ဧပြီ ၉ ရက် ၂၀၂၄

စနေနေ့က ဖလော်ရီဒါမှာ ကျင်းပပြုလုပ်တဲ့ ရကပရံပုံငွေညစာစားပွဲမှာ ထရမ့်က မျှော်မှန်းဝင်ငွေ ၄၃သန်းထက် ကျော်လွန်ပြီး ၅၀.၅သန်း ရရှိခဲ့ပါတယ်။ အခုလို သမိုင်းဝင် စံချိန်တင်တဲ့ ရံပုံငွေပွဲ ဖြစ်လာတာဟာ ထရမ့်အပေါ် အမှုပေါင်းများစွာ ဆင်ထားစွဲထားတာအပေါ် အယုံအကြည်မရှိကြောင်း ပြသနေသလို နစ်ကီဟေလီကို ထောက်ခံခဲ့ကြတဲ့ သူဌေးတချို့က ထရမ့်ကို ပြောင်းထောက်ခံလာကြ တာကြောင့်ရော ဘိုင်ဒန်တို့လုပ်နေတာတွေက တိုင်းပြည်ကောင်းဖို့ မဖြစ်လာနိုင်တာ ပိုမိုထင်ရှား လာတာကြောင့်ပါ လူတန်းစားမရွေး ထရမ့်ပြန်လာဖို့ အလိုရှိနေကြကြောင်းကို ပြသလိုက်တာပါပဲ။ တလောက နယူးယောက်က ဟိုတယ်တခုမှာ ပြုလုပ်သွားတဲ့ ဘိုင်ဒန်ရဲ့ ရံပုံငွေပွဲဂါလာမှာတော့ ဘေလ်ကလင်တန်၊ အိုဘမနဲ့ ဆယ်လီဘရစ်တီများစွာ တက်ရောက်ခဲ့ကြပြီး ၂၆သန်းရလာခဲ့တာ ထက်ကို ထရမ့်က ၂ဆနီးပါး သာနေတာပါ။ လက်ထဲရှိတဲ့ ငွေသားရံပုံငွေ စုစုပေါင်းမှာ ကမ္ဘာ့ရွာ အီလိကြီးတွေ၊ ဘစ်ဖာမာတွေ၊ မီဒီညာတွေ၊ ဆယ်လီတွေ နောက်ခံပေးထားတဲ့ ဘိုင်ဒန်က သာမာန်ပြည်သူအများစု ထောက်ခံတဲ့ ထရမ့်ထက် ရံပုံငွေ ပိုများနေပါသေးတယ်။

ထရမ့်က ပေါ်လစီကောင်းကောင်းနဲ့ အိုဘမ ၈နှစ်ဖျက်ခဲ့တဲ့တိုင်းပြည်ကို ပြန်ကောင်းအောင် ဆွဲတင်နိုင်ခဲ့သလောက် မုသာဝါဒနဲ့ပဲ​အုပ်ချုပ်တတ်တဲ့ ဘိုင်ဒန်တို့ကတော့ သတင်းအမှား၊ အတင်းအဖျင်းတွေနဲ့ပဲ ပြည်သူကို ဟုံနေအောင် ထားဖို့ စဥ်ဆက်မပြတ် ကြိုးပမ်းနေတာပါ။ ဂူဂဲလ်က သမိုင်းကိုပြင်ရေးဖို့၊ အင်တာနက်မှာရှာရင် ဘိုင်ဒန်တို့ရဲ့ ပြည်ဖျက်အာဘော်တွေပဲ တက်အောင် လုပ်ထားသလို ယူကျုမှာလည်း သူတို့ရဲ့ ပြည်ဖျက်အာဘော်နဲ့ မညီရင် ရိချ်ချ၊ အသက်ကန့်သတ်၊ ကြော်ငြာဝင်ငွေမပေး၊ ခရုမ်းမှာ သူတို့မကြိုက်တာ ကြည့်လို့မရအောင် အဝိုင်းပဲ တွင်တွင်လည်ပေး၊ လုပ်နေကြတာ ကြာပါပြီ။ ဖဘမှာတောင် ရီပါဘလစ်ကန်လွှတ်တော်က ခေါ်ခေါ်ကြပ်လွန်းလို့ ခုတလော နဲနဲလွတ်လပ်နေတာပါ။  

