ကမ္ဘာ့နံပါတ် ၅ အကြီးဆုံးစီးပွားရေးအဆင့်ရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အချမ်းသာဆုံးမြို့တွေထဲက တခုမှာ ဘာမှ တန်ဖိုးမများတဲ့သကြားလုံးတို့ chewing gum တို့ကိုတောင် ဘီဒိုထဲ သော့ခတ်သိမ်းရတဲ့ အခြေအနေတွေ ဖြစ်ကုန်ပါပြီ။ အနိမ့်ဆုံးလုပ်ခတွေကိုလည်း တိုးမြှင့်လိုက်တဲ့အတွက် ဆိုင်တွေမှာ လူလျော့ထားကြတော့ တခုခုလိုချင်ရင် အချိန်တော်တော်ပေးနိုင်မှ ရပါတော့တယ်။ ဘိုင်ဒန့်နဲ့ နူဆမ်လက်ထက် တိုးတက်မှုတွေ ဆိုပါတော့။
ဒီမိုကရက်တွေရဲ့ လူဆိုး သူခိုးချစ်ပေါ်လစီတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအားမပေးတဲ့ ပေါ်လစီတွေကြောင့် ဆိုင်တွေ ပြည်သူတွေ ဒုက္ခများကြပေမယ့် တဖက်မှာ အမြတ်ထွက်မှာက အမေဇုန်လို ကုမ္ပဏီမျိုးဖြစ်ပါတယ်။ ဆိုင်တွေသွားရတာ အဆင်မပြေတော့ရင် online ကပဲ ဝယ်ကြဖို့ များပါတယ်။ကဗဖြစ်တုန်းကလည်း အမေဇုန်တို့ အမြတ်ကြမ်းခဲ့ပါတယ်။ ဒီလိုခွင်တွေ ဖြစ်လာဖို့အတွက် အမေဇုန်က ဖက်ဒရယ်အစိုးရကို လော်ဘီလုပ်ဖို့ ၂၀၂၃ တနှစ်ထဲမှာတင် သန်း ၂၀ သုံးထားပါတယ်။ ဒါက လော်ဘီလုပ်ပေးမယ့်ကုမ္ပဏီကို ငှားတာမပါသေးပါဘူး။ ပြည်နယ်အစိုးရတွေကို လိုင်းဝင်တာတွေ မပါသေးဘူး။
ဘိုးရင်းကုမ္ပဏီကလည်း ၂၀၂၃မှာ ၁၄.၅သန်း သုံးပြီး ဖက်ဒရယ်အစိုးရကို လော်ဘီထားတာပါ။ အဲဒါကြောင့် safety စစ်ရင် တော်ရုံကိစ္စ pass ဖြစ်သလို အတွင်းလူ ဝန်ထမ်းဟောင်းက စွန့်စားပြီး လူထုရှေ့ ချပြတော့လည်း ဆူဆိုက်လို့ပဲ ဇတ်သိမ်းစေချင်ကြပါတယ်။ ဒီအမှုလည်း မြန်မာပြည်က ငါးလောင်းပြိုင်တို့ ဗစ်တိုးရီးယားတို့လိုပဲ အမှန်ပေါ်ဖို့ မလွယ်လှပါဘူး။ ကံကောင်းထောက်မလို့ မတော်တဆ အမှန်ပေါ်လာခဲ့ရင်တောင် ဦးကိုနီအမှုလိုပဲ သိသိချည်းနဲ့ တရားဥပဒေကို မထေမဲ့မြင် လုပ်ကြဦးမှာပါ။
အဲဒီလော်ဘီလုပ်တဲ့ ပိုက်ဆံတွေက ကုမ္ပဏီစီအီးအိုတွေ အိတ်ထဲက စိုက်ပေးတာလို့များ ထင်နေကြလားဟင်။ လော်ဘီအတွက် သုံးတာရော၊ လော်ဘီလုပ်ပေးတဲ့ ကုမ္ပဏီတွေ ပေးရတာရော၊ သူတို့ အကျိုးရှိသထက်ရှိမယ့် ဥပဒေတွေ ရေးဆွဲဖို့ ကုန်ကျစရိတ်တွေရော အားလုံးက ပြည်သူအိတ်ထဲကပဲ ပြန်နှိုက်မှာပါ။ ဘိုးရင်းဆိုရင် အဲဒီလော်ဘီလုပ်မယ့်အစား လေယာဥ်ထုတ်လုပ်စရိတ်တွေထဲထည့်လိုက်ရင် ပြည်သူတွေအတွက် ပိုအကျိုးရှိမှာပေမယ့် ကန်ထရိုက်ချပေးနိုင်တာက အမတ်တွေနဲ့ သမ္မတ/ ဝန်ကြီးတွေ ဖြစ်နေတော့ သူတို့ကိုပဲ ခွံ့ရတော့တာပါ။
စ်ဖာမာလည်း အကြီးဆုံးလော်ဘီပါပဲ။ လူတွေ ဆေးများများ သောက်ရလေ၊ ဆေးများများကုရလေ သူတို့ပိုက်ဆံရလေပါ။ အဲဒါကြောင့် ဆရာဝန်တွေကိုပါ သူတို့ဂိုက်လိုင်းအတိုင်း မကုရင် ပြဿနာရှာမယ့် ဥပဒေတွေ တွင်တွင် ထုတ်ကြပါတယ်။ အဲဒီလိုတွေ့တော့ တချို့က အရင်းရှင်စနစ်ကို အပြစ်မြင်ကြပါတယ်။ လက်ဝဲတွေကလည်း အဲဒီဘူတာကိုပဲ ဆိုက်စေချင်တာပါ။ ဘာကြောင့်လဲဆိုတော့ အရင်းရှင်စနစ် အောင်မြင်ဖို့ လွတ်လပ်ပြီး အဂတိကင်းတဲ့ ရေခံမြေခံကောင်း ရှိရပါတယ်။ လက်ဝဲမှန်သမျှ အဂတိမကင်းသလို လွတ်လပ်မှုကိုလည်း အင်မတန် မုန်းကြ ကြောက်ကြတာကြောင့်ပါ။
ကယ်လီဖိုးနီးယားမှာ ဆိုင်တွေ စားသောက်ဆိုင်တွေ ပိတ်ကုန်ကြတဲ့အတွက် အဲဒီအတိုင်းသာ ဆက်သွားရင် လူတွေ ကဗခေတ်ကလိုပဲ အိမ်ထဲက အိမ်ပြင်ထွက်တာလျော့၊ လူငယ်တွေ hang out လုပ်စရာနေရာ လျော့၊ အပြိုင်အဆိုင်လျော့တော့ ဈေးတွေ မြောက်၊ ပြောရရင် လူမှုရေး ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ လက်ဝဲတွေက ပြည်သူတွေ တယောက်နဲ့တယောက် အထိအတွေ့မရှိလေ ကြိုက်လေပါပဲ။ ဒါကြောင့်လည်း မလိုအပ်ပဲ လော့ဒေါင်းတွေ လုပ်ခဲ့ကြတာပါ။ နောက်လည်း လုပ်ဦးမှာပါပဲ။ သူတို့ ခင်းနေတဲ့ လမ်းတိုင်းက အာဏာရှင်စနစ်ကို ဦးတည်နေတယ်ဆိုတာကို မြင်အောင်ကြည့်ကြဖို့ လိုပါတယ်။

