၃နှစ်အတွင်း ကမ္ဘာမှာအန္တရာယ်အကြီးဆုံးနိုင်ငံတခုအဖြစ်ကနေ အလုံခြုံဆုံးတိုင်းပြည်အဖြစ်ကို ပြောင်းလဲပေးခဲ့တဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံရဲ့ ပဲ့ကိုင်ရှင်သမ္မတ နာယိဘ်ဘူကလေနဲ့ တပ်ကာ အင်တာဗျူး

လက်တင်အမေရိကမှာ ထောင်တွေဟာ အစိုးရက ဦးစီးလည်ပတ်တာမဟုတ်ပဲ ဂိုဏ်းတွေက ထိန်းချုပ်ထားတာပါ။ အစိုးရက အစားအသောက်၊ ဆေးဝါးစတဲ့ ထောင်/ထောင်သားတွေအတွက် လိုအပ်တာတွေကိုပဲ ပို့ပေးရပြီး ဝင်ချင်ရင်တောင် ဂိုဏ်းခွင့်ပြုချက်နဲ့မှ ဝင်ရတဲ့အခြေအနေပါ။ သမ္မတ နာယိဘ်ဘူကလေးရဲ့ အုပ်ချုပ်မှုအောက်မှာ အယ်လ်ဆာဗေးဒိုးအကျဥ်းထောင်စနစ်ဟာ အစိုးရလက်အောက်ကို ပြန်လည်ရောက်ရှိလာပြီး နာမည်ကြီး အမ်အက်စ်၁၃ ဂိုဏ်းကို ရှင်းပစ်နိုင်ခဲ့တာကြောင့် ၃နှစ်အတွင်း အနောက်ကမ္ဘာမှာ တရားဥပဒေ အစိုးမိုးဆုံးဖြစ်လာတဲ့ အယ်လ်ဆာဗေးဒိုးနိုင်ငံဟာ လူဆိုးဂိုဏ်းတွေကို လက်မြှောက်အရှုံးပေးနေရတဲ့ အခြားနိုင်ငံတွေ အားကျစရာ၊ လာရောက်နည်းခံ အတုယူစရာ ဖြစ်လာနေပါပြီ။ ယှဥ်ကြည့်ရင် လက်ရှိအခြေအနေအရ အမေရိကန်မှာ လူတသိန်းကို ၆ယောက် အသတ်ခံနေရပြီး အယ်လ်ဆာဗေးဒိုးမှာက ၂ယောက်နှုန်းပါ။

အဲဒီလို လူဆိုးဂိုဏ်းတွေကို နှိမ်နှင်းတဲ့နေရာမှာ လူဆိုးတွေက ပြည်သူထဲက ဘယ်သူ့ကိုမဆို ရက်စက်ပြ သတ်ပြပြီး ကြောက်အောင် ခြိမ်းခြောက်နိုင်ပေမယ့် ပြည်သူမျက်နှာကြည့်တဲ့အစိုးရကတော့ ဂျိုပေါက်နေတာမဟုတ်တဲ့ လူဆိုးတွေကိုပဲ ပစ်မှတ်ထားနိုင်တာဖြစ်လို့ ခက်ခဲခဲ့ပါတယ်။ အဲဒါကြောင့် ကြေငြာထားတဲ့ ပလန်အတိုင်း မသွားနိုင်တော့တာတွေလည်း ရှိခဲ့ပါတယ်။ လူဆိုးတွေ ခြတွေလို အဓမ္မဘက်သားတွေဟာ မကောင်းဆိုးရွားစေတန်ကို ကိုးကွယ်ကြသူများဖြစ်ကြပြီး သူတို့ရဲ့ ထုံးစံမှာ ယဇ်ပူဇော်တာလည်း ပါပါတယ်။ အဲဒီလိုလူတွေ ကြီးစိုးတဲ့နေရာတွေမှာ ခရစ်ယာန်ဘုရားကျောင်း တွေကို နှိပ်ကွပ်လေ့ရှိပြီး အမှောင်ကမ္ဘာက လူ့အသက်စတေးတဲ့နည်းတွေကို သုံးတတ်ကြတာ အမေရိကန်မှာလည်း ရှိနိုင်ကြောင်း၊ နယ်စပ်ပွင့်ကနေ ခိုးသွင်းလာတဲ့ ကလေးတွေကို အဲဒီလိုကိစ္စတွေမှာ သုံးနေနိုင်ကြောင်း ရေးခဲ့ပြီးပါပြီ။ ဘူကလေးအစိုးရကတော့ ဝတ်ပြုဆုတောင်းတဲ့ ဓလေ့တွေကို ပြန်အသက်သွင်းလာပြီး အဲဒါကပဲ သူတို့အောင်မြင်မှုကို ပို့ပေးတဲ့ အဓိကအချက်ဖြစ်တယ်လို့ ဆိုပါတယ်။

