ကမလာနဲ့ တွဲဖို့ ရွေးလိုက်တဲ့ Tim Walz အကြောင်း

ဒီကနေ့ ကမလာက ဒီမိုကရက်တစ်ကက်မှာ သူနဲ့အတူယှဥ်ပြိုင်မယ့်သူအဖြစ် မင်နီဆိုးတားဂါဗာနာ တင်မ်ဝေါ့လ်ဇ်ကို ရွေးချယ်လိုက်ပါတယ်။ မျက်စိမှိတ်ထောက်ခံသူများကတော့ ကျောင်းဆရာ၊ စစ်မှုထမ်း၊ coach ဆိုတာနဲ့တင် အရေပျော်နေကြပါပြီ။ အခုခေတ်အမေရိကန်မှာ ကျောင်းဆရာဆိုတာ အရင်တုန်းကလို မြတ်ဆရာလို့ သိမ်းကြုံးပြီး မြင်လို့ မရတော့ပါဘူး။ ဘရိန်းဝေါ့ရှ်အလုပ်ခံထားရတဲ့ လူတွေက ဆရာတွေ မိဘတွေ ဖြစ်လာရင်တောင် ကိုယ့်တပည့်၊ ကိုယ့်သားသမီးရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးထက် နိုင်ငံရေးအစွန်းရောက်အာဂျင်ဒါတွေကို ဖော်လိုလုပ်ဖို့ကို ပိုအားသာတာတွေ အများကြီးရှိနေကြလို့ပါ။ အဲဒီတော့ တင်မ်ဟာ ဘယ်လို ကျောင်းဆရာ၊ ဘယ်လို စစ်ပြန်လဲဆိုတာ သိရအောင် ထဲထဲဝင်ဝင် လေ့လာဖို့ လိုလာပါပြီ။​

 ကမလာမှာ အုပ်ချုပ်ရေးအတွေ့အကြုံ မရှိပေမယ့် SF ဒီအေ၊ CA AG နဲ့ ဆီနိတ်တာရာထူးတွေမှာ ရာဇဝတ်သားတွေကို ပ စားပေးခဲ့တာနဲ့၊ ရာဇဝတ်မှုအားပေးတဲ့ သမိုင်းကြောင်း အပြည့်ရှိသလို သူမရဲ့ ရပ်တည်မှုကို အကျဥ်းချုပ်ကြည့်ရင် အဘောရှင်းကို ဝူးမန်းရိုက်လို့ ပုံမှားရိုက်တာရယ်၊ တရုပ်တလက်ကိုင် ယူအန်နဲ့ပေါင်း အီလီးဂဲတွေသွင်းပြီး မဲပေးစေဖို့ လုပ်တာရယ်၊ လိင်တူ/ပြောင်းတွေအခွင့်အရေးဗန်းပြပြီး ကလေးတွေကို ဂရူးမ်းမင်းလုပ်တာရယ် ကလွဲရင် ဘာမှသိပ်မရှိပါဘူး။ သူတို့မကြိုက်တာ ဆင်ဆာလုပ်တာ၊ သူတို့ထိုင်ခုံ နှဲ့လာမယ့်သူတွေကို အစိုးရအာဏာအလွဲသုံးစားလုပ်ပြီး နှိပ်ကွပ်တာ၊ လူထုရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို ရုပ်သိမ်းချင်တာကတော့ ဒီမိုကရက်တိုင်းပါပဲ။ မူခိုင်ခိုင်မရှိတော့လည်း ကြိုးဆွဲတဲ့သူတွေ ခိုင်းတဲ့အတိုင်း ပြောဖို့ လုပ်ဖို့ကလွဲလို့ ဘာမှသိစရာ မလိုတော့ပဲ အဆုံးစွန်ဝုတ်လို့ ရတာပေါ့လေ။

