အရီဇိုးနားဆီးနိတ်ရကပအတွက် ရီပါဘလစ်ကန်အနေနဲ့ ဝင်ပြိုင်မယ့် ကယ်ရီလိတ်ခ်ကို အရီဇိုးနားရီပါဘလစ်ကန်ပါတီဥက္ကဋ္ဌဂျက်ဖ်ဒီဝစ်က ဆက်သွယ်ပြီး ပါတီက အရာရှိကြီးတွေက ကယ်ရီကို ဝင်မပြိုင်စေဖို့ ညှိပါတယ်။ ဘယ်ကုမ္ပဏီကြီးမှာ ဘာရာထူး ဘယ်လောက်လခ လိုချင်သလဲ ပြော၊ ဝင်မပြိုင်ဖူးဆို လိုချင်တာရအောင် လုပ်ပေးမယ်၊ တသက်လုံးမပြိုင်ဖို့မဟုတ်ဘူး၊ ဒီတကြိမ်မပြိုင်ပဲ ခဏဆိုင်းထားဖို့ပါလို့ ဆိုပါတယ်။
ကယ်ရီက ဘယ်လောက်လဲ သန်းဂဏန်းမပြောနဲ့ ဘီလီယံနဲ့ချီလာပေးလည်း ငါနောက်မဆုတ်နိုင်ဘူး၊ ဒီတကြိမ်က တိုင်းပြည်အတွက် အရမ်းအရေးကြီးနေတော့ ဆိုင်းလည်း မဆိုင်းပေးနိုင်ဘူး၊ ငါက တိုင်းပြည်အတွက် ဒီလမ်းကို လျောက်လာတာ၊ ငါ့အရည်အချင်းကို အသိအမှတ်ပြုရင် ငါ့ကို ပါတီကိုယ်စားပြုခွင့်သာပေးလိုက်လို့ ပြန်ပြောခဲ့ပါတယ်။
တကယ်တော့ သူမကို ဆက်သွယ်ခဲ့တဲ့ ပြည်နယ်ရီပါဘလစ်ကန်ပါတီဥက္ကဋ္ဌဂျက်ဖ်ကို အဲဒီရာထူးရဖို့ ထရမ့်ရော ကယ်ရီလိတ်ခ်ရောက ထောက်ခံပေးထားရတာပါ။ အဲဒီလူက အခုလို လာဘ်ပေးဖို့ ကြိုးစားလာတဲ့အတွက် ရာထူးက ချက်ချင်းနှုတ်ထွက်ဖို့ သူမနဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကယ်ရီလိတ်ခ်က သတင်းတင်ဆက်သူအနေနဲ့ အောင်မြင်ကြော်ကြားနေသူဖြစ်ပြီး ဝင်ငွေကောင်း လူကြိုက်များလှတဲ့အလုပ်ကို စွန့်လွှတ်ပြီး တိုင်းပြည်အတွက် တတ်နိုင်တဲ့ဘက်က လုပ်ပေးဖို့ နိုင်ငံရေးနယ်ထဲ ဝင်လာတာဖြစ်ပါတယ်။ သူမဟာ အရီဇိုးနားဂါဗာနာ ဝင်ပြိုင်ခဲ့သေးပေမယ့် လက်ရှိရာထူးရှိသူနဲ့ အငြင်းပွားစရာ စည်းမျဥ်းတွေ မဲပေးမှုတွေကြားမှာ နောက်ဆုတ်ပေးခဲ့ရပါတယ်။
ဒီဆီးနိတ်နေရာက ထရမ့်အိမ်ဖြူပြန်ရောက်ရင် တိုင်းပြည်အကျိုး ပထမထားမယ့်သူတွေကို ခန့်အပ်ချင်ရင်ပဲဖြစ်ဖြစ် တိုင်းပြည်အတွက် အကျိုးများမယ့်ဥပဒေတွေ ပြဌာန်းချင်ရင်ပဲဖြစ်ဖြစ် ရီပါဘလစ်ကန်အများစုရှိမယ့်ဆီးနိတ်ကမှ လုပ်ပေးနိုင်မှာဖြစ်လို့ ဒီဆီးနိတ်နေရာကို နိုင်ဖို့က တိုင်းပြည်အတွက် အလွန်အရေးကြီးနေတာပါ။
အခုလို အာအန်စီက ထိပ်တန်းအရာရှိတွေက ဆက်သွယ်လာတယ်ဆိုတော့ သူမနိုင်ဖို့ အခြေအနေ ကောင်းပုံရပါတယ်။ သူတို့ကြိုးဆွဲလို့ မရမယ့်သူကို ပါတီအလံအောက်မှာ ဝင်ပြိုင်ခွင့် ပေးချင်ပုံမရပါဘူး။ ထရမ့်တုန်းကလည်း လူတွေက တခဲနက်ထောက်ခံခဲ့ကြလို့သာ ပါတီကိုယ်စားပြုခွင့် ရခဲ့တာပါ။ ဒါတောင် တတ်နိုင်သလောက် ခြေထိုး ဘေးတိုက် လုပ်နေကြတုန်းပါပဲ။
ဒီနှစ်ရကပက ပါတီနှစ်ခုကြား လူနှစ်ဦးကြား မဟုတ်ပါဘူး၊ ဓမ္မနဲ့ အဓမ္မကြား၊ အပြုနဲ့ အဖျက်ကြား၊ လက်တွေ့သမားနဲ့ စိတ်ကူးယဥ်သမားတွေကြားက စစ်ပွဲပါ။ ဒီတခါ လမ်းကြောင်းလွဲနေတဲ့တိုင်းပြည်ကို ပြန်မတည့်နိုင်ခဲ့ရင် တကမ္ဘာလုံး ဂယက်ဆိုးတွေ ဆက်တိုက်လာပါတော့မယ်။ ကိုယ့်အနာဂတ်မျိုးဆက်တွေအတွက်၊ ကိုယ့်အနာဂတ်အတွက်၊ လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် တရားတဲ့ဘက်ကရပ်ဖို့ သတ္တိမွေးကြဖို့ လိုပါပြီ။