ခုတော့ နောက်တဆင့်ခြေလှမ်းအနေနဲ့ ဆိုရော့စ်တို့က အော်ဒီယိုအင်ပါယာ ထူထောင်ဖို့ ၂၀၂၂ကတဲက စလုပ်နေပါပြီ။ ၂၀၂၂က ကျူးဘန်းပါဝါဟောက်စ်ဘရော်ကက်စ်တာလို့ခေါ်တဲ့ ကွန်ဆာဗေးတစ်ချန်နယ် အပါအဝင် ဟစ်ပါးနစ်ကွန်ဆာဗေးတစ်ချန်နယ် ၁၈ခုကို ဝယ်သွားတဲ့အတွက် ခုဆို အဲဒီချန်နယ်တွေက ဒီမိုကရက်တွေလက်ထဲကနေ အဆိပ်တွေ ဖြန့်နေလောက်ပါပြီ။ ဖေဖေါ်ဝါရီတုန်းက ဒေဝါလီ ခံရတော့မယ့် အော်ဒေစီကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်လိုက်တဲ့အတွက် ဆိုရော့စ်ဖန်းဒ်က ရေဒီယိုချန်နယ်ပေါင်း ၂၃၀ရှိတဲ့ အော်ဒေစီရဲ့ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာပါပြီ။ အော်ဒေစီမှာ ကေဒန့်စ်၁၃နဲ့ နာနတ်သီးလမ်းစတူဒီယိုတွေပါတဲ့ ပေါ့ကက်စ်တွေလည်း ပိုင်ပါသေးတယ်။ ၂၀၂၂က ဝယ်တဲ့ထဲမှာ လူကြိုက်အရမ်းများတဲ့ ပေါ့ဒ်ဆေ့ဖ်အမေရိကအစီအစဥ်လိုဟာတွေ ပါဝင်တဲ့ ခရွတ်ကက်မီဒီယာ မှာလည်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

နိုင်ငံရေးရည်မှန်းချက် သိပ်ကြီးတဲ့ ဆိုရော့စ်ဟာ သန်းရာချီသုံးပြီး အော်ဒီယိုအင်ဒတ်စထရီကို ဝင်လာတာ အကြောင်းမဲ့မဟုတ်ပါဘူး။ ရေဒီယိုခေတ်မဟုတ်တော့ဘူးလို့ ပြောကြပေမယ့် မီဒီယာ အားလုံးရဲ့ ၃ပုံ၁ပုံက အော်ဒီယိုပရိသတ်တွေ ဖြစ်နေကြတုန်းပါ။ အထူးသဖြင့် တနေ့တာ ဖျော်ဖြေမှုနဲ့ သတင်းမျိုးစုံကို ကားပေါ်ကနေ နားထောင်သူတွေအနေနဲ့ အော်ဒီယိုကိုပဲ အားထားနေရဆဲပါ။

နယူးမက္ကဆီပြည်နယ် ဆန်းလန်းပါ့ခ်က နယ်ခြားစောင့်ရဲက အမေရိကန်ဘက်က တောင်တလုံးဟာ အမေရိကန်ပိုင်မဟုတ်တော့ပဲ မက္ကဆီကိုက မူးယစ်ရာဇာတွေ ဝယ်ယူထားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ခရစ်စ်တိုရေးတောင်မှာ သူရှိနေတဲ့ ၅မိနစ်အတွင်း ခိုးဝင်တွေ အလွယ်တကူ ဖြတ်သွားနေကြတာကို မြင်ခဲ့ရကြောင်း ပြောသွားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းကမှ တက္ကဆက်စ်နယ်စပ် မြစ်နားက နေရာတခုကို မက္ကဆီကိုမူးယစ်ရာဇာတွေ ပိုင်နေမှန်း နယ်ခြားရဲတွေ သိလိုက်ရတော့မှ ပြည်နယ်က ပြန်ရှင်းထုတ်ဖို့ လုပ်ခဲ့ရတာပါ။ အဲဒီလိုနေရာတွေ ဘယ်နှစ်ခုတောင် ရှိနေသလဲနဲ့ အဲဒီနေရာတွေကနေ ဝင်လာသူတွေက စာရင်းမရှိ အစစ်အဆေးမရှိ ဘယ်လောက်တောင် ဝင်နေကြသလဲ၊ အဲဒီကနေ ပြည်သူအတွက် ဘယ်လောက် အန္တရာယ်ရှိပြီး တိုင်းပြည်အတွက် ဘယ်လောက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမလဲဆိုတာ ပြည်သူပြည်သားတိုင်း စိတ်မဝင်စားလို့ မရတဲ့ ကိစ္စတွေပါ။

