တနာရီကို မိုင် ၁၂၀၀အထိ ပျံသန်းနိုင်ပြီး ကမ္ဘာမှာ အဆင့်မြင့်ဆုံး နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ F-35 တိုက်လေယာဥ်တွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး တိုက်လေယာဥ်တွေပါ။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ F-35 လေယာဥ်တွေထဲက ဘယ်နှစ်စီးလောက်က တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေပါသလဲ လို့ အမတ်မက်ထ်ဂိတ်ဇ်က ပန်တဂွန်က တာဝန်ရှိသူတွေကို မေးမြန်းတဲ့အခါ ၅၅% က ပျံသန်းလို့ရတဲ့ အခြေအနေမှာရှိပြီး ၂၉% ကသာ တိုက်ပွဲဝင်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်လို့ ပြန်ဖြေပါတယ်။ အဲဒီလေယာဥ်တွေကို ထုတ်လုပ်ပေးတဲ့ လော့ခ်ဟိဒ်မာတင်ကုမ္ပဏီမှာ လုပ်ပိုင်ခွင့်တွေ မြောက်များစွာ ရနေတဲ့အတွက် လေယာဥ် အလုပ်လုပ်တယ် မလုပ်ဘူး၊ အကောင်းဆုံးအနေအထား ဖြစ်/မဖြစ် ဆိုတာတွေကို အစစ်အဆေး တာဝန်ယူမှု/တာဝန်ခံမှုမရှိပဲ လုပ်ကိုင်နေကြတာလို့လည်း မက်ဂိတ်ဇ်က ထောက်ပြ မေးမြန်းသွားတာကို ဝန်ခံသွားကြပါတယ်။
၂၀၁၈တုန်းက ပြုလုပ်ခဲ့တဲ့ ယေးလ်တက္ကသိုလ်ရဲ့ လေ့လာမှုတခုမှာ အမေရိကန်ပြည်တွင်းမှာ နှစ်အဆက်ဆက် တရားမဝင် ရောက်ရှိနေထိုင်နေကြတဲ့ လူဦးရေကို အများခန့်မှန်းကြတာက ၁၁.၃သန်းဖြစ်ပေမယ့် တကယ်တမ်းမှာ အဲဒီရဲ့ ၂ဆဖြစ်တဲ့ ၂၂သန်းကျော် ဖြစ်လိမ့်မယ်လို့ တွေ့ရှိထားပါတယ်။ ဒေတာက ၁၉၉၀ကနေ ၂၀၁၆အတွင်း လူဦးရေမော်ဒယ်လ်တွေကို အခြေပြုထားတာပါ။ အခုဘိုင်ဒန်လက်ထက်မှာ ၃နှစ်ကျော်အတွင်း နယ်စပ်ကနေ ခိုးဝင်ခန့်မှန်းခြေက ၁၆သန်းဆိုတော့ ဘိုင်ဒန့်သက်တမ်း ၄နှစ်အပြည့် ဆိုရင် ၂၆နှစ်အတွင်း ဝင်ခဲ့တာနဲ့ ညီသွားနိုင်ပါတယ်။
ခိုးဝင်တွေအခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမယ့် NGOများကိုလည်း ယူအန်လိုအဖွဲ့အစည်းများက တပါတည်းဖွဲ့ထားပေးတဲ့ ဒီမိုကရက်တွေရဲ့ အကွက်စေ့ပုံက ပြည်သူအတွက်များသာဆို ဘယ်လောက် ကောင်းလိုက်ပါ့မလဲ။ အဲဒါတောင် မကျေနပ်သေးတဲ့ခိုးဝင်တွေက အခွင့်အရေးပိုရအောင် ဆန္ဒတွေ ပြနေကြပါသေးတယ်။ ခိုးဝင်မယ့်သူတွေ နယ်စပ်မဖြတ်ခင်မှာ မက္ကဆီကိုထဲက NGO တခုက ဟိုဘက်ရောက်ရင် ဘိုင်ဒန်ကို မဲထည့်ဖြစ်အောင်ထည့်ဖို့၊ အဲဒါမှ နောက်ထပ် ၄နှစ် နယ်စပ်ဖွင့်ထားနိုင်မှာလို့ တိုက်တွန်းထားတဲ့ လက်ကမ်းစာလေးတွေ ဖြန့်နေပါတယ်။
