အစ္စရေးစစ် (၅)

အိုင်ဆင်ဟောင်ဝါလေယာဥ်တင်သင်္ဘောအုပ်စုဟာ ဥရောပကိုသွားနေရာကနေ လမ်းကြောင်းပြောင်းပြီး မြေထဲပင်လယ်အရှေ့ဖက်ကို သွားနေတယ်လို့ ဂျိုးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ပြီးခဲ့တဲ့အပတ်က ကြေငြာခဲ့ပါတယ်။ အဲဒီလမ်းကြောင်းအတိုင်းဆိုရင် သင်္ဘောအုပ်စုဟာ အစ္စရေးအနောက်ဖက်ကို ရောက်သွားပါလိမ့်မယ်။ ၂၂ရက် စနေနေ့မှာတော့ အော်စတင်က တိုက်သင်္ဘောအုပ်စုဟာ ဗဟိုထိန်းချုပ်မှုဒေသကို သွားတော့မယ်လို့ စာထုတ်ပါတယ်။ ဗဟိုထိန်းချုပ်မှုဒေသမှာ ပါရှန်းပင်လယ်နဲ့ ပင်လယ်နီတွေအပါအဝင် အရှေ့အလယ်ပိုင်းက နေရာတော်တော်များများ ပါဝင်နေတဲ့အတွက် အစ္စရေးကို ခြိမ်းခြောက်နေတဲ့ အီရန်နဲ့ ပိုနီးသွားတာ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီနေရာက တရုပ်စစ်သင်္ဘောအုပ်စုတွေ လွန်ခဲ့တဲ့လတွေက စခန်းချနေခဲ့တဲ့ နေရာ ဖြစ်နေတာပါ။

ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေ တိုက်ခိုက်ခံရပြီး ပင်လယ်နီထဲက ဖျက်သင်္ဘော ကာနေက ၉နာရီအတွင်းမှာ ယီမင်က ဟူသီစစ်သွေးကြွတွေ ပစ်လွှတ်တဲ့ ခရုစ်ဒုံးကျည် ၄စင်းနဲ့ ဒရုန်း ၁၅စင်းတို့ကို ပစ်ချပေးခဲ့ရပါတယ်။ ကန် ဖျက်သင်္ဘောတွေဟာ မူလကြေငြာထားတာထက် အများကြီး ပိုများတဲ့ ထောင်နဲ့ချီတဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေကို ကာကွယ်ဖျက်ချပေးနေရတာဖြစ်ပါတယ်။

အီရန်နိုင်ငံခြားဝန်က အစ္စရေးရဲ့ တန်ပြန်ထိုးစစ်တွေကို တားဆီးနိုင်ဖို့ နည်းလမ်းပေါင်းစုံကို ဟာမာ့စ်နဲ့ ဆွေးနွေးနေတာမှာ အီရန်ထောက်ခံပေးထားတဲ့ ဟဇ်ဘိုလာက အစ္စရေးမြောက်ဖက် လက်ဘနွန် ထဲကနေနဲ့ ဟာမာ့စ်က တောင်ဖက်ကနေ ညှပ်တိုက်ဖို့လည်း ပါပါတယ်။ အီရန်က အစ္စရေးအနေနဲ့ ဂါဇာကို တိုက်ခိုက်တာ မရပ်ဖူးဆိုရင် တဒေသလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလိမ့်မယ်လို့ သတိပေးထားပြီး အစ္စရေး စီးပွားရေးဝန်ဘာကက်ကတော့ ဟဇ်ဘိုလာပါလာရင် ဟဇ်ဘိုလာကိုပါ ချေမှုန်းသွားမယ်၊ အစ္စရေးကို ဘက်ပေါင်းစုံက ညှပ်တိုက်လာမယ်ဆိုရင် ငါတို့က အဲဒီအဖွဲ့တွေကိုတင် တုန့်ပြန်မှာမဟုတ်ပဲ မြွေခေါင်းဖြစ်တဲ့ အီရန်ကိုပါ ဦးတည်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ဟာမာ့စ်ကျူးကျော်ချိန် ပထမ ၅ရက်အတွင်းမှာတင် အမေရိကန် ၃၀ကျော် သေဆုံးခဲ့ပြီး ဟူသီသူပုန်တွေလက်ချက်နဲ့ အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်သား ၂၄ဦးခန့် ဒဏ်ရာရရှိထားပါတယ်။ ဘလင်ကန်က စစ်ရှိန်ကတော့ မြင့်လာပြီ၊ ငါတို့က အဲဒီလို ဖြစ်စေချင်တာမဟုတ်ဘူးလို့ ပြောနေပေမယ့် မကျယ်ပြန့်လာဖို့အတွက် အရေးကြီးအချက်ဖြစ်တဲ့ အီရန်နဲ့ ဟာမာ့စ်အတွက် ငွေရလမ်းတွေ ပိတ်ဆို့တာ၊ ငွေလွှဲမရအောင် လုပ်နေတာမျိုးတော့ မရှိနေပါဘူး။ ဂျိုးအစိုးရက အီရန့်ဆရာ တရုပ်အတွက်လည်း  ဆိုလာပြား/ ဘက်ထရီတွေနဲ့ အစိုးရက လူတိုင်းကို ဖရီးပေးနေတယ်ဆိုတဲ့ ကဗတက်စ်ကစ်တွေကနေ ဝင်ငွေရအောင် ဂွင်ဖန်ပေးထားပါတယ်။

