ဇူလိုင်လ ၁၇ရက် ၂၀၂၄

အီလွန်က ထရမ့်အောင်နိုင်ရေးအတွက် တလကို ၄၅သန်းထည့်ဝင်လှုဒန်းသွားမှာြဖစ်တယ်လို့ သိရပါတယ်။ တဖက်မှာတော့ ဒီမိုကရက်အလှူရှင်တွေက ဘိုင်ဒန်ကို ဒီမိုကရက် ticket မှာ ဆက်ထားမယ်ဆိုရင် သူတို့လှူထားတဲ့ သန်း၉၀ကို အသုံးပြုခွင့်မပေးနိုင်ဘူးလို့ ရာဇသံ ပေးထားပါတယ်။ အဒမ်ရှစ်ဖ်ကလည်း ၂၁ဦးမြောက် ဒီမိုကရက်အမတ်အဖြစ် ဘိုင်ဒန်ကို ပယ်ရှားဖို့ ဖိအားပေးလာပါပြီ၊ အသက်ကြောင့်ပါတဲ့၊ ဒါပေါ့လေ၊ ဒီမန်းရှာဖြစ်နေတာ သူတို့အတွင်းစည်းကလူတွေ အသိဆုံးဆိုတော့ အကြောင်းတခုခုတော့ ကြံဖန်ပေးရတာပေါ့၊ သူတို့အတွက် လိမ်တာက ထမင်းစား​ ရေသောက်ထက် လွယ်နေတာပဲလေ။ ရှူးမားက ဘိုင်ဒန်ပြိုင်ပွဲကထွက်ပေးဖို့ တွန်းတွန်းတိုက်တိုက်ကို ပြောနေပါတယ်တဲ့။

ဖိအားတွေ သိပ်များလာလို့ထင်ပါရဲ့ ဒီကနေ့တော့ ဘိုင်ဒန်က ငါ့မှာ ကျန်းမာရေး အခြေအနေတခုခု ပေါ်လာပြီး ဆရာဝန်တွေက ငါ့ဆီလာပြီး မင်းမှာ ဒီလိုဒီလိုပြဿနာတွေရှိနေတယ်လို့ လာပြောရင် ထွက်ပေးမယ့်သဘောမျိုး ပြောလာပါပြီ။ ဩဂုတ်လထဲမှာမှ ကျင်းပဖို့ စီစဥ်ထားတဲ့ DNC ကိုလည်း ရှေ့တပတ်ထဲလောက်မှာ delegate တွေကိုလည်း online ကနေပဲ ဘိုင်ဒန်ကို နိုမီနိတ်လုပ်ခိုင်းမယ်လို့ သတင်းတွေလည်း ထွက်နေပါတယ်။ ယခင်DNC ဥက္ကဋ္ဌဟောင်းတွေကတော့ သဘောမတူဘူးလို့ ဆိုပါတယ်။ ဘာတန်းမီးလောင်တယ်ဆိုလား။

တကယ်တော့လည်း ဒီမိုကရက်ပါတီက ဘယ်သူဘယ်ဝါပဲတက်တက် နယ်စပ်ဖွင့်တာရယ်၊ စစ်ကြိုက်တာရယ်၊ ဂရင်းနရူးဒီးလ်နဲ့ လှည့်ဖြားပြီး တိုင်းပြည်ကို ချိနဲ့စေ၊ ပြည်သူတွေကို ချူချာ ကြပ်တည်းစေပြီး၊ ရန်သူတွေကို စီးပွားဖြစ်စေတာရယ်၊ အကြမ်းဖက်တွေကို မြှောက်ပေး ပံ့ပိုးပေးတာတွေရယ်၊ စတဲ့ပေါ်လစီတွေက လုံးဝပြောင်းမှာမဟုတ်ပါဘူး။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ဆိုတာမျိုးပဲ ဖြစ်နေဦးမှာပါ။ မြန်မာပြည်ကစစ်အစိုးရအဆက်ဆက်မှာ တက်လာတဲ့ နောက်လူတွေက ရှေ့လူတွေထက် ပိုညံ့၊ ပိုခိုး၊ ပိုဆိုးလေ့ရှိသလိုပါပဲ။ ဘိုင်ဒန်က ဆီနိတ်တာဘဝတုန်းက သူဟာ အဆင်းရဲဆုံးဆီနိတ်တာပါလို့ အမြဲပြောနေခဲ့တာကနေ အခုဆို ဘာစီးပွားရေးမှ မလုပ်တာတောင် အနည်းဆုံး သန်း၅၀ပိုင်ဆိုင်မှု ရှိနေတာ ဘယ်ကလာတဲ့ပိုက်ဆံတွေ ဖြစ်မလဲ။ မအလကရော ဘာမှမရှိတဲ့ဘဝကနေ ဝန်ထမ်းဘဝနဲ့ အိမ်ပေါင်းများစွာ ဟိုတယ်ပေါင်းများစွာနဲ့ ဘီလျံနာလောက်ဖြစ်လာတာ ဘယ်ကပိုက်ဆံတွေလို့ ထင်ကြသလဲ။

