ပြီးခဲ့တဲ့အပတ်က တီဗွီရှိုးမန်းတဦးဖြစ်တဲ့ Dr. Phil ဟာ တက္ကဆက်စ်နယ်စပ်ကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ခဲ့ရတာက လက်တွေမှာ နံပါတ်တွေ၊ ဖုံးနံပါတ်တွေ ရေးထိုးထားတဲ့ ကလေးတွေပါ။ ပုံမှန်အားဖြင့် လူကုန်ကူး လိင်ကုန်ကူးဂိုဏ်းတွေမှာ ရောင်းစားခံရသူ တွေမှာပဲ ကျွန်ခေတ်ကလိုမျိုး တက်တူးနဲ့ ရေးထိုးထားကြတာပါ။ အဲဒါကို နယ်စပ်ရဲတဦးကို အဆိုပါ ကလေးတွေနဲ့ ဂိုဏ်းတွေ ပတ်သက်နေနိုင်ခြေရှိ/မရှိ မေးမြန်းခဲ့ရာမှာတော့ ဖြစ်နိုင်ခြေရှိရုံမက၊ ဖြစ်ကိုဖြစ်နေတာလို့ ပြန်ဖြေပါတယ်။ နယ်စပ်က ဝင်လာတဲ့ကလေးတွေကို မယောကာ့စ်တို့ ပြည်ထဲရေးက စာရင်းဖျောက်ပြီး ပို့ချင်ရာပို့နေတာက အစိုးရကဦးစီးပြီး လူကုန်ကူး/လိင်ကုန်ကူးဂိုဏ်း ထောင်ထားသလို ဖြစ်နေတာပါ။ ဂျက်ဖရေအက်ပ်စတိန်းရဲ့ ဧည့်သည်စာရင်းကိုလည်း ခုထိ အပြည့်အဝ ထုတ်ပြန်မပေးနိုင်တာကိုကြည့်ရင် အာဏာ/ငွေ/ဩဇာရှိသူ အကြီးစားကြီးတွေ ပါဝင်ပတ်သက်နေမှာ အသေအချာပါပဲ။ လူ့အခွင့်အရေးတွင်တွင်ပြောပြီး နယ်စပ်ဖွင့်တာကို ကာကွယ်ပေးကြသူများ အဆိုပါကလေးတွေနေရာက/ သူတို့မိဘတွေနေရာက ဝင်ခံစားကြည့်ကြပါလို့ တိုက်တွန်းပါတယ်။
၂၀၂၀လောက်ကစပြီး အင်တာနက်မှာ တခုခုရှာရင် အမှန်တကယ်ရှိခဲ့တဲ့ တွေ့ရှိတဲ့ အကြောင်းအရာမျိုးကို ပြမပေးတော့ပဲ ဒီမိုကရက်ခေါင်းဆောင်တွေ ကမ္ဘာ့ရွာလက်မဲတွေရဲ့ အာဘော်တွေကိုပဲ ရွေးပြတော့တဲ့ ဂူးဂယ်လ်ဟာ တဆင့်တက်ပြီး အမေရိကန်ရဲ့ တိုင်းပြုပြည်ပြု ဖခင်ကြီးများကို လူမည်းတွေအဖြစ် သမိုင်းကို စလိမ်နေပါပြီ။ တိုင်းပြုပြည်ပြုဖခင်ပဲဖြစ်ဖြစ် မိခင်ပဲဖြစ်ဖြစ် ဖြူဖြူ မည်းမည်း နီနီ ဝါဝါဆိုတာ အရေးမကြီးပါဘူး၊ အရေးကြီးတာက မဟုတ်တာကို အဟုတ်မလုပ်ကြဖို့ပါ။ သမိုင်းအမှန်က တိုင်းပြုပြည်ပြုဖခင်ကြီးများဟာ လူဖြူတွေဆိုရင်လည်း လူဖြူလို့ ဖော်ပြမှပဲ အဓိပ္ပါယ်ရှိမှာဖြစ်သလို တောင်အာဖရိကမှာ လူမည်းအခွင့်အရေး တိုက်ပွဲဝင်ခဲ့တဲ့ မန်ဒဲလားကို ဖြူ/နီ/ဝါလို့လည်း ညွှန်းဖို့ မသင့်ပါဘူး။ နက်စ်ဖလစ်က Queen Charlotte