မနေ့က ပြည်နယ် ၁၅ခုမှာ ပြုလုပ်တဲ့ ပဏာမရကပတွေမှာ ရီပါဘလစ်ကန်ဘက်က ထရမ့်က ပြည်နယ် ၁၄ခုမှာ အပြတ်အသတ်နိုင်ခဲ့ပြီး ရီပါဘလစ်ကန်ပါတီတွင်း ရကပမှာ ဒီမိုကရက်တွေကိုပါ ဝင်မဲပေးခွင့်ပြုခဲ့တဲ့ ဗားမောင့်မှာတော့ နစ်ကီဟေလီက မဲ ၃၀၀၀နီးပါးနဲ့ နိုင်သွားပါတယ်။ အဲဒါဟာ နစ်ကီအတွက် ပြည်နယ် ၅၀ရဲ့ ထက်ဝက်ကျော်မှာ ပထမဆုံးအနိုင်ဖြစ်ပြီး ကနေ့မှာတော့ သမ္မတ ရကပကနေ ထွက်လိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ပါတီကို ကိုယ်စားပြုဖို့ ကိုယ်စားလှယ် ၁၂၁၅ အနည်းဆုံး ရရမယ့်ထဲမှာ ထရမ့်က ကနေ့အထိ ၁၀၃၁ ရထားပြီး နစ်ကီက ၈၉ ရထားပါတယ်။ နစ်ကီဟာ ထရမ့်ကို congratulate လုပ်ခဲ့ပေမယ့် endorse မလုပ်သေးပါဘူး။ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေဟာလည်း ဒီမိုခြတွေနဲ့ ပါတီကွဲပေမယ့် နိုင်ငံ့အရေး၊ နိုင်ငံသားအရေးထက် နိုင်ငံရေးကစားပြီး ကိုယ်ကျိုးစီးပွားရှာကြတာမှာ တူကြလေတော့ သူတို့စားပေါက်ပိတ်စေမယ့် ထရမ့်ကို မုန်းကြတာမှာလည်း အတူတူပဲ ဖြစ်နေတာပါ။
ဒီမိုကရက်တွေဘက်မှာတော့ ဘိုင်ဒန်က ပြည်နယ်တိုင်းမှာ နိုင်ပေမယ့် အစ္စရေး-ဂါဇာစစ်ပွဲအပေါ် ကိုင်တွယ်မှုကြောင့် ဘိုင်ဒန်ကိုမထောက်ခံသလို ဘယ်သူ့ကိုမှ မရွေးဘူးဆိုတဲ့ uncommitted တွေက တချို့ပြည်နယ်မှာ ၂၀%လောက်တောင် ရှိနေတာပါ။ အဲဒီနံပါတ်က ပဏာမရကပအတွက် မသိသာပေမယ့် နိုဝင်ဘာရကပမှာတော့ သက်ရောက်မှု ကြီးနိုင်ပါတယ်။ ထရမ့်ကတော့ တပြည်ထောင်စနစ်ဖြစ်ဖြစ် နှစ်ပြည်ထောင်စနစ်ဖြစ်ဖြစ် အဲဒါက အစ္စရေးနဲ့ ပါလက်စ်တိုင်းတွေ ကိုယ်တိုင်ရွေးချယ်ရမယ့် ကိစ္စပါ၊ ငါက facilitator သက်သက်ပါပဲလို့ ပြောထားပါတယ်။
မနေ့က ဘိုင်ဒန်ဟာ ပြည်သူတွေရဲ့ စားဝတ်နေရေးစားရိတ်တွေ ကြီးမြင့်လာနေမှုအပေါ် သူ့အစိုးရက အရေးယူဆောင်ရွက်ဖို့ စီစဥ်နေတဲ့အကြောင်း ပြောသွားပါတယ်။ ဘိုင်ဒန်က စားသောက်ကုန် ထုတ်လုပ်သူတွေဟာ ပိုနည်းတဲ့အစားအစာတွေကို ပိုမြင့်တဲ့ဈေးနဲ့ ရောင်းကြတာ မဖြစ်သင့်ကြောင်း၊ ခရက်ဒစ်ကဒ်ကုမ္ပဏီတွေ ဘဏ်တွေကလည်း ပြည်သူတွေ ကြပ်တည်းနေတာ သိလျက်နဲ့ အချိန်မီ ကြွေးမဆပ်ရင် နောက်ကျကြေးဆိုတာ ကောက်ကြကြောင်း၊ အဲဒါတွေကို အရေးယူဖို့ စီစဥ်နေကြောင်း စသဖြင့် ပြောကြားသွားပါတယ်။ ဘယ်တုန်းကများ မအလဆီမှာ သင်တန်းလာတက်သွားပါလိမ့်။
