ဘိုင်ဒန်က မနေ့က ပြိုင်ပွဲက နှုတ်ထွက်တယ်ဆိုတဲ့ စာထွက်လာအပြီးမှာ ဒီကနေ့စမယ့် မဲဆွယ်ခရီးစဥ် ၉ခုကို ဖျက်သိမ်းလိုက်ပြီး နေတန်ယာဟုနဲ့ တွေ့ဖို့စီစဥ်ထားတာကိုပါ ဖျက်သိမ်းလိုက်ပါတယ်။ သူကဖျက်သိမ်းတာလား၊ ဘယ်သူကဖျက်သိမ်းလိုက်တာလဲဆိုတာတော့ မသဲကွဲပါဘူး။ သူ့ကို ဘယ်သူကမှ မတွေ့ရသလို ဒလဝဲအိမ်မှာ ဗုဒ္ဓဟူးနေ့အထိဆက်နေသွားမယ်လို့ အိမ်ဖြူရင်းမြစ်တခုက နယူးယောက်ပို့စ်ကို ပြောကြားခဲ့ပြီး ဘာအကြောင်းပြချက်မှတော့ မပေးသွားဘူးလို့ ဆိုပါတယ်။
ဒီမိုကရက်ဒိုနာတွေကြားထဲ ဘိုင်ဒန်နှုတ်ထွက်ဖို့ ဖိအားတွေများနေတဲ့ကြားမှာ ကမလာက သောကြာနေ့ အထိ ဒီမိုကရက်ဒိုနာတွေနဲ့ ဖုံးပြောစဥ်မှာ သူနဲ့ဘိုင်ဒန်က နိုဝင်ဘာမှာ နိုင်မှာ ဖြစ်ကြောင်း၊ အဲဒါကို ငါ့နှလုံးသားထဲက သိနေကြောင်း၊ အဲဒီမက်ဆေ့ကို မင်းတို့ ယူသွားပြီး မိတ်ဆွေတွေထံ ပြန်ဖြန့်ပါလို့ ပြောသွားခဲ့ပါတယ်။ အဲဒီဒိုနာတွေကို ဦးဆောင်တာက လင့်ခ်အင်ကို ပူးတွဲတည်ထောင်သူ ရိဒ်ဟော့ဖ်မန် ဖြစ်ပြီး သူနဲ့အတူ ဆီလီကွန်ဗယ်လီတိုက်တန်တွေ ပါဝင်ပါတယ်။ အဲဒီ phone call အပြီး ၄၈နာရီတောင် မကြာတဲ့အချိန်မှာ ဘိုင်ဒန်မပါတော့တာက ဆန်းနေတာပါ။ မီဒီညာဘာပြောပြော ယုံကြသူတွေကတော့ ဘိုင်ဒန်နှုတ်ထွက်တာ ချီးမွမ်းမဆုံးဖြစ်နေကြပါတယ်။ တကယ်နှုတ်ထွက်တာ ဟုတ်ရဲ့လားဆိုတာကိုတော့ ဘယ်သူမှ ဦးနှောက်သုံးစဥ်းစားဟန် မတူပါဘူး။
ဆီလီကွန်ဗယ်လီက ဒိုနာတွေအကြောင်းစပ်လို့ ၂၀၂၀တုန်းက ဘိုင်ဒန်ဘက်က သန်း၅၀၀လောက်သုံးပြီး ပိုက်ဆံတင်မက အကြံအဖန်တွေနဲ့ပါ ဝင်ထောက်ခံခဲ့တဲ့ ဇကာဘောက်က ဒီတခါမှာတော့ ဘယ်သူ့ကိုမှ endorse မလုပ်တော့ကြောင်း၊ ထရမ့်ကို လုပ်ကြံတဲ့နေ့က မျက်နှာကို သေနတ်မှန်ထားတဲ့သူက ပြန်ထလာပြီး fight, fight, fight လို့ အမေရိကန်အလံကို နောက်ခံထားပြီး လက်သီးလက်မောင်းတန်း ကြွေးကြော်သွားတာကို မြင်ရတော့ ဒီလူက တကယ့် အာဂလူပဲဆိုတဲ့ မှတ်ချက်နဲ့ ရင်သပ်ရှုမော ဖြစ်ခဲ့ရကြောင်း အင်တာဗျူးတခုမှာ ပြောကြားသွားပါတယ်။ ဇကာလေး မဝုတ်တော့လို့လားမသိ ဖွဘုတ်မှာ ဆင်ဆာတွေသိပ်မတွေ့ရတာ အပေါင်းလက္ခဏာပါ။