မက္ကဆီကိုကနေ မူးယစ်ဆေးတွေ၊ ဆေးအတုတွေ ဒလဟောဝင်နေတဲ့အပေါ် ဘယ်လိုသဘောထားလဲ လို့ မက္ကဆီကိုသမ္မတကို သတင်းထောက်တယောက်က မေးတဲ့အခါ မူးယစ်ဆေးက ယူအက်စ်တို့ ကနေဒါတို့မှာလည်း ထုတ်နေတာပါပဲ၊ ကုန်ကြမ်းကတော့ ပြည်ပက လာတာပေါ့၊ မူးယစ်မှောင်ခိုမှု ကြောင့် ဖြစ်ရတဲ့ ရာဇဝတ်မှုတွေရှိပေမယ့် ငါ့တိုင်းပြည်မှာ မူးယစ်ဆေးသုံးစွဲတဲ့ ပြဿနာ မရှိဘူးလို့ ပြန်ဖြေသွားပါတယ်။ ထရမ့်တက်လာပြီး ကုန်သွယ်ခွန်နဲ့ ကိုင်မှပဲ အမေရိကန်ကို ဘိန်းစစ်ပွဲနဲ့ ထိုးစစ်ဆင်နေတဲ့ တရုပ်နဲ့ မက္ကဆီကိုတို့ကို ထိန်းနိုင်တော့မှာပါ။ ငါတို့ကတော့ မူးယစ်ဆေးမသုံးလို့ ပါစရာမရှိဘူး မထင်ပါနဲ့၊ ကိုယ့်ကလေးလည်း ထိနိုင်တယ်၊ ဆေးအတုတွေနဲ့လည်း ကြွသွားနိုင်ပြီး ဆေးခိုးသုံးလို့ ဆေးလွန်ကြွတာလို့ နာမည်ပျက်နိုင်ပါသေးတယ်။  

ဘိုင်ဒန့်ဘဏ္ဍာရေးဝန်ကြီး ဂျက်နက်ယဲလင်က တရုပ်ပြည်ကို ရောက်နေပါတယ်။ တရုပ်ပြည်က အမေရိကန်ကုမ္ပဏီတွေကို အလဲထိုးနိုင်ဖို့ တရုပ်ကုမ္ပဏီတွေကို အစိုးရအထောက်အပံ့တွေ ပေးပြီး အမေရိကန်ဈေးကွက်ကို ဈေးပေါပေါနဲ့ ဝင်လာပါတယ်။ အမေရိကန်ကုမ္ပဏီတွေက ယှဥ်မရောင်းနိုင်တဲ့ အခါ ဈေးကွက်ထဲက လုံးဝ ထွက်ပြေးရတော့မယ့်အနေအထားပါ။ အဲဒီလို ဖြစ်လာပြီးနောက်မှ တရုပ်က ဈေးကြီးကြီးနဲ့ ဈေးကွက်ကို စိုးမိုးချယ်လှယ်ဖို့ စီမံထားတာပါ။ ဘိုင်ဒန်တို့ကတော့ အစာကျွေးတဲ့လက်ကို ပြန်မကိုက်ရတဲ့ ထုံးစံအတိုင်း တရုပ်ကြီး ဘယ်လောက်ဗိုလ်ကျကျ၊ အမေရိကန်တွေ ဘယ်လောက်ပဲ ခံနေရနေရ သူရမယ့် အာကေလောက် စိတ်မဝင်စားပါဘူး။

