အင်္ဂါနေ့က ဇယ်လင်စကီနဲ့ အိမ်ဖြူမှာတွေ့ဆုံတဲ့အချိန်မှာ ဂျိုးနဲ့ ဇယ်လင်စကီတို့နှစ်ဦး ပါလာတဲ့စာတွေ ဖတ်ပြအပြီးမှာ သတင်းထောက်တွေက မေးခွန်းတွေ ဝိုင်းမေးကြတာကို ဂျိုးကရပ်ခိုင်းပြီး ယူကရိန်းကို ကာကွယ်ရေးဝန်ကြီးဌာနကနေ ဒေါ်လာ သန်း၂၀၀ ထပ်ပေးဖို့ လက်မှတ်ထိုးထားပြီးပြီလို့ ဆိုပါတယ်။ စစ်နဲ့အနီးဆုံး ဥရောပက အီးယူနဲ့ နေတိုးမဟာမိတ်တွေတောင် ဘာမှဟုတ်တိပတ်တိ ကူနေတာ မဟုတ်တော့ ဂျိုးတို့ တချိန်လုံးမောင်းနေတဲ့ ရုရှားအန္တရာယ်ဆိုတာကြီးက ထရမ့်ကိုစွပ်စွဲခဲ့တဲ့ ရုရှားဟုတ်စ်လိုဟာကြီးပဲ ဖြစ်နေမှာပေါ့။
ရုရှားက ယူကရိန်းကို သိမ်းချင်တာမဟုတ်ဘူး၊ ရုရှားများတဲ့ နယ်၂ခုကိုပဲ လိုချင်တာ၊ မပေးနိုင်ဘူးလို့ပြောမလို့လား။ ဟူစိန်လက်ထက်မှာ ရုရှားက ခရိုင်းမီးယားကို လုသွားတာ စစ်ပွဲက တလနဲ့ ၆ရက်ပဲကြာတယ်။ အခုစစ်ပွဲက နှစ်ချီနေပြီ၊ စစ်စားရိတ်တင် တနေ့ကို ၀.၅-၁ဘီလီယံ ကျနေပြီ၊ သေတဲ့လူလည်း သောက်သောက်လည်း၊ နိုင်ငံလည်း ပြာပုံဖြစ်လို့၊ ပြီးတော့ကော နိုင်ဦးမှာတဲ့လား၊ ဒီ ၂နယ်မရပဲ စစ်က မပြီးဘူး။ အဲဒီ ၂နယ်မှာ နေတာလည်း ရုရှားတွေများတော့ သူတို့ကလည်း ရုရှားကိုပဲ သစ္စာခံမှာပေါ့။ ဆက်တိုက်နေရတဲ့ အကြောင်းရင်းက စစ်ကိုမှီပြီး ကြံစုပ်ချင်တဲ့ စစ်လက်နက်စက်ရုံတွေရဲ့ လက်ဝေခံ နိုင်ငံရေးသမားတွေနဲ့ သူတို့နောက်လိုက် မီဒီယာတွေ ဝေလေလေတွေပဲရှိတယ်။ ကျန်တာ ဘယ်သူမှ အကျိုးမရှိဘူး။
ဟူစိန်လက်ထက်မှာ တပ်ထဲက ပြုပြင်ထိန်းသိမ်းစားရိတ်တွေ ဖြတ်ချလိုက်လို့ သုံးမရတော့တဲ့ တိုက်လေယာဥ်တွေ စစ်သင်္ဘောတွေ ယာဥ်ယန္တယားတွေ အများကြီးကို ထရမ့်တက်လာတော့မှ ပြန်ပြင်ကြရတာပါ။ အခုဆိုရင် တရုပ်ရေတပ်မှာ ဆပ်မရင်းအပါအဝင် စစ်သင်္ဘော ၃၈၀ကျော်ရှိပြီး မကြာခင် ၄၀၀ကျော်တော့မှာပါ။ အမေရိကန်ရေတပ်မှာတော့ ၂၀၂၄မှာ သုံးနိုင်တဲ့ စစ်သင်္ဘောက ၂၉၃စီးပဲ ရှိပါတော့တယ်။ ရသမျှဘတ်ဂျက်ကလည်း သူများနိုင်ငံကို ခွဲပေးရတာနဲ့ ဒီအီးအိုင်လက်ဝဲ အတွေးအခေါ်တွေ ရိုက်သွင်းဖို့တွေပဲ လုပ်နေတော့ အရေးရယ် အကြောင်းရယ်ဆိုရင် သူများနိုင်ငံကို ကာကွယ်ဖို့မပြောနဲ့ ကိုယ့်ဖာသာကိုယ်တောင် ကာကွယ်နိုင်တဲ့ အခြေအနေ ရှိပါ့မလားဆိုတာ အလေးအနက် စဥ်းစားကြပါ။