စနေနေ့ကလုပ်ကြံမှုမှာ ထရမ့်စင်ပေါ်မတက်ခင် ၁၀မိနစ်အလိုကတဲက ပစ်ခတ်သူ သောမတ်စ်ခရွတ်စ်အကြောင်းကို အန္တရာယ်တခုအနေနဲ့ SS က သတင်းရထားပြီးဖြစ်ပေမယ့် လစ်လျူရှုပြီး အစီအစဥ်အတိုင်း စင်ပေါ်ကို တက်စေခဲ့တယ်လို့ လုံခြုံရေးအသိုင်းအဝိုင်းက နယူးယောက်ပို့စ်ကို ပြောကြားလိုက်ပါတယ်။ ခရွတ်စ်က ရိုင်ဖယ်နဲ့ ကျည်ဗူး ၅၀လောက်နဲ့၊ လှေခါးနဲ့ ကျောပိုးအိတ်နဲ့လာတာဖြစ်ပါတယ်။ FBI counter assault က စနိုက်ပါတဦးကလည်း ခရွတ်စ် ထရမ့်ကိုမပစ်ခင် ၃မိနစ်လောက်အလိုက သူတွေ့လိုက်လို့ ပစ်မိန့်တောင်းတာ အထက်က မပေးခဲ့လို့ ဟိုက စပစ်ပြီးနောက်မှ ပစ်ခဲ့ရတာလို့ ဆိုပါတယ်။ ခရွတ်စ်ဟာ ဘလက်ရော့ခ်ဆိုတဲ့ ဂလိုဘယ်အီလိ အင်ဗက်စ်မန့်ဖန်းဒ်ကြီးနဲ့လည်း ပတ်သက်မှုရှိတာ တွေ့ရတယ်လို့ ဖတ်လိုက်ရပါတယ်။

၂၀၂၀တုန်းက ထရမ့် rally ကိုသွားခဲ့တဲ့ ပန်ဆလ်ဗေးနီးယန်းတဦးက အဲဒီတုန်းက မှတ်မှတ်ရရ သူ့ရဲ့ ၁၈နှစ်သမီးနဲ့ လာခဲတာမှာ လေဆိပ်နားက ကွင်းဖြစ်တဲ့အတွက် ပတ်ဝန်းကျင်မှာ လေယာဥ်ဂိုထောင်တွေ ရှိကြောင်း၊​ အဲဒီဂိုထောင်/ အဆောက်အဦအားလုံးရဲ့ ခေါင်မိုးပေါ်တွေမှာ စနိုက်ပါတွေ အသီးသီး နေရာယူထားကြကြောင်း၊ သူ့သမီးကတောင် ဒီနေ့က အလုံခြုံဆုံးပဲလို့ ခံစားရတယ်လို့ ပြောခဲ့တာ သတိရမိကြောင်း၊ ဒီတကြိမ် rally မှာတော့ စနိုက်ပါမရှိတဲ့ခေါင်မိုးတွေ များနေတာတွေ့ရလို့ စိတ်ထဲမှာ ဘယ်လိုပါလိမ့်လို့ အတွေးဝင်လာခဲ့ကြောင်း၊ ပြောကြားသွားပါတယ်။ လက်ရှိဒါရိုက်တာက ၂၀၂၂မှ​တက်လာတာဆိုတော့ သူမလက်ထက်ကျမှ practice တွေ ပြောင်းပစ်တာလား၊ ဒီပွဲကျမှ တမင်ကို ဟ ပေးထားတာလားဆိုတာ မေးစရာဖြစ်နေပါတယ်။ ခေါင်မိုးတွေပေါ်ကို ဘာလို့ လုံခြုံရေးတွေ မထားပေးတာလဲလို့ မေးကြတော့ ခေါင်မိုးတွေက အစောင်းတွေမို့လို့ အန္တရာယ်ရှိလို့ပါတဲ့။ စဥ်းစားသာကြည့်ကြပါတော့။ အဲဒီလို လက်လွတ်စပါယ် ပြောတာ၊ တာဝန်မဲ့လုပ်တာတွေနဲ့ ဘိုင်ဒန်က “ဒီဘိတ်အကြောင်း ပြောတာတွေ ရပ်ကြပါတော့၊ ခုအချိန်ဟာ ထရမ့်ကို (သေနတ်နဲ့) ချိန်ထားရမယ့်အချိန်ဖြစ်နေပြီလို့ အခင်းမဖြစ်ခင် ၅ရက်လောက်အလိုက ပြောခဲ့တာကို ပေါင်းလိုက်ရင် ဒီကိစ္စက ဘယ်သူက စီစဥ်တယ်ဆိုတာ ရှင်းနေတာပါပဲ။

