နယူးယောက်မှာ ထရမ့်ကို ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချခဲ့တဲ့ရုံးက ဂျချ်ဝှမ်မာချန်ဟာ ဂျူရီအဖွဲ့ဝင်တဦးရဲ့ မိသားစုဝင်တဦးက တင်ထားတဲ့ ဖဘပို့စ်အကြောင်း သိရှိလာခဲ့ကြောင်း၊ အဲဒီမှာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဆိုတာကို မထုတ်ပြန်ခင် ၁ရက်အလိုကတဲက Unified Court Systemရဲ့ ဖဘပေ့ချ်မှာ ထရမ့်တယောက် ရာဇဝတ်သားအနေနဲ့ ပြစ်ဒဏ်ကျခံရတော့မယ်၊ သင်တို့အားလုံးရဲ့ အားထုတ်မှုတွေ အတွက် ကျေးဇူးပါလို့ ဂျူရီတဦးရဲ့ ကာစင်တဦးက ရေးထားကြောင်း ဖော်ပြထားပြီး နှစ်ဖက် ရှေ့နေများထံ အဲဒီအကြောင်း စာပို့ထားတယ်လို့ သိရပါတယ်။ အဲဒီအတိုင်းသာ တကယ်ဆိုရင် လက်ရှိဂျူရီဆုံးဖြတ်ချက်ဟာ တရားမဝင်ဖြစ်သွားနိုင်ပါတယ်။ ထရမ့်ကို သိပ်မုန်းနေလို့ ထရမ့်အပေါ် မတရားစီရင်ရတာကို အရသာတွေ့ပြီး ပါးစပ်မစေ့နိုင်ဖြစ်နေတဲ့ ဂျချ်က အဲဒီလို ပြောလာတာက သွေးရိုးသားရိုးလို့ ပြောဖို့တော့ ခက်ပါတယ်။ ဂျူရီဆုံးဖြတ်ချက်ထွက်ပြီး ရက်ပိုင်းအတွင်း ထရမ့်အတွက် အလှူငွေ သန်း၁၄၀ကျော်ရသွားတာနဲ့ ကြားနေသမားတွေပါ သူ့ဖက်ရောက်လာကုန် ကြတာကို ဟန့်တားဖို့ စတန့်ထွင်တာများလားလို့လည်း တွေးစရာဖြစ်နေပါတယ်။ ဘိုင်ဒန်တို့ ပိုကြောက်တာက ထရမ့်ရတဲ့အလှူငွေအများစုက ဆယ်ဂဏန်းလေးတွေလှူတဲ့ အခြေခံလူတန်းစားတွေ ဖြစ်နေကြလို့ပါ။
ပြီးခဲ့တဲ့ စနေနေ့က ကယ်လီဖိုးနီးယားက ရန်ပုံငွေပွဲတွေကို ထရမ့် လာခဲ့ပါတယ်။ ဆီလီကွန်ဗယ်လီက လုပ်ငန်းရှင်သူဌေးတွေစုပြီး စုံတွဲတတွဲကို ဝင်ကြေး ၅သိန်းနဲ့ ရန်ပုံငွေရှာပေးထည့်ဝင်ပေးကြသလိုပဲ CA တောင်ပိုင်း LA က Newport Beach နဲ့ Beverly Hills မှာလည်း ရန်ပုံငွေပွဲလုပ်ခဲ့ပါတယ်။ အဆိုပါပုဂ္ဂိုလ်အများစုက ပြီးခဲ့တဲ့ ရကပ ၂ကြိမ်လုံးမှာ ထရမ့်ကို မဲမပေးခဲ့ကြတဲ့သူတွေ များပါတယ်။ LA ဘက်ကို ထရမ့်သွားခဲ့ဖူးပေမယ့် ဆန်ဖရန်ကတော့ ထရမ့်နိုင်ငံရေးနယ်ထဲ ဝင်လာအပြီး ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ အရင်က ထရမ့်လာရင် ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့ ဖြဲခဲ့ကြတဲ့ ဆန်ဖရန်မှာ အခုတော့ ဆန့်ကျင်ဆန္ဒပြသူ သိပ်မရှိပဲ ကြိုဆိုကြတဲ့သူတွေတော်တော်လေး ရှိတာ တွေ့ရပါတယ်။
