မန်ဟက်တန်တရားရုံးက ဘဏ်မှာ ငွေချေးရာမှာ ပေါင်နှံတဲ့ အဆောက်အဦတန်ဖိုး ပိုပြလို့ဆိုတဲ့ အမှုနဲ့ ထရမ့်ကို ၃၅၄သန်း ဒဏ်ချခဲ့တာကြောင့် သမိုင်းမှာ နစ်နာသူမရှိ၊ မြီရှင်/မြီစား/နေထိုင်သူ ဘယ်သူမှ မကျေနပ်သူမရှိပဲ အစိုးရက အသားလွတ် ကြားဝင် တရားစွဲ ပြစ်ဒဏ်ချတဲ့ ပထမဆုံးအမှုအဖြစ် သမိုင်းဝင်သွားခဲ့ပါပြီ။ အပြစ်ရှိတယ်ဆိုရင်တောင် ပြစ်ဒဏ်နဲ့ပြစ်မှု မမျှပါဘူး။ မြန်မာပြည်မှာ အီးမေးလ်ရှိလို့ ထောင် ၆၅နှစ်ချသလိုပါပဲ။ သူတို့က သန်း၅၄၀ လောက်အထိ ဒဏ်ချချင်တာပါ။ အမှူက အရင်ကချေးခဲ့တာအပေါ် နောက်ပြန်စွဲတဲ့အမှုဖြစ်လို့ ခုမှ အမိန့်ချတာ ဖြစ်ပေမယ့် လက်ရှိမှာ အတိုးအပါအဝင် ဒဏ်ကြေး၄၅၄သန်း ဖြစ်နေပြီး မဆောင်သ၍ တနေ့ကို အတိုး $ ၈၇,၅၀၂ တက်နေမှာ ဖြစ်ပါတယ်။ ပြဿနာက ထရမ့်ရဲ့ ဓနအင်အားဟာ အဆောက်အဦပိုင်ဆိုင်မှုတွေမှာများပြီး ငွေသားအလုံးအရင်းမရှိတဲ့အတွက် ဆောင်ချင်ရင်တောင် ချက်ချင်းဆောင်ဖို့ မဖြစ်နိုင်နေတာပါ။
ဒဏ်ငွေမဆောင်ခဲ့ရင် ထရမ့်ပိုင်တဲ့ အဆောက်အဦတွေ သိမ်းမယ်လို့ နယူးယောက်ရှေ့နေချုပ် လတီးရှာက ကျုံးဝါးထားပါတယ်။ သူမမျက်စေ့ကျနေတာက ၄၀ ဝေါစထရိက မိုးပျံတိုက်ဖြစ်ပါတယ်။ ဒဏ်ကြေးက ထရမ့်ကိုတင်မကပဲ ထရမ့်သားကြီး ၂ဦးကိုပါ ၄သန်းစီချတဲ့အပြင် နယူးယောက်မှာ စီးပွားလုပ်ခွင့်ပါ ၃နှစ်ပိတ်လိုက်တဲ့အတွက် လက်ရှိထရမ့်လုပ်ငန်း တွေကို ဦးစီးမယ့်သူ ထပ်ရှာရဦးမှာ ဖြစ်ပါတယ်။ အဲဒီအမှုက အရင်အကြိမ်ကြိမ် ရေးခဲ့သလိုပဲ ငွေချေးတဲ့ဘဏ်တွေကလည်း အကြွေးမှန်မှန် ပြန်ဆပ်တဲ့ထရမ့်ကို ပျော်ပျော်ကြီး ချေးခဲ့ပြီး နှစ်ဖက်လုံး အကျိုးရှိခဲ့ကြတာပါ။
အဲဒီအမှုမှာ တရားသူကြီးဆိုတဲ့ အန်ဂိုရွန်ဟာ ၂၀၀၂တုန်းက မန်ဟက်တန်ဆူပရင်းကုတ်တရားသူကြီး ရှိုအန်ဖဲလ်ထံမှာ ဥပဒေအမှုထမ်းလုပ်ခဲ့စဥ်က တရားလိုဘက်က ဥပဒေဝန်ထမ်းနဲ့ ငြိခဲ့ကြတာကို တရားပြိုင်ဘက်က တိုင်တန်းခဲ့လို့ အဲဒီအမှုမှာ သူရော ရှိုအန်ဖဲလ်ပါ ဆက်မပါပဲ ထွက်ပေးခဲ့ရပါတယ်။
