မနေ့က အောက်လွှတ်တော်မှာ ယူကရိန်းကို ၆၁ဘီလီယံကူညီဖို့၊ အင်ဒိုပစိဖိတ်နဲ့ တိုင်ဝမ်ကို ကူညီဖို့၊ အစ္စရေးကို ကူညီဖို့၊ တစ်တော့မိဘကုမ္ပဏီကနေ တရုပ်အပိုင်းကိုမရှင်းထုတ်ပဲနဲ့ တစ်တော့ကို အများပြည်သူ သုံးစွဲခွင့်မပြုဖို့၊ ရုရှားတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူဖို့ အစရှိတဲ့ဘေလ်တွေကို ဒီမိုကရက်မဲတွေအကူအညီနဲ့ အဆိုနိုင်သွားပါပြီ။ အဆိုပါဘေလ်တွေကို တစုတစည်းတည်းပေါင်းပြီး အထက်လွှတ်တော်ကို တင်မှာပါ၊ အထက်လွှတ်တော်မှာလည်း လွယ်လွယ်လေး အဆိုအောင်ဖို့ ရှိနေပြီး ဘိုင်ဒန်လက်မှတ်ထိုးပြီးရင် အတည်ဖြစ်ပါပြီ။ ထိုဘေလ်တွေကို ရီပါဘလစ်ကန်အမတ်တဝက်ခန့်က မထောက်ခံခဲ့ကြလို့ စပီကာဂျွန်ဆင်က ဒီမိုကရက်တွေနဲ့ ညှိလုပ်ခဲ့တာပါ။ မထောက်ခံရတာကလည်း တိုင်းပြည်နဲ့ ပြည်သူတွေလုံခြုံရေးအတွက် အလွန်အရေးကြီးတဲ့ နယ်စပ်ကိစ္စကို အရင်မလုပ်ပဲ တခြားနိုင်ငံ လုံခြုံရေးကို ဦးစားပေးလုပ်နေလို့ ကန့်ကွက်ကြတာပါ။
လွှတ်တော်မှာ အဆိုတင်တဲ့ ဘေလ်တွေ အများကြီးထဲမှာ တပါတီတည်းအင်အားနဲ့ နိုင်ခြေမရှိရင် ဒီမိုကရက်တွေ ဦးစားပေးလိုချင်တဲ့ဘေလ်နဲ့ ရီပါဘလစ်ကန်တွေ ဦးစားပေးလိုချင်တဲ့ ဘေလ်တွေကို ညှိပြီး ရအောင်တွဲလွှတ်ဖို့ ကြိုးစားရတာထုံးစံပါ။ စပီကာဂျွန်ဆင်က အလျော့ပေးပြီး ဒီမိုကရက်တွေ လိုလားတဲ့ဘေလ်တွေကို နယ်စပ်ကိစ္စထက် ဦးစားပေးခဲ့တာ ၃ကြိမ်ရှိပါပြီ။ စပီကာဂျွန်ဆင်ကို တချို့က ပျော့ညံ့တယ်လို့ မြင်ကြသလို တချို့ကလည်း ဘာတွေများ အညှာကိုင်ခံလိုက်ရသလဲလို့ တွေးနေကြပါတယ်။ တချို့က သူ့ကိုဖြုတ်ချပြီး စပီကာသစ် ရွေးချင်ပေမယ့် ကျဥ်းသထက်ကျဥ်းလာတဲ့ အမတ်ဦးရေအားသာချက်ကြောင့် အဲဒီအထိရောက်အောင် မဲခွဲဖြစ်မယ်တော့ မထင်ပါဘူး။
အမေရိက ပထမ ဆိုတဲ့မူနဲ့ ပြည်တွင်းအရေး၊ ပြည်သူပြည်သားအရေးကို လက်ကိုင်ထားတဲ့ အမတ် တွေကို လာမယ့် ရကပွဲမှာ ပြန်အရွေးမခံရဖို့ မီဂါဒိုနာကြီးတွေ သန်းချီသုံးပြီး ကြိုးစားနေကြပါတယ်။ အဲဒီဒိုနာတွေက နစ်ကီဟေလီတို့လို စစ်ကြိုက်တဲ့ အက်စ်တာဘလစ်ရှ်မန့်ရီပါဘလစ်ကန်တွေကို ထောက်ခံကြသူတွေဖြစ်ပြီး နစ်ကီပြိုင်ပွဲက ထွက်သွားပြီးနောက်မှာ ရီပါဘလစ်ကန်သမ္မတလောင်း ဖြစ်လာတဲ့ ထရမ့်ကို ချက်ချင်းထောက်ခံခဲ့တာ မဟုတ်ပဲ နောက်မှ ထောက်ခံလာကြတာပါ။
