ဖေဖော်ဝါရီ ၉ရက် ၂၀၂၄

တပ်ကာနဲ့ ပူတင်အင်တာဗျူးမှာ ပူတင်က ယူကရိန်းကို ဘာကြောင့် ဝင်တိုက်ရတာလဲဆိုတာကို သမိုင်းနဲ့ချီပြီး ပြောသွားပါတယ်။ တပ်ကာက ဒါဆို ကမ္ဘာကြီးက လွန်ခဲ့တဲ့ ၁၆ရာစုကနယ်နမိတ်တွေ အတိုင်း ဆက်လက်တည်ရှိပေးရမှာလားဆိုတာကိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် သူ့ရဲ့ အရံအပါးက နိုင်ငံတခုအနေနဲ့ရော ရားရှန်းတွေနဲ့ ယူကရိန်းမဟုတ်သူတွေပါ နေထိုင်နေတဲ့နိုင်ငံတခုကို နီယိုကွန်ဖြစ်မလာစေလိုတာရော နေတိုး ဩဇာလွမ်းမိုးလာနိုင်တာကို ဟန့်တားဖို့ရောကြောင့်ပါ၊ ဆိုဗီယက်ယူနီယံပြိုကွဲပြီး ၁၉၉၁မှာ ငါတို့ကို နေတိုးက ၂၀၀၈အလွန်မှာ ရှိမှာမဟုတ်တော့ဘူးလို့ ကတိပေးခဲ့တယ်၊ တကယ်တမ်းကျတော့ နေတိုးက ငါတို့ရဲ့ ဝန်းရံနိုင်ငံ/မဟာမိတ်ဟောင်းတွေကိုပါ လက်ခံပြီး တဖြည်းဖြည်းချဲ့လာနေတော့ ငါတို့က ဘယ်လိုလုပ်ရမလဲလို့ ဆိုပါတယ်။

ရှူးမားရဲ့ ယူကရိန်းကို ဆက်မကူရင် အမေရိကန်စစ်သားတွေ ယူကရိန်းမှာသွားတိုက်ရလိမ့်မယ်လို့ ပြောသွားတဲ့အပေါ် ပူတင်က အမေရိကန်ကြေးစားစစ်သားတွေတော့ ရှိတာပဲလေ၊ ဒါပေမယ့် တကယ့်စစ်တပ်နဲ့ ဝင်တိုက်ဖို့က အမေရိကန်နဲ့ ပထဝီအနေအထားအရရော အကျိုးစီးပွားအရရော အဝေးကြီးပါ။ ယူအက်စ်မှာ ကိုယ့်ပြဿနာတွေနဲ့ကိုယ်အရင် ရှင်းရမှာလေ၊ ကိုယ့်ပြည်သူတွေရဲ့ အခွန်ကို ပိုအကျိုးရှိမယ့်နေရာတွေမှာ မသုံးသင့်ဘူးလားလို့ ဖြေပါတယ်။

နောစ်ဒမ်တူးကို ဘယ်သူဖောက်ခွဲခဲ့သလဲဆိုတဲ့ မေးခွန်းကိုတော့ အဲဒီလိုဖောက်ခွဲလို့ ဘယ်သူအကျိုးရှိမယ်၊ ဘယ်သူ့မှာ အဲဒီလို ဘော်လ်တစ်ပင်လယ်ကြမ်းပြင်အောက်အထိသွားပြီး ဖောက်ခွဲနိုင်တဲ့ စွမ်းရည်ရှိသလဲဆိုတာကို ကြည့်ရင် သိပါလိမ့်မယ်လို့ ဆိုပါတယ်။ တပ်ကာက အဲဒါဆိုရင် စီအိုင်အေနဲ့ နေတိုးက လုပ်တာပါလို့ ဝါဒဖြန့်လို့ မရဘူးလားဆိုတော့ ပူတင်က ဝါဒဖြန့်တဲ့နေရာမှာတော့ ယူအက်စ်ကို ဘယ်သူမှ မမှီပါဘူး၊ သူတို့က ကမ္ဘာ့မီဒီယာကြီးအားလုံးကို ထိန်းချုပ်ထားတာ၊ ဥရောပက မီဒီယာတွေမှာလည်း အမေရိကန်က အင်ဗက်စ်မန့်ကုမ္ပဏီကြီးတွေက အကြီးဆုံး ရှယ်ယာပိုင်ရှင်တွေပဲလေလို့ တုန့်ပြန်ပါတယ်။  

