အစ္စလာမစ်အခြေခံဝါဒီတွေ အစွန်းရောက်တွေက ဘာဖြစ်လို့ သူတို့ယုံကြည်မှုတွေနဲ့ ဆန့်ကျင်တဲ့ လက်ဝဲတွေဘက်မှာ အမြဲရပ် အမြဲဗုတ်လုပ်နေသလဲဆိုတာကို အစ္စလာမ်အခြေခံဝါဒီဟောင်း ဖြစ်ခဲ့သူတဦးက ဒနစ်ရှ်ဒီဇူဇာကို ရှင်းပြထားပါတယ်။ အစ္စလာမ်မစ်အခြေခံဝါဒီဆိုတာ လူမှုအဆောက်အအုံကို ဟိုးအရင် သူတို့ဘာသာရဲ့ အစောပိုင်းနှစ်တွေကအတိုင်း ရှရီယာဥပဒေတွေနဲ့ ပြန်အုပ်ချုပ်စီမံချင်သူတွေ ဖြစ်ပါတယ်။ သူတို့က လက်ဝဲတွေနဲ့ ဘာလို့ လက်တွဲသလဲဆိုတော့ ကွန်ဆာဗေးတစ်တွေမှာက သူတို့ဘာကို လက်ခံနိုင်တယ်၊ ဘာကိုလက်မခံနိုင်ဘူး၊ ဘယ်လိုတန်ဖိုးတွေဟာ သူတို့ရဲ့ စံတွေဆိုတာ သတ်သတ်မှတ်မှတ် ရှိပြီးသားဖြစ်လို့ သူတို့ကို လွယ်လွယ်ကူကူနဲ့ ဦးနှောက်ဆေးလို့ မရတော့ အစွန်းရောက်တွေက ရှိန်ကြပါတယ်တဲ့။
လက်ဝဲတွေကျတော့ စံ၊ တန်ဖိုးသတ်မှတ်ချက် မရှိတဲ့အတွက် သူတို့ပြောသမျှ ဟုတ်နိုးနိုးနဲ့ ယူသွားနိုင်တာကြောင့် ပူးပေါင်းကြတာဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ရဲ့ အစွန်းရောက်အာဂျင်ဒါတွေ မသွင်းနေတဲ့အချိန်တွေမှာ လက်ဝဲတွေရဲ့ ကလိုင်းမိတ်ကိစ္စတွေ၊ ကိုယ်ဝန်ဖျက်ချတဲ့ အာဂျင်ဒါတွေ၊ လိင်တူကိစ္စတွေ၊ ထရန်စ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာကို သူတို့က အိုကေနေတာဖြစ်ပါတယ်။ လက်ဝဲအာဂျင်ဒါတွေရော အစွန်းရောက်အာဂျင်ဒါတွေရောက အေးအေးချမ်းချမ်းမရှိပဲ ပူလောင် ဇောကပ်နေကြတာဖြစ်ပြီး အဲဒီလို ဖြစ်ဖို့ရာလည်း လောင်စရာတခုမဟုတ်တခုက ထည့်ပေးနေမှ ဖြစ်တာဆိုတော့ ယုံကြည်ချက်ခြင်း ဖြောင့်ဖြောင့်ကြီးဆန့်ကျင်တဲ့ အုပ်စုနှစ်ခုဟာ သူတို့ရဲ့ ရည်မှန်းချက်အသီးသီးကို သွားဖို့အတွက် လောလောဆယ် တဖွဲ့နဲ့တဖွဲ့ အကျိုးတူ ပူးပေါင်းနေကြတဲ့သဘောပါပဲ။
လက်ရှိလက်ဝဲခေါင်းဆောင်တွေကို တရားကိုယ်ကောက်ရင် ဆိုရှယ်လစ်လိုလို ကွန်မြူနစ်လိုလို အများကောင်းစားရေးလိုလိုနဲ့ တကယ်လုပ်နေတာက ဖက်ဆစ်တွေလို အာဏာရှင်တွေလို လမ်းစဥ်ကို သွားနေတာပါ။ အစ္စလာမ်မစ်အခြေခံဝါဒီတွေကကျတော့ ကိုယ်ဝန်ဖျက်ချတာ၊ လိင်တူချစ်တာ၊ လိင်ပြောင်းတာတွေကို လက်မခံဘူးဆိုတာထက် အများကြီးပိုပါတယ်။ လက်ဝဲနဲ့ ကိုယ်ဝန်ဖျက်ချတာ၊ လိင်တူ/လိင်ပြောင်းကိစ္စတွေ ကလေးတွေအပေါ် မောင်းနေကြတာ ဘာဆိုင်သလဲ ဆိုတော့ ကမ္ဘာချင့်အောင် နေချင်တဲ့ ပီဒိုသူဌေးကြီးများ အာဏာရှင်ကြီးများအတွက် သုတေသနတို့၊ ဂရူးမ်းမင်းတို့ကို ပြည်သူ့အခွန်နဲ့ ပြည်သူ့သားသမီးတွေကို စတေးပြီး လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်တော့ သူတို့အကျိုးစီးပွားအတွက် ပြည်သူကို နားလှည့် ပါးရိုက်နေတာပါ။ လက်ဝဲနောက်လိုက်တွေကတော့ နှစ်ဖက်လုံးရဲ့ အသုံးချခံတွေ ဖြစ်သွားတာပေါ့။