နယူးမက်စ်က သတင်းထောက် မာ့ခ်ဟယ်ပရင်က ဒီမိုကရက်ရင်းမြစ်အချို့ကို ကိုးကားပြီး နောက်ဆုံးသတင်းတချို့ကို တင်ဆက်ထားပါတယ်။
- ဘိုင်ဒန်က ဒီမိုကရက်ပါတီကိုယ်စားပြုပြီး ယှဥ်ပြိုင်မှု မပြုတော့ဖို့ သဘောတူလိုက်ပါပြီ။
- ပြိုင်ပွဲမှု ထွက်ကြောင်း ကြေငြာတဲ့မိန့်ခွန်းကို အခုရေးနေကြပြီဖြစ်ပြီး ဒီစနေ (သို့)တနင်္ဂနွေမှာ ကြေငြာပါမယ်။
- ဒီဆုံးဖြတ်ချက်ဟာ ရှူးမား၊ အိုဘမနဲ့ ပလိုးစီတို့ဆီက ဖိအားကြောင့်လို့ ဆိုပါတယ်။
- သမ္မတရကပက နှုတ်ထွက်ပေမယ့် ရာထူးကတော့ သက်တမ်းကုန်တဲ့အထိ ထွက်မှာမဟုတ်ပါဘူး။
- ဘိုင်ဒန်က ကာမလာဟဲရစ်ကို endorse မလုပ်ပါဘူး။
- ကွန်ဗန်းရှင်းက ပါတီကိုယ်စားပြုယှဥ်ပြိုင်ဖို့ ကမလာနဲ့ နောက်၃-၄ဦးကြား ရွေးချယ်မှာဖြစ်ပါတယ်။
- ကမလာက သူနဲ့အတူ running mate အဖြစ် ယှဥ်ပြိုင်ဖို့ အနည်းဆုံး ၄ဦးထဲက ရှာနေပါတယ်။ အဲဒီထဲကနှစ်ဦးက ကန်တပ်ကီဂါဗာနာ Andy Beshear နဲ့ ပင်ဆယ်လ်ဗေးနီးယားဂါဗာနာ ဂျော့ရှ်ရှာပီယို ဖြစ်ပါတယ်။
- ဆူပါဒလီဂိတ်တွေက ရွေးချယ်ခံမဟုတ်လို့ ပထမအကြိမ်မဲပေးတာမှာ ဝင်ပေးလို့မရပေမယ့် နောက်အကြိမ်တွေမှာတော့ ဘယ်ကန်ဒီဒိတ်ကိုဖြစ်ဖြစ် ရွေးလို့ရပါတယ်။ (ဆူပါဒလီဂိတ်တွေက ဒီမိုကရက်ဒလီဂိတ်တွေအားလုံးရဲ့ ၁၅%လောက် ရှိပါတယ်။)
ပလိုးစီက ဘိုင်ဒန်အနေနဲ့ ပြိုင်ပွဲမှာဆက်နေရင် အောက်လွှတ်တော်ကိုပါ ဒီမိုကရက်တွေ လက်လွှတ်ရလိမ့်မယ်လို့ ဘိုင်ဒန်ဆီ ပြီးခဲ့တဲ့အပတ်ကဖုံးခေါ်ပြီး ပြောခဲ့ကြောင်း သတင်းတွေ တွေ့ရသလို ဆီးနိတ်က ဒီမိုကရက် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ရှူးမားနဲ့ ဟာကီင်းမ်ဂျက်ဖရေတို့ကလည်း ဘိုင်ဒန်ဆက်ပြိုင်နေရင် ပါတီအနေနဲ့ လွှတ်တော်ကိုပါ လက်လွှတ်ရလိမ့်မယ်၊ အဲဒီတော့ ပါတီအကျိုးအတွက် ထွက်ဖို့ စဥ်းစားသင့်တယ်လို့ စကားပါးခဲ့ကြောင်း ABC က သတင်းပို့ထားပါတယ်။
ဘိုင်ဒန်က မည်သို့ပင် ဖြစ်စေကာမူ သူဆက်ပြိုင်မယ်၊ poll တွေအရ သူထရမ့်ကို နိုင်နိုင်တယ်လို့ပြန်ပြောကြောင်း၊ အိမ်ဖြူပြောရေးဆိုခွင့်ရှိသူ အန်ဒရူးဘိတ်စ်က ဘိုင်ဒန်ပြိုင်ပွဲက ထွက်မှာမဟုတ်တာကို ထပ်လောင်းအတည်ပြုပါတယ်။ ပလိုးစီကိုလည်း ဒီကိစ္စကို လူသိရှင်ကြား ဖြေရှင်းဖို့ ဒီမိုကရက် အမတ်တွေဝိုင်းပြီး ဖိအားပေးတာနဲ့ ကြုံနေရပါတယ်။ ပလိုးစီက ဘိုင်ဒန်ကို ရကပက ထွက်ပေးဖို့ မပြောချင်ပေမယ့် ထွက်သွားအောင်တော့ နည်းမျိုးစုံနဲ့ ကြိူးစားသွားလိမ့်မယ်လို့ လူရင်းတဦးက ပြောကြောင်း သိရပါတယ်။ ပလိုးစီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူမဟာ ကာလီဖိုးနီးယားကို သောက်ြာနေ့ကတဲက ပြန်ရောက်နေတာဖြစ်ပြီး အဲဒီနောက်ပိုင်း ဘိုင်ဒန်နဲ့ စကားမပြောဖြစ်ပါဘူးလို့ ဆိုပါတယ်။