ကလိုင်းမိတ်ချိန့်သမားတွေရဲ့ ကြောက်စရာခြေလှမ်း

အမေရိကန်လေတပ်မှာ ပတ်ဝန်းကျင်ရေးရာ ဇီဝအင်ဂျင်နီယာလုပ်ခဲ့တဲ့ ခရစ်စတန်မေဂန်က အမေရိကန်မှာ ကလိုင်းမိတ်ချိန့်နဲ့ လူတွေကို အကြောက်တရားသွပ်သွင်းနေတဲ့အဖွဲ့တွေက ကလိုင်းမိတ်ကို မချိန့် ချိန့်အောင် သူတို့ကပဲ လုပ်ဆောင်နေတာလို့ ဖောက်ချလိုက်ပါတယ်။​ သူမဖောက်ချပြီးနောက်ပိုင်း ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေက အပူချိန် လျော့ချဖို့ဆိုပြီး လူသိရှင်ကြားကို လုပ်နေတာဖြစ်ပါတယ်။ သစ်ပင်စိုက်တာ၊ စနစ်တကျ အမှိုက်ပစ်တာ၊ အမှိုက်နဲအောင်လုပ်တာမျိုးတွေကလွဲလို့ ကလိုင်းမိတ်ကို လူကနေ ချိန့်အောင်လုပ်တာဟာ သဘာဝကို ဆန့်ကျင်တာဖြစ်တဲ့အတွက် သေချာသုတေသနလုပ်၊ ဖြစ်လာနိုင်တာတွေကို ပြည်သူကို ချပြတာမျိုးတော့ လုပ်သင့်ပါတယ်။

သူတို့လုပ်နေတာတွေက ကမ္ဘာ့အပူချိန်ကို လျော့ကျအောင်ဆိုပြီး လေထုထဲကို nano particle အမှုန်တွေ aerosol နဲ့ မှုတ်တင်နေတဲ့ထဲမှာ အလူမီနီယံ၊ ဆေးလ်ဗားအိုငအိုဒိုက်လို ဓါတုပစ္စည်းတွေဖြစ်ကြောင်း၊ အဲဒါတွေက အန္တရာယ်ရှိပစ္စည်းလို့ သတ်မှတ်ထားလို့ အလုပ်ခွင်တွေကနေ ပယ်ရှားပစ်ဖို့ ကြိုးစားနေတဲ့ ဓါတုပစ္စည်းတွေဖြစ်ကြောင်း၊ အဲဒါတွေကနေ ပန်းနာရင်ကြပ်၊ အလာဂျီနဲ့ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ အဆုပ်အစရှိတဲ့ ကင်ဆာ အမျိုးစုံ အများကြီးပိုဖြစ်လာတဲ့ အကြောင်းရင်း ဖြစ်နိုင်ကြောင်း၊ လေထုထဲကနေ မြေထဲ၊ ရေထဲလည်း ရောက်တာဖြစ်လို့ သောက်ရေတွေ၊ အပင်တွေ၊ ဟင်းသီးဟင်းရွက်တွေ၊ သားငါးတွေကိုပါ အဆိပ်သင့်မှာဖြစ်ကြောင်း၊ ပမာဏနည်းရင် ဘာမှမဖြစ်ပါဘူးလို့ ငြင်းကြပေမယ့် သူတို့ထုတ်လွှင့်နေတဲ့ ပမာဏက နဲနဲနောနောမဟုတ်တာ သူကိုယ်တိုင် ထုတ်ပေးခဲ့ရသူဖြစ်လို့ သေချာသိတာဖြစ်ကြောင်း၊ သူ့အနေနဲ့ အဲဒီကိစ္စတွေအပေါ် သံသယရှိလာတဲ့အတွက် ဖြစ်နိုင်ခြေတွေကို စူးစမ်းရှာဖွေကြည့်တဲ့အခါ ဆိုးရွားတဲ့ရလာဒ်တွေကို တွေ့လာရကြောင်း၊ အဲဒါကြောင့် အဲဒီအကြောင်းတွေကို ဖောက်ချပြီး အလုပ်က ထွက်ခဲ့တာဖြစ်ကြောင်း၊​ အခုတော့ အဲဒီအသိ၊ အတွေ့အကြုံတွေကို လူတွေကို မျှဝေပေးနေကြောင်း၊ လူတွေက ကလိုင်းမိတ်ချိန့်ထက် သူတို့လုပ်နေတဲ့ ကလိုင်းမိတ် အင်ဂျင်နီးယားရင်း (geoengineering) ကို ကြောက်ရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အိမ်သုံး Aerosol ဗူးလေးတွေမှာတောင် ဖြန်းဖို့ ဗူးထဲမှာထည့်ရတဲ့ ဓါတုပစ္စည်းတွေက လူနဲ့ တိရိစ္ဆာန်တွေကို အန္တရာယ်ဖြစ်စေတာဆိုတော့ နေရောင်ကို ဘလော့နိုင်လောက်တဲ့ ပမာဏဆိုရင် ဘယ်လောက်တောင် အန္တရာယ်များသွားမလဲဆိုတာ တွေးကြည့်နိုင်ပါတယ်။ ဒီမိုကရက်ထောက်ခံသူတွေ အမွှမ်းတင်နေကြတဲ့ ဘေလ်ဂိတ်စ်ရဲ့ ဗန်းချားတခုဖြစ်တဲ့ The Stratospheric Controlled Perturbation Experiment (SCoPEx) ဟာ ဂိတ်စ်ရဲ့ ပိုက်ဆံနဲ့ ဟားဗတ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး sun-dimming နည်းပညာနဲ့ လေထဲကို ကယ်စီယံကာဗွန်နိတ် CaCO3 အမှုန်တွေ မှုတ်ပို့ပေးမှာဖြစ်ပြီး အဲဒီအမှုန်တွေက ရောင်ပြန်တော့ နေရဲ့ အလင်းရောင်က အမှုန်တွေကို ထိကန်ထွက်ပြီးကမ္ဘာကို ကျရောက်မှု လျော့ပါးအောင် ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းက ၂၀၂၁ကပါ။ ၂၀၂၃မှာတော့ အဲဒီနည်းအပြင် ကလိုင်းမိတ်ချိန့်ဖို့ သုတေသနအကြီးစားလုပ်နေတာ တကမ္ဘာလုံးမှာ ၁၀ခုလောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလိုလုပ်တာကို သဘောမတူသူတွေက မမျှော်မှန်းနိုင်တဲ့ အန္တရာယ်တွေ ဖြစ်လာနိုင်တာ၊ ရာသီဥတုတွေ ကပြောင်းကပြန်ဖြစ်သွားနိုင်တာတွေကို သတိပေးကြပါတယ်။​ အဲဒီလို ဖြစ်လာခဲ့ရင် အပင်တွေ၊ စိုက်ခင်းတွေ ကျယ်ပြန့်ကြီးမားတဲ့ ရာသီဥတုပြောင်းလဲမှုဒဏ် မခံနိုင်ပဲ သေကုန်မှာဖြစ်လို့ အငတ်ဘေးကျလာမှာကတော့ သေချာသလောက်ပါပဲ။ အခုလုပ်နေတဲ့သူတွေက ဘီလျံနာတွေဆိုတော့ သူတို့အတွက်က ဘယ်လိုပဲဖြစ်ဖြစ် ဘေးကင်းအောင် ဖန်တီးနေလို့ရသလို စားစရာလည်း ဂရင်းဟောက်စ်နဲ့ လုံးဝမပြတ်အောင် ထားနိုင်ကြတဲ့သူတွေပါ။ အာဏာရှင်ပိုင်းလည်း ထိုနည်းတူပါပဲ။ မတူမှာက ဘုမသိ ဘမသိ ထောက်ခံနေသူတွေအပါအဝင် ကမ္ဘာ့ပြည်သူအများစုပါ။

