Project 2025

ဒီမိုကရက်တွေဟာ ရီပါဘလစ်ကန်တွေကို သတင်းမှားတွေနဲ့ အကြီးအကျယ်တိုက်စစ်ဆင်နေတဲ့ထဲမှာ ပရောဂျက် ၂၀၂၅လည်း ပါပါတယ်။ အဲဒီပရောဂျက်ဟာ Heritage Foundation ကဦးစီးပြီး နိုင်ငံရေးသမားမဟုတ်တဲ့ ကွန်ဆာဗေးတစ်ပညာရှင်တွေက ဘယ်အစိုးရပဲတက်တက် အောင်မြင်တဲ့ အုပ်ချုပ်ရေးစနစ်တရပ်ထူထောင်ဖို့ ဖက်ဒရယ်အေဂျင်စီတိုင်းအတွက် အသွင်ကူးပြောင်းရေးကာလ ရက် ၁၈၀ မှာ ဘယ်အဆင့်မှာ ဘာတွေ လုပ်သင့်တယ်ဆိုတာကို brainstorm လုပ်ထားတဲ့ စာတမ်းတစောင်ပဲ ဖြစ်ပါတယ်။ ပရောဂျက် ၂၀၂၅ဟာ ဓမ္မဒိဌာန်ကျ၊ ဘက်မလိုက်၊ မျှတ၊ တရားနဲ့ညီပြီး နိုင်ငံသားအားလုံးအတွက် တန်းတူညီမျှရေးကို ရှေ့ရှုထားပြီး အစိုးရက နိုင်ငံသားတဦးချင်းစီအပေါ် အာဏာကို လက်နတ်တခုလို အသုံးချ မတိုက်ခိုက်နိုင်အောင် အဖက်ဖက်က စဥ်းစားရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Heritage Foundation ရော ပရောဂျက် ၂၀၂၅ရောက ထရမ့်ရော ထရမ့်နားက လူတွေရော၊ နိုင်ငံရေးသမားတွေနဲ့ပါ လုံးဝ မပတ်သက်ပါဘူး။ အဲဒါကို ဒီမိုကရက်တွေက အဲဒီကွန်ဆာဗေးတစ် ပရောဂျက်က ထရမ့်ကလုပ်တာ၊ ထရမ့်တက်လာရင် ငါတို့ရဲ့လွတ်လပ်မှုတွေ ဆုံးရှုံးကုန်တော့မယ်လို့ မှိုင်းတိုက်ပြီး အဲဒီပရောဂျက်မှာ လုံးဝမပါတာတွေနဲ့ မှိုင်းတိုက်ပါတယ်။ အမြဲလိမ်တဲ့ ဒီမိုကရက်တွေ မီဒီညာတွေကို ယုံတဲ့သူတွေများနေလို့ အဲဒီပရောဂျက်အကြောင်း ရှာဖတ်ထားသလို ဒီမိုကရက်တွေရဲ့ စွပ်စွဲချက်တွေအပေါ် Heritage Foundation ဥက္ကဋ္ဌရဲ့ တု့န်ပြန်ချက်ကို ကိုးကားရေးသားလိုက်ပါတယ်။

  • (ထရမ့်တက်လာရင်) လင်မယားတွေ တယောက်ပေါ်တယောက် အပြစ်ပုံမချပဲ ကွာလို့မရတော့ဘူး၊ (မှားပါတယ်။)
  • ကိုယ်ဝန်ဖျက်ချတာတွေကိုလည်း ဘယ်လိုအကြောင်းနဲ့မှ ခွင့်မပြုတော့ဘူး၊ (မှားပါတယ်၊ ၂၀၂၂တုန်းက ရိုးဗီဝိတ်အဆုံးသတ်လိုက်တာဟာ ကိုယ်ဝန်ဖျက်ချ/မချကို သမ္မတ (သို့) လွှတ်တော် (သို့)ဆူပရင်းကုတ်က လူ၉ယောက်က ဆုံးဖြတ်မယ့်အစား ပြည်နယ်သူ/သားတိုင်းရဲ့ မဲဆန္ဒနဲ့ ဆုံးဖြတ်စေတာပါ။)
  • ကိုယ်ဝန်တားဆေးတွေပါ ဘန်းတော့မယ်။ (မှားပါတယ်။)
  • အလုပ်သမားတွေအတွက် အခွန်ပိုကောက်မယ်။ (မှားပါတယ်။
  • ကော်ပိုရိတ်သူဌေးကြီးတွေအတွက် အခွန်လျော့ပေးဦးမယ်။ (မှားပါတယ်။)
  • ယူနီယံတွေလို အလုပ်သမားအခွင့်အရေး ကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေ ဖျက်သိမ်းမယ်။ (မှားပါတယ်။)
  • Social Security ခံစားခွင့်တွေကို ဖြတ်တောက်ပစ်မယ်။ (မှားပါတယ်။)
  • ပင်စင်ယူရမယ့်အသက်ကို မြှင့်ပစ်မယ်။ (မှားပါတယ်။)
  • အိုဘမရဲ့ Affordable Care Act ကို ဖျက်သိမ်းမယ်။ (မှားပါတယ်။)
  • ဆေးစာနဲ့ဝယ်ရတဲ့ ဆေးတွေဈေးနှုန်းကို မြှင့်ပစ်မယ်။ (မှားပါတယ်။)
  • ပုဂ္ဂလိကဘာသာရေးကျောင်းတွေကို ပြည်သူ့အခွန်ကနေ ထောက်ပံ့ပေးမယ်။ (မှားပါတယ်။)
  • အစိုးရကျောင်းတွေမှာ ခရစ်ယာန်ဘာသာရေးယုံကြည်ချက်တွေ သင်လိမ့်မယ်။ (မှားပါတယ်။)
  • ကျွန်စနစ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဘန်းလိမ့်မယ်။ (မှားပါတယ်။)
  • ကလိုင်းမိတ်ချိန့်ကာကွယ်မှုတွေကို အဆုံးသတ်လိမ့်မယ်။ (မှားပါတယ်။)
  • Civil rights တွေကို အဆုံးသတ်ပစ်လိမ့်မယ်။ (မှားပါတယ်။)
  • အစိုးရအဖွဲ့အစည်းတွေကနေ DEI စနစ်ကို ဖယ်ရှားမယ်။ (မှန်ပါတယ်။)
  • ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းမယ်။ (မှန်ပါတယ်၊ ဗဟိုက ချုပ်ကိုင်ထားမယ့်အစား ကိုယ့်ပြည်နယ် ကိုယ့်မြို့အလိုက် အကောင်းဆုံးဖြစ်မယ်ထင်တာကို လုပ်ကြဖို့ လွတ်လပ်ခွင့် ပေးလိုက်ဖို့ အကြံပြုထားတာပါ။)

ကဲ၊ အဲဒါဆို ဒီမိုကရက်တွေ အဆင့်ရှိရှိ မူမူချင်း တိုက်ခိုက်တာမဟုတ်ပဲ ဘယ်လောက် ဆိုးဆိုးဝါးဝါး ညစ်ညစ်ပတ်ပတ် မှိုင်းတိုက်နေကြသလဲဆိုတာ သိလောက်ပါပြီနော်။ ယုံချင်တဲ့သူကလည်း ယုံကြဦးမှာပါပဲ။ ကိုယ့်ဖက်ကလုပ်နိုင်တာက အမှန်နဲ့ အမှားကို တတ်နိုင်သလောက် ချပြကြဖို့ပါ။

Leave a comment