တပ်တာနဲ့ ပူတင်အင်တာဗျူးဂယက်က လစ်ဗြဲမီဒီယာတွေကြားမှာ အတော်ကို ထသွားပါတယ်။ သတင်းထောက်တယောက်က စစ်ဖြစ်နေတဲ့နိုင်ငံက ခေါင်းဆောင်နဲ့ သွားတွေ့မေးမြန်းတာ သမိုင်းမှာ လုပ်ရိုးလုပ်စဥ်ဖြစ်ပေမယ့် တပ်ကာကျမှ သတင်းကို သတင်းလိုမရေးပဲ တပ်ကာမေးခွန်းတွေက ပျော့လွန်းတယ်တို့၊ ပျင်းစရာကြီးတို့၊ အဲဒါအကုန်မဟုတ်သေးဘူးတို့၊ ကွန်ဆာဗေးတစ် ညာစွန်း တပ်ကာက ပူတင့်ဘောပြေးမတာတို့၊ တပ်ကာက ရုရှားအကြောင်း ဘာမှမသိတာကြောင့် သူ့ကိုရွေးလက်ခံတာတို့၊ ပူတင်က တပ်ကာကို ဘယ်လို အမြတ်ထုတ်သွားတာတို့ စသဖြင့် လှိုင်လှိုင်ကြီးကို အပုပ်ချနေကြတာပါ။
အီးယူထဲက အမတ်တချို့ကလည်း တပ်ကာကို ခရီးသွားခွင့်ပိတ်ဖို့ အကြံပြုကြသလို အီးယူကော်မရှင် စပီကာကလည်း ပူတင်က အနောက်ကမ္ဘာကို ရန်ရှာဖို့ တပ်ကာကို အသုံးချနေတာ၊ ယူကရိန်းနဲ့ ပတ်သက်ပြီးတော့လည်း လိမ်မှာပဲလို့ တကူးတကကို စင်ပေါ်တက် ပြောသွားပါတယ်။ ဒီမိုကရက်တွေကလည်း တပ်ကာနဲ့ ပူတင်ဟာ သိပ်ချစ်ကြတဲ့ မိတ်ဆွေကြီးတွေမို့ အင်တာဗျူးပေးသလို စွပ်စွဲကြပါတယ်။ အဲဒီထဲမှာ အဆိုးဆုံးက ဟေလာရီပါ။ ဟေလာရီက တပ်ကာ-ပူတင်အင်တာဗျူး မလွှင့်ရသေးခင်မှာတောင် တပ်ကာက ပူတင်ရဲ့ ခွေးကလေးပါ၊ သူ့ကို အမေရိကန်ကုမ္ပဏီတွေက အကြိမ်ကြိမ် အလုပ်ဖြုတ်ထားတော့ ပူတင်ဆီ ကန်ထရိုက်လေးဘာလေးရအောင် သွားဖားတာနေမှာပေါ့၊ သူဟာ ပူတင်တို့ဝါဒဖြန့်ဖို့အတွက် ဦးနှောက်သိပ်မရှိပေမယ့် အသုံးဝင်တဲ့ လက်ကိုင်ဒုတ်လေးပါပဲလို့ msnbc နဲ့ တကူးတက အင်တာဗျူးလုပ်ပြီး ပြောသွားတာပါ။
ပူတင်ကို တကြိမ်သွားဗျူးတာနဲ့ ပူတင်လိမ်သမျှ အကုန်ယုံကုန်ကြမှာစိုးနေရင် ဇယ်လင်စကီးကို ဗျူးတာတွေကျတော့ ဘယ်လိုလုပ်ကြမလဲ။ ယူကရိန်းက အဂတိလိုက်စားတဲ့နေရာမှာ နာမည်ကြီး။ ပြောရရင် ဇယ်လင်စကီလည်း သူ့တိုင်းပြည်မှာ အာဏာရှင်ပဲ၊ နိုင်ဖို့လမ်းမမြင်ပဲ ပြည်သူသိန်းချီပြီး ဘာလို့ အသေခံခိုင်းနေတာလဲ။ စစ်ဖြစ်ပြီဆိုရင် ကိုယ့်လူတွေနဲ့ ကိုယ့်တိုင်းပြည် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုပ်ဖို့က အဓိကမဟုတ်ဘူးလား၊ အဲဒီလိုဖြစ်အောင် တွေ့ဆုံဆွေးနွေးဖို့ ဘာလို့ သူ့ကို တွန်းအားမပေးကြတာလဲ၊ မမေးကြတာလဲ။ သူကနေဒါပါလီမန်မှာ ရုရှားတပ်ကို တိုက်ခဲ့တဲ့ ယူကရိန်းနာဇီကို ချီးယားသွားလုပ်နေတာကို ဘာလို့ မထောက်ကြတာလဲ၊ စစ်ကရော နိုင်ငံခြားက ပိုက်ဆံရသ၍ ခြူတာကလွဲရင် တခြားအစီအစဥ် မရှိတော့ဘူးလား၊ တိုင်းပြည်ပြာကျတော့မှ ရပ်မှာလား၊ စစ်ဖြစ်နေတဲ့ကြားထဲ SBF တို့ဆီ ဘီလီယံနဲ့ချီတဲ့ ပိုက်ဆံတွေ ဘာလို့ သွားထားရတာလဲ၊ မေးစရာတွေ အများကြီးပဲလေ။
အင်တာဗျူးတယ်ဆိုတာနဲ့ တဖက်က ပြောသမျှ အကုန်ယုံသွားတယ်ဆိုတာ ကလေးဆန်လွန်းတဲ့ အတွေးပါ။ သတင်းသမားက ဗျူးတာလည်း လင်လုဖက် မယားလုဖက်တွေလို ရန်တထောင်ထောင် လုပ်စရာမှ မဟုတ်တာ။ စီအန်အန်ကမိန်းမလည်း ဇော်မဲလုံးကို လာဗျူးသွားသေးတာပဲ၊ မဲလုံးပြောသမျှ ယုံပြီး ပြန်လာတယ်လို့ ထင်ကြတာပဲလား။ တပ်ကာက နိုင်ငံရေးလုပ်စားတဲ့လူတွေလို ကန်ထရိုက်တွေ အောက်ဆိုက်တွေနဲ့မှ ငွေရှာတတ်တာမဟုတ်ဘူး။ လက်ယာစွန်းဆိုတာလည်း အမှား၊ သူ့တသက်လုံး ဒီမိုကရက် ဖြစ်လာပြီး ၂၀၂၀နောက်ပိုင်း အမှန်မြင်လာကြတဲ့အချိန်မှာ ငွေကြေးထက် အမှန်တရားကို သိလိုစိတ်ပြင်းပြပြီး အမှန်တရားအတွက် ရေဆုံးမြေဆုံး လိုက်မယ့်သူမျိုး။
ဂျိုးတို့ရဲ့ နိုင်ငံတော်လုံခြုံရေးအေဂျင်စီ ကလည်း လွန်ခဲ့တဲ့ ၃နှစ်တုန်းက တပ်ကာရုရှားကို သွားပြီး ပူတင်ကို အင်တာဗျုးဖို့ ပြင်နေတုန်းမှာ ၂၀၁၆တုန်းက ထရမ့်ကို ဟူစိန်တို့အဖွဲ့ လုပ်ခဲ့သလိုပဲ တပ်ကာ့ဆဲလ်ဖုန်းမက်ဆေ့တွေကအစ လိုက်ကြည့်ပြီး နယူးယောက်တိုင်းမ်စ်ကို လိခ်လုပ်ခဲ့လို့ ပူတင်က ကန်ဆယ်လုပ်ခဲ့တာ၊ အခုလည်း မက်ဆေ့တွေ ကြည့်နေတာပါပဲ၊ ဒါပေမယ့် တပ်ကာက သူတို့ မသွားစေချင်တာရဲ့နောက်ကွယ်မှာ အကြောင်းရှိလိမ့်မယ်လို့ ယူဆပြီး ဒီတခါတော့ ဘယ်လိုအဟန့်အတားပဲရှိရှိ ရအောင်ကိုသွားဗျူးမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။
တပ်ကာ ပူတင်နဲ့တွေ့တာအပေါ် ဟေလာရီတို့ ဒီမိုကရက်တွေနဲ့ သူတို့အမှုတွဲ ဂလိုဘယ်လစ်တွေ၊ လက်ဝဲ”ပညာရှင်” တွေနဲ့ မီဒီညာတွေက ရူးမတတ် တုန့်ပြန်နေကြတာကိုကြည့်ရင် ယူကရိန်းကိစ္စမှာ ပြောမပြနိုင်တဲ့ အကြောင်းတွေ ရှိလိမ့်မယ်၊ အဲဒါကို ပူတင်ကလည်း သိနေလိမ့်မယ်လို့ ယူဆရပါတယ်။ အဲဒါတွေက ဘိုင်အိုလက်ဘ်တွေရယ်၊ ဟေလာရီက တချိန်လုံး ရုရှားကိုပဲ ခုတုံးလုပ် စွပ်စွဲနေတာတွေ ပေါ်ကုန်မှာစိုးလို့ရယ်၊ လူ့ကျင့်ဝတ်နဲ့ဆန့်ကျင်တဲ့ စမ်းသပ်မှုတွေရယ်၊ ကလင်တန်ကစလို့ သမ္မတအဆက်ဆက်နဲ့ ဆက်ဆံခဲ့ဖူးသူပူတင်က အမေရိကန်ကို ကြိုးကိုင်နေသူတွေရဲ့ ရုရှားအပေါ် မူမမှန်တဲ့သဘောထားအကြောင်းရယ် စတာတွေ ပါဝင်ပါတယ်။
ဟေလာရီက သူနိုင်မယ်အပိုင်တွက်ထားတဲ့ ၂၀၁၆ရကပမှာ ရှုံးသွားတုန်းက ထရမ့်နိုင်တာဟာ ရုရှားတွေ ကူလို့ပါလို့ အင်္ဂလိပ်စပိုင်ဟောင်းတယောက်ကိုငှားပြီး သတင်းမှားဖြန့်ထားတာ ခုထိ ဂူဂဲလ်လိုက်ရင် အမှားတွေချည့် အပြည့်ပါပဲ။ လွှတ်တော်မှာ ဒါဟမ်အစီရင်ခံစာလည်း ထွက်ပြီးပြီ၊ ဟေလာရီက ထရမ့်နောက်မှာ ရုရှားကူပေးနေပါတယ်ဆိုတာ အလိမ်ဆိုတာ ထင်ရှားလို့ သူမလက်ထောက်လည်း ထောင်ထဲဝင်ရပြီ။ အဲဒီသတင်းမှားတွေက အင်တာနက်မှာ ခုထိပြန့်တုန်း၊ ဘယ်ဖက်ချက်ကာမှလည်း ဖက်မချက်ကြဘူး။
နောက်တခုက လူပိုကြိုက်တဲ့ ဘာနေဆန်းဒါးစ်ကိုကျော်ပြီး ဟေလာရီကို ဘက်လိုက်ခဲ့တဲ့ ဒီအန်စီရဲ့ အီးမေးလ်တွေ။ ဟေလာရီစွပ်စွဲတာက ရုရှားတွေက အဲဒီအီးမေးတွေကို ခိုးယူပြီး ဂျူလီယန်အာဆန့်ချ် ကိုပေးလို့ အာဆန့်ချ်က ဖြန့်တာ၊ အဲဒါမှ သူလျိုမှုနဲ့ အာဆန့်ချ်ကို အမှုကြီးအောင် လုပ်လိုက်တာပါ။ တကယ်က ဒီအန်စီထဲကလူကပဲ ဖောက်ချပြီး ဂျူလီယံကိုပေးလို့ ဂျူလီယံက ဝီကီလိခ်မှာတင်တာ။ ဘယ်နားမှာမှ ရုရှားမပါဘူး။ အဲဒါတွေကိုကြည့်ရင် ရုရှားကို ဒိစတိတ်ကခြတွေက အမှောင်ထဲမှာပဲ ထားချင်ပုံရတယ်။ ဟိုတုန်းက ကလေးတွေကို ဒေဝေါကြီးနဲ့ ခြောက်ကြသလိုပေါ့။ ဘာမှန်းမသိတော့ ကြောက်စရာ၊ မုန်းစရာရယ်လို့ပဲ သိကြတာ၊ အဲဒီလိုထင်နေကြတာကိုက ဒိစတိတ်ရဲ့ လှည့်ကွက်တခုပါ၊ တခုခုဆို ရုရှားနဲ့ လှည့်တိုက်လိုက်ရင် တော်ရုံလူက ကြောက်စိတ်အခံရှိကြတော့ သူတို့လှည့်တဲ့ဖက်ကို ပါလာကြတာပါပဲ။