အာဏာနဲ့ လုပ်စားနေတဲ့ အိုဘမ-ကလိန်တန်-နံစီ-ဘိုင်နဲ့ ကမ္ဘာ့ရွာလက်မဲအုပ်စုက ထရမ့်ကို မရှိတဲ့အမှု ရှိအောင်၊ အပြစ်ကြီးအောင် လိမ်ဆင်တွေနဲ့ စွဲချက်တင်၊ ခြေ/ဥနဲ့ ဆန့်ကျင်တဲ့ ကန့်သတ် ချုပ်ချယ်မှုတွေလုပ်၊ သူ့သားလေး အထက်တန်းကျောင်းပြီးတဲ့ပွဲလုပ်မယ့်ရက်မှာ အမှုချိန်း၊ ရုံးချိန်းမလာရင် ဖမ်းမယ်လို့လုပ်၊ ဖမ်းရင် စီးကရက်ဆားဗစ်ကရှိနေတော့ အဆင်မပြေတဲ့အတွက် စီးကရက်ဆားဗစ် မပေးရအောင် ကလိန်စည်းမျဥ်းတွေ အကြံအဖန်လုပ်၊ စသဖြင့် ယုတ်နည်းပေါင်းစုံသုံးပြီး တရားမျှတမှုကို အဓမ္မ ကျင့်နေကြပါတယ်။ အက်စ်တာဘလစ်ရှ်မန့်ဘက်သား ရီပါဘလစ်ကန် မီဂါဒိုနာများလည်း တဖက်လှည့်နဲ့ ထရမ့်ကို ထောက်ခံသယောင်ပြပြီး ငွေအားအလုံးအရင်းနဲ့ မာဂါရီပါဘလစ်ကန်တွေကို နောက်ကျောဓါးနဲ့ထိုးနေသလို မဖြစ်ပါစေနဲ့လို့ပဲ မျှော်လင့်ပါတယ်။ အမေရိကန်လိုနိုင်ငံမှာတောင် တရားမျှတမှု လုံးဝဆိတ်သုဥ်းသွားရင် ကမ္ဘာ့ဘယ်နေရာမှ အဓမ္မမှုတွေကနေ ပြေးမလွတ်တော့ပါဘူး။
ကမ္ဘာ့ရွာလက်မဲကြီးများဟာ အမေရိကန်မှာတင် နယ်စပ်ဖွင့်တာတွေ၊ ပြည်တွင်းက စိုက်ပျိုးမြေတွေကို တရုပ်လက်ထဲ ထည့်နေတာမဟုတ်ပါဘူး။ ဥရောပမှာလည်း အီးယူက အဖွဲ့ဝင် ၂၇နိုင်ငံဟာ ခိုလှုံခွင့် တောင်းခံလာသူတွေကို နိုင်ငံအလိုက် ခွဲတမ်းကျသလောက် လက်ခံရမှာဖြစ်ကြောင်း၊ လက်မခံရင် ပေးမဝင်တဲ့ ရွှေ့ပြောင်းတဦးကို ယူရို ၂သောင်း ဒဏ်ရိုက်မယ်လို့ ကြေငြာပါတယ်။ ပိုလန်နဲ့ ဟန်ဂေရီက အခြားအီးယူနိုင်ငံတွေအနေနဲ့ သူတို့သဘောနဲ့သူတို့ လက်ခံထားတဲ့ ရွှေ့ပြောင်းတွေကို လွှဲပြောင်းယူမှာ မဟုတ်ကြောင်း ချက်ချင်း တုန့်ပြန်ခဲ့ကြပါတယ်။
ဟန်ဂေရီသမ္မတ အော်ဘန်းက ရွှေ့ပြောင်းတွေ အများကြီးဝင်လာတော့ ဥရောပရဲ့ ယဥ်ကျေးမှုက ဘယ်လိုဖြစ်သွားမလဲ၊ မွတ်စလင်ယဥ်ကျေးမှုလား၊ ခရစ်ယာန်ယဥ်ကျေးမှုလား၊ အရောလား၊ လူနေမှုဘဝတွေကရော ဘယ်လိုဖြစ်လာမလဲ၊ ငါကတော့ ခရစ်ယာန်ယဥ်ကျေးမှုမှာ နေရတာ ကြိုက်တယ်၊ အရေးကြီးအချက်ဖြစ်တဲ့ လွတ်လပ်မှုလည်းရှိတယ်၊ ငါ့သား/မြေးတွေလက်ထက်အထိ နေဖို့အကောင်းဆုံး၊ အဆင်အပြေဆုံးပဲ၊ ဥရောပမှာ လွတ်လပ်မှုတွေ ဆုံးရှုံးလာနေတာ စိုးရိမ်စရာပါ၊ အီးယူခေါင်းဆောင်တွေဟာ ကတိကဝတ်တွေ ဖြည့်စည်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက် သူတို့ကို လူစားလဲပစ်ရမယ်လို့ ဆိုပါတယ်။ အီးယူရကပွဲတွေဟာ ဂျွန်လမှာ ပြုလုပ်တော့မှာဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် ကမ္ဘာ့ရွာအရွေ့ကို လက်မခံချင်တဲ့ ခေါင်းဆောင်တွေ ဘရပ်ဆဲလ်စ်မှာ တွေ့ဆုံဆွေးနွေးနေကြတာပါ။ အဲဒါကို လက်ယာစွန်းတွေ၊ အန္တရာယ်ရှိတယ်ဆိုပြီး ဖွကြတဲ့အတွက် ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး လုံခြုံရေးအတွက် ရဲအင်အား အများကြီးသုံးခဲ့ရပါတယ်။
နောက်တခု ပိုလန်မှာ ဖြစ်နေတာက ပိုလန်အရှေ့တောင်ပိုင်းက ထောင်နဲ့ချီတဲ့ လယ်သမားတွေဟာ ထွန်စက်ကိုယ်စီနဲ့ ယူကရိန်းနယ်စပ်ကို ဦးတည်မောင်းနှင်ကာ နယ်စပ်ကို ပိတ်ဆို့ဖို့ ကြိုးစားနေကြ ပါတယ်။ အီးယူရဲ့ ဂရင်းနယူးဒီးလ်ကြောင့် ပိုလန်လယ်သမားတွေ အများဆုံး ထိခိုက်နေရတာကြောင့် ယူကရိန်းဘက်က ဝင်လာမယ့် ဈေးပေါတဲ့ လယ်ယာထွက်ကုန်တွေကို မဝင်စေချင်ကြတာပါ။ ယူကရိန်းကနေ လာတယ်ဆိုပေမယ့် ယူကရိန်းက စိုက်ပျိုးမြေအများစုဟာ ယူကရိန်းလယ်သမားတွေ ပိုင်ဆိုင်တာ မဟုတ်တော့ပဲ နိုင်ငံခြားကုမ္ပဏီတွေက ပိုင်ဆိုင်ထားတာ ဖြစ်နေပါတယ်။
The Oakland Institute က ဖေဖေါ်ဝါရီ ၂၀၂၃မှာ ထုတ်ပြန်ခဲ့တဲ့ War and Theft: The Takeover of Ukraine’s Agricultural Land ဆိုတဲ့ အသေးစိတ်အစီရင်ခံစာထဲမှာ ယူကရိန်းစိုက်ပျိုးမြေရဲ့ ၂၈%ကျော်ဖြစ်တဲ့ ဟက်တာ ၉သန်းကျော်ကို ယူကရိန်းအိုလီဂါ့ခ်တွေ၊ ခြစားထားသူတွေနဲ့ လက်ကြီး လုပ်ငန်းရှင်ကြီးတွေက ပိုင်ဆိုင်ထားကြတယ်ကြောင်း၊ အဲဒီလုပ်ငန်းရှင်ကြီးတွေဟာ ဥရောပ၊ မြောက်အမေရိကနဲ့ ဆော်ဒီအာရေဗျတို့ ပါဝင်ကြောင်း၊ အမေရိကန်က နာမည်ကြီး ပင်စင်ဖန်းဒ်တွေ၊ ဖောင်ဒေးရှင်းတွေပါသလို အိုလီဂါ့ခ်တွေထိန်းချုပ်ထားတဲ့ စိုက်ပျိုးရေးလုပ်ငန်းကြီး တွေကလည်း ရှယ်ယာတွေကို ဗန်ဂတ်တို့၊ ကိုပါနစ်ခ်တို့၊ ဘီအန်ပီတို့လို အင်ဗက်စ်မန့်ဖန်းဒ်တွေက ဝယ်ယူထားကြကြောင်း၊ လယ်ယာမြေပိုင်ရှင်ကြီးအများစုကလည်း EBRD တို့ ကမ္ဘာ့ဘဏ်တို့ကို ကြွေးအများကြီး တင်နေကြကြောင်း၊
