SBF အပေါ် စွဲဆိုထားတဲ့ ကမ်ပိန်းငွေကြေးချိုးဖောက်မှုနဲ့ လာဘ်ထိုးခြင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေအပါအဝင် အမှု ၆ခုကို ဒီအိုဂျေက ပလပ်လိုက်ပါတယ်။ ဆိုလိုတာက ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ခိုးထားတဲ့ ပိုက်ဆံနဲ့ ရာထူး/အာဏာရှိသူကို လာဘ်ထိုးတာဟာ အပြစ်ဖြစ်လားဆိုရင် အဲဒီလာဘ်က ဘယ်သူ့ဆီကို သွားတာလဲဆိုတာပေါ် မူတည်နေတယ်လို့ အဓိပ္ပါယ်ပြန်ရပါမယ်။ ခုကိစ္စမှာတော့ ဒီအန်စီနဲ့ ဂျိုးတို့ ဒီမိုခွက်တွေပေါ့။ ၂၀၂၂ မစ်တမ်းတုန်းက ခရစ်ပ်တိုကာရန်စီကုမ္ပဏီတခုဖြစ်တဲ့ FTX ကို တည်ထောင်ခဲ့သူ SBF က ဒီမိုကရက်တွေအနိုင်ရဖို့ သန်း၁၀၀ လှူထားတာပါ။ ဘယ်ကပိုက်ဆံနဲ့လှူလဲဆိုရင် သူ့ကိုယုံကြည်လို့ သူ့ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားတဲ့သူတွေရဲ့ ငွေနဲ့လို့ ပြောလို့လည်းရပေမယ့် အဓိက အလုံးအရင်းနဲ့လာတာက ခြကိုက်အင်စတီကျူးရှင်းတွေကပါ။ အဲဒီခြကိုက်အင်စတီကျူးရှင်းတွေက ပိုက်ဆံတွေက အမေရိကန်ပြည်သူတွေရဲ့ ချွေးနည်းစာကပဲ ခေါင်းမြှီးခြုံပြီးလာရတာပါ။ ဥပမာ စစ်ဖြစ်လို့ ငွေအလွန်အမင်းလိုအပ်နေတဲ့ ဆင်းရဲတဲ့နိုင်ငံလေး ယူကရိန်းက FTX မှာ ၁ဘီလီယံ မြှုပ်နှံထားတာပါ။ အဲဒီပိုက်ဆံဘယ်ကရလဲဆိုတော့ ဂျိုးတို့စစ်ကြိုက်ခြတွေပေးတဲ့ အထောက်အပံ့ထဲကပဲပေါ့။ FTX ဒေဝါလီခံသွားတော့ ဘယ်သူတွေနစ်နာသလဲဆိုရင် ပြည်သူပဲလို့ ပြောရမှာပါ။
မီဒီညာတွေမှာ ပူတင်ကို လူကြမ်းနေရာပို့၊ ယူကရိန်းက လူပျက်က စစ်သူရဲကောင်းကြီး၊ ဘယ်တော့မှ နိုင်မှာမဟုတ်တဲ့စစ်ကို လူငယ်တွေ အသက်တွေ ဘဝတွေအများကြီး ရင်းနှီးပြီး တိုက်နေကြတာ ရုပ်ရှင်ရိုက်နေတာပါနော်။ ပြည်သူတွေဘဝ မြန်မာပြည်ကကလေးတွေလိုပဲ စာကောင်းကောင်းမသင်ရတာ နှစ်ချီနေပြီ။ တကယ်တော့ ပုံထဲကလိုပဲ ခွင်နဲ့ ခြအာဏာတည်မြဲဖို့ လုပ်နေကြတာပါ။
ယူနီယံတွေ၊ နန်းပရောဖစ်တွေ ဖောင်ဒေးရှင်းဘာညာတွေ ပလန်းပဲရင့်ဟွတ်တွေအဲဒီလိုပဲ လုပ်စားနေတာ များပါတယ်။ ဒီမိုကရက်ကြီးစိုးတဲ့ ပြည်နယ်တွေက အိမ်ယာမဲ့ကိစ္စတွေဆိုလည်း ပိုက်ဆံသောက်သောက်လဲသုံးပြီး ပိုပိုဆိုးလာတာ အဲဒီသဘောပါပဲ။ ဆွေမျိုးမိတ်ဆွေတွေနာမည်နဲ့ ကန်ထရိုက်တွေချပေး၊ အဲဒီကနေကမ်ပိန်းဆီပြန်လှူ၊ လှူလို့နိုင်တဲ့သူတက်လာရင် ဘတ်ဂျက်ကြီးကြီးပြန်ချပေး၊ အဲဒီမှာ တနှစ်လခ တသိန်းကျော်လောက်ပဲရတဲ့ နိုင်ငံရေးလုပ်စားတွေ မီလျံနာတွေ ဖြစ်ကုန်တာပါ။ ပိုက်ဆံက ပြည်သူဆိကလာတာပေမယ့် ပြည်သူ့အကျိုးအတွက်ဆိုတာ ဘယ်နားမှာမှ မပါဘူး။ သူတို့ထောက်ခံသူတွေကို ချွေးသိပ်ဖို့ လေလည်ပြနေတာသက်သက်ပဲ။

