မတ်လ ၂၂ ရက် ၂၀၂၄

နယူးယောက်ပြည်နယ်ရှေ့နေချုပ် လတီးရှာက သူမမဲဆွယ်ပွဲမှာကတဲက မောင်းတင်ထားတဲ့ ထရမ့်ကို ထိုးနှက်ဖို့အကြံကို သူမနဲ့အကြံတူတဲ့ တရားရုံးသူကြီးအန်ဂိုရွန်နဲ့ပေါင်းပြီး နစ်နာသူ/ မကျေနပ်သူ မရှိတဲ့အမှုကို ပြစ်မှုကြီးဖြစ်အောင်လုပ်၊ သမိုင်းဝင်လောက်တဲ့ ဒဏ်ကြေး ၃၅၅သန်းချမှတ်ခဲ့ပြီး အယူခံဝင်ဖို့ဆိုရင် ဒဏ်ကြေးအပြင် အမှုစတင်ဖြစ်တယ်ဆိုတဲ့ backdate ကနေစပြီး အတိုး ၁၀၉သန်း စုစုပေါင်း ၄၆၄သန်းကို ငွေသားအာမခံအဖြစ် မတ်လ ၂၅ရက် နောက်ဆုံးထားတင်ရမယ်၊ မတင်နိုင်ရင် ပိုင်ဆိုင်မှုတွေသိမ်းမယ်လို့ တဖက်သတ် အမိန့်ချခဲ့ပါတယ်။ လုပ်ငန်းရှင်တွေ ထုံးစံအတိုင်း ပိုင်ဆိုင်မှုတွေရှိပေမယ့် ငွေသားများများ လက်ဝယ်မရှိတဲ့ထရမ့်ဟာ တနေ့ဆိုင်းတိုင်းတနေ့ တက်လာတဲ့ အတိုးတွေနဲ့ ရင်ဆိုင်လာခဲ့ရပါတယ်။ လတီးရှာကတော့ အာမခံ မတင်နိုင်ရင် ထရမ့်ရဲ့ ပိုင်ဆိုင်မှုတွေ ထဲက ထရမ့်တန်ဖိုးအထားဆုံး၊ တန်ဖိုးအများဆုံးတခုဖြစ်တဲ့ မန်ဟက်တန်မြောက်ဖက် ဝက်ချက်စတာ ကောင်တီက ဧက ၃၇၀ရှိတဲ့ ဂေါက်ကွင်းပါတဲ စံအိမ်ကြီးတလုံးကို သိမ်းဖို့ တာစူနေပါပြီ​။

မနေ့က သတင်းတပုဒ်တက်လာတဲ့ထဲမှာ လတီးရှာက  နယူးယောက်ဆူပရင်းကုတ်ကို ၄၆၄သန်း အာမခံမတင်ရင် ပိုင်ဆိုင်မှုသိမ်းယူမယ်ဆိုတဲ့ ချမှတ်ချက်ဟာ “လက်တွေ့မကျ၊ မဖြစ်နိုင်”လို့ မဆုံးဖြတ်စေဖို့ စာတစောင်တင်သွင်းခဲ့ပါတယ်။ ဆူပရင်းကုတ်က အမှုကိုပဲလက်ခံပြီး သူမရဲ့စာကို ဖယ်ပစ်ဖို့ အမိန့်ချခဲ့ပါတယ်။ ရုံးတော်ကို တင်တဲ့စာတွေအရ အစပိုင်းမှာ လတီးရှာက ဒဏ်ကြေး သန်း ၂၅၀ ချတာကနေ အမှုနောက်ဆုံးနေ့တွေမှာ ၃၅၅အထိ တိုးခဲ့ကြောင်း၊ အဲဒီလောက်ဘွန်းကို ပွဲစားကုမ္ပဏီ ၄ခုနဲ့ ဘွန်းအာမခံကုမ္ပဏီ ၃၀ကျော် ပေါင်းတာတောင် ဘယ်လိုမှ မရခဲ့ကြောင်း၊ သန်း ၁၀၀ ဆိုရင်တောင် တော်တော်အကြီးစားကြီးဖြစ်နေပြီး ၄၆၄သန်းကို ပေးနိုင်မယ့် ဘွန်းအာမခံကုမ္ပဏီ အနည်းငယ်ပဲရှိမှာဖြစ်ကြောင်း၊ အဲဒီကုမ္ပဏီတွေကလည်း (ထရမ့် organization လို ပုဂ္ဂလိကကုမ္ပဏီ ထက်) အမေဇုံတို့ ဝေါမတ်တို့လို publicly traded ကုမ္ပဏီအကြီးစားကြီးတွေကိုပဲ ထုတ်ပေးမှာ ဖြစ်ကြောင်း အဲပစ်တိုင်းမ်စ်က တင်ပြထားပါတယ်။