အယ်လ်ဆာဗေးဒိုးအစိုးရတပ်တွေနဲ့ ကက်စထြိုနောက်ခံပေးထားတဲ့ လက်ဝဲအင်အားစုတွေကြား ၁၂နှစ်ကြာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ဟာ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်မှသာ အဆုံးသတ် သွားခဲ့ပြီး အဲဒီနောက်မှာလည်း ခြစားမှုတွေ၊ ရာဇဝတ်မှုတွေနဲ့ ချာလည်ရိုက်နေခဲ့တဲ့အတွက် ဆင်းရဲတွင်းထဲမှာပဲ နစ်နေခဲ့တာပါ။ လက်ရှိသမ္မတ နာယိဘ်ဘူကလေးက ၂၀၁၉ မှာ ရကပွဲနိုင်ခဲ့တာ ဖြစ်ပြီး အဲဒီမတိုင်ခင်က မြို့ငယ်လေးတမြို့နဲ့ မြို့တော်တို့မှာ မြို့ဝန်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အခုအခါ အမေရိကန်မှာ ရောက်ရှိနေထိုင်နေတဲ့ အယ်ဆာဗေးဒိုးနွယ်ဖွား ၆၂% က မိခင်နိုင်ငံကို ပြန်လာဖို့ ဆန္ဒရှိကြောင်း ပြသကြပြီး ၁၈% ဖြစ်တဲ့ ၅သိန်းကျော်က ပြန်ဖို့ ပြင်ဆင်နေပြီလို့ ဆိုပါတယ်။ ၅သိန်းဆိုတာ လူဦးရေ ၆သန်းပဲရှိတဲ့ နိုင်ငံအတွက်တော့ တော်တော်လေး များပါတယ်။ အဲဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ အလုပ်များလာပြီး ဆောက်လုပ်ရေးက GDP ရဲ့ ၅ပုံ၁ပုံအထိ တက်လာပါတယ်။ ပထမသက်တမ်းမှာ တိုင်းပြည်ကို အကောင်းဖက် ပို့ပေးနိုင်ခဲ့တဲ့အတွက် ဒုတိယသက်တမ်းအတွက် ရကပမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

ဒီလိုပြောလို့ လွယ်လွယ်နိုင်ခဲ့တာတော့လည်း မဟုတ်ပါဘူး။ လမ်းဟောင်းနည်းဟောင်းတွေနဲ့မှ စားပေါက်ချောင်တဲ့သူတွေ၊ ခြတွေ၊ လူဆိုးဂိုဏ်းတွေတွေက အကြီးအကျယ်ဒုက္ခပေးကြပါတယ်။ ခြတွေကို ဖြုတ်ချနိုင်ဖို့ လွှတ်တော်မှာမဲ ၃ပုံ ၂ပုံအနည်းဆုံးလိုတဲ့အတွက် ပြည်သူကို စည်းရုံးပြီး ပြည်သူ့အကူအညီနဲ့မှ ခြတွေကို ရှင်းထုတ်နိုင်ပြီး တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်မယ်လို့ စည်းရုံးခဲ့ရပါတယ်။ ဂလိုဘယ်လစ်တွေကလည်း သူတို့ကြိုးဆွဲရာမကပဲ ပြည်သူ့ဘက်က ရပ်တည်သူတိုင်းကို ချမ်းသာပေးမှာမဟုတ်ပါဘူး။ ဒါကြောင့် ခြမီဒီယာမှာ ဘူကလေးတို့ မီလေတို့ကောင်းကြောင်း သိပ်မကြားရတာပါ။ အမေရိကန်နဲ့ ကွာတာက အယ်လ်ဆာဗေးဒိုးက ရကပက မြန်မာပြည်လိုပဲ​ တရက်ထဲ မဲပေးရပြီး နိုင်ငံသားတွေချည့် မနက် ၇နာရီက ညနေ ၅နာရီအထိ မဲပေးလို့တာပါ။ အမေရိကန်မှာတော့ မဲပေးတဲ့လလို့ ဖြစ်လာအောင် လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ဟိုပိုးနဲ့ စတေးပြီး ပြောင်းထားခဲ့တာတောင် မနိုင်လောက်သေးလို့ ခိုးဝင်တွေခေါ်၊ ဥပဒေတွေ ဟ ပေးပြီး နည်းမျိုးစုံနဲ့ ညစ်ထားတာဖြစ်ပါတယ်။

၂၀၂၁မှာတော့ Bitcoin ကို ငွေပေးချေရေးကိစ္စတွေအတွက် တရားဝင်သုံးစွဲခွင့်ပြုဖို့ သမ္မတ ဘူကလေးက အားပေးပြီး လွှတ်တော်က ခွင့်ပြုပေးခဲ့ပါတယ်။ Bitcoin ဟာ ဈေးအတက်အကျ ရှိပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ ခရီးသွားလုပ်ငန်းကို တိုးလာစေတယ်လို့ ဆိုပါတယ်။ ၂၀၂၂မှာတော့ ဆယ်လ်ဗေးဒိုးရီးယန်းတွေထဲမှာ ဘဏ်အကောင့်ထက် Bitcoin Lightning Wallet ရှိသူ ပိုများလာပါတယ်။ နိုင်ငံတကာက Bitcoin သုံးတာကို ဝိုင်းဝေဖန်ခဲ့ကြပေမယ့် ဘယ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာမှမရှိတဲ့ ငွေကြေးတခု ဖြစ်နေတာရယ် တခြားဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့စာရင် တည်ငြိမ်မှု ခိုင်မာမှုရှိတာရယ်ဟာ ကမ္ဘာကြီးကို လိုသလိုထိန်းချုပ်ချင်နေကြတဲ့ လက်ဝဲငွေရှင်ကြေးရှင် အာဏာရှင်တွေရဲ့ ကမ္ဘာကြီးမှာ သူ့ရဲ့ အဓိက အားသာချက်ဖြစ်နေတာပါ။