လုပ်ကြံမှုအပြီး ထရမ့်နဲ့ ရောဘတ်ကနေဒီဂျူနီယာတို့ ဖုံးပြောထားတဲ့ဖိုင် အင်တာနက်ပေါ် ရောက်လာပါတယ်။ အဲဒီထဲမှာ ဘိုင်ဒန်က ထရမ့်ကို ဖုံးခေါ်ပြီး (ဟိုကပစ်လိုက်တဲ့အချိန်မှာ)​ မင်းညာဖက်ကို ရှောင်ရမယ်လို့ ဘယ်လိုလုပ်သိလဲလို့ မေးကြောင်း ထရမ့်က ရောဘတ်ကနေဒီ ဂျူနီယာကို ပြောပြနေတာ ကြားလိုက်ရပါတယ်။ ပြောပုံအရဆိုရင်လုပ်ကြံမှုမှာ လုံခြုံရေးတွေ ဒီလောက် ဟ ပေးထားတဲ့ကြားက ချက်ကောင်းမထိလိုက်လို့ တောက်တခေါက်ခေါက်ဖြစ်နေတဲ့ သူတွေထဲမှာ ဘိုင်ဒန်တို့ ရှေ့ဆုံးကပါမှာ အသေအချာပါပဲ။ ရောဘတ်ကနေဒီဂျူနီယာဆိုရင်လည်း ဦးလေးရော ဖခင်ရော လုပ်ကြံခံရလို့ အသက်ဆုံးထားတဲ့ ရာဇဝင်ရှိတာတောင် သမ္မတရကပဝင်သူ တဦးအနေနဲ့ SS အကာအကွယ်ပေးဖို့ တာဝန်ရှိတာကို ဘိုင်ဒန်တို့ ညစ်ပြီး မပေးပဲ ထားခဲ့တဲ့အပြင် ဒီမိုကရက်အနေနဲ့တောင် ပြိုင်ဖို့ခက်ခဲအောင် လုပ်ထားခဲ့တာပါ။ ရောဘတ်ရဲ့အပြစ်ကတော့ ကကဆ တွေကြောင့် ဒုက္ခရောက် ဒုက္ခိတဖြစ် အသက်ဆုံးရတဲ့သူတွေဘက်က ရပ်တည်ပေးတာပါ။ ကကဆိုလို့ ကမ္ဘာမှာ ကလေးတွေ ကကဆထိုးတဲ့နှုန်းက ကဗမတိုင်ခင်ခေတ်ကထက်ကို ကျဆင်းသွားပြီလို့ ဆိုပါတယ်။

CIA ဟောင်းနဲ့ ထရမ့်လက်ထက်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပွန်ပေယိုက နယ်စပ်အပွင့်ကနေ ISIS တွေ ပြည်တွင်းကို ရောက်နေကြောင်း၊ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုရှိနေလို့ သူဟာ SS အစောင့်အရှောက်နဲ့ နေထိုင်သွားလာနေရကြောင်း၊ ဆိုလေမာနီကို ရှင်းပစ်ခဲ့တဲ့အတွက် သမ္မတထရမ့်ကိုလည်း ISIS က တားဂက်ထားမှာ သေချာကြောင်း၊ သမ္မတထရမ့်လုံခြုံရေးကို စဥ်းစားရင် အဲဒီအချက်ကိုလည်း ထည့်စဥ်းစားဖို့ သတိပေးသွားပါတယ်။

ဒီမိုကရက်တွေက ထရမ့်ကို လူလိမ်ကြီး၊ ဖက်ဆစ်ကြီး၊ ထရမ့်တက်လာရင် ဒီမိုကရေစီ ဆိတ်သုဥ်းပြီလို့ မဟုတ်မမှန်မှိုင်းတွေနဲ့ အကြီးအကျယ် ထိုးစစ်ဆင်နေတာပါ။ ပြည်သူတွေ မလုံခြုံအောင်၊ ကြပ်တည်းအောင်၊ လွတ်လပ်မှုတွေ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်တွေ၊ လွတ်လပ်စွာ ရေးသား ပြောဆို တင်ပြခွင့် ကိုးကွယ်ခွင့်တွေ ဆုံးရှုံးအောင်လုပ်နေတာ၊ ပြည်သူနဲ့ ကမ္ဘာကို လိမ်နည်းပေါင်းစုံနဲ့ လိမ်နေတာက သူတို့ပါ။ ဂျက်နက်ယဲလင်က မေလတုန်းက ဒီမိုကရေစီကျဆင်းလာပြီဆိုရင် စီးပွားရေးအရလည်း ဆုံးရှုံးမှုတွေ ဖြစ်လာမယ်ဆိုတာ ငြင်းမရတဲ့သက်သေတွေ ရှိတယ်၊ အဲဒီဆုံးရှုံးမှုတွေထဲမှာ စီးပွားရေးတံ့နေတာ၊ ပေါ်လစီပိုင်း မငြိမ်သက်တာ၊ ခရိုနီစနစ်တွေ ထွန်းကားလာတာ၊ ဦးနှောက်ယိုစီးတာနဲ့ violence အကြမ်းဖက်တာတွေ ပါတယ်လို့ ပြောသွားပါတယ်။ ၂လလောက်ကြာတော့ ခုလို လုပ်ကြံမှု ဖြစ်တာပါပဲ။ ကဗတုန်းကလည်း ပန်ဒဲမစ်ဆိုတဲ့စကားကို အိုဘမတို့ ဂိတ်စ်တို့ စပြောနေပြီး မကြာခင်မှာပဲ ပလန်ဒဲမစ်ကြီး ဖြစ်လာတာပါ။ အာဏာအတွက် မလုပ်ဝံ့တာမရှိတဲ့သူတွေပါပဲ။