ဒါပေမယ့် ကနေ့နောက်ဆုံးတက်လာတဲ့ သတင်းမှာတော့ ထရမ့်ရဲ့ Truth Social ရဲ့ မိဘကုမ္ပဏီဖြစ်တဲ့ Trump Media & Technology Group နဲ့ acquisition တွေကို တာဝန်ယူဆောင်ရွက်ပေးတဲ့ Digital World Acquisition Corp. တွေကို ပေါင်းပေးဖို့ SEC က အတည်ပြုလိုက်ကြောင်း Fox Business က တင်ပြထားပါတယ်။ အဲဒီလိုပေါင်းဖို့တင်ရင် ပုံမှန် ၆လစောင့်ရပေမယ့် ရှယ်ယာဝင်တွေက သဘောတူရင် မြန်မြန်ဆန်ဆန် အတည်ပြုလို့ ရပါတယ်။ ကနေ့မှာပဲ DWAC ရှယ်ယာဝင်တွေက တခဲနက် မဲပေးအတည်ပြုခဲ့တဲ့အတွက် ထရမ့်ဟာ ဘီလီယံနဲ့ချီပြီး ပိုချမ်းသာသွားမှာဖြစ်သလို အာမခံ တင်ဖို့ကိစ္စလည်း အဆင်ပြေသွားတော့မှာဖြစ်ပါတယ်။ တနင်္လာနေ့ နောက်ဆုံးတင်ရမှာဆိုတော့ သောကြာနေ့မှာ ရသွားတဲ့ ထွက်ပေါက်ဟာ ဘုရားသခင်ရဲ့ အစီအမံတွေပဲလို့ ပြောနေကြပါတယ်။

လူသတ်၊ မုဒိန်းကောင်တွေတောင် အာမခံတင်စရာ မလို၊ ကိုယ့်အိမ်ထဲ ဝင်ကျူးနေတဲ့သူတွေကိုလည်း ဖယ်ခွင့်မရှိ၊ ဖယ်တဲ့အိမ်ရှင်ပဲ အပြစ်ရှိတဲ့ နယူးယောက်ရဲ့ လျော့လျဲလျဲဥပဒေဟာ နိုင်ငံရေးပြိုင်ဖက်တွေ အပေါ်မှာတော့ ကြီးလေး တင်းကျပ်လွန်းနေတာ တရားမျှတ လွတ်လပ်ခြင်းကနေ တော်တော့ကို သွေဖယ်လာတာကို ပြတာပါပဲ။ ရာဇဝတ်မှုတွေ၊ ခိုးဝင်တွေစတဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေကို လစ်လျူရှုထားပြီး ထရမ့်နောက်ပဲ မဲလိုက်နေတာဟာ ပြည်သူ့အကျိုးစီးပွားကို ပစ်ပယ်ထားတာပါ။

နယူးယောက်မှာ ဆေးခြောက်ရဲ့ ဆေးဖက်ဝင်ပုံတွေ၊ ဘယ်လိုအပန်းဖြေနိုင်ပုံတွေကို သေချာသုတေသန မပြုပဲ တရားဝင်ခွင့်ပြုခဲ့တဲ့နောက် ဆေးခြောက်ဆိုင်တွေ တလမ်းတခုလောက်နှုန်းနဲ့ မိုးဦးကျမှိုတွေလို ဖြစ်လာကြပါတယ်။ American Heart Association မှာ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ထားတဲ့ သုတေသန တခုကို ကိုးကားထားတာမှာတော့ တပတ်ကို တလိပ်လောက်ပဲ သောက်/ရှူရင်တောင် နှလုံး/ လေဖြတ် ဖြစ်နိုင်ခြေ တက်သွားပြီး များများသောက်လေ နှလုံး/လေဖြတ် ဖြစ်နိုင်ခြေ တက်လေပဲလို့ ဆိုပါတယ်။ အရင်က သုတေသနတွေမှာလည်း နှလုံးရောဂါနဲ့ ဆေးခြောက်ဆက်စပ်ပုံကို တွေ့ရှိထားပြီးဖြစ်ပေမယ့် အရင်သုတေသနထဲက ဆေးခြောက်သောက်သူတွေဟာ ဆေးလိပ်(ဆေးရွက်ကြီး)သောက်သူတွေည်း ဖြစ်နေတာကြောင့် ဆေးခြောက်ကြောင့်သက်သက်လို့ ကောက်ချက်မချနိုင်ခဲ့ပါဘူး။ ခုတကြိမ်မှာတော့ ဆေးလိပ်မသောက်တဲ့ marijuana, vaping သုံးသူတွေမှာလည်း နှလုံး/လေဖြတ်ဖြစ်နှုန်း တက်လာတာ တွေ့ရကြောင်း ရေးသားထားပါတယ်။