ယူကရိန်း-ရုရှားစစ်အစောပိုင်းမှာ ဘိုင်ဒန်တို့က ငွေကြေး လက်နက် စတဲ့အကူအညီတွေပဲ ပေးမှာပါ၊ ဝင်တိုက်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ယူကရိန်းကိုလည်း ရုရှားအတွင်းထဲကို မတိုက်ဖို့ အသံလွှင့်ထားပါတယ်။ နောက်ပိုင်းမှာတော့ စစ်ဖက်ကျွမ်းကျင်သူတွေ စေလွှတ်ပြီး ရုရှားအတွင်းပိုင်းကိုပါ ရန်စပစ်ခတ်လာခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ တပ်တွေပါ လွှတ်တိုက်ပေးဖို့ ပြင်ဆင်နေပါတယ်။ ဒီနှစ်က ရကပနှစ်ဖြစ်လို့ တတ်နိုင်သလောက် ထိန်းလုပ်နေပေမယ့် နေတိုးအနေနဲ့ မြေပြင်တိုက်ပွဲတွေအတွက် ပြင်ဆင်နေပါပြီ၊ အဲဒီထဲမှာ အမေရိကန်တပ်တွေပါလာဖို့ အစီအစဥ်တွေ ပါပါတယ်။
ပြင်သစ်က မက်ခရွန်က ပြင်သစ်တပ်တွေပို့မယ်ဆိုပြီး ထလုပ်လိုက်တာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ လုပ်ခဲ့တဲ့ EU လွှတ်တော်အတွက်ရကပတွေမှာ ပြင်သစ်ကွန်ဆာဗေးတစ်တွေ နိုင်ကုန်ကြတဲ့အထိပါပဲ။ ဒီနှစ်ထဲ သမ္မတရကပသာရှိရင် မက်ခရွန်က မာရင်းလပန်းကို ရှုံးမယ့်သဘောပါပဲ။ အီးယူကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလာယန်က အလယ်-ယာဖြစ်ပြီး လူတွေ လက်ဝဲကို စိတ်ပျက်လာနေကြတာကိုသိလို့ လက်ယာဖက်ကို ပိုရွေ့ခဲ့တဲ့အတွက် သူမကတော့ ၇၂၀ခုံရှိတဲ့လွှတ်တော်မှာ အကြီးဆုံးအုပ်စု ဖြစ်နေပါသေးတယ်။ ဒါပေမယ့် EU နိုင်ငံတော်တော်များများရဲ့ ကိုယ်စားလှယ်တွေထဲမှာ ကွန်ဆာဗေးတစ်တွေ အားကောင်းလာတဲ့အတွက် အဓိပ္ပါယ်မရှိတဲ့ ကလိုင်းမိတ်ချိန့်တို့ အိုးပင်းဘော်ဒါတို့လို လက်ဝဲအာဂျင်ဒါဥပဒေတွေကို အရင်လို လွယ်လွယ်နဲ့ အတည်ပြုလို့ ရတော့မယ်မထင်ပါဘူး။ အဲဒီထဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက်တွေ ပါမလာရင် ကမ္ဘာသူကမ္ဘာသားတွေအတွက် အပေါင်းလက္ခဏာပါပဲ။
