Heart attack နှလုံးဖောက်တာ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ကြိုတင်ကာကွယ်ရေးအထူးကု Dr. Ford Brewer က ဘယ်လိုပြောထားသလဲဆိုရင် နှလုံးသွေးကြောထဲက ပျော့ပြီး ရောင်ကိုင်းနေတဲ့ ဂျိုးအပိုင်းက ရောင်ကိုင်းမှု သိပ်ဆိုးလာတဲ့အခါ မီးတောင်ပေါက်သလို ပေါက်ထွက်သွားပြီး ပြည်တွေက သွေးကြောတွေထဲ မှုတ်ထုတ်လိုက်သလို ဖြစ်သွားပါတယ်။ အဲဒီပြည်က သွေးကို သွေးခဲဖြစ်စေပြီး အဲဒီသွေးခဲတွေက သွေးကြောပိတ်လောက်တဲ့အရွယ်ဖြစ်လာတဲ့အခါ နှလုံးမှာဆို့ရင် နှလုံးဖောက်ပြီး ဦးနှောက်မှာဆို့ရင်တော့ လေဖြတ်တာဖြစ်တယ်လို့ ပြောထားပါတယ်။
လိုရင်းကတော့ နှလုံးရောဂါက ကိုလက်စထရောကြောင့်ဖြစ်ရတာမဟုတ်ပဲ ရောင်ကိုင်းမှုကြောင့် ဖြစ်ရတာဆိုတာရယ်၊ stent တွေက နှလုံးဖောက်တာကို မကာကွယ်နိုင်ဘူးဆိုတာရယ်၊ stress test လိုဟာတွေက နှလုံးဖောက်မယ် မဖောက်ဘူးဆိုတာကို ခန့်မှန်းနိုင်စွမ်းမရှိဘူးဆိုတာရယ်တွေဖြစ်ပါတယ်။
Dr. Brewer က နှလုံးရောဂါနဲ့ပတ်သက်ပြီး လူတွေအမှတ်မှားနေကြတာကို ရှင်းပြထားသလို နှလုံးမဖောက်ဖို့ ဘယ်လိုကာကွယ်ရမလဲလို့လည်း ပြောထားပါတယ်။