ဂျိုးအစိုးရက မဟာမိတ်ဆိုတဲ့ အစ္စရေးကို ကူညီပါမယ်လို့ အတန်တန်ပြောနေပေမယ့် တောင်းတဲ့ဘတ်ဂျက် ၁၀၅ဘီလီယံထဲမှာ အစ္စရေးအတွက်က ၁၄.၃ဘီလီယံပဲပါပြီး ယူကရိန်းအတွက် ၆၁.၄ဘီလီယံ၊ လူသားချင်းစာနာမှုအထောက်အပံ့လို့ ခေါင်းစဥ်တပ်ထားတာက ၉.၁၅၊ ၇.၄က တိုင်ဝမ်နဲ့ အင်ဒိုပစိဖိတ်၊ ၁၃.၆က နယ်စပ်အတွက်လို့ ဆိုပါတယ်။ အစ္စရေးကို ထောက်ပံ့ဖို့ ကွန်ဂရက်စ်က အတည်ပြုမှာ ကျိန်းသေပေမယ့် ဘာစာရင်းဇယားမှလည်း မပြနိုင်၊ ပြီးဆုံးဖို့လည်း မမြင်သေးတဲ့ ယူကရိန်းစစ်နဲ့ ချည်ထားတာ ရိုးသားတယ်လို့ ဘယ်လိုမှ မမြင်မိပါဘူး။

ဟူစိန်အိုနဲ့ ဂျိုးတို့က အမေရိကန်ကို မုန်းတဲ့အီရန်ကို ဘယ်လောက်အကျိုးပြုခဲ့သလဲဆိုရင် ဟူစိန်လက်ထက်မှာ အီရန်အရံငွေကြေးဟာ ၁၂၀ဘီလီယံအထိ ဖြစ်သွားပါတယ်။ အဲဒီကနေ ထရမ့်တက်တဲ့ ၄နှစ်အတွင်း ၁၅ဘီလီယံကို ကျသွားတာနဲ့အတူ ဘာမှမလှုပ်နိုင်တော့တာကြောင့် ကမ္ဘာကြီး ငြိမ်းချမ်းခဲ့ပါတယ်။ ဂျိုးတက်လာပြီးတော့ ၁၅ကနေ ၂နှစ်ခွဲအတွင်း ၅၀ဘီလီယံ ပြန်ဖြစ်သွားတာပါ။ ဒါတင်မက ဂျိုးရဲ့ ကလိုင်းမိတ်ဇာလည်းဖြစ် ဟူစိန်လက်ထက်က နိုင်ငံခြားဝန်လည်းဖြစ်တဲ့ ဂျွန်ကယ်ရီက အီရန်နိုင်ငံခြားဝန်ကို အစ္စရေးရဲ့ စစ်ရေးသတင်းတွေ ဖောက်ချပေးနေတဲ့ အသံဖိုင်ထွက်လာခဲ့လို့ ကလိုင်းမိတ်ဇာအဖြစ်က နှုတ်ထွက်ဖို့တောင် ရီပါဘလစ်ကန်တွေ ဖိအားပေးခဲ့ကြပါသေးတယ်။ မီဒီညာတွေက ဖုံးထားလို့ မသိကြတာ ဖြစ်ပါတယ်။