ရုရှားကို ရန်သူကြီးအဖြစ် မြင်အောင်တွန်းနေတာတခုကို အင်တာဗျူးမှာ ပူတင်ပြောသွားပါတယ်။ ရေဂင်လက်ထက်မှာ အနောက်ကမ္ဘာနဲ့ ရင်းနှီးလိုတဲ့ ဂိုဘာချော့ဗ်က သူ့သဘောနဲ့သူ စစ်အေးတိုက်ပွဲ အဆုံးသတ်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စုကို ဖျက်သိမ်းခဲ့တယ်။ ဘုရှ် ၄၁လက်ထက် ၂၀၀၈အလွန်မှာ နေတိုး မရှိတော့ဘူးလို့ ကတိပေးခဲ့တယ်။ အဲဒီတော့ သူတို့က ဟိုဘက်တွေ ဒီဘက်တွေ မရှိတော့ပဲ အားလုံးက တဖက်တည်းပဲလို့ ယုံကြည်ခဲ့ကြတယ်။ သူတို့လည်း အရင်းရှင်စနစ်ကျင့်သုံးလာတယ်။ ကာပီတိုဟေးလ်ကို ဘောရစ်ယက်ဆင်လာတုန်းက ဂေါ့ဘလက်စ်အမေရိကားလို့ ပြောပြီး တသားတည်းဖြစ်ကြောင်း ပြခဲ့တယ်။ ယူဂိုဆလပ်စစ်ပွဲဖြစ်တော့ ရုရှားနဲ့ ယဥ်ကျေးမှုတူတဲ့ ဆာ့ဘ်တွေ အများကြီးအသတ်ခံနေရတာကြောင့် အမေရိကန်ကို ကူညီပေးဖို့ပြောတယ်၊ အဲဒီမှာ နေတိုးက ဆာ့ဘ် တွေကို မကူတဲ့အပြင် နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ဘဲဂရိတ်ကို ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။
ကလင်တန်သမ္မတသက်တမ်းမကုန်ခင် ကရင်မလင်ကို လာသွားတုန်းက ပူတင်က ငါတို့ရုရှားက နေတိုးကို ဝင်ချင်ရင် မင်းတို့ခွင့်ပြုမှာလားလို့ မေးခဲ့တယ်၊ ကလင်တန်က စိတ်ဝင်စားစရာမေးခွန်းပဲ၊ ရမယ်လို့ ငါထင်တယ်လို့ ကလင်တန်က ပြန်ပြောခဲ့ပါတယ်။ အဲဒီနေ့ ညစာစားပွဲမှာတော့ ကလင်တန်က ငါ့အဖွဲ့တွေနဲ့ ဆွေးနွေးလိုက်တော့ ရုရှားကို နေတိုးထဲဝင်ခွင့်ပြုဖို့ မဖြစ်နိုင်ဘူးလို့ ပြန်ပြောကြောင်း ပူတင်က ပြောသွားပါတယ်။
နေတိုးထဲကို ဝင်ခွင့်ပြု/မပြုဆိုတဲ့ကိစ္စမှာ ရုရှားက အာဏာရှင်မို့ ကွန်မြူနစ်မို့ ဝင်ခွင့်မပြုဘူးလို့ ပြောလို့မရပါဘူး။ ကွန်မြူနစ်စစ်စစ်လည်း မဟုတ်တော့သလို အဲဒီအချိန်တုန်းက အာဏာရှင်လည်း မဟုတ်တော့တာပါ။ အခုထိ နေတိုးမှာ ဆိုဗီယက်မဟာမိတ်ဟောင်းနိုင်ငံတွေကို လက်ခံနေပေမယ့် ရုရှားကို တမင်ချန်ထားသလိုပါပဲ။ ရုရှားက ယူကရိန်းကို မကျူးကျော်ခင်မှာ ဘိုင်ဒန်က ညာသံပေးပြီး မဝင့်ဝင်အောင် ဘေးတီးပေးနေခဲ့သလို ကမလာကလည်း ယူကရိန်းကို နေတိုးအဖွဲ့ထဲ ပေးဝင်တော့မှာလိုလို ပြောပြီး စစ်မြှူခဲ့ကြတာပါ။