ထရမ့်အမှုမှာ ထရမ့်ကို အသေဖိမယ်ဆိုတဲ့ ကြွေးကြော်ချက်နဲ့ ရှေ့နေချုပ်ဖြစ်လာတဲ့ လတီရှာဟာ ထရမ့်ရဲ့ လုပ်ငန်းလိပ်စာကို နယူးယောက်ကနေ ဖလော်ရီဒါကို ရွှေ့မသွားနိုင်အောင် တားဆီးထားဖို့ အန်ဂိုရွန်ကို တိုက်တွန်းထားပါတယ်။ ထရမ့်ကိုသာ အောင်အောင်မြင်မြင် နှိပ်ကွပ်နိုင်ခဲ့ရင် သူမနဲ့အဖွဲ့ကို ထရမ့်ပြန်လာမှာကြောက်တဲ့ ဂလိုဘယ်လက်မဲအုပ်စုက တရားမဝင်ဆုငွေ သန်းချီ ချဦးမှာပါ။
ထရမ့်ပြန်လာမှာ ကြောက်လွန်းကြတဲ့ အဓမ္မဝါဒီများဟာ တပြည်လုံးမှာ အမှုပေါင်း ၁၀၀နီးပါး လှည့်ပတ်စွဲထားကြတာဖြစ်ပြီး ဂျော်ဂျာက ရကပအပေါ် ဝင်စွက်တယ်ဆိုတဲ့အမှုမှာ ဖူလ်တန် ကောင်တီရဲ့ အစိုးရရှေ့နေဖြစ်တဲ့ ဖန်နီဝိလစ်စ်က အထူးဆွဲချအဖြစ် ငှားရမ်းလိုက်တဲ့ ဂျွန်ဖလွိုက်ဟာ သူမကမ်ပိန်းကို ငွေလှူထားသူတဦးဖြစ်သလို ထရမ့်အမှုအတွက် ထပ်မံငှားရမ်းလိုက်တဲ့ အထူးဆွဲချ နေသန်ဝိတ်ဟာလည်း ထရမ့်အမှုကို စစ်နေရင်းမှာပဲ သူမနဲ့ ငြိစွန်းခဲ့ပြီး အစိုးရစားရိတ်နဲ့ ၂ယောက်သား ခရီးထွက်ပျော်မြူးခဲ့ကြပါတယ်။ အမှုစစ်နေစဥ်မှာ ဆန်းပြားတဲ့ဆက်ဆံရေးတွေ ရှိနေရင် အမှုအပေါ် မလျော်ဩဇာသက်ရောက်မှုတွေ ဖြစ်နိုင်တာကြောင့် အမှုကနေ ထွက်ပေးဖို့ တောင်းဆိုကြပေမယ့် သူတို့နှစ်ဦးကတော့ သူတို့အမှားမလုပ်ကြောင်း ငြင်းဆိုထားပါတယ်။ အဲဒီအမှုဟာ ထရမ့်က ပြီးခဲ့တဲ့ ၂၀၂၀ရကပဟာ အင်ကြီးဆိုပြီး ပြောဆိုခဲ့တာ အပေါ် အမှုလုပ်တာဖြစ်ပါတယ်။ သက်သေတွေ အထောက်အထားတွေ အများကြီးရှိနေတဲ့ မိုးခဲမှုအပေါ်မှာတော့ စဥ်းစားပေးဖို့မရှိပဲ ခိုးတဲ့သူကို ခိုးတယ်လို့ ပြောမိသူက အမှားဖြစ်ရတဲ့ ကပြောင်းကပြန် အနေအထားပါ။