ယဲလင်ကို တရုပ်အနေနဲ့ တရားသဖြင့်မဟုတ်တဲ့ ကုန်သွယ်စံနှုန်းတွေကို တားမြစ်ဖို့ ကုန်သွယ်ခွန် တိုးကောက်မှာလားလို့မေးတော့ စိတ်ပူတတ်တဲ့ ယူအန်က ခေါင်းရှောင်ကြီးများလိုပဲ ဒါလဲ ဖြစ်နိုင်ခြေ တခုပါလို့ ဆိုပါတယ်။ သူလည်း လေသေနတ်တောင် အသံကျယ်ကျယ် ပစ်နိုင်အောင် အဖြစ်မရှိပါဘူး။ ယဲလင်က တခုတော့ တရုပ်ကို ခြိမ်းခြောက်သွားတယ်၊ ယူကရိန်းရန်သူ ရုရှားနဲ့ ဆက်ပြီး ကုန်သွယ်ဖက် လုပ်နေရင်တော့ ပြဿနာ ရှိလာနိုင်တယ်ဆိုတဲ့သဘောမျိုးပေါ့။ ဟိုက ကုန်သွယ်ရုံတင်မကဘူး၊ အနောက်အုပ်စုနဲ့အပြိုင် ဘရစ်စ်ဖွဲ့တာရော၊ လပေါ်မှာ နျူဓါတ်ပေါင်းဖို ပူးပေါင်းဆောက်နေတာရော ဒါတွေက သူတို့အမြင်မှာ ပြဿနာဟုတ်ပုံမရဘူး၊ ယူကရိန်းလုပ်ဇတ်မှာ ဝင်မကတာကမှ ပြဿနာလို့ ထင်နေပုံပဲ။ သူတို့မျက်စေ့ထဲ ယူကရိန်းကလွဲလို့ ဘာမှ ရှိပုံမရဘူး။

အမေရိကန်ကြွေးမြီဟာ ရှေ့လကုန်လောက်ဆို ၃၅ထရီလီယံ ဖြစ်လာတော့မှာပါ။ ဒီနှစ်ထဲ အဲဒီကြွေးမြီ အပေါ် အတိုးသက်သက်တောင်  ၈၇၀ဘီလီယံ ပေးရမှာပါ။ ၂၀၂၃မှာ အတိုးက ၆၅၈ဘီလီယံ၊ ၂၀၂၂မှာ အတိုး ၄၇၆ ဘီလီယံဖြစ်ပြီး ရှေ့နှစ်မှာတော့ အတိုးတင် ၁ထရီလီယံ ကျော်ပေးရတော့မှာပါ။ တနေ့ကို အတိုးကတင် ၃ဘီလီယံနီးပါးပါ။ ထွက်တဲ့ GDP ကမှ ၂၀၂၂မှာ ၂၅.၄၄ ထရီလီယံ၊ အဲဒီထဲမှာ ကုန်သွယ်မှု လိုငွေပြတာက ၂၀၂၁ကစပြီး တနှစ်ကို ၁ထရီလီယံ ကျော်သွားပြီ။ အဲဒါကို လျော့ချဖို့ ဘိုင်ဒန်တို့ ဘာတွေလုပ်နေလဲ၊ လျော့ဖို့လုပ်တာတော့ မတွေ့ဘူး၊ တရုပ်က အမေရိကန်နဲ့ ကုန်သွယ်မှုမှာ ပိုအသာစီးရအောင် လုပ်လာတာကိုလည်း ဘာမှ မပြောရဲပြန်ဘူး။