လက်ရှိ ၁၁၈ကြိမ်မြောက် အမေရိကန်အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်ပါတီက ၉နေရာပဲ အသာနဲ့ အများစုအဖြစ်ကို ရနေတာပါ။ အဲဒီထဲမှာ ခြတွေလည်း ပါနေနိုင်တော့ တကယ်တမ်း အများစု ကြီးစိုးနေတယ်လို့ ပြောလို့မရပါဘူး။ ဒါကြောင့်လည်း အရေးကြီးတဲ့ကိစ္စတွေအပေါ် မဲခွဲရင် သဲထိတ်ရင်ဖိုပါပဲ။ ပြည်သူအကျိုးရှိပေမယ့် ခြမကြိုက်တဲ့ ကိစ္စဆို နိုင်ဖို့အလွန်ခဲယဥ်းပါတယ်။ အဲဒီထဲမှာမှ စပီကာဟောင်း ကယ်ဗင်မက်ကာသီကထွက်၊ ဒီလအစောပိုင်းမှာ ကိုလိုရာဒိုက ကန်ဘတ်ခ်က ကနေ့ထွက်၊ ကနေ့သတင်းထွက်လာတာက ဝစ်ကွန်ဆင်က မိုက်ခ် ဂယ်လေဂါက နောက်လထွက်မယ်ဆိုတော့ လုပ်ရကိုင်ရတာ ပိုခက်ခဲလာမယ့်သဘော ရှိပါတယ်။ ပြည်သူအတွက် ပါတီက စည်းလုံးနေရမယ့်အချိန်မှာ အခုလိုနှုတ်ထွက်ကုန်တာဟာ ပြည်သူက ကိုယ့်အပေါ် ထားရှိတဲ့ ယုံကြည်ကိုးစားမှုကို အလေးမထားသလို ဖြစ်နေတာပါ။

သူတို့အကြောင်းပြတာက လွှတ်တော်မှာ ဘာမှလည်း အလုပ်မဖြစ်ပါဘူးလို့ ပြောကြပေမယ့် နိုင်ငံရေးနယ်ကတော့ မခွာကြမှာ အသေအချာပါပဲ။ ဖြစ်နိုင်တာက ထရမ့်တက်လာရင် အမတ်တွေ နှုတ်ထွက်ပြီး နှစ်အတော်ကြာမှ လော်ဘီလုပ်ခွင့်ပြုမယ်ဆိုတဲ့ ဥပဒေပြဌာန်းမှာမို့လို့ ခုထဲက ကြိုပြီး ပေါလ်ရိုင်ယန်တို့လို သန်းချီရတဲ့ လော်ဘီ firm တွေမှာ လုပ်ဖို့ ထွက်တာလည်း ဖြစ်နိုင်သလို ပြည်သူမျက်နှာ တခုပဲကြည့်တဲ့ စပီကာ မိုက်ခ်ဂျွန်ဆင်အပေါ် အခက်တွေ့အောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ ၂ခုလုံးကတော့ အဆိုပါအမတ်တွေဟာ ပြည်သူ့အကျိုးထက် သူတို့ကို သန်းချီပေးမယ့် လက်မည်းတွေ ကုမ္ပဏီကြီးတွေရဲ့အကျိုးကို ပိုဦးစားပေးတာကို ပြတာပါပဲ။ Primary တွေ တော်တော်ပြီးမှထွက်တော့ သူတို့နေရာတွေမှာ ရီပါဘလစ်ကန်တွေ ပြန်နိုင်အောင် အများကြီးပိုကြိုးစားရတော့မှာပေါ့။