ဒီလို ဘယ်ဘက်ကကြည့်ကြည့် မှားယွင်းနေတဲ့ တရားရေးစနစ်ရယ်၊ နယ်စပ်မဲ့ဆိုတာရယ်၊ ဘာသမိုင်းနောက်ခံရှိမှန်း မသိရတဲ့ ခိုးဝင်တွေကို ပြည်သူထက် ပ စားပေးနေတာရယ်တွေက တသီးတခြားစီ မဟုတ်ပါဘူး။ ဟူစိန်တို့ ဂျိုးတို့အုပ်စုတွေ ရွှေ့နေတဲ့ ပလန်ထဲက အကွက်တွေပါပဲ။ နယ်စပ်ကနေ အမေရိကန်ကို မုန်းတဲ့နိုင်ငံတွေက အရွယ်ကောင်း ယောက်ျားတွေချည့် တပုံတပင် ဝင်လာနေတဲ့ အန္တရာယ်ကို မမြင်ကြဘူးလားဆိုရင် ဟူစိန်တို့အုပ်စုက သိပ်မြင်တာပေါ့။ ကြိုတွက်ထားပြီးသားပဲဟာ။ ဒါပေမယ့် အန္တရာယ်က သူတို့အတွက်မဟုတ်ဘူးလေ။ သူတို့က ကေလာရီတို့လိုပဲ ဘယ်သူမှထိမရအောင် ပါဝါရှိနေတာမဟုတ်လား။ ထိုင်ခုံနဲ့ အတွင်းသတင်းနဲ့ လုပ်စားတာ ထင်ရှားနေတဲ့ ဂျိုးသားအဖကိုတောင် ဘယ်တရားရုံးက အဖြစ်ရှိရှိ စွဲချက်တင် စစ်ဆေးခဲ့လို့လဲ။
အဲဒါဆို အန္တရာယ်က ဘယ်သူ့အတွက်လဲဆိုရင် ပြည်သူ့အတွက်ပဲပေါ့။ ခုတောင် ခိုးဝင်တွေက ဟိုတယ်မှာ ရေမီးအစားအစာအစုံနဲ့၊ စစ်ပြန်တွေပါတဲ့ နိုင်ငံသားတွေက လမ်းဘေးမှာ အိမ်ယာမဲ့။ ဆန်ဖရန်မှာ နိုင်ငံသားမဟုတ်တဲ့ ဝင်လာတာ ၅နှစ်မပြည့်သေးတဲ့ တရုပ်မက ဆန်ဖရန်ရကပကော်မရှင် ကြီးကြပ်ရေးဘုတ်အဖွဲ့မှာ ကန့်ကွက်မဲမရှိပဲ အရွေးခံရပြီ။ သူမက ခိုးဝင်အခွင့်အရေးတောင်းဆိုဖို့ လှုပ်ရှားတက်ကြွသူ။ သူက စီစီပီဆဲလ်မဟုတ်ပါဘူးလို့ ဘယ်သူပြောမလဲ။ အခု ကယ်လီက ကျောင်းတွေမှာ မဲပေးဖို့လှုပ်ရှားမှုတွေ စနေပြီ။ မဲပေးတဲ့အရွယ်မဟုတ်သေးတော့ ကြိုစာရင်းပေး ထားတာပါလို့ အကြောင်းပြပါတယ်။ သူတို့က မဲပေးတဲ့အသက်ကို ချပစ်ချင်တာနဲ့ မဲပေးဖို့ မှတ်ပုံတင်မလိုတာနဲ့ဆိုတော့ မိုးခဲဖို့ လွယ်သွားပြီပေါ့။ အဲဒါဆို ဘယ်ခွေးပြိုင်ပြိုင် နိုင်တော့မှာလေ။ ဒါလဲ အာဏာသိမ်းခြင်းတမျိုးပဲလေ။