အပြစ်မဲ့ပြည်သူတွေ ခိုးဝင်ရာဇဝတ်သားတွေရဲ့ လက်ချက်နဲ့ ဘဝကူးကုန်ကြတာလည်း မနည်းတော့ပါဘူး။ ဘိုင်ဒန်မတက်ခင်ကြီးထဲက social security ရန်ပုံငွေ နည်းလာနေလို့ ပင်စင်ပေးမယ့် အသက်ကို ထပ်တိုးဖို့ ဥပဒေအဆိုတွေလည်း ပြုနေကြပါပြီ။ မက်ဒီကဲ မက်ဒီကိတ် ဘတ်ဂျက်ကလည်း မိုးပေါ်က ကျလာတာမဟုတ်ပဲ ပြည်သူ့အခွန်ထဲက လာရတာပဲဖြစ်လို့ လူတွေ အလုပ်အကိုင် မကောင်း၊ ငွေဖောင်းပွမှု မြင့်တဲ့အချိန်မှာ သန်း၄၀နီးပါးတရားမဝင်တွေကိုပါ ဒီမိုကရက် ပြည်နယ်တွေက မဲလိုချင်ဇောနဲ့ အခမဲ့ပေးနေပါပြီ။ စနစ်ကြီးတခုလုံး မနိုင်ဝန်ထမ်းလာရရင် ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေကြတဲ့ နိုင်ငံသားတွေ၊ တရားဝင်နေထိုင်သူတွေပဲ ဖြစ်ပါလိမ့်မယ်။
တရုပ်အစိုးရဟာ ၁၈-၄၅နှစ်အတွင်း အရွယ်ကောင်းအမေရိကန်တွေအသက်ကို ရန်ရှာနေတဲ့ ဖန်တနော ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓါတုကုန်ကြမ်းတွေ ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့ပေးတဲ့ကုမ္ပဏီတွေကို အခွန်သက်သာခွင့်၊ ငွေကြေးမက်လုံး စတာတွေပေးနေတယ်လို့ ကွန်ဂရက်စ်က စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီဓါတုပစ္စည်းတွေဟာ ဖန်တနောထုတ်ဖို့ကလွဲလို့ တခြားအသုံးပြုမှုမရှိတဲ့အတွက် အမေရိကန်တွေအပေါ် မူးယစ်ဆေးစစ်ပွဲကို ပေါ်ပေါ်ထင်ထင် ဆင်နွှဲနေတာပဲဖြစ်ပါတယ်။ တရုပ်ကထုတ်တဲ့ လူလုပ်ဖန်တနောဟာလည်း ပြင်းအားကြီးတဲ့အတွက် တမင်သုံးတာတင်မက၊ ဆေးအတုတွေထဲမှာ အနည်းငယ်ပါသွားရင်တောင် အဆိပ်သင့်ပြီး တန်းသေကုန်ကြတာပါ။ အဲဒါကို တရုပ်ပြည်သွားတဲ့ ဂျက်နက်ယဲလင်က တရုပ်အစိုးရနဲ့ ဆွေးနွေးမယ်ထင်ပါသလား။ ဘိုင်ဒန်ကရော ရှီကို ချဲလင့်လုပ်ရဲမယ်ထင်ပါသလား။ ကိုယ့်ပြည်သားတွေကို သန်းချီသတ်နေတဲ့ ရန်သူကိုတောင် မပြောရဲတဲ့သူက တရုပ်ရဲ့ အနီးကပ်ခြိမ်းခြောက် အနိုင်ကျင့်မှုကို အမြဲခံနေရတဲ့ မြန်မာပြည် လွတ်လပ်ရေးအတွက် ကူညီနိုင်မယ်လို့ ဘာလို့ထင်နေကြသေးတာလဲ။
