ကိုလိုရာဒိုပြည်နယ်ဆူပရင်းမ်ကုတ်က ဂျန်၆ကိစ္စအကြောင်းပြပြီး ဒီဂျေထရမ့်ကို ပြည်နယ်ရဲ့ ပဏာမရကပမဲပြားပေါ်မှာ အမည်မထည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ထက်မြင့်တဲ့ ဖက်ဒရယ် ဆူပရင်းကုတ်ကို အယူခံတက်မှာဆိုတော့ ဆူပရင်းမ်ကုတ်က လိုလိတာ8ပရက်စ်စီးတဲ့ ခေါင်းဆောင်ကြီး သွေးမကြောင်ဖို့ပဲ လိုပါတယ်။ မဲပြားပေါ်နာမည်မပါရရင် တချို့အနေအထားမှာ ကိုယ့်ဖာသာကိုယ် ရေးထည့်လို့တော့ ရပါတယ်။ ဒါပေမယ့် ပြည်နယ်ရဲ့ ရီပါဘလစ်ကန်ပါတီဝင် ၉သိန်းကျော်မှာ တဝက်လောက်က ရေးထည့်ရမယ်ဆိုရင် ဖြစ်နိုင်ခြေ နည်းသွားတာတော့ အမှန်ပါ။ ဒီအခြေအနေကို ရောက်အောင် ဒီမိုကရက်တွေက သူတို့အားကောင်းတဲ့ပြည်နယ်တိုင်းမှာ ကြိုးစားနေပါတယ်။ ပြည်နယ်တရားသူကြီးတွေနဲ့ ပြည်နယ်ဆူပရင်းမ်ကုတ်တွေ သမာသမတ်ကျဖို့ အထူးလိုအပ်ပါတယ်။
ပလိုးစီနဲ့ မက်ကာသီတို့ ထိန်ချန်ထားခဲ့တဲ့ ဂျန်၆မှာ ဖြစ်ခဲ့သမျှ ဗီဒီယိုမှတ်တမ်းတွေကို လွှတ်တော်စပီကာသစ် မိုက်ခ်ဂျွန်ဆင်က အများပြည်သူကို ထုတ်ပေးလိုက်ပြီးလို့ ဂျာနယ်လစ်အစစ်တွေကလည်း ဖြစ်ရပ်မှန်တွေကို ပြည်သူတွေသိအောင် သုံးသပ်တင်ပြခဲ့ကြပြီးပါပြီ။ ဖြစ်ခဲ့သမျှက အရင်အကြိမ်ကြိမ် ရေးခဲ့သလိုပဲ ပလိုးစီက ထရမ့်တောင်းတဲ့ လုံခြုံရေးမပေးပဲထားတာ၊ ခါတိုင်း အမြဲပိတ်ထားတဲ့အပေါက်တွေက ထူးထူးဆန်းဆန်း ပွင့်နေတာ၊ ပွင့်နေကျအပေါက်တွေမှာလည်း ခါတိုင်းလုံခြုံရေးရှိပေမယ့် အဲဒီနေ့ကျမှ မရှိတာ၊ အဖ်ဘျီအိုင်က အလံရှူးတွေ လွှတ်ပြီး မာဂါယောင်ဆောင် ရှေ့ကနေဖောက်ပြ ရမ်းပြ၊ နောက်ကနေ တိုးပြကြတာ၊ ရဲမပီသတဲ့ ပလိုးစီဩဇာခံ ကာပီတိုပူးလိစ်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အငြှိုးနဲ့ သတိလစ် တေဆုံးတဲ့အထိ ဘောင်ကျော်ပြီးရိုက်တာ၊ အနီးကပ်ပစ်သတ်တာ၊ အဲဒီလူတွေကို အရေးယူဖို့ဝေးလို့ ရာထူးတိုး လစာပြည့်ခွင့်ရှည်တွေတောင် ရနေကြတာ အဲဒါတွေ အားလုံးကို ခြုံကြည့်ရင် သေချာစနစ်တကျ ထောင်ချောက်ဆင်ထားတာကို တွေ့ရမှာပါ။