ဝင်လာကြတဲ့ အမေရိကန်မုန်းတဲ့ နိုင်ငံတွေက စစ်တိုက်တဲ့အရွယ်တွေက ဒီတိုင်းပြည်မှာ စစ်မှုထမ်းဖို့ လာတာ၊ စစ်မှုထမ်းရင် နိုင်ငံသားမြန်မြန်ဖြစ်ပြီး တခြားအခွင့်အရေးတွေလည်း ရသေးတယ်။ ပင်တဂွန်ကလည်း အတွေ့အကြုံ အရည်အချင်းရှိတဲ့၊ စဥ်းစားတတ်တဲ့ တိုင်းပြည်ချစ်တဲ့သူတွေကို ကကဆ မထိုးလို့ရော ဒိုင်ဗာစတီ အီကွတီမူတွေအရ အရည်အချင်းမရှိ အသားရောင်နဲ့ အောက်ပါအရည်အချင်းပဲရှိတာတွေကို ရာထူးတိုးပေးတော့ မခံနိုင်လို့ ထွက်ကုန်တာရောနဲ့ ရှင်းထုတ်ထားပြီးသား။ အဲဒါမှ သခင်ကြီးတွေအလိုကျ ပဥ္စမံတပ်သားတွေကို ခန့်ထားနိုင်မှာ။ စစ်တိုက်တတ်ဖို့ရော သစ္စာရှိဖို့ရော မလိုဘူး။ ကုန်ကုန်ပြောရရင် ကြံ့ခိုင်ဖို့တောင် မလိုလို့ ကြံ့ခိုင်မှု လိုအပ်ချက်တွေ ချချပစ်နေတာ။ နိုင်ငံတခုကို စစ်တပ်ကြီးနဲ့ ကျားထိုးတက်သိမ်းတဲ့ခေတ်က ကျန်ခဲ့ပြီ။
ရဲတွေထဲမှာလည်း အများစုဖြစ်တဲ့ လူဖြူရဲတွေကို ပြဿနာရှာ အကြောင်းအမျိုးမျိုးနဲ့ ထုတ်၊ ထောင်ချ၊ လုပ်လို့ကိုင်လို့မရအောင် သံဆူးကြိုးဥပဒေတွေနဲ့ တင်းတင်းတုပ်ထားလိုက်တော့ ရဲပီသတဲ့ ရဲအလုပ်ကို ချစ်တဲ့သူတွေက မခံနိုင်တော့ ထွက်ကုန်ပြီ။ အဲဒီနေရာမှာ ဘယ်သူတွေဝင်လာဖို့ လျာထားမယ်ထင်လဲ။ ကယ်လီဖိုးနီးယားတို့ အီလီနွိုင်းတို့မှာ နိုင်ငံသားမဟုတ်သူတွေ၊ အသက်မပြည့်ခင်ရောက်လာတဲ့ တရားမဝင်တွေကို လက်နက်တပ်ဆင်ပေးပြီး ရဲလုပ်ခိုင်းတာ စနေပြီ။ တခြားအစိုးရဌာနတွေမှာလည်း အလုပ်လုပ်ဖို့ လက်ခံနေပြီ။ ဈေးကြီး ပင်စင်အများကြီးပေးရတဲ့ နိုင်ငံသားတွေ ဖြုတ်ဖို့နဲ့ လက်တလော ခိုးဝင်တွေကို နိုင်ငံသားပေးမယ်ဆိုရင် ပြည်သူအပေါ် ဘာလုပ်ခိုင်းလုပ်ခိုင်း ခိုင်းလို့ရတဲ့ လက်မရွံ့တွေ ဖြစ်လာတော့မှာပေါ့။ မြန်မာပြည်မှာ အရေးအခင်းဆို နယ်စပ်က မြန်မာစကား ကောင်းကောင်း မတတ်တဲ့သူတွေ ခေါ်လာပြီး နှိပ်ကွပ်ခိုင်းတာနဲ့ ဘာများကွာဦးမှာလဲ။
