အောက်တိုဘာ ၂၂ ရက် ၂၀၂၃

ပြီးခဲ့တဲ့ ဂျူလိုင်လတုန်းက ဟူစိန့်ရဲ့ မာသာ့စပျစ်ခြံက ရေကန်ရဲ့ တောင်ဖက် ကမ်းခြေမှာ ရေနစ်သေဆုံးသွားတယ်ဆိုတဲ့ ဟူစိန်အိုရဲ့ ထမင်းချက် တဖာရီကမ့်ဘဲလ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်လေးတွေ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် ထပ်မံထွက်ပေါ်လာပါတယ်။ အဲဒီအမှုမှာ ဘာမှ သေချာလည်း မစစ်ဆေး၊ မေးခွန်းတွေမေးကြတာ ကိုလည်း ပြန်မဖြေပဲ ရက်အနည်းငယ်အတွင်းမှာပဲ မတော်တဆသေတာပါလို့ ဆုံးဖြတ်ပေးခဲ့တာပါ။ (ဂျက်ဖရေအက်ပ်စတိန်းအမှုလိုပါပဲ။)

ရဲတပ်ဖွဲ့ရဲ့ အရေးပေါ် ၉၁၁ ဖုံးအဝင်စာရင်းမှာ ဖုံးခေါ်ရခြင်းအကြောင်းရင်းတွေ ရေးသွင်းရတာ ပုံမှန်ဖြစ်ပေမယ့် အဲဒီနေ့က ကမ့်ဘဲလ်ရေနစ်တဲ့ကိစ္စအတွက် ဖုံးအဝင်စာရင်းမှာတော့ ဘာအကြောင်းရင်းမှ ရေးသွင်းထားခြင်းမရှိတာ အံ့ဩဖွယ် တွေ့ရှိရတာပါ။ ရဲတပ်ဖွဲ့ကတော့ ရုံးဖုံးကို ခေါ်လို့ ဖြစ်မှာပါလို့ ကာပါတယ်။ တကယ်တမ်း ရဲရုံးဖုံးကို ခေါ်တာမှန်ရင်တောင် အော်ပရေးရှင်းကို လွှဲပေးရမှာဖြစ်လို့ အဝင်မှတ်တမ်းကတော့ ရှိရမှာပါပဲ။

နောက်လွဲနေတာတချက်က ကမ့်ဘဲလ်ရဲ့ ဆိုရှယ်မီဒီယာမှာ သူဘယ်လောက်ရေကူးကျွမ်းကြောင်းတွေ ပြထားပေမယ့် အမှုနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေမှာ ကမ့်ဘဲလ်ကို ရေကောင်းကောင်းမကူးတတ်သူ အဖြစ် ဖော်ပြထားတာ တွေ့ရတာပါ။ အလောင်းတွေ့တဲ့နေရာက အနက် ၈ပေ ကမ်းကနေ ပေ ၁၀၀ခန့်မှာ ဖြစ်ပါတယ်။

ဟူစိန်အိုတို့နဲ့ ပတ်သက်တဲ့အကြောင်းကလည်း အခင်းဖြစ်ချိန်မှာ သူတို့အိမ်မှာ မရှိကြဘူးလို့ပဲ ဖော်ပြထားပါတယ်။ ဒါပေမယ့် တော်တော်ကြီးပြင်ထားတဲ့ မန်ဆာချူးဆက်ရဲဌာနက မှတ်တမ်းတွေမှာတော့ သက်သေတဦးကို မေးမြန်းနေစဥ်မှာ ဟူစိန်အိုရှိနေတဲ့အကြောင်း၊ အဲဒီမေးမြန်းမှုကို အိုဘမအိမ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခင်းဖြစ်တဲ့နေရာကို ယာဥ်တန်းနဲ့ ရောက်လာခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အဲဒီနောက်မကြာခင်မှာပဲ ရေတွေစိုပြီး ချမ်းနေတဲ့ မိန်းမတယောက်က သက်သေအဖြစ် ရောက်လာတာပါ။ နောက်တရက်မနက်မှာလည်း အိုဘမဝန်ထမ်းတဦးဖြစ်တဲ့ အဲဒီအမျိုးသမီးကို “မျက်မြင်သက်သေ”အဖြစ် ထပ်မံမေးမြန်းခဲ့ပြိး အဲဒီအချိန်မှာလည်း ဟူစိန်အိုက အနားမှာ ရှိနေတာဖြစ်ပါတယ်။