အာဖရိကတိုက်က နိုင်ဂျာနိုင်ငံမှာ တာဝန်ကျနေတဲ့ အမေရိကန်တပ်သား ၁,၁၀၀ဟာ ပြီးခဲ့တဲ့လက နိုင်ဂျာနိုင်ငံ စစ်အစိုးရခေါင်းဆောင် Col. Maj. Amadou Abdramane က နိုင်ငံပိုင်ရုပ်/သံကနေ အမေရိကန်ပြည်ထောင်စုကို ရှုတ်ချကြောင်း၊ နှစ်နိုင်ငံကြား ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက် လာခဲ့တဲ့ အကြမ်းဖက် ဆန့်ကျင်ရေးလုပ်ငန်းတွေကို ရပ်တံ့သွားမှာဖြစ်ကြောင်း၊ နိုင်ဂျာနိုင်ငံထဲမှာ အမေရိကန်တပ်တွေနဲ့ ကာကွယ်ရေးဌာနက အရပ်သားဝန်ထမ်းတွေကိုပါ နေခွင့်မပြုတော့ဘူးလို့ ကြေငြာသွားပါတယ်။ အဲဒီနောက်ပိုင်း ပင်တဂွန်က နိုင်ဂျာအစိုးရထံ ရှင်းလင်းချက် တောင်းခံနေတာ အခုထိ မရသေးပါဘူး။
အဲဒီက အမေရိကန်တပ်တွေမှာတော့ စာတွေလည်းမရ၊ ဆေးတွေလည်းမရ ထွက်လို့လည်းမရ ဆိုတဲ့ အခြေအနေမှာ ရောက်နေပြီး နိုင်ဂျာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း လေတပ်က အထူးစစ်ဆေးရေးရုံးနဲ့ အာဖရိကအထူးစစ်ဆင်ရေးကွန်မန်းတွေရဲ့ ထောက်လှမ်းမှုတွေကို ပစ်ကွယ်ထားသလို သံတမန်ရေးညံ့ဖျင်းမှုကြောင့် ပြဿနာဖြေရှင်းမရတာကို ဖုံးကွယ်ထားပုံရပါတယ်။ ဘိုင်ဒန်အစိုးရကလည်း သူတို့ကို မဲပေးမယ့် လူဆိုး သူခိုး ရာဇဝတ်ကောင်တွေကိုသာ လေယာဥ် စင်းလုံးငှားပြီး ခိုးသွင်းဖို့ အားထုတ်ကြပေမယ့် ကိုယ့်တပ်သားတွေ ပိတ်မိနေတာ၊ ဘန်ဂါဇီထက် အများကြီးဆိုးသွားနိုင်တာကိုတော့ စိတ်ပူပုံ မရပါဘူး။ အခုသတင်းကလည်း မက်ဂိတ်ဇ်ရုံးကတင်လို့ သိရတာပါ။
ညံ့ဖျင်းတဲ့ ဘိုင်ဒန်တို့လက်ထက်မှာ အရှေ့အလယ်ပိုင်းစစ်ကလည်း အများစိုးရိမ်နေခဲ့ကြသလို ကျယ်ပြန့်လာခဲ့ပါပြီ။ အီရန်မှာက စစ်တပ်မြေပြင်နဲ့ ဝေဟင်စစ်အင်အား ကြီးကြီးမားမား မရှိပေမယ့် တရုပ်၊ ရုရှားတို့နဲ့ ပုံမှန်လေ့ကျင့်နေတဲ့ရေတပ်က ဖွံ့ဖြိုးဆဲနိုင်ငံတခုအတွက်တော့ အင်အားကြီးပြီး ဒုံးကျည်အမြောက်အများ ပိုင်ဆိုင်ထားပါတယ်။ အီရန်ကနေ အစ္စရေးဘက်ကို ပစ်လွှတ်တဲ့ ဒုံကျည် ၁၂၀ထဲမှာ တဝက်လောက်က မအောင်မြင်/ လေထဲ ပေါက်ကွဲသွားပြီး ၅ခုကသာ အမေရိကန် လေကြောင်းကာကွယ်ရေးစနစ်ကို ဖြတ်ပြီး အစ္စရေးနယ်ထဲ ကျရောက်ခဲ့တာပါ။ ၄ခုက အစ္စရေးရဲ့ F-35 တွေထားတဲ့ နဲဗာတင်မ်လေတပ်စခန်းကို ထိပါတယ်။ နောက်တခုကတော့ လေတပ်စခန်းက လေယာဥ်ပြေးလမ်းကို ထိပါတယ်။ ဆီးရီးယားမြို့တော် Damascus မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးတို့ တိုက်တုန်းက F-35တွေနဲ့ တိုက်ခဲ့တာကြောင့် အီရန်ကလည်း အဲဒီလေတပ်စခန်းကိုပဲ အဓိက ပစ်မှတ်ထားတယ်လို့ ယူဆကြပါတယ်။