ကိုလိုရာဒိုဆူပရင်းမ်ကုတ်ရဲ့ အဆုံးအဖြတ်ဟာ ခြေ/ဥနဲ့ မညီတဲ့အတွက် ရီပါဘလစ်ကန်သမ္မတလောင်း ဝင်ပြိုင်သူ ဗီဗိတ်ခ်ရာမာဆွာမိက မဲပြားပေါ်မှာ ထရမ့်မပါရရင် သူလည်း သူ့နာမည်ကို ရုပ်သိမ်းမယ်၊ ကျန်တဲ့ ရီပါဘလစ်ကန်ပြိုင်ဖက်တွေလည်း ရုပ်သိမ်းကြပါလို့ နှိုးဆော်လိုက်ပါတယ်။ တကယ်တော့ ဒါဟာ ဖြစ်သင့်တဲ့ ညီညွတ်သင့်တဲ့ကိစ္စဆိုပေမယ့် အနောက်မှာကြိုးတန်းလန်းနဲ့သူတွေကတော့ လုပ်မယ်/ လုပ်နိုင်မယ် မထင်ပါဘူး။ ဂျိုးအိုအခြေအနေမကောင်းနေတော့ ဒီမိုကရက်ရွေးနေကျ ကမ္ဘာ့ရွာအီလိကြီးတွေရော ရိုင်နိုကြိုက်လုပ်ငန်းရှင်ကြီးတွေရောက နစ်ကီဟေလီဘက်က ပုံအောလာကြပါပြီ။ သူတို့တွေက မြန်မာပြည်က ခိုနီတွေလိုပဲ ပေးကမ်းခြင်းသည် အောင်မြင်ခြင်းဆောင်ပုဒ်နဲ့ အလုပ်လုပ်ကြတာ သူတို့အတွက် ပိုအဆင်ပြေတော့ ခြစားတွေကိုပဲ တက်စေချင်ကြတာပါ။
သမ္မတရေဂင်ကလွဲရင် ဘုရှ် ၄၃လက်ထက်အထိက ရီပါဘလစ်ကန်နဲ့ ဒီမိုကရက်ဆိုတာ နဲနဲပဲကွဲပြတဲ့ ဒီပုတ်ထဲက ဒီခြတွေချည့်ပါပဲ။ နစ်ကီဆိုရင် ထရမ့်လက်ထက် အန်ရဲ့ သံအမတ်ကြီးအဖြစ်က အနားယူချိန်မှာ အကြွေးတင်နေသလောက် အဲဒီနောက်ပိုင်း သန်းနဲ့ချီ ချမ်းသာလာတာပါ။ ကလင်တန်တို့လည်း အဲဒီလိုပါပဲ။ ဂျိုးလည်း ဒုသမ္မတသက်တမ်းကုန်ပြီးမှသာ အချီကြီးတွေ စားရတာပါ။ အဲဒါကြောင့်လည်း ဤခရီး တော်တော်နီးနေတာတောင် ထပ်ပြိုင်ဦးမယ်ဖြစ်နေတာပါ။
ကလေးငယ်တွေအပါအဝင် လူဦးရေအားလုံးပေါင်းမှ ၆သိန်း၇သောင်းကျော်သာရှိပြီး မဲပေးဖို့ မှတ်ပုံတင်ထားသူ ၄သိန်း၆သောင်းကျော်သာရှိတဲ့ ဒီစီမှာ တရားမျှတမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုနဲ့ မဲပေးဖို့ မှတ်ပုံတင်ထားသူစာရင်းထဲမှ ထပ်/ပြောင်း/သေ စတဲ့ မရှိသင့်သူ ၁သိန်းကျော်ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။ အခြားပြည်နယ်အချို့မှာလည်း အလားတူ ကြိုးပမ်းခဲ့ပေမယ့် လူဦးရေနဲ့ယှဥ်ရင် ခုလောက် ရာခိုင်နှုန်းများတာတော့ မရှိသေးပါဘူး။ ငညစ်တွေက စာရင်းရှိသလောက်လူကုန်အတွက် မဲတွေ အဆင်သင့်လုပ်ထားပြီး နိုင်တဲ့အရေအတွက် မရမချင်း သွားသွားကဲ့လာကြတာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ စာရင်းထက်တောင် ကျော်နေတာတွေရှပါတယ်။ အခွံချွတ်ပြီး စက်ထဲထည့်လိုက်တာနဲ့ ဘယ်သူ့မဲဆိုတာ လိုက်လို့မရတော့ပါ။ ဒါကြောင့် ဒီမိုကရက်တွေက ရကပကို ရက်ရှည်လများ ကျင်းပချင်ကြတာဖြစ်ပါတယ်။