Un အန်အဖွဲ့ကြီးဟာ ဂလိုဘဲဝမ်းမင်းတို့ ကလိုင်းမိတ်ချိန့်တို့ကို တိုက်ဖျက်ဖို့အတွက် ချမ်းသာတဲ့နိုင်ငံတွေ အသားလျော့စားကြခြင်းဖြင့် ဝင်ငွေနည်းပါးတဲ့နိုင်ငံတွေကို ကလိုင်းမိတ်ချိန့်တိုက်ဖျက်ဖို့ အခွင့်အရေးပေးဖို့ဆိုတဲ့ အဆိုပြုချက်တခုတင်ဖို့ ကြိုးစားနေပါတယ်။ အသားလျော့စားတာကောင်းတာပေါ့လို့ သူတော်ကောင်းကြီးများက တွေးကြဦးမှာပါ၊ ဒါပေမယ့် ခုပြောချင်တာက အသားစားတာ အဓိကမဟုတ်ပါဘူး၊ လူတွေရဲ့ မွေးရာပါ လွတ်လပ်ခွင့်တွေကို တဖြည်းဖြည်း မူလီကြပ်လာတာကို မြင်စေချင်တာပါ။
အသားလျော့စားရင် အသီး အနှံ အရွက် ပိုထုတ်ရမယ်၊ ပိုးသတ်ဆေး၊ မြေဩဇာပိုသုံးရမယ်၊ အဲဒါတွေကြောင့် ကင်ဆာဖြစ်ရင် ဘစ်ဖာမာက ပျော်ပြီလေ၊ ဘစ်ဖာမာပျော်ရင် လက်ဝေခံနိုင်ငံရေးသမားတွေ အန်ဂျီအိုတွေ ရေလျှံပြီပေါ့။ ဘေဂိတ်ကြီးကလည်း ဓါတ်ခွဲခန်းကထုတ်တဲ့အသားနဲ့ စောင့်နေမှာ။ ဓါတ်ခွဲခန်းကထောပတ်တု မာဂျရင်းကတော့ အစက ကျန်းမာရေးအတွက် ကောင်းလွန်းတဲ့ နတ်သုဒ္ဓါလိုလိုကြော်ငြာပြီး ခုကျမှ ခန္ဓာကိုယ် ယောင်ကိုင်းစေတဲ့ အဓိကလက်သည်ကြီးဖြစ်နေမှန်း စသိလာကြတာ။ ဓါတ်ခွဲခန်းကအသားရော ဘယ်လောက်ယုံရမှာလဲ။
ကာလီဖိုးနီးယားမှာ ရေစီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အစိုးရဟာ ဂလိုဘဲဝမ်းမင်းအကြောင်းပြပြီး မိလ္လာကနေ သောက်သုံးရေထုတ်ယူဖို့ အဆိုတင်ထားတာ ရှေ့တပတ်ထဲ အတည်ပြုချက် ရဖို့ ရှိနေပါတယ်။ အဆိုပြုသူတွေက ရက်အနည်းငယ်ကနေ နာရီပိုင်းအတွင်းမှာ မိလ္လာကနေ သောက်သုံးရေအဖြစ် ပြောင်းလဲနိုင်တယ်လို့ ဆိုထားပါတယ်။ လက်ရှိဖြန့်ဖြူးနေတဲ့ သောက်သုံးရေမှာ ဟဲဗီးမက်တယ်လ်တွေ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဓါတ်တွေ ပါနေတာကို ဖြေရှင်းဖို့ အစီအစဥ်ရှိပုံမရပါဘူး။ သေချာတာကတော့ နျူဆမ်တို့လို နိုင်ငံရေးသမားတွေ ဘယ်သူမှ ပိုက်ကလာတဲ့ရေ သောက်မှာ မဟုတ်တာနဲ့ သူတို့လုပ်တာတွေ စိတ်မဝင်စားသူတွေ သိလိုက်မှာ မဟုတ်တာပါပဲ။ ကိုယ့်မြို့ကို ရေပေးတဲ့အဖွဲ့က ပြည်သူ့ဆန္ဒခံယူရဦးမယ်လို့ တွေ့လိုက်သလို LA, San Diego, Santa Clara တွေမှာ စနေပြီလို့လည်း တွေ့လိုက်ပါတယ်။ အဲဒီမြို့တွေက စားသောက်ဆိုင်တွေသွားရင် ရေရိုးရိုးမှာမသောက်နဲ့ပေါ့နော်။