တောင်ဖက်နယ်စပ်အပွင့်ကနေ အောက်တိုဘာ ၁-၁၄အတွင်း ဝင်လာခဲ့သူတွေထဲမှာ အီရန် ၃၀ကျော်၊ ဆီးရီးယား ၆၀ခန့်၊ ပါကစ္စတန် ၃၅၊ ရုရှား ၁၀၀ကျော်၊ အာဖဂန် ၂၈၅နဲ့ တရုတ် ၂၀၀၀နီးပါး ပါပါတယ်။ ဝင်လာကြသူတွေက တိုက်ခိုက်လို့ကောင်းတဲ့ အရွယ် ကျားတွေဖြစ်ပြီး မိသားစုမပါပဲ တကိုယ်တည်း လာကြသူတွေ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမှာပဲ ဖက်ဒရယ်အရာရှိတဦးက နယ်စပ်က ဝင်လာသူတွေထဲမှာ ဟာမာ့စ်နဲ့ ဟဇ်ဘိုလာတွေပါ ပါနေနိုင်တယ်လို့ သတိပေးထားပါတယ်။ ဝင်လာတဲ့ တရုပ်တွေဟာ စစ်ဘက်ကဖြစ်နိုင်တယ်လို့ နယ်စပ်တာဝန်ရှိသူတဦးက ခန့်မှန်းပြောကြားလိုက်ပါတယ်။

ဂျိုးအစိုးရက အမေရိကန်ဓါးစာခံ ၅ယောက်ကို လွှတ်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန်ကို ၆ဘီလီယံပေးခဲ့တဲ့ သဘောတူညီချက်မှာ မီဒီယာတွေ မပြောတာက အမေရိကန်မှာ ဖမ်းထားတဲ့ အီရန်စစ်ဆင်ရေးသမားတွေကို ပြန်လွှတ်ပေးရတာပါ။ အဲဒီလိုလွှတ်တာကလည်း အီရန်ကို လွှတ်တာမဟုတ်ပဲ အီရန်အစိုးရရဲ့ တောင်းဆိုချက်နဲ့ အမေရိကန်ပြည်တွင်းမှာ ပြန်လွှတ်ပေးလိုက်တာပါလို့ ဂေါ်ဒန်ချန်းက ဆိုပါတယ်။ နယ်စပ်က ဝင်လာတဲ့ အကြမ်းဖက်တွေကို ဦးဆောင်ပြီး နောက်ထပ် ၉/၁၁ တွေ လုပ်ကြဦးတော့မှာပေါ့။

အီရန်နောက်မှာ တရုပ်အပြင် ရုရှားပါ ရှိနေသလို အဲဒီ ၂နိုင်ငံလုံးက ဟာမာ့စ်တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချမှုမပြုသလို ဓါးစာခံတွေ လွှတ်ပေးဖို့လည်း မဟပေမယ့် အစ္စရေးကိုတော့ ထိန်းချုပ်ဖို့ပြောပါတယ်။ ဟာမာ့စ်တွေဆီမှာ တွေ့ရတဲ့ လက်နက်တွေထဲမှာ မ/ကိုရီးယားကဟာတွေပါ ပါနေတော့ ကမ္ဘာစစ်ဖြစ်ရင် ရုရှား၊ တရုပ်၊ မ/ကိုရီးယားနဲ့ အကြမ်းဖက်တွေကတဖက် ဖြစ်လာမှာပါ။ တဖက်က သေချာနေပေမယ့် ကျန်တဖက်က တကယ့်မဟာမိတ်ဖြစ်ပါ့မလားဆိုတာကတော့ ဂျိုးက မဟာမိတ်တွေကို ဦးမဆောင်နိုင်တာရယ်၊ တရုပ်ကို လေသံမာမာတောင် မပြောရဲတာရယ်ဆိုတော့ မဖြစ်ခင်က ရှုံးနှင့်နေမလားလို့တောင် ထင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရင် ဘယ်ပါတီဝင် ဘယ်ပြည်သူမှ အကျိုးမရှိတာကိုတော့ မြင်နိုင်ကြမယ်ထင်ပါတယ်။