ရုပ်ရှင်မှာ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီးက လူမည်းဆိုတာက ရုပ်ရှင်ပဲ ဘာဖြစ်ဖြစ်ပေါ့လို့ ပြောလို့ ရကောင်းရနိုင်ပေမယ့် ရုပ်ရှင်မဟုတ်တဲ့ တကယ့်သမိုင်းကို လာလိမ်တာကတော့ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ စာအုပ်ထဲကလို လူတွေကို မှားမှား/မှန်မှန် သူတို့ပြောတာ ယုံတတ်လာအောင် ပုံသွင်းလေ့ကျင့်ပေးနေတာဖြစ်လို့ အင်မတန်ကြောက်စရာကောင်းတဲ့ အရွေ့တခု ဖြစ်နေတာပါ။
ဆန်ဖရန်စစ္စကိုမြို့မှာ ပြီးခဲ့တဲ့အပတ်က တက်စလာကားနှစ်စီး မီးရှို့ခံခဲ့ရပါတယ်။ အနီးအနားက ကင်မရာများရဲ့ မှတ်တမ်းအရ ရှို့သူဟာ တဦးတည်းဖြစ်ပုံရပြီး မီးရှို့မှု၂ခုလုံးဟာလည်း တခုနဲ့တခု ၂ ဘလောက်လောက်ပဲ ခြားတာဖြစ်ပါတယ်။ အဲဒီလူဟာ အငြှိုးကြောင့်သော်လည်းကောင်း၊ စတန့်ထွင်တာသော်လည်းကောင်း ရှို့ခဲ့တဲ့ပုံမပေါ်ပဲ အလုပ်တခုလို သေသေချာချာ လုပ်သွားတာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း ခြကြီးစိုးတဲ့ မြို့တွေမှာ ရဲဆိုတာကလည်း ပေါ်စေချင်တဲ့အမှုတွေကိုပဲ အထက်က ပေါ်စေချင်သလို ဖော်ကြတာဆိုတော့ မမိဘူးဆိုပါတော့။ နိုင်ငံရေး/အာဏာကို မိဘပိုင် ငွေတွင်းလို/ လက်နက်တခုလို အသုံးချနေသူတွေလက်ထက်မှာ အကြောက်တရားဖန်တီးမှုဟာ အဓိက အခန်းကဏ္ဍက ပါနေတာ သတိထားမိသူတွေ ရှိမှာပါ။ အများစုကတော့ ဒီကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ယုံကြည်ကြပါတယ်။ ဆန်ဖရန်က တက်စလာကားပိုင်ရှင်တွေက အနည်းဆုံး ဒီလူကို ဖမ်းမိတဲ့အထိ ပိုက်ဆံအကုန်ခံပြီး ဂိုထောင်တွေမှာ သွားထားကြတော့မယ်လို့ ဆိုကြပါတယ်။
ဘိုင်ဒန်ရဲ့ ဒုတိယ ဒုသမ္မတသက်တမ်းအပြီးမှာ U Penn က သူ့တက္ကသိုလ်ရှိ ဘိုင်ဒန်အင်စတီကျုဖော် ဂလိုဘယ်အန်ဂေ့ချ်မန့်ကို ဦးစီးပေးဖို့အတွက် တနှစ်ကို ဒေါ်လာတသန်းနဲ့ ငှားရမ်းခဲ့ကြောင်း၊ ၄နှစ်လုပ်ခဲ့တဲ့အတွင်း ၇သန်း ပိုက်မိသွားကြောင်း၊ လခရယူထားပေမယ့် စာလည်း ဝင်သင်ပေးစရာ မလိုသလို ကျောင်းကို လာဖို့တောင် မလိုခဲ့ကြောင်း၊ အဲဒီလခတွေကို ပေးနေတဲ့ ဖန်းဒ်ကို တရုပ်ပြည်က အမည်မသိရသူတွေရဲ့ လှူဒါန်းငွေ ၅၄သန်းနဲ့ မတည်ထားတာဖြစ်ပြီး လက်ရှီနိုင်ငံခြားဝန် ဘလင်ကန်အပါအဝင် လက်ရှိနိုင်ငံတော်လုံခြုံရေးကောင်စီမှာပါဝင်တဲ့ နောက် ၉ဦးကိုပါ လခပေးထားခဲ့ကြောင်း ဘေလ်ကလင်တန်နဲ့ ထရမ့်ကမ်ပိန်းတို့ကို ကူညီခဲ့သူ ဒစ်မောရစ်စ်က ဟပ်ကဘီကို ပြောသွားပါတယ်။ အဲဒီနေရာဟာ ဘိုင်ဒန်ဒုသမ္မတလက်ထက်က ဘတ်သွားတဲ့ အိမ်ဖြူရဲ့ ထိပ်တန်းလျို့ဝှက်ဖိုင်တွေကို တွေ့ရှိခဲ့တဲ့ နေရာတွေထဲက တခုဖြစ်ပါတယ်။ (နောက်တနေရာက တရုပ်တန်းမှာပါ။) ဘိုင်ဒန်ဟာ ဆီနိတ်တာဘဝနဲ့တုန်းက ဘဏ်မှာ စုငွေ ၂သောင်းခွဲပဲ ရှိခဲ့ရာက ဒုသမ္မတ သက်တမ်းနှစ်ဆက်အပြီးမှာ ဇိမ်ခံအိမ်တွေပိုင်တဲ့ သန်းကြွယ်သူဌေးဖြစ်လာတာ သွေးရိုးသားရိုးလို့များ ထင်တဲ့သူ ရှိပါသလား။
နောက်ထပ် ဘိုင်ဒန်ရဲ့ ခြစားမှုတခုအကြောင်းကို ဘလတ်ဒ်မန်းနီးစာအုပ်ကို ရေးသားသူ Peter Schweizer က ဖောက်စ်နယူးစ်က မာရီယာ ဘာတီရိုမိုကို ပြောပြသွားပါတယ်။ မက္ကဆီကိုက ဆင်နာလိုဝါမူးယစ်ဆေးဂိုဏ်းကြီးနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ယူဘီဂျီဆိုတဲ့ တရုပ်ဂိုဏ်းခေါင်းဆောင် ဂျန်အန်လို (ဝံပုလွေဖြူလို့သိကြ)ရဲ့ လုပ်ဖော်ကိုင်ဖက်တဦးက ဘိုင်ဒန်မိသားစုကို အတိုးမဲ့ချေးငွေအဖြစ် ဒေါ်လာ ၅သန်း လွဲပေးထားတာအပါအဝင် ဘိုင်ဒန်မိသားစုကို တရုပ်က အနည်းဆုံးဒေါ်လာ သန်း၃၀ပေးထားတဲ့ အထောက်အထားတွေ ရှိနေပြီး ဘိုင်ဒန်ကို လာဘ်ထိုးခဲ့သူတွေဖြစ်တဲ့ ဂျန်အန်လိုတို့ ရုရှားက မာရီယာဘက်ထရီးနာတို့ဟာ ဆန်ရှင်အလုပ်ခံရတဲ့ထဲ မပါဘူးလို ဆိုပါတယ်။ ယူဘီဂျီနဲ့ ဆင်နာလိုဝါဆိုရင် ယူဘီဂျီက ဆရာကြီးလို အဓိကလှုပ်ရှားနေတာဖြစ်ပြီး မက္ကဆီကိုက နာမယ်ကြီး ဆင်နာလိုဝါဂိုဏ်းကတော့ အထောက်အကူသဘောပါပဲ။
မက္ကဆီကိုအနောက်ဖက်ကမ်းတခုလုံး ဖြန့်ကျက်ထားတဲ့ အဆိုပါဂိုဏ်းကို ဖန်တနိုင်းထုတ်ဖို့ အဓိကလိုအပ်တဲ့ ကုန်ကြမ်းတွေ ထောက်ပံ့ပေးနေသူကတော့ တရုပ် ယူဘီဂျီဂိုဏ်းပဲ ဖြစ်ပါတယ်။ မက္ကဆီကိုမြောက်ပိုင်း အမေရိကန်နယ်စပ်နားက မြို့လေးတခုမှာ ဖန်တနောလ်ထုတ်တဲ့ စက်ရုံရှိပြီး အဆိုပါစက်ရုံမှာ တရုပ် ၂၀၀၀လောက်က