ဆက်လက်ပြီးတပ်ကာက နောစ်ဒမ်တူးကို ဖောက်ခွဲလိုက်တော့ ဂျာမဏီရဲ့စီးပွားရေး တော်တော်ထိခိုက်သွားတယ်၊ လုပ်တာကလည်း သူ့ရဲ့ နေတိုးမဟာမိတ်ဖြစ်နေတဲ့အပေါ် သူတို့ဘာမှ မဝေဖန်ကြတာ ဆန်းမနေဘူးလား၊ ဘာလို့တိတ်နေတယ်ထင်သလဲလို့ မေးပါတယ်။ ပူတင်က ခုခေတ်ဂျာမဏီခေါင်းဆောင်တွေက ကိုယ့်တိုင်းပြည်အကျိုးစီးပွားကို ဦးစားမပေးပဲ ဂလိုဘယ်လစ် ဘုံဝါဒနောက်ကိုပဲ လိုက်နေတာကြောင့်ပါပဲ၊ အဲဒါကလွဲရင် တခြားဖြစ်နိုင်ခြေမရှိဘူးလို့ ဆိုပါတယ်။

စစ်ကို အဆုံးသတ်ဖို့ တွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး အစ္စတန်ဘူမှာ ယူကရိန်းဝန်ကြီးနဲ့ ရုရှားနဲ့ ဆွေးနွေးတာ ခရီးအတော်ရောက်နေပြီးမှ ဘောရစ်ဂျွန်ဆင်ဝင်နှောက်လို့ ရပ်သွားခဲ့ကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဂျိုးဘက်က တခါမှ ဆွေးနွေးဖို့ မကမ်းလှမ်းဖူးကြောင်း၊ ဇယ်လင်းစကီက ဆွေးနွေးဖို့ ငြင်းဆိုနေတာက ဝါရှင်တန်ရဲ့ ညွှန်ကြားချက်ကြောင့်လို့ပဲ ယူဆရမှာဖြစ်ကြောင်း၊ အနောက်အုပ်စုက ရုရှားကို အင်အားချိနဲ့အောင်လုပ်ဖို့ဆိုပေမယ့် အဲဒီလို မဖြစ်နိုင်ဘူးဆိုတာ သူတို့လည်း သဘောပေါက်လောက်ပါပြီ၊ သူတို့ဘက်က ဆွေးနွေးချင်ပြီး ဘယ်လိုစရမယ် မသိတာလည်း ဖြစ်နိုင်တာပါပဲ၊ သူ့ဘက်ကတော့ ဆွေးနွေးဖို့ အဆင်သင့်ရှိနေကြောင်း ပြောသွားပါတယ်။

တပ်ကာက ရုရှားမှာ သူလျိုမှုနဲ့ တနှစ်ကျော်အချုပ်ခံနေရတဲ့ ဝေါစထရိဂျာနယ်က အသက် ၃၂နှစ်ရှိ သတင်းထောက်အီဗန်ဂါ့ရှ်ကိုဗစ်ချ်ဟာ သူလျိုမဟုတ်ပဲ သတင်းထောက်တယောက်သာဖြစ်လို့  ပြန်လွှတ်ပေးဖို့ အစီအစဥ်ရှိ/မရှိ စသဖြင့် မေးမြန်းရာမှာ သူဘယ်သူအတွက် လုပ်နေတယ်တော့ မသိပါဘူး၊ ဒါပေမယ့် လျှို့ဝှက်ချက်တွေကို တိတ်တိတ်လေးထုတ်ယူသွားတာကတော့ သူလျိုမှုနဲ့ အကျုံးဝင်ပါတယ်၊ သူ့ကို အမိနိုင်ငံပြန်ဖို့ မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး၊ ငါတို့ဆီမှာ ဖမ်းထားရတာလည်း အဓိပ္ပါယ်မရှိပါဘူး၊ အမေရိကန်အထူးအဖွဲ့တွေက ငါတို့အထူးအဖွဲ့တွေ လိုအပ်တာတွေကို လိုက်လျောပေးနိုင်ရင် ငါတို့ဘက်က ဆွေးနွေးဖို့ အဆင်သင့်ပါပဲလို့ ဆိုပါတယ်။ အိမ်ကျယ်ဂျိုးအစိုးရက ဘယ်သူနဲ့ညှိညှိ သူတို့ပဲအနာ သူတို့ပဲအရှုံးပါ၊ ခြဆိုတော့လည်း အားနည်းချက်ကရှိတော့ မအလတို့လိုပဲ ပြည်ပနဲ့ညှိတိုင်း ကိုယ်ကချည့် ခံလာရတာပါ။