ကာလီဖိုးနီးယားက အစိုးရကျောင်းတွေ ကောလိပ်တွေဟာ လက်ရှိစာသင်နှစ်အတွက် ၃၀ဘီလီယံ ဘတ်ဂျက်လိုငွေပြနေပြီး ၂၀၂၄-၄၅ခုနှစ်မှာ ၆၈ဘီလီယံအထိ လိုငွေပြမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ ၂၀၂၃-၃၄အတွက် ဘတ်ဂျက်က ၃၁၀ဘီလီယံ ဖြစ်ပါတယ်။ LA မှာ ယူနီယံတွေနဲ့ ညှိနှိုင်းအပြီးမှာ ဆရာ/မတွေ ဝန်ထမ်းတွေကို လခ ၃၀%တိုးပေးလိုက်ရပြီးနောက် LA က အစိုးရကျောင်းတွေဟာ ဒေဝါလီခံရဖို့ တော်တော်နီးလာပြီလို့ ပြည်နယ်ဆီးနိတ် လူများစု ခေါင်းဆောင်ဟောင်း ဂလိုရီယာ ရိုမေရိုက ဆိုပါတယ်။ ယူနီယံတွေဟာ ဒီမိုကရက်ခေါင်းဆောင်တွေ ရွေးကောက်ခံရဖို့ အဓိက ထောက်ပံ့ပေးသူများဖြစ်နေပြီး သူတို့ရွေးတဲ့သူများ အာဏာရလာတဲ့အခါ ယူနီယံတွေကို အလိုလိုက်ခြင်းဖြင့် အပြန်အလှန်အကျိုးပြုနေကြတာ ဖြစ်ပါတယ်။
အဆိုပါဘတ်ဂျက်လိုငွေပြမှုကို လျော့ချဖို့ နေ့ကလေးထိန်းဌာနတွေလို အတန်းကျောင်း ကောလိပ်မဟုတ်တဲ့ အစီအစဥ်တွေက အရင်ဖြတ်တောက် ခံရမှာပါ။ အဲဒီလိုဖြစ်လာရင် ဝင်ငွေနည်းသူတွေ အရင်ဒုက္ခရောက်ဦးမှာပါ။ ကလေးထိန်းစရိတ် မတတ်နိုင်ရင် ဖျက်ချလို့ မပြောရုံတမယ်ပါပဲ။ အစိုးရရဲ့ နေ့ကလေးထိန်းဝန်ဆောင်မှု လိုအပ်သူတွေက ဝင်ငွေနည်းတဲ့ လူမည်း လူညိုတွေ အများစုဖြစ်ပြီး လုပ်ငန်းခွင်ဝင်ဖို့ အဟန့်အတားဖြစ်နေပါတယ်။ ကာလီဖိုးနီးယားက တပါတီစနစ်ဖြစ်နေတော့ ခြစားတဲ့သံသရာ စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့သံသရာက ထွက်လာဖို့ မလွယ်ဘူး ဖြစ်နေတာပါ။
ကာလီဖိုးနီးယားမှာ လျှပ်စစ်မီတာခကို သုံးစွဲမှုအပေါ်မှာမဟုတ်ပဲ သုံးစွဲသူရဲ့ ဝင်ငွေပေါ်မှာ မူတည်ပြီး ကောက်ယူသွားဖို့ စွမ်းအင်ကုမ္ပဏီတွေက အဆိုပြုထားပါတယ်။ ပုံမှန်မီတာခတွေမှာ ဘယ်လောက်ပဲ သုံးသုံး မသုံးသုံး ပေးကိုပေးရတဲ့ ပုံသေသတ်မှတ်ထားတဲ့ ပမာဏရှိပါတယ်။ ဘယ်အကောင့်မဆို တလကို ၁၂ လောက်တော့ ကျပါတယ်။ သင့်အိမ်/ရုံးကို စွမ်းအင်ပို့ပေးခလို့ ဆိုပါတယ်။ အဲဒီအပေါ်မှာမှ သုံးသလောက် ထပ်ပေးရတာပါ။ လူသုံးများတဲ့အချိန်ဆို ဈေးပိုကြီးပါတယ်။ လက်ရှိစွမ်းအင်ဥပဒေအရ စွမ်းအင်ကုမ္ပဏီကြီးတွေဟာ နှစ်တနှစ်အတွက် ရည်မှန်းဝင်ငွေ သတ်မှတ်ချက်ပေါ်မူတည်ပြီး ပုံသေဘယ်လောက်၊ သုံးတဲ့ပမာဏပေါ်ဘယ်လောက်ဆိုတာ သတ်မှတ်ရတာပါ။ ပုံသေနှုန်းနဲရင် သုံးသလောက်ကျသင့်နှုန်း မြင့်မှာဖြစ်ပြီး ပုံသေနှုန်းမြင့်ရင် သုံးသလောက်ကျသင့်နှုန်းက နည်းသွားမှာ ဖြစ်ပါတယ်။
အဆိုပြုထားတဲ့စနစ်မှာတော့ တနှစ်ဝင်ငွေ ၂၈,၀၀၀အောက်ဆိုရင် တလကို ၁၅၊ ၂၈၀၀၀-၆၉၀၀၀ အတွင်းဆိုရင် တလကို ၃၀၊ ၆၉၀၀၀-၁၈၀၀၀၀ ဆိုရင် တလကို ၅၁၊ အဲဒီအထက်ဆိုရင် တလကို ၉၂၊ ဒါက မသုံးလဲ ပေးနေရမယ့် ပုံသေပမာဏတွေပါ။ တနှစ်ဝင်ငွေ ၁၈၀၀၀၀ကျော်သွားရင် လက်ရှိထက် တနှစ်ကို ၅၀၀ကျော်လောက် ပိုကျသွားတော့မှာပါ။ ပုံသေနှုန်းမြင့်လာတဲ့သဘောက သုံးတဲ့ပေါ်မှာ ကျတဲ့နှုန်း နည်းသွားမှာဖြစ်လို့ မသုံးတဲ့မီးတွေ ဂရုတစိုက်ပိတ်ဖို့၊ စွမ်းအင်ခသက်သာတဲ့ လူသုံးနည်းတဲ့ အချိန်ကျမှ စွမ်းအင်များများလိုတာတွေသုံးဖို့ စသဖြင့် သတိထားသုံးဖို့ အားမပေးတဲ့အပြင် kWh နှုန်း နိမ့်တဲ့အတွက် ဂက်စ်ထက် လျှပ်စစ်သုံးပစ္စည်းတွေကို ပိုသုံးလာနိုင်တာကြောင့် မနိုင်ဝန် ပိုပိစေမှာပါ။
ဂျိုးတို့ဒီမိုကရက်တွေက ကိုယ့်တိုင်းပြည်မှာ ပေါများတဲ့ ဂက်စ်ကို မသုံးစေချင်တာဆိုတော့ စွမ်းအင်ကုမ္ပဏီကြီးတွေလည်း အစိုးရဘောမပြီး အီးအက်စ်ဂျီအမှတ်ရအောင် လုပ်နေကြပုံပါပဲ။ ပြဿနာက လျှပ်စစ်ရဖို့ ဂက်စ်နဲ့ မောင်းရသေးတာဆိုတာ ဒီမိုကရက်မဲပေးသူတွေ သိကြပုံမရပါဘူး။ အဆိုပြုချက်က ၂၀၂၄ ဂျူလိုင်မတိုင်ခင် အတည်ဖြစ်မှာ မဟုတ်ပါဘူး။
လောလောဆယ်မှာတော့ မြောက်ပိုင်းကာလီဖိုးနီးယားမှာ ပစိဖိတ်ဂက်စ်နဲ့လျှပ်စစ်ကုမ္ပဏီရဲ့ လျောက်ထားချက်နဲ့ ပါ့ဘလစ်ယူတဲလတီကော်မရှင်က နှုန်းတွေ တက်ဖို့ အတည်ပြုပေးလိုက်တာ ၂ပတ်ပဲ ရှိသေးတဲ့အချိန်မှာ သူတို့ရဲ့ ၁.၆ဘီလီယံအသုံးစာရိတ်နဲ့ နောက်ထပ် ကြားကာလ ထပ်တက်ခွင့် ပေးဖို့ ထပ်မံတောင်းဆိုထားပါတယ်။ တောမီးနဲ့ သဘာဝဘေးအတွက်ပြင်ဆင်ဖို့ စားရိတ်တွေ ကာမိအောင် တက်ရတာလို့ အကြောင်းပြထားပါတယ်။ စီမံခန့်ခွဲမှုညံ့ဖျင်းလွန်းတဲ့ ခြစားတွေလက်ထက်ကျမှပဲ လူသားတွေ သဘာဝက လုပ်သမျှ ကားနေအောင် ခံနေရတဲ့ ဘဝပါ။