ရောမကို တရက်ထဲဆောက်လို့ မရဘူးဆိုသလိုပဲ ဒီအဆင့်ရောက်လာဖို့ ဟူစိန်တို့ အကွက်ရွှေ့လာခဲ့တာ မျက်စေ့ဖွင့်မကြည့်သူတွေကတော့ ခုထိ ကြည်ညိုတုန်းပေါ့။ လမ်းခင်းပေးတဲ့အကွက်တွေက မိဘနဲ့ သားသမီးကြား သွေးခွဲတာတွေ၊ self-esteem အရေးကြီးတယ်ဆိုပြီး ကလေးတွေ ပျင်းနေ၊ မှားနေ၊ ရိုင်းနေလို့ ဆုံးမရင် အမှား၊ မြှောက်ပေးတာကမှ အမှန်၊ မကြိုးစားလဲဆုတွေရ၊ ဆိုတော့ လွဲတာမှ ကောင်းတယ်ဆိုပြီး အဆင်းဘီးတပ်ပေးတာနဲ့ မတူဘူးလား။ ငဘိုင်တို့ ပြည်တွင်းရေနံပိတ်တာ မသိတဲ့သူတွေက ချီးကျူးလို့။ တကယ်တော့ အဲဒါတွေက ပြည်သူကို အကြပ်တည်းဆုံးဖြစ်လာအောင် လုပ်တဲ့ မဟာစီမံကိန်းတွေထဲက တခု။ ကလိုင်းမိတ်အကြောင်းပြပြီး လယ်သမားတွေ လယ်မလုပ်နိုင်၊ စက်ရုံတွေ မလည်နိုင်အောင် လုပ်တာ စနေပြီ။ ဂျိုးလက်ချက်နဲ့ ပြည်တွင်းမှာတင် စက်ရုံအလုပ် တသန်းလောက် ပြုတ်သွားတော့မှာ။
မီဒီညာတွေကလည်း “ဟောဒီအခန်းဖြတ်” ဆိုတာတွေများနေတော့ အများအမှန်သိရအောင် စွန့်စားပြီး ပြောမယ့်သူတွေလည်း ရှိတော့မှာမဟုတ်ဘူး။ မြောက်ကိုရီးယားလိုပဲ တဖက်သတင်းပဲရှိတော့ အဆိုးရဘာပြောပြော ပစ်ယုံလိုက်မှပဲ လတ်တလော ဘေးကင်းမယ့်ဘဝတွေ ဖြစ်ကြတော့မယ်။ မျက်စေ့ရှေ့တင် တကွက်ပြီးတကွက် တိုးလာတဲ့အကွက် တွေက ကင်းဝင်ဖို့နီးနေပြီ၊ လူတွေက ပါတီနိုင်ငံရေးထင်လို့ ခတ်ကြ ခွပ်ကြတုန်း။
ဒီလိုအရွေ့တွေ ဘာလို့ဒီလောက် မြန်မြန်ဖြစ်နေသလဲဆိုတော့ လူတွေ ကိုယ့်အသက် ကိုယ့်စည်းစိမ် မြဲတယ်လို့ ထင်နေသလိုပဲ ဒီတိုင်းပြည်ကြီးရဲ့ လွတ်လပ်မှုတွေ ကြွယ်ဝမှုတွေဟာလည်း မြဲလိမ့်မယ်လို့ ထင်နေကြလို့ပဲ။ အဲဒါကြောင့် ခေါင်းဝါကြီးကို မုန်းခိုင်းလိုက်၊ ကလေးသတ်ဖို့က အရေးကြီးပြလိုက်၊ အယ်ဂျီဘီတီဘာညာတွေ ဖင်မပြလိုက် လုပ်ပြီး အာရုံလွှဲနေတာ။ တိုင်းပြည်မြန်မြန်ပျက်မှ လက်မဲတွေ ဝမ်းဝေါဂါးဗားမန့်လုပ်ပြီး ကမ္ဘာကို သခင်နဲ့ ကျွန်တွေအဖြစ် ထိန်းချုပ်လို့ မြန်မြန်ရမှာကိုး။