ဖေဖေါ်ဝါရီ ၂၆တုန်းက စတင်းနက်မှာ စလောင်တဲ့ဒီတခါလောင်တဲ့ တက္ကဆက်စ်မီးက ရက်သတ္တပတ် ၃ပတ်ကြာပြီး ဧကတသန်းကျော်လောင်တာဆိုတော့ သမိုင်းဝင်လို့ ခေါ်ရလောက်အောင် ကြီးပါတယ်။ ၂၀၀၆တုန်းက အမာရီလိုမှာ လောင်တဲ့မီးက ဧက ၉သိန်းကျော်နဲ့ ဒုတိယလိုက်ပါတယ်။ မီးက အိုကလာဟိုးမားထဲပါ ကူးသွားပြီး အဲဒီမှာ ဧက ၇သောင်းကျော် ဆက်လောင်ခဲ့ပါတယ်။ မီးကြောင့် အထိအနာဆုံးက နွားမွေးမြူရေးလုပ်ငန်းရှင် တွေဖြစ်ပြီး တက္ကဆက်စ်မှာ ထုတ်လုပ်တဲ့ အမဲသားတွေရဲ့ ၈၈%ဟာ အဲဒီဒေသက လာတာဖြစ်ပါတယ်။ အခုမီးထဲမှာ မရေမတွက်နိုင်တဲ့ နွားတွေပါသွားသလို မသေပဲကျန်ခဲ့တာတွေမှာလည်း အပူရှိန်ကြောင့် အများအပြား မျက်စေ့ကွယ်ကုန်ကြပါတယ်။

တလောက ဘိုင်ဒန်က တက္ကဆက်စ်ကမီးလောင်တဲ့အကြောင်း ပြောသွားတဲ့ထဲမှာ အိမ် ၂၀လောက်က သူတို့မိုးထားတဲ့ အမိုးတွေကြောင့် မီးထဲမပါပဲ လွတ်သွားတယ်လို့ ပြောသွားခဲ့ပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို အစပိုင်းမှာ မပြောနိုင်ကြပဲ ပြီးခဲ့တဲ့ အပတ်ကမှ Xcel Energy က သူတို့ရဲ့ equipment တွေက မီးစလောင်စေတာ ဖြစ်နိုင်ပုံ တွေ့ရတယ်လို့ စပြောလာပါတယ်။ ဒါပေမယ့် ပါဝါလိုင်းတွေ ထိန်းသိမ်းတာ ပေါ့ဆလို့ လောင်တာ မဟုတ်ပါဘူးလို့လည်း ငြင်းပြန်ပါတယ်။ အဲဒီနောက်မှ The Texas A&M Forest Service က ပါဝါလိုင်းတွေကြောင့် မီးလောင်တာပါလို့ ဆုံးဖြတ်ခဲ့ပြီး အသေးစိတ်ဘယ်လိုဖြစ်တယ်ဆိုတာကို မပြောနိုင်ပြန်ပါဘူး။ သူတို့ ဆုံးဖြတ်ချက်က အမှန်တကယ်စစ်ဆေးတွေ့ရှိချက်က လာတာဆိုရင် အသေးစိတ်ကို ပြောနိုင် ပြနိုင်ရမှာဖြစ်ပါတယ်။ အသေးစိတ်မပြောနိုင်ပဲ လွယ်လွယ်ကောက်ချက်ဆွဲလိုက်တာက ဒီမီးနဲ့ပတ်သက်တဲ့ မသင်္ကာမှုတွေကို ပိုပြီး ကြီးထွားစေသလို အစိုးရနဲ့ တာဝန်ရှိသူတွေအပေါ် အယုံအကြည် ရှိလာဖို့လည်း ခက်စေပါတယ်။

အမိုးတွေကြောင့် လွတ်သွားတယ်ဆိုတာကို စွမ်းအင်တွေကို လိုတဲ့နေရာကို စုစည်းချိန်ရွယ်ပြီး ပစ်ခတ်တဲ့လက်နက်တမျိုးဟာ ခေါင်ပြာတွေကို ကွင်းသွားတယ်လို့ မှန်းပြောနေကြတာပါ။ ဟာဝိုင်အီမှာလည်း အဲဒီလိုမျိုးဖြစ်တယ်လို့ ယူဆသူတွေ ရှိပါတယ်။ မီးက ပုံမှန်ဆိုရင် အချိန်တိုအတွင်း အဲဒီလောက် ကျယ်ကျယ်ပြန့်ပြန့် ပြာချနိုင်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ဆိုကြပါတယ်။ အဲဒီ အယူအဆမှန်တယ် မှားတယ်ဆိုတာကို လောလောဆယ် ဘယ်သူမှ ယတိပြတ် မပြောနိုင်ကြပေမယ့် ကြက်ခြံအကြီးစားကြီးတွေ၊ စားသောက်ကုန်စက်ရုံကြီးတွေ ဘာကြောင့်မှန်းမသိ မီးထထလောင်တာတော့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ဂိတ်စ်တို့လို ကမ္ဘာ့ရွာစရတွေကလည်း လူတွေကို အသားမစားစေချင်တာဆိုတော့ အသားဈေးတွေ တက်ကုန်ရင် သူတို့ရဲ့ processed food တွေ ပိုရောင်းရမယ်လို့ တွက်နေကြပုံရတယ်လိုလည်း သုံးသပ်နေကြပါတယ်။