ကာလီဖိုးနီးယားဂါဗာနာနျူဆမ်က The Support Academic Futures & Educators for Today’s Youth (SAFETY) Act ကို ဥပဒေအဖြစ်တနင်္လာနေ့က အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီမိုကရက်တွေလုပ်လေ့ရှိတဲ့အတိုင်း ဥပဒေသစ်က နာမည်လေးလှသလောက် တကယ်အဓိပ္ပါယ်က အကျည်းတန်ပါတယ်။ အဆိုပါဥပဒေက ကျောင်းသူကျောင်းသား ကလေးတွေ ကိုယ့်ပင်ကိုယ်လိင် မဟုတ်တဲ့လိင်လို့ ကိုယ့်ကိုယ်ကို ခံယူတယ်ဆိုရင် အဲဒီအကြောင်းကို မိဘတွေကို အသိပေးခြင်းမှ တားမြစ်တဲ့ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေအသက်မဝင်ခင်ကတည်းက Orange, Place, Riverside နဲ့ San Bernardino အပါအဝင် ကောင်တီတချို့မှာ အလားတူပေါ်လစီကျင့်သုံးနေပြီးသားပါ။

အီလွန်က ပြီးခဲ့တဲ့နှစ်က နျူဆမ်ကို ဒီလိုဥပဒေတွေထုတ်တာဟာ မိသားစုတွေ ကုမ္ပဏီတွေက သူတို့ရဲ့ ကလေးတွေကို ကာကွယ်ဖို့အတွက် ကာလီဖိုးနီးယားကို စွန့်ခွာကုန်ကြလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ အခုဥပဒေဖြစ်အောင် လုပ်လိုက်ပြီဆိုတော့ အီလွန်က သူရဲ့ အာကာသယာဥ်ကုမ္ပဏီဖြစ်တဲ့ SpaceX ရော တွဒ်တာကနေဖြစ်လာတဲ့ X ရောကို ကာလီဖိုးနီးယားကနေ တက္ကဆက်စ်ကို ပြောင်းတော့မယ်လို့ ကြေငြာလိုက်ပါတယ်။ ၂၀၂၀ကလည်း ကိုဗစ်လော့ဒေါင်းပေါ်လစီတွေ ဆက်တင်းကြပ်နေမယ်ဆိုရင် တက်စ်လာကုမ္ပဏီကို တက္ကဆက်စ်ကို ရွှေ့မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး ထူးမလာတဲ့နောက် ၂၀၂၁မှာ ရွှေ့ပြောင်းသွားခဲ့ပါတယ်။ သူ့ရဲ့ အမြဲတမ်းလိပ်စာကိုလည်း လူတွေအပေါ် ဝင်ငွေခွန်မကောက်တဲ့ တက္ကဆက်စ်ကို ပြောင်းသွားခဲ့ပါတယ်။ အဲဒီလိုထွက်သွားတဲ့အတွက် ကမ္ဘာ့အချမ်းသာဆုံးလူနဲ့ သူ့ရဲ့ကုမ္ပဏီတွေဆီက အခွန်မရတော့တဲ့အပြင် ပြည်နယ်သူ/သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပါ ဆုံးရှုံးရတာဖြစ်ပါတယ်။ အီလွန်ရဲ့ ဆုံးဖြတ်ချက်ကို နာမည်ကြီးလိင်ပြောင်းတဦး ဖြစ်တဲ့ ကိတ်လင်ဂျန်နာက ကလေးတွေဘဝမှာ မိဘက အစိုးရထက် အရင်လာရမယ်၊ အစိုးရက မိဘမဟုတ်ဘူးလို့ပြောပြီး ထောက်ခံအားပေးလိုက်ပါတယ်။

Leave a comment