ရေနံထွက်တဲ့ ဒေသတွင်း စစ်ဖြစ်နေတဲ့အတွက် ဓါတ်ဆီဈေးတွေ ခုန်တက်သွားသလို သင်္ဘောတွေက စူးအက်ဇ်တူးမြောင်းကို ရှောင်မောင်းကြတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးစားရိတ်တွေ တက်လာပါတယ်။ ပြည်သူတွေအတွက်တော့ ဆီဈေးတက်လို့လည်း ကုန်ဈေးနှုန်းတက်၊ ပို့ဆောင်ရေး စားရိတ်တက်တော့လည်း ကုန်ဈေးနှုန်းက ထပ်တက်ပြန်ဦးမှာပါ။ Mortgage rate တွေလည်း 7% ကျော်သွားပြီဖြစ်လို့ ပြည်သူအတွက် ကြပ်တည်းမှုက ဒေါင့်ပေါင်းစုံက မရိုးနိုင်အောင် လာနေဦးမှာပါပဲ။
အင်္ဂါနေ့က ဘိုင်ဒန်အစိုးရက နိုင်ငံ၅၀နဲ့ ပူးပေါင်းပြီး နောင်ဖြစ်လာမယ့် ပန်ဒဲမစ်တွေကို ကာကွယ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကူးစက်ရောဂါတွေကို ဖော်ထုတ်ပုံ၊ တုန့်ပြန်ပုံတွေမှာ ကူညီသွားမယ်လို့ ကြေငြာ ခဲ့ပါတယ်။ ကြေငြာသွားတဲ့ The Global Health Security Strategy က အဆန်းတော့မဟုတ်ပါဘူး။
WHO က ကမကထလုပ်ပြီး နိုင်ငံပေါင်း ၁၉၄နိုင်ငံက (အဲဒီတုန်းက အခြေအနေအရ ကြောက်လို့) လက်မှတ်ထိုးထားတဲ့ ပန်ဒဲမစ်စာချုပ်ကြီးက အခုအခါ ပလံဒဲမစ်ကြီးက သဘာဝမှာရှိတဲ့ ပိုးတွေကို ကူးစက်နှုန်း အဖိတ်အစင်နှုန်း မများများအောင် ဗီဇတွေပြုပြင်ထားသလို ဆေးတွေကိုလည်း ရောဂါပျောက်မယ့် အိုင်ဗာမက်တင်လို ဆေးတွေကို မပေးပဲ ပိတ်ပင်၊ မကောင်းပြောပြီး ဘဝမြန်မြန်ကူးအောင် လေရှူစက်ပေါ် အကြာကြီးပြစ်ထားတာ၊ နောက်ဆုံးအချိန်အထိ စောင့်ပြီးမှ ကုသမှုစတာ၊ ကကဆကြောင့် ဆေးအတွက်လေးသူ လျောသူတွေ များပြားခဲ့တာကို သိလာရအပြီးမှာ တရုပ်လက်ကိုင်ဒုတ် WHOရဲ့ စာချုပ်ကြီးကို နိုင်ငံအများအပြားက မယုံကြည်ကြတော့တဲ့အတွက် ဘရုတ်ဘရက်တွေနဲ့ပဲ ကြုံနေရပါတယ်။ ကကဆကြောင့် နှလုံးယောင်တာ၊ ကိုယ်ဝန်ပျက်ကျတာ၊ တက်တာအပါအဝင် ထိခိုက်မှုတွေရှိကြောင်း သတင်းပို့မှု ၇သိန်း၈သောင်းကို စီဒီစီက ကကဆတွေ စထုတ်ပြီး မကြာမီမှာပဲ ရရှိခဲ့တာပါ။ စီဒီစီကို တရားစွဲကြတာကနေ တရားသူကြီးက အတင်းထုတ်ပြန်ခိုင်းလို့ ဒီလ ၅ရက်နေ့ကမှ ထုတ်ပြန်ခဲ့ပါတယ်။ ဘိုင်ဒန်တို့က နိုင်ငံ ၅၀ကနေ ၁၀၀ အထိ တိုးလာဖို့ ကြိုးစားသွားမယ့်အကြောင်းနဲ့ အဲဒီအတွက် တနှစ်ကို ၁.၂ဘီလီယံ သုံးမယ်လို့ သိရပါတယ်။