။