Bitcoin လို cryptocurrencies တွေဟာ ဥပဒေရဲ့ ထိန်းချုပ်မှုအောက်မှာလည်းမရှိ၊ ဘဏ်တွေကိုလည်း ဖြတ်သွားစရာမလိုပဲ ဘယ်ကိုမဆို ဘယ်သူမှသိစရာမလိုပဲ မြန်မြန်ဆန်ဆန် ပေးချေ/ပေးပို့/လက်ခံ ရယူနိုင်ပါတယ်။ ဘိုင်ဒန်တို့ အတင်းကြီးလုပ်ချင်နေတဲ့ ဗဟိုဘဏ်ရဲ့ ဒစ်ဂျစ်တယ်ငွေကြေး CBDC ဆိုတာက cryptocurrencies တွေနဲ့ ပြောင်းပြန်ပါ၊ transaction တိုင်းကို အစိုးရက သိနေတဲ့အတွက် တရုပ်ပြည်လိုပဲ​အစိုးရနဲ့ မကြည်လို့ ဟိုက အမြှီးတချက်နင်းထားလိုက်ရင် ဘာမှဆက်လုပ်လို့မရပဲ ဘဝပျက်သွားနိုင်ပါတယ်။ ဘိုင်ဒန်တို့ ဒီမိုကရက်တွေက ငွေသားအများအပြား လက်ထဲထားတာ၊ အသုံးပြုတာကိုတောင် ကန့်သတ်ဖို့ စလုပ်နေပါပြီ။ ဒါဟာ အာဏာရှင်လမ်းစဥ်မဟုတ်ပါဘူးလို့ ငြင်းကြဦးမှာလား။

တပ်ကာနဲ့ အင်တာဗျူးမှာ ဘူကလေးက အစိုးရတွေက (CAမှာလို ဆိုင်တွေကနေ $၉၅၀အောက်ကို) တရားဝင် ခိုးခွင့်ပြုထားတာတို့၊ CAမှာ အိမ်ယာမဲ့တွေကို မူးယစ်ဆေးတွေ အခမဲ့ပေးနေတာတို့၊ စတာတွေဟာ တကယ့်ကို စတူးပစ်လုပ်ရပ်တွေပါတဲ့။ တကယ်တော့ နယ်စပ်ဖွင့်ပြီး ခိုးဝင်တွေ ဝင်လာချင်အောင် မောင်းသွင်း၊ နေစားကုငြိမ်း လုပ်ပေးနေတာတို့၊ နိုင်ငံသားမဟုတ်သူတွေကိုပါ မဲပေးဖို့ ဆွယ်နေတာတို့၊ သူ့ဖာသာသူရှင်နိုင်နေတဲ့ နေ့စေ့လစေ့ကလေးကို ဖျက်ချဖို့လုပ်တာတို့၊ ကလေးငယ်တွေကို ကိုယ်ဖြစ်ချင်တဲ့လိင် ရွေးခိုင်းတာတို့၊ လိင်ကိစ္စနဲ့ အတင်းကြီး ထိတွေ့ပေးတာတို့၊  ပြောရရင်မဆုံးနိုင်တဲ့စာရင်းနဲ့ စတူးပစ် လုပ်ရပ်တွေက တပါတီနဲ့ပဲ သက်ဆိုင်နေတာပါ။ အဲဒီနည်းတွေနဲ့ တိုင်းပြည်ကို တိုးတက်အေးချမ်း သာယာအောင် လုပ်နိုင်မယ်များ ထင်ကြပါသလား။ မထင်ရင် ဒီခြအုံကြီး နွံအိုင်ကြီးကို ဖြိုပစ်ဖို့ သမ္မတရကပတင်မကပဲ လွှတ်တော် ဒေသန္တရ အဆင့်ဆင့်မှာပါ ပြည်သူတွေရဲ့ တခဲနက် မဲပေးမှုလည်း လိုတယ်ဆိုတာ သဘောပေါက်ပြီး တာဝန်ကိုယ်စီ ကျေကြဖို့ လိုပါတယ်။ တကယ်လုပ်ရင် အဟုတ်ဖြစ်တယ်ဆိုတာ ဘူကလေးတို့ အာဂျင်တီးနားက မီလေတို့က သက်သေပါပဲ။

Leave a comment