ကမ့်ဘဲလ်ဟာ ပက်ဒယ်လ်ဘော့ဒ်စီးရင်း ပြုတ်ကျပြီး အကြောက်လွန်ကာ အချိန်တိုအတွင်း ရေနစ်သွားတယ်လို့ သက်သေက ထွက်ဆိုထားပါတယ်။ ပက်ဒယ်ဘော့ဒ်ဆိုတာက မတ်တတ်လှော်ရတဲ့ ဖော့ပြားဖြစ်ပြီး ဖော့ပြားမှာပါတဲ့ ကြိုးနဲ့ ခြေကျင်းဝတ်တဖက်ကို ချည်ထားရတာပါ။ တကယ်လို့ ပြုတ်ကျရင်တောင် ဖော့ပြားကို ဖက်ထားရင် မမြုတ်တော့ဘူးပေါ့။ ရေကောင်းကောင်းမကူးတတ်သူ ဆိုရင်တော့ ချည်ထားမှာသေချာသလောက်ပါပဲ။

ပိုစိတ်ဝင်စားစရာကောင်းနေတာက ကလိန်တန်ရဲ့ ထမင်းချက်ကလည်း ၂၀၁၅ ဇွန်လတုန်းက ရေနစ်ပြီး ဆုံးပါးသွားတာ ဖြစ်နေတာပါ။ မဆုံးခင် ၃ရက်က ငါးဖမ်းသွားတယ်လို့ ရဲတွေက ထင်တဲ့ခရီးမှာ ၃ရက်ကြာတဲ့အထိ ပြန်မလာလို့ သူ့ဂဲလ်ဖရန့်က တိုင်တော့မှ လိုက်ရှာတာ တောင်ကျရေတွေနား အပင်တွေကျောက်တုံးတွေနဲ့ ပြည့်နေတဲ့ ချောက်လိုနေရာမှာ အလောင်းတွေ့ရတာပါ။

ဟန်းတားက သူ့ရဲ့ တရုတ်စီးပွားဖက်ထံ အဖိုးကြီးဆီက ဖုံးပြန်ခေါ်တာစောင့်နေပြီလို့ အကြောင်းကြားရင်း ပိုက်ဆံလှမ်းတောင်းတဲ့အချိန်ကာလနဲ့ မရှေ့မနှောင်းဖြစ်တဲ့ ၂၀၁၇ ဇွန် ၈ရက်မှာ ဂျိုးက မန်ဆာချူးဆက်ကမ်းခြေမှာ ၂.၇၅သန်းတန်အိမ်ကို ဝယ်ယူခဲ့တဲ့သတင်း ပေါ်ထွက်လာပါတယ်။ အဲဒီအိမ်အတွက် ချေးငွေမတွေ့ရတာကြောင့် ငွေသားအကြေပေးပြီး ချေတယ်လို့ ယူဆရမှာပါ။ ဟန်းတားက သူ့အဖော်ဆီ မက်ဆေ့ပို့တာက ၂၀၁၇ ဇူလိုင် ၃၀မှာဖြစ်ပြီး အဲဒီပေါက်ဖော်ဆီက တနှစ်ကို ဒေါ်လာ ၁၀သန်းရဖို့ တောင်းနေတာ ဖြစ်ပါတယ်။ သူက ဘာမှလုပ်တတ်တာမရှိတဲ့ ဆေးသမား၊ မြန်မာပြည်လို လက်ညှိုးထိုးရောင်းလို့ရတဲ့ သံယံဇာတလည်းမရှိတော့ ဘာတွေများရောင်းတာဖြစ်မလဲ၊ စဥ်းစားကြပါဦး။