နယ်စပ်အပွင့်ထားတာလည်း သူတို့ကို မဲပေးမယ့် ခိုး ဆိုး အချောင်သမားတွေ ဝင်လာနိုင်ဖို့ပါ။ ဒါကြောင့် တကမ္ဘာလုံး ကျင့်သုံးနေတဲ့ ဗုတ်တာအိုင်ဒီကို အမေရိကကျမှ မလိုဘူး၊ စစ်ပိုင်ခွင့်မရှိ၊ စစ်ရင် ရေ့စစ်လို့ ဖြဲနေကြတာပါ။ ကိုယ့်ပါတီနိုင်ရင်ပြီးရောဆိုတဲ့ အမြင်တိုသူတွေ သတိထားသင့်တာက ဘယ်ပါတီ ဘယ်သူမဆို အာဏာခံတွင်းတွေ့လာရင် ပျက်စီးခြင်းလမ်းစကို ရောက်တာပါပဲ။ အဘမ သက်တမ်း ၁၊ ၂၊ ၃၊ တခုထက်တခု လူတွေ အဆပေါင်းများစွာ ပိုဒုက္ခရောက်လာသလောက် သူတို့တတွေ အဆပေါင်းများစွာ ပိုချမ်းသာလာတယ်မဟုတ်လား။ ဘယ်သူ ဘယ်ပါတီပဲတက်တက် အာဏာချိန်ခွင်လျှာ ဆိုတာ တိုင်းပြည်အကျိုးအတွက် အမြဲညှိနေရမှာပါ။
ဒီမိုကရက်တစ်ဆိုရှယ်လစ်အော့ဖ်အမေရိကဆိုတဲ့ ဒီအက်စ်အေ (အမေရိကန်ဒေါ်စိန်အေး)များဟာ အခြေခံပညာရေးစနစ်ကို အသုံးချပြီး သူတို့ရဲ့ အရင်းရှင်ဆန့်ကျင်ရေး၊ ဂျူးဆန့်ကျင်ရေးအမြင်တွေကို ကလေးငယ်တွေအပေါ် ရိုက်သွင်းနေကြောင်း ပညာရေးကိုကာကွယ်သူမိဘများဆိုတဲ့ အဖွဲ့က ဖော်ထုတ်တွေ့ရှိထားပါတယ်။ ဒါဇင်ပေါင်းများစွာသော ဒီအက်စ်အေတွေကို ကျောင်းအုပ်ချုပ်ရေးဘုတ်အဖွဲ့တွေ၊ ဆရာများသမဂ္ဂတွေမှာ ထိပ်တန်းရာထူးတွေယူထားတာ တွေ့ရှိရကြောင်းနဲ့ နိုင်ငံရဲ့ ဖြစ်တည်မှု၊ ရပ်တည်ချက်နဲ့ ဆန့်ကျင်တဲ့ အမြင်တွေကို သွပ်သွင်းနေတာ ကြာပြီဖြစ်သော်လည်း အောက်တိုဘာ ၇ရက်နောက်ပိုင်းကျမှ သူတို့လုပ်ရပ်တွေ သိသာလာတာဖြစ်ကြောင်း သိရှိရပါတယ်။ လွှတ်တော်ထဲ ဒီအက်စ်အေတွေလို့ ကြွေးကြော်ထားကြတာက ဘာနေဆန်းဒါးစ်နဲ့ လက်ဝဲစွန်း အေအိုစီတို့စကွာဒ်ဖြစ်ပါတယ်။
ဂျာမဏီက အမြင့်ဆုံးတရားရုံးက ၂၀၂၁ နေရှင်နယ်ရကပကို ဘာလင်မှာ တစိတ်တပိုင်းပြန်ကျင်းပဖို့ အမိန့်ချလိုက်ပါတယ်။ အကြောင်းကတော့ ဘာလင်က မဲရုံအများအပြားမှာ ချို့ယွင်းချက်အကြီးစားတွေ ဖြစ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။ အဲဒီလိုပြန်ကျင်းပလည်း လွှတ်တော်ထဲမှာနဲ့ လူမကြိုက်တဲ့ညွန့်ပေါင်းအစိုးရအဖွဲ့မှာ အပြောင်းအလဲကြီးကြီးမားမားတော့ ဖြစ်စရာမရှိဘူးလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် မှားနေတာကို မှန်အောင်လုပ်ဖို့ ဆုံးဖြတ်တာကို ကြိုဆိုပါတယ်။ ဖိလစ်ပင်းကတော့ အမေရိကန်ခြစားမှုနဲ့ ပတ်သက်နေတဲ့ စမတ်မက်တစ်ဆိုတဲ့ မဲပေး/ရေစက်ကုမ္ပဏီကို ဖိလစ်ပင်းပြည်တွင်းရကပတွေမှာ မပါရအောင် ဘန်းထားလိုက်ပါပြီ။