မီဒီယာတွေကို အမေရိကန်အီလိတွေ ချုပ်ထားတယ်ဆိုတာကတော့ အမှန်ပါပဲ။ ကနေဒါမှာ ထရပ်ကားသမားတွေ ဆန္ဒပြတုန်းကရော၊ ဥရောပမှာ လယ်သမားတွေ ဆန္ဒပြကြတာရော လောလောဆယ် ဂျာမဏီမှာ လယ်သမားတွေ ခြိမ့်ခြိမ့်သဲ ဆန္ဒပြနေကြတာရော ဘယ်မီဒီယာကြီးကမှ မတင်ကြပါဘူး။ လယ်သမားတွေ ဘာလို့ဆန္ဒပြကြသလဲဆိုတော့ ဒီဇယ်ဆီသုံးတာ လယ်သမားလေးတွေဆီကနေ ဈေးကွက်ကို ပို့ရတာ ကာဗွန်တွေထွက်လို့ဆိုပြီး ကလိုင်းမိတ်ချိန့်နဲ့ ဥပဒေ ကြပ်ကြလို့ပါ။ ဂိတ်စ်တို့လို လူတွေရဲ့ အကြီးစား စိုက်ပျိုးရေးလုပ်ငန်းတွေကိုပဲ အသာပေးချင်ကြတာပါ။ ကဗဖြစ်လိုက်တော့ လက်လီလုပ်ငန်းလေးတွေ အတုန်းအရုန်းပြိုလဲကုန်ပြီး အမေဇုန်တို့ ဝေါမတ်တို့ တားဂက်တို့လို ဂျိုင်းယန့်ကြီးတွေပဲ ကျန်တာလိုပါပဲ။ ပိုးနဲ့ရရင်ရ မရရင် လောနဲ့ပေါ့။ အဲဒီကလိုင်းမိတ်ဟုတ်စ်က အိမ်နောက်ဖေးခြံစိုက်ခင်းတွေကိုပါ မျက်စပစ်လာနေပြီ။ သူတို့အီလိတွေ နိုင်ငံရေးစားဖားတွေ ပုဂ္ဂလိကလေယာဥ်တွေနဲ့ သွားလာနေကြတာ၊ သူတို့တွေ အချီကြီး ဂက်စ်သုံးတာတွေက အပြစ်မဟုတ်ပဲ သာမာန်လူတွေ လုပ်သမျှ သုံးသမျှ အပြစ်ကြီး ဖြစ်နေရတာပါ။