ကလင်တန်ဖောင်ဒေးရှင်းနဲ့ ယူကရိန်းနဲ့ ပတ်သက်နေတာတခုက ကလင်တန်တို့ အိုင်အမ်အက်ဖ်က ခိုးထားတယ်ဆိုတဲ့ ငွေနဲ့ ယူကရိန်းခရိုနီ ဗစ်တာပင်းချပ်နဲ့ပေါင်းပြီး ခရေဒယ်အော့ဖ်ဟုပ်ပရိုဂရမ်နဲ့ ယူကရိန်းနိုင်ငံတဝှမ်းမှာ မွေးကင်းစကလေးအထူးဆေးရုံတွေ ထောင်ထားပါတယ်။ ချယ်လ်ဆီးတောင် သွားကြည့်ခဲ့ပါသေးတယ်။ ကလင်တန်ဖဒရအပြင် အမွှေစိန့်ပွင့်လင်းအဖွဲ့ရော၊ ဂိတ်စ်ရဲ့ ပရောဂျက်၂၀၁ ရော ဘစ်ဖာမာရော ပါပါတယ်။ အဲဒီဆေးရုံတွေက နာဇီခေတ်ကလိုပဲ လူ့ကျင့်ဝတ်နဲ့မညီတဲ့ စမ်းသပ်မှုတွေ လုပ်တာပါ။ ကလေးလိုချင်သူများ ဘယ်လို ဘယ်ပုံစံ ဘယ်နှစ်မွှာ လိုချင်တယ်ဆိုတာ အော်ဒါမှာလို့ရတဲ့ သဘောပါ။
ဂလိုဘယ်လစ်အီလိတွေကလည်း ကမ္ဘာချင့်အောင် နေချင်တဲ့ ရေ့စစ်အကြီးစားတွေဖြစ်ပြီး တခြားလူတွေကိုတော့ ကမ္ဘာမှာလူဦးရေသိပ်များနေလို့ နည်းမျိုးစုံနဲ့ လျော့ဖို့ ကြံနေတာ သိကြမှာပါ။ ဟစ်တလာလိုပဲ သူကြည့်မရတဲ့ သူထိန်းချုပ်လို့မရတဲ့ ဂျူးတွေကို ရှင်းပစ်ပြီး ဆံဝါ မျက်လုံးပြာ လေးတွေပဲ ပွားလာအောင် လုပ်ချင်တာနဲ့ သွားတူနေပါတယ်။ အမေရိကန်စစ်တပ်က စိတ်ဓါတ်စစ်ဆင်ရေးအရာရှိဟောင်း စကော့ဘန်းနက်ကိုယ်တိုင် ဆက်စပ်မှုစာရွက်စာတမ်းတွေ တွေ့ရှိထားသူဖြစ်ပြိး ကေဂျီဘီဟောင်းပူတင်ကလည်း ပိုးပေါင်းစုံစမ်းနေတဲ့ ဘိုင်အိုလက်ဘ်တွေရော၊ လူ့ကျင့်ဝတ်နဲ့မညီတဲ့ စမ်းသပ်မှုတွေကို သူ့အိမ်နားမှာ လာလုပ်နေတာကို ရိပ်မိမယ်လို့ ယုံကြည်ကြောင်း၊ ယူကရိန်းနဲ့ မော်စကိုတို့ စိန့်ပီတာစဘတ်တို့ကလူတွေက ဒီအန်အေအားဖြင့် အလွန်နီးစပ်တော့ ယူကရိန်းမှာ ပိုးတွေလာစမ်းနေတာကို ပူတင်က စိတ်အေးနေနိုင်မှာ မဟုတ်ကြောင်း ပြောသွားတာကို ရီဒက်တက်က ကိုးကားသွားပါတယ်။
တပ်ကာက ရုရှားဟာ ကမ္ဘာမှာ အကြီးဆုံးတိုင်းပြည်ဖြစ်ရုံမက ရေနံရော သယံဇာတ၊ စားစရာ အကုန်ပေါများတဲ့နိုင်ငံဖြစ်လို့ အကြောင်းမဲ့ နယ်လိုက်ချဲ့နေဖို့ မလိုတာကြောင့် တခြားအကြောင်းတွေ ရှိရဦးမယ်လို့ သုံးသပ်ပါတယ်။ မီဒီညာတွေ ညာတာပေါ်သွားတာ အကြိမ်ကြိမ်ရှိပြီး အဲဒီမုသားတွေဟာ လူ့အသက်တွေနဲ့ ဆက်စပ်နေတာဖြစ်လို့ နောက်တခါ အညာမခံရဖို့အတွက် ဘယ်ကိစ္စမဆို နှစ်ဖက်ကြားပြီးမှ သုံးသပ်တာကသာ သင့်တော်မယ်ဆိုတာကို သင်ခန်းစာယူကြဖို့ လိုပါပြီ။