ဖောလိုဝါပေါင်း ၂၇၇သန်းရှိတဲ့ တေလာဆွစ်ဖ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူ့နဲ့ဒိတ်လုပ်နေတဲ့ ကန်းဆပ်စ်က အမေရိကန်ဖွတ်ဘောကစားသမားကို အားပေးဖို့ မန်ဆာချူးဆက်စ်ပြည်နယ် ဖောက်စ်ဘိုရိုက ဂျလက်စတေဒီယမ်မှာ ရောက်ရှိနေခဲ့ပါတယ်။ သူမကို စခရင်ပေါ်မှာ ပြလိုက်ချိန်မှာ ကွင်းထဲကလူ တော်တော်များများက ဘူးလို့ဝိုင်းအော်ကြပါတယ်။ ပွဲကြည့်သူတွေက သူမ ထရမ့်နဲ့ ရီပါဘလစ်ကန်တွေကို ဆန့်ကျင်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သလို ဒီမိုကရက်တွေရဲ့ ဗုတ်ဒေါ့အော့ဂ်ကို အများသိအောင်ဖြန့်ပေးဖို့ သူ့ဖော်လိုဝါတွေကို တိုက်တွန်းခဲ့တာကို မကြိုက်ကြတာလား၊ သူ့လူက ကန်းဆပ်စ်ကမို့ နယ်ခံတွေက ဘူး လုပ်ကြတာလားတော့ မသဲကွဲပါ။ ဂျိုးတို့ကလည်း လူကြိုက်တဲ့ပေါ်လစီလုပ်ဖို့ထက် တေလာဆွစ်ဖ်ကို အားထားပြီး မဲကောက်သင်းကောက်လာပြီး ဘယ်လောက်ရရင် တေလာဆွစ်ဖ်လက်မှတ် အလကားရမယ်ဆိုတာမျိုး လုပ်ဖို့ ပိုအားသန်ကြတယ်ထင်ပါတယ်။
ယူနီဗာစတီအော့ဖ်ပစ်ဘတ်ဂ်ဟာ ပလန်းပဲရင့်ဟွတ်က နေ့စေ့လစေ့နီးပါးမှာ ဖျက်သတ်ခံရတဲ့ ကလေးငယ်တွေရဲ့ ကျောက်ကပ်တွေ ကလီစာတွေကို အသုံးပြုပြီး သုတေသနလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းနဲ့ အဲဒီသုတေသနလုပ်ငန်းတွေကို ဖောက်ချိတို့ ဦးစီးခဲ့တဲ့ အန်အိုင်အိတ်ချ်က ငွေကြေးထောက်ပံ့ပေးထားကြောင်း တွေ့ရှိထားလို့ ယူပစ်ကို ထောက်လှမ်းရေးဝင်နေပြီ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း နေ့စေ့လစေ့ကိုယ်ဝန်ဖျက်ဖို့ ဂျိုးတို့ ဒီမိုခွက်တွေ အားတက်သရော လော်ဘီလုပ်နေကြတာဖြစ်ပါတယ်။ ပလန်းပဲရင့်ဟွတ်က ဖျက်ချသူဆီကလည်း ပိုက်ဆံရ၊ ကလီစာရောင်းစားတော့လည်း ပိုက်ဆံရ၊ အဲဒီပိုက်ဆံတွေနဲ့ သူတို့ကြိုက်တဲ့သူတွေ အာဏာရအောင် ပင်း၊ သူတို့ဘက်သားတွေ အာဏာရလာရင် သူတို့ကို အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှု အတွက်ဆိုပြီး ပိုက်ဆံတွေသန်းချီချပေး၊ အဲဒီပိုက်ဆံတွေက ပြည်သူ့အခွန်ကလာတာဆိုတာ ဘုမသိ ဘမသိ ထောက်ခံနေတဲ့ ဝေလေလေတွေ သိစေချင်ပါတယ်။