ကလိုင်းမိတ်ဆိုလို့ ယူအန်တို့လို တရုပ်ကဩဇာလွှမ်းနေတဲ့အဖွဲ့တွေရော ဘိုင်ဒန်အပါအဝင် ကမ္ဘာ့နိုင်ငံရေးဇတ်ခုံပေါ်က ခြတွေရောက ကိုယ့်ပြည်တွင်းမှာ ရေနံ/ဓါတ်ငွေ့ထုတ်တာ သုံးတာကို အကြီးအကျယ်ကန့်သတ်နေပေမယ့် ကမ္ဘာမှာ ရေနံ/ဓါတ်ငွေ့ အများဆုံးတင်သွင်း သုံးစွဲနေသူ တရုပ်ကိုကျတော့ ဘာချုပ်ချယ်မှုမှ မရှိနေတာရယ်၊ ကမ္ဘာမှာ ဆိုလာပြားတွေ အထုတ်ဆုံးက တရုပ်ဖြစ်နေတာရယ်ကိုကြည့်ရင် လက်ဝဲသမားတွေရဲ့ ကလိုင်းမိတ်ချိန့်အာဂျင်ဒါဆိုတာ တရုပ်ဘောမတဲ့ ပေါ်လစီတခုဖြစ်နေတာကို တွေ့ရမှာပါ။
ဒါတင်မကသေးပါဘူး။ ဘိုင်ဒန်ရဲ့ အင်ဖလေးရှင်းရီဒတ်ရှင်အက်နဲ့ ပတ်ဝင်းကျင်ထိန်းသိမ်းရေးအေဂျင်စီ (အီးပီအေ)ကို ကလိုင်းမိတ်ချိန့်အတွက် ဘီလီယံ ၄၀ ပေးခဲ့ပါတယ်။ ဒီဇင်ဘာတုန်းက အီးပီအေက ကလိုင်းမိတ်ဂျပ်စ်တစ်အလိုင်းယန့်စ်လို့ ခေါ်တဲ့ အဖွဲ့ကို သန်း၅၀ ပေးခဲ့ပါတယ်။ ဘယ်နှစ်ကြိမ်မြောက် ပေးတာလဲတော့ မသိပါဘူး။ အဲဒီအဖွဲ့က ကလိုင်းမိတ်အတွက် ဘာတွေလုပ်သလဲတော့မသိ၊ environmental justice အတွက် ဆန္ဒပြကြတာတွေ၊ ဖရီးပါလက်စ်တိုင်းဆိုပြီး ဟာမာစ်အကြမ်းဖက် တွေဘက်က တက်တက်ကြွကြွ လော်ပေးနေတာတွေတော့ သူတို့ဝက်ဘ်ဆိုက်မှာ လူတိုင်း သွားကြည့်လို့ ရပါတယ်။ တက္ကသိုလ်တွေ ဟိုတွေဒီတွေမှာ အဲဒီကိစ္စအတွက် ဆန္ဒပြကြတာတွေ ကလည်း အဲဒီအုပ်စုရဲ့ လက်ချက်ပါပဲ။ ပြည်သူ့ချွေးနှဲစာကို ဖောဖောသီသီသုံးပြီး အမေရိကန်ကို လောင်တိုက်သွင်းချင်နေတဲ့ သူတွေဘက်က ပင်းနေတာဟာ ပြည်သူကို စော်ကားတာပါပဲ။ ဆက်စပ်ပြီး ပြောရရင် နိုင်ငံခြားရေးဌာနက အိုဘမသစ္စာခံတွေ (Teamအီရန်) အီရန်အဖွဲ့ကလို့ စာတမ်းပါတဲ့ ဂျာစီတွေ ဝတ်ကုန်တာနဲ့ တလိုင်းထဲပါပဲ။ အမေရိကန်ရဲ့ရန်သူတိုင်းက ဘိုင်ဒန်တို့ရဲ့မိတ်ဆွေတွေပါ။
ဘာဖြစ်လို့ အမေရိကန်ရဲ့ ရန်သူတွေက ဘိုင်ဒန်တို့ရဲ့ မိတ်ဆွေဖြစ်နေသလဲဆိုတော့ အဲဒီရန်သူတွေ အကုန်လုံးက ကိုယ်ကျင့်တရား အလေးထားသူတွေ လူ့အသက်သိက္ခာကို တန်ဖိုးထားသူမဟုတ်တဲ့ အာဏာရှင်တွေဖြစ်ပြီး အဲဒီအာဏာရှင်တွေက သန်းပေါင်းများစွာလာဘ်ထိုးပြီး ဝယ်ယူထားလို့ပါပဲ။ အဝယ်ခံထားရပြီဆိုရင် သခင့်အလိုကျ လုပ်ပေးရတာ ထုံးစံပဲမဟုတ်လား။ မိုက်ခ်မက်ကောမစ်ဆိုတဲ့ အိုဘမလက်ထက်က ဘိုင်ဒန်ရဲ့ လက်ရေးတိုမှတ်တမ်းလိုက်ယူရသူက ဧပြီ ၂၁ ၂၀၁၄ တုန်းက အဲဖို့စ်၂ ပေါ်မှာ သတင်းထောက်တွေက ဘိုင်ဒန်ယူကရိန်းကို စွမ်းအင်အကူအညီ ဘာတွေပေးမှာလဲလို့ မေးပါတယ်၊ အဲဒီမှာ ဂျိတ်ခ်ဆူလီဗန်က ၄ခုယူလာပါမယ်၊ ၂ခုက ဟန်းတားကို သန်းချီလာဘ်ပေးထားတဲ့ ယူကရိန်းစွမ်းအင်ကုမ္ပဏီဘူရစ်စ်မာကို တိုက်ရိုက်အကျိုးဖြစ်စေမယ်လို့ ပြန်ဖြေပါတယ်။ ဆူလီဗန်က ဘိုင်ဒန့်ကိုယ်စား ပြောပေးတာပါ။ အဲဒါတွေကိုကျတော့ တရားမစွဲပဲနဲ့ အခုစွဲထားတဲ့ သေနတ်အမှုမှာမှ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပေးတာ အဓိပ္ပါယ်သိပ်မရှိနေပါဘူး။ အပြစ်ရှိတယ်ဆိုပေမယ့် တကယ်အပြစ်ပေးမယ်လဲ မထင်ပါဘူး။
ဘာလ်တီမိုးက စကော့ကီးတံတားကို ဒါလီသင်္ဘောတိုက်ဖြိုသွားတဲ့ ၂လအကြာမှာ ချာလ်စ်တန်မြို့ တောင်ကာရိုလိုင်းနား ကူးပါးမြစ်က Arthur Ravenel တံတားနားမှာ ပေ၁ထောင်နီးပါးရှည်ပြီး တန် ၇၄,၀၀၀ဆန့်သင်္ဘောတစီး ထိန်းချုပ်မရတော့တဲ့အတွက် တံတားကိုအဝင်ပိတ်ထားခဲ့ရပါတယ်။ တကယ်မတိုက်မိခဲ့ပေမယ့် သင်္ဘောက အရှိန်အမြင့်ဆုံးနီးပါးနဲ့ ခုတ်မောင်းနေတဲ့အချိန်မှာ ထိန်းချုပ်မှုစနစ်ကြီး stuck ဖြစ်သွားခဲလို့ ကြောက်စရာအနေအထားတခု ဖြစ်ခဲ့တာပါ။ တံတားမထိခိုက်ပေမယ့် အနားက အပျော်လှေ၂စီးကတော့ လှိုင်းဒဏ်ကြောင့် ပျက်စီး/ဒဏ်ရာ ရခဲ့ပါတယ်။
မေးချင်တာက တံတားနားဖြတ်ရင် အရှိန်လျော့ထားရတာမဟုတ်ဘူးလား၊ ဘာလို့ ခုမှ သင်္ဘောတွေ ခဏခဏ ထကြောင်နေကြတာလဲ။ ဒါလီတုန်းကလည်း မသင်္ကာစရာတွေ ရှိခဲ့ပါတယ်။ ဖြစ်ပြီး နာရီပိုင်း ဘာမှမစုံစမ်းရခင်မှာတင် ဘိုင်ဒန်က ဒါပမတော်တဆပါ၊ ငါတို့အားလုံးတာဝန်ယူတယ် လို့ပြောသလို အာမခံကုမ္ပဏီတွေကလည်း ပုံမှန်ကိစ္စတွေမှာလို သေချာစစ်ဆေးတာမျိုးမလုပ်ပဲ ချက်ချင်းပဲ လျော်ပေးမယ်ဖြစ်ကုန်ပါတယ်။ အဲဒီသင်္ဘောက သင်္ဘောသားတွေလည်း ဖုန်းတွေအသိမ်းခံထားရပြီး သင်္ဘောက ခွာခွင့် မပေးခဲ့ပါဘူး။ အကြောင်းက ဗီဇာမရှိလို့ပါတဲ့။ ခိုးဝင်သန်းပေါင်းများစွာကျတော့ ဗီဇာလိုလို့လား။