Processed food ဆိုလို့ ၂၀၂၃နောက်ပိုင်းထုတ်တဲ့ cheerio တို့ ကွေကာအုပ်တို့လို လူစားများတဲ့ အစာတွေမှာ လူတွေမျိုးအောင်နှုန်းကျစေတဲ့၊ ကင်ဆာဖြစ်စေတဲ့  ကလိုမီကွက်ကလိုရိုက်ဓါတ် ပါနေကြောင်း စားသုံးသူတွေကို ဆီးစစ်ဆေးမှုမှာ တွေ့ရတယ်လို့ အိတ်စပိုရှာဆိုင်းယန့်စ်အန် အန်ဗိုင်ရွန်းမန်တယ် အပီဒမီယိုလိုဂျီစာစောင်မှာ ဖော်ပြထားကြောင်း သိရပါတယ်။ ဓါတ်ခွဲခန်းထုတ်အသားတွေနဲ့ အင်ဆက်ပိုးကောင်တွေကို စားတာက အသားစားတာနဲ့ယှဥ်ရင် မြေနေရာ သိပ်မလိုတာရော ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဘာညာဘာညာရောကြောင့်လို့ အကြောင်းပြပြီး တွန်းလာကြတာပါ။ စားသောက်ကုန်လုပ်ငန်းကလည်း အဓိက လော်ဘီကြီးဆိုတော့ ပြည်သူတွေ ခံကြဦးပေါ့။

ကုမ္ပဏီကြီးတွေကလည်း တရားမဝင်တွေကို အလုပ်ခန့်ရင် DEI မှာ မက်လုံးများပေးထားသလားမသိ၊ တရားမဝင်တွေ ဦးစားပေးခန့်လာကြတော့ ပြည်သူတွေမှာ အခွန်ထမ်း ပြည့်ရင်သွေးစင်စစ်ဖြစ်ပါလျက် ခုမှရောက်တဲ့ မိုးကျတွေ၊ မယားပါသား/သမီးတွေရဲ့ လက်ဝေခံတွေ ဖြစ်လာနေကြပါပြီ။ သေနတ်ဆိုလည်း ပြည်သူတွေကိုင်လို့ မရလောက်အောင် ဥပဒေတွေ အမျိုးမျိုးနဲ့ ကြပ်ထားသလောက် ခိုးဝင်တွေကျမှ ခြေ/ဥပြင်ဆင်ချက် ၂ အရ ကိုင်ခွင့်ရှိတယ်တဲ့။ ဒီတိုင်းဆက်သွားရင် နောက် ၃-၄-၅နှစ် ဆိုရင် အခြေအနေ ဘယ်လောက် ဆိုးသွားမလဲ။ ၂၀၂၀တုန်းက ဘိုင်ဒန်တို့ အခုလို ပြည်ဖျက်မှာ မသိလို့ ထောက်ခံခဲ့တယ်ပဲထား၊ ၂၀၂၄မှာ ဘိုင်ဒန်တို့တတွေဟာ အပြုဘက်ကလား အဖျက်ဘက်ကလား မသိသေးဘူး၊ ထရမ့်ကိုလဲ မဲမပေးနိုင်ဘူးလုပ်နေသေးရင်တော့ မဲလောက်နဲ့ ဒီတိုင်းပြည်ကို ပြန်လှည့်လို့ မရတဲ့ အနေအထားတခုကို ရောက်သွားပါလိမ့်မယ်။ အဲဒီကျရင် ကမ္ဘာကို တရုပ်ကြီးစိတ်တိုင်းကျ ချယ်လှယ်တော့မှာဖြစ်လို့ ဒီမိုကရေစီအင်အားစုတွေအတွက် အခြေအနေကောင်းတရပ် ဖြစ်လာဖို့ အရမ်းခက်သွားတော့မှာပါ။

Leave a comment