ဟူစိန်တို့အဖွဲ့က ထရမ့်ကို နည်းမျိုးစုံနဲ့ အဖက်ဖက်က ဝိုင်းညစ်ကြတဲ့ကြားက အောင်ပွဲအလီလီယူနေတဲ့ အတွက် ဟူစိန်တို့က ဗျူဟာပြောင်းဖို့ ဆင်ကြံကြံနေကြပါပြီ။ မနေ့က ဂျိုးရဲ့ တရားမဝင် ယူဆောင်သွားတဲ့ အိမ်ဖြူမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ဂျိုးရဲ့ဒီအိုဂျေက ဂျိုးဟာ သတိချွတ်ယွင်းနေတဲ့ လူအိုတဦးသာဖြစ်ပြီး မကောင်းစိတ်နဲ့ ယူသွားတာမဟုတ်ကြောင်း ဆုံးဖြတ်ပေးလိုက်ပါတယ်။ (တရုပ်ငွေဝယ်ကျွန်က တိုင်းပြည်အကျိုးအတွက် လျို့ဝှက်ချက်တွေကို စေတနာကောင်းနဲ့ ယူသွားတယ်လို့များ ပြောချင်တာလားဟင်။) အဲဒီမှာဆက်ပြီး ဘယ်တုန်းကမှ မီဒီယာတွေနဲ့ ကြိုတင်မေးခွန်းယူ/ ညှိနှိုင်းထားတာမရှိပဲ တိုက်ရိုက်တွေ့လေ့မရှိတဲ့ ဂျိုးအိုကို ခါတိုင်းပုံစံမျိုးနဲ့ လုံးဝမတူတဲ့ မီဒီယာသားရဲကွင်းထဲကို အသာချပေးလိုက်တဲ့ ဟူစိန်ရဲ့လက်ချက်က ဒီအိုဂျေရဲ့ ဆုံးဖြတ်ချက်ကို သက်သေပြလိုက်သလိုပါပဲ။ စာကြည့်ဖတ်ပြလို့လည်းမရ၊ ဆူညံနေတဲ့ အခန်းကျယ်ကြီးထဲမှာ မေးချင်တဲ့သူက မေးချင်တာမေးနဲ့ ဒီမန်းရှာဘဘကြီးနဲ့ တွေ့ပြီပေါ့။

တကယ်တော့ ဂျိုးအနေအထားအရ ထပ်မပြိုင်သင့်ဘူးဆိုတာ စဥ်းစားတတ်တဲ့ဦးနှောက် အနည်းငယ်ကျန်သေးရင်တောင် သိနိုင်နေတာပါ။ လက်မဲဖခင်ကြီး ဟူစိန်တို့ကလည်း ပြိုင်စေချင်ဟန် မတူပါဘူး။ တခြားရွေးစရာကလည်း လောက်လောက်လားလားမရှိ၊ စတိုရီကလည်း ဆင်ရဦးမှာ၊ ဂျိုးကလည်း ဝင်ပြိုင်မယ်ပဲ ပြောနေတယ်၊ ကမလာကလည်း ဦးနှောက်မရှိဆိုတော့ သူ့တင်လို့လည်း မဖြစ်။ စောင့်ကြည့်သူတွေကတော့ မီရှဲကို တနည်းနည်းနဲ့ လှည့်ထည့်မယ်လို့ ခန့်မှန်းနေကြတယ်။ ဆမူဆာမီးကျွမ်းပါဝါကလည်း မသေးဘူးကိုး။ ကမလာတောင် အဲဒီအောက်ပါအရည်အချင်း တခုတည်းနဲ့ ဝိုင်းထောက်ခံကြတာမှတ်လား။ ပရိုင်မရီတွေစနေပြီဆိုတော့ သူတို့ဘက်က ဘယ်လိုကလဖန်ထိုးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဖြစ်နိုင်/မဖြစ်နိုင်ကတော့ အရေးမကြီးပါဘူး၊ ကိုယ့်ပိုက်ဆံအိတ်အပ်ဖို့တောင် စိတ်မချရတဲ့ ဒီမန်းရှာကြီးဆီ တိုင်းပြည်ထိုးအပ်ထားသေးတာပဲလေ။ စဥ်းစားသင့်တာက ပြည်သူ့ဆန္ဒကို လုံးဝမထည့်တွက်တာက အရမ်းအန္တရာယ်ကြီးတယ် ဆိုတာပါ။ လက်မဲဖိုရမ်မှာလည်း ရကပတွေ ဘာလို့လိုတော့မလဲလို့ ပြောထားတယ်၊ ခုလည်း အာဏာရှင်နိုင်ငံလို လူတစုက ကျားကွက်ရွှေ့ပြီး ထင်ရာလုပ်နေရင် ဒီနိုင်ငံမှာ ဒီမိုကရေစီ ဆိတ်သုဥ်းသွားပြီဆိုတာကိုတော့ သဘောပေါက်ကြပါလို့ ပြောချင်ပါတယ်။

Leave a comment