ရေနံပိုက်လိုင်းတွေပိတ်၊ အခွန်အခတွေတိုးကောက်၊ ငွေစက္ကူတွေနင်းကန်ရိုက်မှတော့ ကုန်ဈေးနှုန်းက တက်ပြီပေါ့၊ ကုန်ဈေးနှုန်းတက်တိုင်း ရောင်းကုန်ဈေးလိုက်တက်ရင် မဝယ်ကြမှာစိုးတော့ ပစ္စည်းနဲနဲလျော့ ဈေးနဲနဲတင် လုပ်ကြရတာပါပဲ။ ခရက်ဒစ်ကဒ်တွေ ဘဏ်တွေက အကြွေးပေါ်မှာ လုပ်စားနေရတာ အချိန်မှန်မပေးရင် နောက်ကျကြေး ယူမှာပေါ့။ ဘာမှားနေလို့လဲ။ အရည်အချင်းလည်း မရှိ စေတနာကောင်းလည်း မရှိတဲ့ သူကတော့ blame game နဲ့ပဲ ပြည်သူချင်း သွေးခွဲအုပ်ချုပ်မှာပါပဲ။
ကိုလိုရာဒိုနဲ့ တချို့အပြာပြည်နယ်တွေမှာ ထရမ့်ကို ဂျန်၆အမှုနဲ့ သူပုန်လို့ တဖက်သပ်စွပ်စွဲပြီး မဲပြားပေါ်မှာ မထည့်ဖို့ ဆုံးဖြတ်ကြပါတယ်။ ကိုလိုရာဒိုကအမှုအပေါ် ဆူပရင်းကုတ်တရားသူကြီး ၉ဦး စလုံးက ပြည်နယ်တွေမှာ ဘယ်သူဟာသူပုန်ပါလို့ ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း၊ အဲဒီလိုသာ ဆုံးဖြတ်ခွင့် ရှိခဲ့ရင် တဦးတည်းအပေါ် တပြည်နယ်ကတမျိုး နောက်တပြည်နယ်က နောက်တမျိုး လုပ်နေကြလို့ မဖြစ်တဲ့အတွက် ကွန်ဂရက်စ်ကသာ ဘယ်သူဟာ သူပုန်ဆိုတာ သတ်မှတ်တဲ့ ဥပဒေ ပြဌာန်းပေးရမှာ ဖြစ်ကြောင်း၊ အဆုံးအဖြတ် ပေးသွားပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် ထရမ့်ကို ဘယ်ပြည်နယ်ကမှ မဲပြားပေါ်က ထုတ်ပစ်လို့ မရတော့ပေမယ့် ထရမ့်နိုင်လာလို့ ကွန်ဂရက်စ်က အတည်ပြုရတော့မယ့် အချိန်ကျရင် ဒီပြဿနာကို တဖန်မီးမွှေးလာနိုင်ပါတယ်။ ၂၀၀၀ကစလို့ ပြီးခဲ့တဲ့ သမ္မတရကပတွေမှာ ရီပါဘလစ်ကန်သမ္မတလောင်းတွေနိုင်တိုင်း အမြဲပြဿနာရှာ ညစ်လေ့ရှိတဲ့ ဒီမိုကရက်တွေအတွက် ဘယ်ဟာကမှ အဟန့်အတားဖြစ်စေမှာ မဟုတ်ပါဘူး။
နယ်စပ်ကဝင်လာတဲ့ ခိုးဝင်တွေ များလွန်းလို့ ပြဿနာတွေ အမျိုးစုံတက်နေတဲ့ အမေရိကန်မှာ ဘိုင်ဒန်အစိုးရက နိုင်ငံခြားလေဆိပ်တွေကနေ အမေရိကန်မြို့ကြီးတွေဆီကို နိုင်ငံခြားသားတွေ မသိမသာ ခိုးသွင်းနေတာ ၃သိန်း၂သောင်း ရှိနေပြီဖြစ်တဲ့သတင်း ပေါ်ထွက်လာပါတယ်။ ဘိုင်ဒန်လက်ထက် နယ်စပ်ကဝင်လာတဲ့သူတွေဟာ စာရင်းအရ ၁၀သန်းလောက်ရှိနေပေမယ့် စာရင်းမဝင်တာတွေပါဆိုရင် သန်း ၃၀လောက်တောင် ရှိမယ်လို့ ခန့်မှန်းနေကြပါတယ်။ အဲဒီလို တရားမဲ့ ပြုမူနေတဲ့အပေါ် ဝေဖန်နေကြတာကို ရှောင်ရှားဖို့ လေကြောင်းက ခိုးသွင်းတာ ဖြစ်ပုံရပါတယ်။ တရားဝင်လာမယ့်သူတွေဟာ ဆေးစစ်၊ ရာဇဝတ်နောက်ကြောင်းရှင်း/မရှင်းစစ်၊ ဖောင်တင်၊ ငွေသွင်း၊ အင်တာဗျူးဝင် စတဲ့ လဝကသတ်မှတ်ချက်အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ ဒီလူတွေကိုတော့ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ခေါ်သွင်းသလဲဆိုတာ မဆိုထားနဲ့ ခိုးသွင်းနေတာ ပေါ်သွားတော့မှ ဝန်ခံတာပါ။ အီလွန်မတ်စ်က ဒီကိစ္စဟာ ၉/၁၁ထက်တောင် ဆိုးဝါးလွန်းတယ်လို့ မှတ်ချက်ပြုပါတယ်။
အဲဒီလိုခိုးသွင်းဖို့အတွက် US Customs and Border Protection (CBP) က အခမပေးရတဲ့ CBP One ဆိုတဲ့ မိုဘိုင်း app ကို Apple App တို့ Google Play Store တို့ကနေ ဝင်ရောက်ချိတ်ဆက်နိုင်ဖို့ ပြုလုပ်ပေးထားတာပါ။ ပြည်သူ့မဲနဲ့တက်လာတဲ့ လွှတ်တော် (သို့) သမ္မတက ပြဌာန်းတာမဟုတ်ပဲ ဗျူရိုကရက်အဖွဲ့အစည်းတွေက ခြေ/ဥနဲ့မညီတဲ့ မတော်မတရား အာဏာတွေ ရှိနေတာဟာ တိုင်းပြည်အတွက် စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘယ်လိုလူတွေကို ရွေးခေါ်တယ်၊ ဘယ်တွေပို့ပစ်တယ် ဆိုတာလည်း စာရင်းဖျောက်ဦးမှာဖြစ်တဲ့အတွက် အာဏာထိန်းချုပ်ဖို့ လူသန်းချီသေစေခဲ့တဲ့ ကဗပိုးလို ဟာမျိုးတောင် သွင်းလာခဲ့တဲ့လူတွေရဲ့ ရက်စက်နိုင်မှုကို လျော့မတွက်ကြဖို့တော့ လိုပါမယ်။
အခုဆိုရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မတွေ့ရတော့တဲ့ တီဘီရောဂါ၊ ကျောက်ရောဂါ၊ အနာကြီးရောဂါတွေ ပြည်တွင်းမှာ တွေ့လာရပါပြီ။ နိုင်ငံသားတွေ မလုပ်နိုင်တဲ့ ဈေးတွေနဲ့ ဈေးကွက်ဝင်လုကြလို့ အချိန်ပိုင်း လုပ်သား လူငယ်တွေ အောက်ခြေလုပ်သားတွေ ဒုက္ခတွေ့နေကြပါပြီ။ တိုင်းပြည်ရဲ့ အကြီးဆုံး အင်အားစုဖြစ်တဲ့ အခြေခံလူတန်းစား ကြပ်တည်းလာရင် မတည်ငြိမ်မှုတွေ စလာတော့မှာပါ။
အီရတ်မှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်ခဲ့မှုအတွက် တာဝန်ရှိတဲ့ အီရန် စစ်ဗိုလ်ချုပ် ဆိုလေမာနီကို အမေရိကန်တပ်တွေက ရှင်းလင်းသုတ်သင်ခဲ့တဲ့အပေါ် အီရန်က လက်စားချေဖို့ ကြွေးကြော်ပြီး အမြဲ အခွင့်အခါစောင့်နေခဲ့တာပါ။ အခုတော့ ရန်သူအားပေးဘိုင်ဒန်လက်ထက်မှာ အကောင်အထည် ဖော်နိုင်တဲ့အခြေအနေ ဖြစ်လာပါပြီ။ မိုင်ယာမီက အက်ဖ်ဘီအိုင်ရုံးက ဆိုလေမာနီကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန် အရာရှိများကို လုပ်ကြံဖို့ အီရန်လက်မရွံ့တဦးဖြစ်သူ မဂျစ် ဒက်စ်တီဂျာနီ ဖာရာဟာနီဟာလူစုပြီး စစ်ဆင်ရေးတွေ လုပ်ဖို့ စီစဥ်နေတဲ့အပေါ် မေးမြန်းမှုများပြုလုပ်ဖို့ အလိုရှိနေကြောင်း သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာက ဆန်ရှင်အလုပ်ခံထားရတဲ့ မဂျစ်ဟာ ပြည်တွင်းမှာရောက်နေတယ်လို့ မပြောထားပဲ ဘာသာရေး အဆောက်အဦတွေ လုပ်ငန်းခွင်တွေနဲ့ တခြားနေရာတွေမှာ ထောက်လှမ်းပေးဖို့ လူစုနေတာလို့ပဲ အက်ဖ်ဘီအိုင်က ပြောထားပါတယ်။ ပုံမှန်ဆိုရင် ဘယ်စစ်ဆင်ရေးမှာ ဘယ်သူပါတယ် ဆိုတာက ထိပ်တန်းလျှို့ဝှက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တမင်လိုလို မတော်တဆလိုလိုနဲ့ ရန်သူ ဝမ်းသာမယ့် လျို့ဝှက်သတင်းတွေ ဖောက်ချတတ်တဲ့ ခြစားဘိုင်ဒန်အစိုးရကိုပဲ ဆက်မဲပေးနေရင်တော့ အသက်နဲ့ရင်းပြီး တိုင်းပြည်ရန်ကို ကာကွယ်ခဲ့/နေသူတွေကို ကိုယ်တိုင်သတ်နေတာပဲ ဖြစ်မှာပါ။
ဂူဂဲလ်မှာ အေအိုင်နဲ့ မေးခွန်းတခု မေးထားတာမှာ ပြန်ဖြေတဲ့အဖြေက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တော်တော်စိတ်ပျက်စရာဖြစ်နေကြောင်း တွေ့ရှိရပါတယ်။ မေးခွန်းက လိင်ပြောင်းကိတ်တလင်ဂျန်နာ ကို သူခေါ်စေချင်သလို မ လို့မခေါ်ပဲ မွေးရာပါလိင်ဖြစ်တဲ့ ကျားလို့ ခေါ်လိုက်လို့ နျူစစ်ပွဲကြီးတခုကို ဟန့်တားနိုင်မယ်ဆိုရင် အဲဒီလို ခေါ်သင့်သလားလို့ မေးထားတာပါ။ ဂူဂဲလ်ရဲ့အဖြေက နျူစစ်ပွဲကို ဟန့်တားဖို့အတွက် ကိတ်တလင်ဂျန်နာကို ကျားလို့ မခေါ်သင့်ပါဘူး၊ ဒီကိစ္စဟာ ရှုပ်ထွေးပါတယ်၊ လွယ်လွယ်ဖြေလို့မရပါဘူး၊ မ လို့ အခေါ်ခံချင်သူကို ကျားလို့ခေါ်တာဟာ ခွဲခြားဆက်ဆံတာဖြစ်လို့ စိတ်ထိခိုက်စေနိုင်ပါတယ်၊ သူခေါ်စေချင်သလို ခေါ်လိုက်မှ သူ့ကို လေးစားရာ ရောက်ပါမယ်၊ တဖက်မှာလည်း နျူစစ်ပွဲဆိုတာ အင်မတန်ဆိုးရွားလှပါတယ်၊ ကိတ်တလင်ဂျန်နာကို ကျားလို့ ခေါ်မှ စစ်ကို ရှောင်လွှဲနိုင်မယ်ဆိုရင် တချို့ကတော့ ဖြစ်သင့်တယ်လို့ မြင်မှာပေါ့၊ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် မှန်တယ်မှားတယ်ပြောဖို့ခက်ပါတယ်၊ နျူစစ်ပွဲကို ဟန့်တားဖို့ တခြားနည်းတွေလည်း ရှိဦးမှာပါလေ၊ အဲဒီလိုအဖွဲ့တွေကို ငွေလှူတာမျိုး၊ ရွေးကောက်ခံတွေဆီ စာရေးတာမျိုး လုပ်လို့ရပါတယ်လို့ အကြံပြုထားပါတယ်။ လူသားအများကြီးရဲ့ အသက်နဲ့ အဟုတ်ကို မဟုတ်လုပ်လိမ်တာနဲ့ကို မလဲနိုင်ကြတဲ့ ဘရိန်းဝေါ့ရှ်အာဂျန်ဒါတွေပါပဲ။