ဒီမိုကရက်ပါတီရဲ့ အမြင့်ဆုံးကြိုးကိုင်နေသူတွေက ဘိုင်ဒန်ကို ကိုယ်တိုင်နှုတ်ထွက်ရင်ထွက်၊ မထွက်ရင် အင်အားသုံးပြီး အတင်းဖယ်ရှားပစ်ရမယ်လို့ အတွင်းရင်းမြစ်တွေက နယူးယောက်ပို့စ်ကို သတင်းပို့ပါတယ်။ အဲဒီလို အာဏာသိမ်းဖို့လုပ်နေတာ တကယ်တော့ ရက်သတ္တပတ် အနည်းငယ် ရှိသွားပြီဆိုတော့ ဒီဘိတ်နောက်ပိုင်းမှာ စလာတာဖြစ်ပါလိမ့်မယ်။ ဘိုင်ဒန်မိသားစုနဲ့ ရင်းနှီးတဲ့ ရင်းမြစ်တခုကတော့ လာပြောကြတဲ့အကြိမ်တိုင်းမှာ ဘိုင်ဒန်ဟာ ခေါင်းမာမာနဲ့ ငြင်းဆန်နေခဲ့ကြောင်း၊ အဲဒီလို လာလာဖိအားပေးကြတဲ့အတွက် ဒေါသဖြစ်တာ၊ ကြောက်တာ၊ စိတ်ပျက်တာတွေ ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။
ဘိုင်ဒန်ကို နှုတ်ထွက်အောင် ဖိအားပေးတဲ့ဗျူဟာမှာ ထရမ့်နဲ့ဒီဘိတ်လုပ်စေတာ ပါဝင်ကြောင်း၊ ဒီဘိတ်ကိုကြည့်ပြီး ဘိုင်ဒန်မှ ဘိုင်ဒန်ဖြစ်နေသူ ဒီမိုကရက်တွေ သူမပြိုင်နိုင်တာကို သဘောပေါက်စေလိုတာဖြစ်ကြောင်း၊ ဘိုင်ဒန်ဆက်ပြီးခေါင်းမာနေရင် ခြေ/ဥ ပြင်ဆင်ချက် ၂၅နဲ့ ရာထူးက ပယ်ရှားပစ်ဖို့ ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါရင်းမြစ်က ဆက်လက်တင်ပြထားပါတယ်။ နယူးယောက်ပို့စ်က အိမ်ဖြူနဲ့ DNC ကို အဲဒီသတင်းတွေအပေါ် မှတ်ချက်ပေးဖို့ ဆက်သွယ်ခဲ့ပေမယ့် ခုချိန်အထိတော့ မတုန့်ပြန်သေးဘူးလို့ သိရပါတယ်။
ဒီသတင်းတွေအရဆိုရင် ထရမ့်ကို လုပ်ကြံဖို့ ဘိုင်ဒန်က ပြောခဲ့တယ်ဆိုတာကလည်း ထရမ့်မရှိတော့ရင် ဘိုင်ဒန်နိုင်ခြေတက်လာမှာကို မျှော်လင့်ပြီးလုပ်ခဲ့တာ ဖြစ်နိုင်သလို လုပ်ကြံမှုမအောင်မြင်ခဲ့ရင်လည်း ဘိုင်ဒန်ကို ထိုးကျွေးစရာတကွက် ရလာတာ ဖြစ်နိုင်ပါတယ်။ အဓိကက လက်မည်းကြီးတွေ ကမ္ဘာကို ဆက်လက် ချုပ်ကိုင်ဖို့ ဒီမိုကရက်တွေ အာဏာဆက်ရမှ ဖြစ်မှာကိုး။ ဇတ်တူသားစားတာကတော့ အာဏာရှင်လောကမှာ ဆန်းမှ မဆန်းပဲလေ။ နိုင်ငံရေးလောကက ခွက်စောင်းခုပ်ဖက်တွေမပြောနဲ့ ကလေးဆွဲစားဖက် အက်ပ်စတိန်းကြီးတောင် ဖော်မှာစိုးတော့ အပြတ်ရှင်းခံလိုက်ရတာပဲမှတ်လား။