တရုပ်ပြည်က သွင်းလာတဲ့ ကုန်ကြမ်းတွေကနေ ဖန်တနောလ် ထုတ်လုပ်ပေးနေတာပါ။ ပိုဆိုးတာက ဖန်တနောလ်ကို ဖန်တနောလ်အဖြစ် ထုတ်လုပ်ပေးနေတာမဟုတ်ပဲ သာမာန်အကိုက်အခဲပျောက်ဆေးတွေမှာ ရောထဲ့ပေးနေတာဖြစ်လို့ပါ။ အဲဒီဆေးအတုတွေကို ဗိုက်ကိုဒင်တို့ အက်ဒရဲလ်တို့လို ဆေးအစစ်တွေနဲ့ လုံးဝတူနေအောင် ထုတ်လုပ်ဖို့ မိုလ်ပုံစံတွေကို တရုပ်ပြည်က ဆင်နာလိုဝါကို အရင်းအတိုင်း ရောင်းချပေးပါတယ်။
အဲဒီအတုတွေကို အစစ်တွေနဲ့ ရောထဲ့ကြတဲ့အတွက် သောက်နေသူတွေဟာ သူသောက်တဲ့ဆေးထဲမှာ ဖန်တနိုင်းလ် ပါနေမှန်းတောင် မသိကြပါဘူး။ အဲဒီဖန်တနိုင်းလ်ဟာလည်း နဲနဲလေးနဲ့ လူသေစေနိုင်တဲ့အတွက် သွေးထဲမှာ ဖန်တနိုင်းလ်တွေ့ရင်တောင် သေတဲ့သူက ဆေးပဲခိုးသုံးသလိုလို ဖြစ်ရသေးတာပါ။ အသက် ၄၅နှစ်အောက် အမေရိကန်တွေမှာ ဖန်တနော်လ်ကြောင့်သေတာက အများဆုံးပါပဲ။ အဲဒါတွေကို ပြည်ထဲရေးတို့ အက်ဖ်ဘီအိုင်တို့က မသိပဲ မနေပါဘူး။ မူးယစ်ဂိုဏ်းတွေက တရုပ်ပြည် ကွန်ယက်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို သုံးတဲ့အတွက် အမေရိကန်ဘက်က သက်သေပြဖို့ ခက်နေပါတယ်။ အဲဒီကရတဲ့ ငွေတွေကို ငွေဖြူဖွတ်ဖို့ကိုလည်း တရုပ်ဘဏ်တွေ၊ အမေရိကန်မှာ ကျောင်းလာတက်တဲ့ တရုပ်ကျောင်းသားတွေကနေတဆင့် ငွေဖြူဖွတ်ကြတယ်လို့ ဆိုပါတယ်။
ဘိုင်ဒန်အစိုးရဟာ တစ်တော့ကို အစိုးရအဖွဲ့အစည်းတွေမှာ မသုံးဖို့ အသံကောင်းဟစ်ထားပေမယ့် ကလေးတွေ လူငယ်တွေ သုံးနေတာ ခွင့်ပြုထားသလို သူကိုယ်တိုင်ကလည်း တစ်တော့နဲ့ ကမ်ပိန်းလုပ်နေပါတယ်။ ဖန်တနောလ်ကိစ္စမှာလည်း အမေရိကန်တွေ အများကြီးကို သတ်နေတာ သိနေပေမယ့် တရုပ်ကို အပြစ်တင်/ ဟန့်တားဖို့ဝေးလို့ ထုတ်ပြောခြင်းတောင် မပြုနေပါဘူး။ အဲဒါကို ကြည့်ရင် ဘိုင်ဒန်ရဲ့ အသက်ကြီးတာ၊ သတိမေ့တာတွေထက် ခြစားတာက တိုင်းပြည်အတွက် အကြီးဆုံး အန္တရာယ်ဖြစ်နေတာကို မြင်ဖို့ လိုပါတယ်။ ဘိုင်ဒန်ခြစားမှန်းသိသိနဲ့ ခွင့်ပြုပြီး ကြိုးကိုင်နေတဲ့ ဟူစိန်တို့ ကလင်တန်တို့ ပလိုးစီတို့ တသိုက်ကလည်း တိုင်းပြည်အန္တရာယ်စာရင်းထဲမှာ ထိပ်ဆုံးက ဖြစ်နေတာပါပဲ။