ဟာမာ့စ်တွေ သတ်ဖြတ်ခဲ့တဲ့ အလောင်းတွေကို မြေမြှုပ်မသင်္ဂြိုလ်ခင် သန့်စင်ပြုပြင်ပေးရတဲ့ IDF စစ်ဘက်ဝန်ထမ်းတဦးက ဟာမာ့စ်တွေ မုဒိမ်းကျင့်လွှတ်လိုက်တဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ အဖွားအိုတွေရဲ့ တင်ပါးဆုံရိုးကွင်းတွေတောင် ကျိုးနေတာ တွေ့ရကြောင်း၊ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ကိုဓါးနဲ့ခွဲ၊ ကလေးထုတ်၊ ခေါင်း ဖြတ်၊ ပြီးတော့ မိခင်ကိုပါဖြတ်တာတွေ တွေ့ရသလို မိန်းမတွေကို အိပ်ယာထဲက နှိုး ခေါင်း ဖြတ်၊ ပစ်သတ်၊ မျက်နှာတွေကို ကျည်နဲ့ပစ်၊ ခေါင်းတွေခြေမွ၊ မီးသွေးတုံးဖြစ်အောင် ရှို့ထားတာတွေ၊ လက်ပြန်ကြိုးတုပ်လျက်သားအလောင်းတွေ၊ လက်/ခြေ/ တန်ဆာဖြတ်ထားတဲ့ အလောင်းတွေ အမျိုးစုံ တွေ့ရတယ်လို့ ဆိုပါတယ်။ တော်ရုံလူစိတ်ရှိသူ မလုပ်နိုင်တဲ့ ဆိုးရွားလုပ်ရပ်တွေကို မမြင်ပဲ ဖြူ၊ ဝါ၊ ညို၊ မည်း အသားအရောင်မျိုးစုံဂျူးတွေအပြင် အာရပ်တွေပါ လူ့အခွင့်အရေးရှိရှိ သင့်တင့်နေထိုင်ကြတဲ့ နိုင်ငံကိုမှ အပါသိတ်လို့ စွပ်စွဲနေတာ ဘယ်လောက်လွဲနေသလဲဆိုတာ မြင်နိုင်ကြမယ်ထင်ပါတယ်။

နောက်လွဲတာတခုက အစ္စရေး-ဟာမာ့စ်စစ်ကို ဘာသာရေး/လူမျိုးရေး အခြေခံတယ်လို့ မြင်ကြတာပါ။ တရုပ်က အီရန်နဲ့ အကြမ်းဖက်တွေနောက်မှာ ရောက်နေတာက ဒီပဋိပက္ခဟာ ဘာသာရေး လူမျိုးရေး မဟုတ်ဘူးဆိုတာကို ရှင်းစေတာပါပဲ။ တရုပ်ပြည်မှာ ဂျူးတရုပ်တွေရှိသလို မွတ်တရုပ်တွေလည်း အများကြီးရှိပါတယ်။ မွတ်တရုပ်တွေအပေါ် တရုပ်အစိုးရက ဘယ်လိုနှိပ်ကွပ်တယ်ဆိုတာ အီရန်နဲ့ အကြမ်းဖက်တွေ မသိပဲမနေမှာ အမှန်ပါ။ လူမျိုးမှာလည်း ဟာမာ့စ်တွေက ပါလက်စတိုင်းအားလုံးကို ကိုယ်စားမပြုသလို အာရပ်တိုင်းက အမေရိကန်ရန်သူမဟုတ်ပါဘူး။ (ဂျိုးအစိုးရက ဟူသီတွေ မိတ်ဆွေယူအေအီးကို တိုက်ခိုက်တုန်းက ဘာမှဝင်မကူပဲ ပြစ်ထားပြီးနောက်မှသာ မိတ်ဆွေအာရပ်တွေနဲ့ ဆက်ဆံရေး အေးစက်သွားတာပါ။) အာဏာရှင်တွေအားလုံးအတွက် အရေးအကြီးဆုံးက လူမျိုးရေးလည်း မဟုတ်၊ ဘာသာရေးလည်းမဟုတ်၊ သူတို့ အာဏာတည်မြဲ/ လွှမ်းမိုးဖို့ပဲ ဖြစ်ပါတယ်။

Leave a comment