ခုဖြစ်စဥ်ကို ကြည့်ရတာ အနိုင်ရပါတီကို အာဏာလွှဲပေးချင်တဲ့ ဗိုစောမောင်ကို ဆေးထိုးပြီး ကျန်းမာရေးအကြောင်းပြ အနားပေးတာ၊ ၂၀၂၂စီစီပီညီလာခံကနေ သမ္မတဟောင်းဟူကျင်တောင်ကို ရုပ်ပျက်ဆင်းပျက် ဆွဲထုတ်သွားတာတွေကို အမှတ်ရစေပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းတွေ မတူပေမယ့် ဥပဒေမဲ့ လုပ်တာချင်းကတော့ အတူတူပါပဲ။
မနေ့က ကမလာကို endorse မလုပ်သေးတဲ့ ပလိုးစီတို့ ရှူးမားတို့ ဟာကီးမ်ဂျက်ဖရေတို့ကအပါအဝင် ဒီမိုကရက်ခေါင်းကြီးတွေ တော်တော်များများ ကမလာကို endorse လုပ်လာကြပါပြီ။ အိုဘမကတော့ မလုပ်ပါဘူး၊ မလုပ်တာ မကြိုက်လို့မဟုတ်ပါဘူး၊ ကြည့်အကောင်းဆုံး AG လို့ အိုဘမ ချစ်စနိုးခေါ်ပြီး ဒီအထိရောက်အောင် ဆွဲတင်ထားတဲ့သူကို သူက ခန့်တယ်လို့ထင်မှာစိုးလို့ အများအမြင်မှာ မျှတတယ်လို့ ထင်အောင် open contest နဲ့ လုပ်ချင်ယောင်ဆောင်ပြဖို့ ရည်ရွယ်ထားလို့ပါ။ နောက်သတင်းတပုဒ်မှာတော့ AP ကကောက်တဲ့ ဆာဗေးမှာ ကမလာက ပါတီနိုမီနီဖြစ်ဖို့ လုံလောက်တဲ့ ဒလီဂိတ်အရေအတွက် ရထားပြီလို့ ဆိုပါတယ်။ တခုရှိတာက ပါတီခေါင်းဆောင်တွေက သူမကိုပဲ endorse လုပ်ထားတာကြောင့် ဒလီဂိတ်တွေအတွက်လည်း ရွေးစရာက သူမပဲ ရှိတာဖြစ်ပါတယ်။
အခုလို ဒီမိုကရက်ဟဲဗီးဝိတ်တွေ ကမလာနောက်မှာ ရပ်ကုန်ကြတဲ့ဒီနေ့မှာပဲ ကမလာရဲ့ ချစ်သူဟောင်း ဆန်ဖရန်စစ္စကိုမြို့ဝန်ဟောင်း ဝီလီဘရောင်းက ဘိုင်ဒန်အနေနဲ့ ပြိုင်ပွဲကရော ရာထူးကပါ အမြန်ဆုံး နှုတ်ထွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သူ့အကြောင်းပြချက်က ကမလာအနေနဲ့ သမ္မတအဖြစ်နဲ့ ပြိုင်တာက နိုင်ဖို့အခွင့်အလမ်းပိုများတာကြောင့်လို့ ဆိုပါတယ်။ ဝီလီဘရောင်းက ဘာကောင်မို့ ဒီစကားမျိုးပြောတာလဲဆိုတော့ သူဟာ ဒီမိုကရက်တွေကြားမှာ အင်မတန်ပေါက်ရောက်သူ ဖြစ်ပါတယ်၊ ဆန်ဖရန်မြို့ဝန်ဖြစ်တော့ ဆန်ဖရန်က ဒီမိုကရက်ဟဲဗီးဝိတ် ပလိုးစီနဲ့ ရင်းနှီးကြမှာ မလွဲပါဘူး။ ၁၉၉၅ဝလောက်ကစလို့ သူနဲ့တွဲပြီးတော့မှ ဝီလီက ကမလာကို နိုင်ငံရေးနယ်ထဲ ခေါ်သွင်းလာတာဖြစ်ပါတယ်။ ဝီလီကြောင့်မဟုတ်ရင် ဒီနေရာကို ရောက်လာမှာမဟုတ်တာကြောင့် သူမကို အောက်ပါအရည်အချင်းနဲ့ ပြည့်စုံလို့ ဒီနေရာကိုရောက်လာတာလို့ ပြောကြတာပါ။ ကာလီဖိုးနီးယားမှာက ဒီမိုကရက်ကြီးစိုးတဲ့ပြည်နယ်ဖြစ်တော့ အထက်က ချပေးတဲ့သူမှန်ရင် ဘာသမိုင်းရှိရှိ အပြာမဲရမှာ ကျိန်းသေတာဖြစ်ပါတယ်။ ၂၀၂၀ ပရိုင်မရီမှာတော့ ကမလာ ဘဲဥမကွဲပဲ ကန်ဒီဒိတ်တွေကြား ဘိတ်ချေးဖြစ်ခဲ့ပါတယ်။