ဘိုင်ဒန်တက်လာပြီးနောက် အရင်အကြွေးထက် ၆ထရီလီယံပိုပြီး ကြွေးတင်လာခဲ့ပြီ၊ အစိုးရက တိုင်းပြည် ကောင်းဖို့လုပ်နေတာမဟုတ်တော့ ပြန်ဆပ်နိုင်ဖို့ လမ်းမမြင်တဲ့အခါ ပြည်ပကလည်း အမေရိကန်ကြွေးမြီကို မဝယ်ကြတော့ဘူး။ အဲဒီတော့ ပြည်တွင်းက ပုဂ္ဂလိကဝယ်လိုအားကို အားထားလာရတော့ ဝယ်လိုအားလိုက်လာအောင် ဘဏ်တိုးနှုန်းက မြှင့်ရရော၊​ အတိုးနှုန်းတွေ မြင့်လာတော့ နိုင်ငံ့ကြွေးမြီ ၃၄.၆ ထရီလီယံအပေါ် ပေးရတဲ့ အတိုးနှုန်းကလည်း ကြောက်ခမန်းလိလိ လိုက်တက်တာပါတယ်။ အဲဒါတွေ ပေးနိုင်အောင် ငွေစက္ကူတွေရိုက်ထုတ်တော့ ငွေဖောင်းပွမှုက ပြည်သူကို သတ်ပြီပေါ့။ စီးပွားရေးသာ ကောင်းအောင် မလုပ်နိုင်တာ၊ ခေါင်းစဥ်မျိုးစုံနဲ့ ပြည်သူ့အိတ်ထဲက ခိုးကြောင်ခိုးဝှက် အခွန်တိုးတာရော၊ ပြည်သူအများ အကျိုးမရှိပဲ ဝါးရမယ့်နေရာ နိုင်ငံရေး အကျိုးအမြတ်ရှိမယ့်နေရာတွေမှာ နင်းကန်သုံးတာတွေကလည်း တိုင်းပြည်ကို တရုပ်၊ ရုရှားတို့နဲ့ယှဥ်ရင် အများကြီး နောက်ကျကျန်ရစ်စေပါတယ်။

ဟိုက်ပါဆိုးနစ်စနစ်နဲ့ ပစ်လို့ရတဲ့လက်နက် အမေရိကန်က ၈ခု ထုတ်မယ်လို့ ပြောထားပေမယ့် တခုမှ အောင်အောင်မြင်မြင် မထုတ်နိုင်သေးဘူး။ ရုရှားက ၃ခုနဲ့ တရုပ်က ၃ခု ပိုင်ဆိုင်ထားပြီးပြီ။ ဟိုက်ပါဆိုးနစ်နဲ့ ပစ်ရင် သမားရိုးကျလက်နက်တွေ ကာကွယ်ရေးစနစ်တွေနဲ့ ခုခံဖို့ မဖြစ်နိုင်ဘူး။ ဒီစနစ်ကို ထုတ်ဖို့က ရှုပ်ထွေးတဲ့ နည်းပညာလိုတယ်၊ အကုန်အကျ သိပ်များတယ်။ တရုပ်က တောင်တရုပ်ပင်လယ်မှာ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်က တနာရီကို မိုင်တသောင်းခွဲထက်မြန်တဲ့ အဟုန်နဲ့ ကမ္ဘာပတ်နိုင်တယ်။ သူတို့က အာကာသကို စိုးမိုးဖို့ လပေါ်မှာ နျူစွမ်းအင်စက်ရုံ ဆောက်နေကြပြီ။ ဒီမှာက ထရမ့်ပထမသက်တမ်းတုန်းကမှ အာကာသတပ် စဖွဲ့ရတယ်။ အာကာသထဲလည်း အီလွန်ရှိနေလို့ ဂြိုလ်တုလွှတ်နိုင်နေတာ။ အစိုးရတော်လို့ မဟုတ်ဘူး။

ကိုယ့်မိသားစု/ကိုယ့်ငွေစုအဖွဲ့လေးမှာ ခေါင်းဆောင်တင်ကြမယ်ဆိုရင် ကိုယ်ရတာထက် ပိုသုံးမယ့်သူ၊ ရှာဖို့ထက် သုံးဖို့ အားသန်သူ၊ အိမ်သား/အသင်းသားထက် ရန်သူကို ဦးစားပေးဖျင်မတတ်တဲ့သူ၊ ပိုက်ဆံနဲနဲလာဘ်ထိုးလိုက်ရင် အိမ်ကသားပျိုသမီးပျိုတွေကို လူညွန့်တုန်းအောင် ဖျက်ဆီးသွားမယ့် ရန်သူတွေကို အိမ်ထဲပေးဝင်မယ့် သူမျိုးကိုများ ခေါင်းဆောင် တင်ကြမှာလားဟင်။

Leave a comment