ထောက်ခံတဲ့သူတွေက ပေးတဲ့ဥပမာတွေက အင်ဒိုနီးရှားမှာ ၁၈၁၅တုန်းက တမ်ဘိုးရာမီးတောင် ပေါက်ကွဲလို့ ပြာပူတွေ ကောင်းကင်မှာ လွှမ်းသွားတာ အဲဒီနှစ်မှာ နွေရာသီမရှိတဲ့နှစ်ဖြစ်သွားတာကို ပြကြပါတယ်။ သဘာဝကြီးက ပူသင့်တဲ့အချိန်ပူတာ၊ အေးသင့်တဲ့အချိန် အေးတာနဲ့ အသားကျပြီးသားပါ။ ပူသင့်တဲ့အချိန်မှာ အေးနေရင်၊ အေးသင့်တဲ့အချိန်မှာပူနေရင် ဇီဝဖြစ်စဥ်တွေ ကြောင်ကုန်တော့မှာပေါ့။ ပြာမှုန်တွေပဲဖြစ်ဖြစ် ကယ်လ်စီယံကာဗွန်နိတ်ပဲဖြစ်ဖြစ် ဘယ်လောက် safe ဖြစ်တယ်ပဲပြောပြော၊ အားလုံးဟာ relatively ပဲပြောလို့ရတာပါ။ ပမာဏအနည်းငယ် တခါတလေ တွေ့ထိရတာနဲ့ အများကြီး/ အကြိမ်ကြိမ် တွေ့ထိနေရတာလည်း ကွာမှာဖြစ်သလို လူတွေရဲ့ ကျန်းမာရေး၊ လူမှုရေးအပေါ် သက်ရောက်လာနိုင်တာကိုလည်း ထည့်မတွက်လို့ မရပါဘူး။ နောက်တချက်က ဒီမိုကရက်တွေရဲ့ နောက်ကွယ်က ဘေလ်ဂိတ်စ်ဟာ ကဗကိစ္စမှာလည်း သူကြိုသိနေခဲ့သလို ကမ္ယာမှာ လူတွေ သိပ်များနေတယ်လို့ထင်တဲ့ ကမ္ဘာ့ရွာသမားကြီးဖြစ်ပြီး အမေရိကန်မှာ အကြီးဆုံးပုဂ္ဂလိက မြေပိုင်ရှင်တဦးလည်း ဖြစ်နေတာက ဒီကိစ္စကို ပိုသံသယရှိစေပါတယ်။

https://www.facebook.com/reel/451586391118348

Leave a comment