မကြာသေးမီနှစ်တွေမှာ အနောက်နိုင်ငံတွေက ယူကရိန်းကို ငွေချေးပေး၊ အထောက်အပံ့ပေးတာတွေက နှောင်ကြိုးမဲ့မဟုတ်ပဲ လယ်ယာမြေတွေရောင်းချဖို့ ဈေးကွက်ဖန်တီးပေးဖို့ စတာတွေ ပါဝင်ကြောင်း၊ တိုင်းပြည်မှာ ခြစားမှု ပိုဆိုးလာမှာကို မလိုလားတဲ့ ပြည်သူအများရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး ဇယ်လန်းစကီးက မြေယာပြုပြင်ရေးဥပဒေကို ၂၀၂၀မှာ ပြဌာန်းခဲ့ကြောင်း၊ လုပ်ငန်းရှင်ကြီးတွေကို အနောက်နိုင်ငံဘဏ်/ အဖွဲ့အစည်းတွေက နောက်ခံထားပေမယ့် ယူကရိန်းပြည်သူတွေ စားသောက်ဖို့ အားထားနေရတဲ့ ယူကရိန်းလယ်သမားတွေမှာတော့ ဘာအထောက်အပံ့မှ ရမနေကြောင်း၊ မပြိုင်နိုင်၊ ဆက်မလုပ်နိုင်ဖြစ်လာခဲ့ရင် လုပ်ငန်းရှင်ကြီးတွေက ဝါးမြိုဖို့ အသင့်စောင့်နေကြကြောင်း၊ ယူကရိန်းက စစ်ကြောင့် အကြွေးတွေပိနေတာကို အခွင့်ကောင်း ယူပြီး လယ်ယာမြေတွေကို ကမ္ဘာ့ရွာလက်မဲတွေက ဝိုင်းဝန်းအမြတ်ထုတ်နေကြကြောင်း ဖော်ပြထားပါတယ်။ ယူကရိန်းတနိုင်ငံလုံးလိုလိုဟာ အန်ဂျီအိုတွေထံ sold out ဖြစ်နေပြီလို့ Andrew Korybko က ရေးသားထားပါတယ်။
ပိုလန်သမ္မတ အွန်ဒရေ ဒူးဒါဟာ ၂၀၁၅မှာ သမ္မတမဖြစ်ခင်က အီးယူပါလီမန်မှာ အဖွဲ့ဝင်ဖြစ်ခဲ့ပြီး အီးယူအပေါ် ယုံကြည်သူဖြစ်တဲ့အပြင် ယူကရိန်းကို တစိုက်မတ်မတ် ထောက်ခံလာသူ၊ အမေရိကန် လိုလားသူ၊ ရုရှားဆန့်ကျင်သူ ဖြစ်ပါတယ်။ ဒူးဒါဟာ အခုအခါမှာတော့ အပေါ်ကအစီရင်ခံစာအတိုင်း ပြောသွားသလို ထရမ့်နဲ့လည်း နယူးယောက်မှာ ၂နာရီခွဲလောက် တွေ့ဆုံဆွေးနွေးသွားပါတယ်။ ၂၀၂၅မှာ ထရမ့်သမ္မတပြန်ဖြစ်မယ်လို့ ယုံကြည်နေကြတဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက လက်ရှိခေါင်းဆောင်တွေ၊ ခေါင်းဆောင်ဟောင်းတွေဟာ သမ္မတထရမ့်ကို အသီးသီးလာရောက် တွေ့ဆုံနေကြပါပြီ။ အဲဒီထဲမှာ ထရမ့်ကို ဆဲဆိုဝေဖန်ခဲ့တဲ့ ဒေးဗစ်ကင်မရွန်းလည်း ပါဝင်ပါတယ်။ ကင်မရွန်းကတော့ ကမ္ဘာ့ရွာသမားပီပီ ယူကရိန်းကို အကူအညီ များများ ပေးစေချင်လို့ လာဆွယ်တာပါ။