ဒီကနေ့ လွှတ်တော်မှာ SS ဒါရိုက်တာ ကင်ဘာလေချီတဲလ်ကို House Oversight Committee မှာ ခေါ်စစ်ခဲ့ပါတယ်။ သူမက ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတာဟာ အေဂျင်စီရဲ့ လုပ်ငန်းတွေထဲက အကြီးဆုံးကျရှုံးမှုဖြစ်ကြောင်း၊ ဒါပေမယ့် ငါကတော့ အေးဂျင့်တွေကို အဲဒီနေ့က စွမ်းဆောင်မှုအတွက် ထိပ်တန်းဂုဏ်ထူးပေးမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ သူတို့တမင် ဟ ပေးထားတာဆိုရင် သူတို့ပြောတာ လိုက်နာတဲ့သူက ဂုဏ်ထူးထွက်မှာပဲလေ။ လုံခြုံရေးအလုပ်ဆိုတာ ကြည့်တဲ့ဖက်ပေါ်မှာ မူတည်နေရမှာမှ မဟုတ်တာ။ ကင်ဘာလေဟာ အခြေခံကျတဲ့ မေးခွန်းတွေကိုတောင် ဖြေဆိုနိုင်စွမ်း မရှိခဲ့တဲ့အတွက် အဲဒီနေ့ စစ်ဆေးမှုအပြီးမှာ ကော်မီတီက နှစ်ပါတီအမတ်တွေက ပူးတွဲ စာထုတ်ပြီး SS ဒါရိုက်တာနှုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ကင်ဘာလေကတော့ နှုတ်ထွက်ဖို့ ငြင်းဆိုပြီး လောလောဆယ် SS ကို ဦးဆောင်ဖို့ သူမကသာ အသင့်တော်ဆုံး အကောင်းဆုံးဖြစ်ကြောင်း တုန့်ပြန်သွားပါတယ်။
SS က rally တွေ event တွေမှာ ပုံမှန်တက်ရောက်ရတဲ့ security briefing ကို ဘတ္တလာ ပင်ဆယ်လ်ဗေးနီးယားမှာ ထရမ့်ကိုလုပ်ကြံတဲ့ ဇူလိုင် ၁၃ရက်နေ့က မတက်ရောက်ခဲ့ကြောင်း ဖော်ပြထားတဲ့ ရီပါဘလစ်ကန်ဆီနိတ်တာ ရွန်ဂျွန်ဆင်ရဲ့ စာမျက်နှာ ၁၃မျက်နှာရှည်တဲ့ အစီရင်ခံစာမှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ပဏာမတွေ့ရှိချက်တွေကို သူ့ကို မျှဝေပါရန် တရားရေးဌာနနဲ့ ပြည်ထဲရေးဌာနတို့ကို တောင်းခံခဲ့ပေမယ့် လစ်လျူရှုခံရကြောင်း တင်ပြထားပါတယ်။ Rally တက်ရောက်သူတဦးက ဒေသခံရဲတွေဟာ အရင် rally တွေမှာလို အိတ်တွေပါလာရင် အကုန်သွန်ချပြီး ရှာဖွေတာမျိုး၊ ဝင်ခွင့်လက်မှတ်နဲ့ ID နဲ့တိုက်စစ်တာမျိုးတွေ မလုပ်တော့တာကို ကြုံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။