တနေ့ကလည်း ၂၀၁၈တုန်းက ဂျိုးက သူ့ညီ ဂျိမ်းစ်ဆီက ငွေ ၂သိန်းတန် ချက်ရရှိခဲ့တဲ့သတင်း တက်လာပါသေးတယ်။ အဲဒီပိုက်ဆံတွေက ဒေဝါလီခံခါနီးအထိ ဖြစ်သွားတဲ့ အမေရီကိုး ကျန်းမာရေး ကုမ္ပဏီက ဂျိမ်းစ်ကို ချေးငွေပြန်ပေးတာက လာတာဖြစ်ကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။ ချေးငွေပြန်ပေးတာဆိုပေမယ့် လုပ်ငန်းအကောင့်ကို ပေးတာမဟုတ်ပဲ ဂျိမ်းစ်ရဲ့ ပုဂ္ဂိုလ်ရေးအကောင့်ကို ပေးထားတာပါ။ ၂၀၂၀တုန်းက ဘဒကမ်ပိန်းအရာရှိကတော့ ဂျိုးက ဒီကုမ္ပဏီကိစ္စနဲ့ ပတ်သက်ပြီး သူ့ညီနဲ့ စကားမပြောဖူးကြောင်း ပြောကြားခဲ့ပါတယ်။ အမေရီကိုး ဒေဝါလီခံတုန်းကဖိုင်ထဲမှာ ကုမ္ပဏီက လည်ပတ်ဖို့ အခက်အခဲဖြစ်နေချိန်မှာတောင် ဂျိမ်းစ်ကို ၆သိန်းချေးထားခဲ့ကြောင်း၊ အဲဒီချေးငွေကိုတော့ ဂျိမ်းစ်က ပြန်မပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။ အဲဒီစွဲချက်ကို ဂျိမ်းစ်က အဆိုပါငွေပမာဏဟာ ကုမ္ပဏီအတွက် သူအကြံပေးထားတာတွေနဲ့ တန်ဖိုးချင်း တူပါတယ်လို့ ငြင်းပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဂျိမ်းစ်က ၃သိန်းခွဲလျော်ပေးဖို့ သဘောတူလိုက်ရတာပါ။

ဂျိုးတို့မိသားစုခြစားတာက မိသားစုတွင်းမှာ မရပ်ပါဘူး။ ဟန်းတားရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတဦးဖြစ်တဲ့ ဟမ်တမ်ဒီလင်ဂျာကို အတွင်းသတင်းဖောက်ချပေးသူများကို ကာကွယ်ပေးရတဲ့ အထူးဥပဒေအကြံပေးရုံးရဲ့ အကြီးအကဲအဖြစ် ခန့်အပ်ဖို့ ရွေးချယ်လိုက်ပါတယ်။ မြေခွေးကို ကြက်ခြံစောင့် ခန့်လိုက်သလိုပါပဲ။ ဟန်းတားက ဟမ်တမ်ရဲ့ ဥပဒေအဖွဲ့ကို ယူကရိန်းစွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ဘူရစ်စ်မာကို ကူညီပေးဖို့ ၂၀၁၄တုန်းက ငှားရမ်းခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းလည်း အတူတူ ညစာသွားစားကြတာမျိုးတွေ ရှိခဲ့ပါသေးတယ်။

ဤခရီး တော်တော်နီးနေပြီဖြစ်တဲ့ ဂျိုးဟာ သူ့အရိုက်အရာကို ဆက်ခံမယ့်သူအတွက် တိုးတိုးတိတ်တိတ် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ခြေ/ဥအတိုင်းဆိုရင် သမ္မတက တာဝန်မထမ်းဆောင်နိုင်ရင် ဒုသမ္မတ၊ ဒုသမ္မတက မထမ်းဆောင်နိုင်ရင် လွှတ်တော်ဥက္ကဋ္ဌ စသဖြင့် အဆင့်ဆင့် သွားရတာပါ။ ကမလာကလည်း ဟီတာနဲ့ ဟူစိန်ကြိုက်တာကလွဲရင် ဒီမန်းရှာဂျိုးလောက်တောင် ဖြောင့်အောင် မပြောနိုင်တော့ ခြေ/ဥကိုကျော်ပြီး ဝန်ကြီးအဖွဲ့ဝင် တဦးဦးကို ပေးဖို့ တိတ်တိတ်လေး ကြိုးစားပါတယ်။ သူတင်ချင်တဲ့သူက ယာယီအလုပ်သမားဝန်ကြီး ဂျူလီဆုဆိုတဲ့ အာရှသူဖြစ်ပါတယ်။ တကယ်တမ်းဖြစ်လာပြီဟေ့ဆိုရင် အာရှထဲက ပထမဆုံး၊ အမျိုးသမီးထဲက ပထမဆုံးဆိုတဲ့ တော်ကီတွေလွှတ်လိုက်ရင် ကမလာတုန်းကလိုပဲ အတွေးမကျယ်ပဲ အသံကျယ်တဲ့သူတွေက ဝိုင်းချစ်ပြကြဦးမှာ မလွဲပါဘူး။ ဂျူလီကို ဝကအဖြစ်တောင် ဆီးနိတ်က အတည်မပြုသေးတာ၊ သမ္မတလုပ်ခိုင်းချင်တယ်ဆိုတော့ နဲနဲတော့ များသွားပါပြီ။​ ဒါလည်း ဟူစိန်အို အကြိုက်ရွေးထားတာလားလို့ စဥ်းစားစရာပါ။

Leave a comment