Transgender Lies

ထရန်စ်အာဂျင်ဒါကို တွန်းကြသူတွေဟာ နတ်ရေကန်ထဲဆင်းလိုက်သလို ကျားက မ အဖြစ် မ က ကျားအဖြစ် ပြောင်းနိုင်ကြောင်း၊ ကလေးတွေရဲ့ စိတ်ကျန်းမာရေးအတွက် ပြောင်းချင်ရင် ပြောင်းပေးသင့်ကြောင်း၊ မိဘတွေက ထရန်စ်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှနားလည်တာမဟုတ်လို့ မိဘတွေကို အသိပေးနေစရာကို မလိုကြောင်း၊ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပြောင်းလဲပေးလိုက်ရင် မင်းတို့အိ်ပ်မက်ထဲကလို အနေအထားမျိုး ရောက်သွားမှာဖြစ်ကြောင်း ရွှန်းရွှန်းဝေအောင် ပြောကြပေမယ့် အရင် အလားတူခွဲစိတ်မှုမျိုး ဘယ်နှစ်ကြိမ် ပြုလုပ်ဖူးသလဲ၊ ဘယ်လောက်အောင်မြင်သလဲ၊ ဘယ်လိုလူ ဘယ်လိုအခြေအနေမျိုးတွေမှာ အောင်မြင်နိုင်ခြေ ပိုများသလဲ၊ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေရှိသလဲ၊ အဆိုးဆုံးက ဘာတွေဖြစ်လာနိုင်မလဲ၊ အဲဒါတွေကြုံလာရင် ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လောက်ကြာကြာ နာကျင်မှုခံစားရမှာလဲ၊ စတာတွေ ဘာမှ ပြောပြခြင်းမရှိပါဘူး။

မိဘတွေကလည်း ကန့်ကွက်ရင် အားမပေးရင် ကလေးကိုပါ လက်လွတ်ဆုံးရှုံးနိုင်မယ့်အထိ လက်ဝဲတွေက မောင်းနေကြတော့ ပိုက်ဆံပုံပေးပြီး ကိုယ့်သားသမီး ဓါတ်ခွဲခန်းကကြွက်လေးတွေလို ခံစားနေရတာ လက်ပိုက်ကြည့်နေရတဲ့ဘဝပါ။ ကလေးတွေကလည်း နာကျင်ကြေကွဲ နောင်တရကြပေမယ့် ရှက်ကြောက်ကြတာတပိုင်း၊ သူတို့ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပေးတဲ့မိဘတွေကို ဒုက္ခပေးမိတာကို ယူကျုံးမရတာကတပိုင်း၊ နဂိုထဲကမှ ကိုယ့်အသိုင်းအဝိုင်းမှာ အဆင်မပြေလို့ ပြေလိုပြေငြား ပြောင်းခါမှ ပိုဆိုးကြတာတပိုင်းနဲ့ဆိုတော့ စိတ်ဒုက္ခက တော်တော်လေး သက်ရောက်မှု ကြီးပါတယ်။

ခွဲစိတ်ထားတဲ့သူတွေက နှစ်ပေါင်းများစွာ ပြောင်းလဲထားတဲ့ ခန္ဒာကိုယ်ကို ပြန်ပြောင်းချင်ရင်တောင် မူလအတိုင်း ပြန်မဖြစ်နိုင်တော့တာရယ်၊ နာကျင်မှုတွေ ထပ်မခံချင်တော့တာရယ်၊ ပြန်ပြောင်းတာက ပိုကုန်ကျမှာရယ်နဲ့ဆိုတော့ ကိုယ့်ကို အမြတ်ထုတ်ခဲ့တဲ့ အသိုင်းအဝိုင်းကနေ မထွက်နိုင်တော့ပဲ တသက်လုံးဟော်မုန်းတွေပဲ ဆက်စားနေရတော့တာပါ။ မွေးတုန်းက ကျားဖြစ်ပြီး မိန်းကလေးဘဝကို လိုချင်ခဲ့တဲ့ ဘရီယန်နာအိုင်ဗီက သူမကို ခွဲစိတ်ခဲ့တဲ့ဆေးရုံက သူမနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ ဘာတခုမှမကျန်အောင် အစဖျောက်ထားလိုက်ပါတယ်တဲ့။ သူမကို ခွဲပေးခဲ့တဲ့ ဆရာဝန်တွေက ဆရာဝန်ဆိုတာထက် အက်တီဗစ်တွေပါတဲ့။ တရားဥပဒေအထက်မှာ ဘယ်သူတွေရှိနေသလဲဆိုတာ သိချင်ရင် အာဏာရှိသူဘယ်သူတွေက မောင်းနေတာလဲဆိုတာ ကြည့်ရင် သိပါလိမ့်မယ်။ ခုခေတ်မှာ ထရန်စ်အာဂျင်ဒါကို ဆိုရှယ်မီဒီယာအားနဲ့ တွန်းနေတော့ ထရန်စ်ဖြစ်ဖို့ စိတ်ယိုင်နေသူလူငယ်တွေ မနည်းပါဘူး။ အကျိုးအပြစ် သေချာသိပြီး စဥ်းစားနိုင်အောင်လို့ စိတ်ယိုင်နေတဲ့ တယောက်ယောက် ကြည့်မိသွားလည်း မနည်းပါဘူးလို့ ယုံကြည်လို့ မျှဝေပေးပါတယ်။

Leave a comment