တင်မ်ကတော့ ကမလာထက်ကို ပိုဝုတ်ပါသေးတယ်။ နိုင်ငံသား ဟုတ်ဟုတ် မဟုတ်ဟုတ် လူတိုင်း ယာဥ်မောင်းလိုင်စင်ရရမယ်လို့ အယူရှိသူဖြစ်ပြီး ပြည်တွင်းကအလုပ်တွေကို တရုပ်ပြည်ကို တင်ပို့ချင်တာ ဖြစ်ပါတယ်။ ယာဥ်မောင်းလိုင်စင်/ မှတ်ပုံတင်/ID ရယူတဲ့လုပ်ငန်းစဥ်မှာ မဲပေးဖို့ မှတ်ပုံတင်တာနဲ့ ချိတ်ဆက်ထားတဲ့အတွက် ယာဥ်မောင်းလိုင်စင်ရရင် မဲပေးခွင့်ပါ အလိုလို ရသွားမယ့်သဘောပါ။ အဲဒါ အီးတုံးတန်ဆာဆင်ပြီး ချိလုပ်တာပါပဲ။ ကဗဖြစ်လိုက်တာမှာ ပြည်တွင်းမှာ အရေးကြီးတာတွေ မထုတ်နိုင်ရင် ဘယ်လောက်ခက်ခဲသွားမလဲဆိုတာ ယူတတ်ရင် သင်ခန်းစာပါပဲ။

ဒါပေမယ့် တရုပ်ပေးစာကမ်းစာ ယူထားတဲ့ ဆဲလ်ဆိုရင်တော့ တိုင်းပြည်အကျိုးထက် တရုပ်အကျိုးကိုပဲ ကြည့်မှာပေါ့လေ။ ယူပြီး မလုပ်ပေးလို့ရတာပဲလို့တော့ ကလေးတွေးမတွေးနဲ့ပေါ့၊ ယူထားပြီးမလုပ်ပေးရင် အညှာကိုင် ဘလက်မေးလုပ်မှာ ကြောက်ကြလို့ ဒီမိုကရက်တွေအားလုံး “ကျနော်တို့ တရုပ်ကိုကြောက်ရပါတယ်”ဆိုတဲ့ အလုံးနဲ့ သွားတူနေကြတာပါ။ တိုင်းပြည်ထဲ အီလီးဂဲတွေ မတရားသွင်းပြီး အလုပ်တွေကျတော့ တရုပ်ကိုပို့မယ်ဆိုတာက ဘယ်လိုဉာဏ်မျိုးများ ဖြစ်နိုင်မလဲ။

တင်မ်က ခေါင်းဆောင်ကောင်းလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ သူက တပ်ထဲမှာ နှစ် ၂၀ကျော် လုပ်ခဲ့ပေမယ့် စစ်တိုက်တဲ့အတွေ့အကြုံ လုံးဝမရှိခဲ့ပါဘူး။ ၂၀၀၅မှာ တပ်ခွဲတပ်ကြပ်ကြီးလိုရာထူးနဲ့ အီရတ်ကို ထွက်ရဖို့ အမိန့်ကျလာတဲ့အခါ ကောက်ခါငင်ခါ အလုပ်ကထွက်သွားလို့ တပ်သား ၅၀၀လောက်က ခေါင်းဆောင်မရှိပဲ ရွာလည်နေခဲ့ပါတယ်။ တင်မ်ကို ကမလာက ရွေးလိုက်တဲ့အချိန်မှာ တင်မ့်နေရာကို အစားထိုး တာဝန်ယူဖို့ ရောက်လာရသူရော၊ သူ့တပ်ခွဲက အီရတ်ကို ထွက်သွားခဲ့သူတွေကပါ အကြီးအကျယ် ရှုတ်ချကြပါတယ်။ တင်မ့်နေရာကို ကမန်းကတမ်း ဝင်ယူလိုက်ရတဲ့ တပ်ကြပ်ကြီး သောမတ်စ်ဘာရန်းစ်ဟာ  ရှေ့တန်းစစ်မြေပြင်မထွက်ခင် တပ်သားတွေနဲ့အထာကျဖို့ အချိန်တိုအတွင်း တော်တော်လေး ကြိုးစားလိုက်ရတယ်လို့ ဆိုပါတယ်။

တင်မ်က တပ်ကထွက်ရတာဟာ ကွန်ဂရက်စ်အတွက် ဝင်ပြိုင်မလို့လို့ အကြောင်းပြပေမယ့် တပ်ကလူတွေကတော့ ရှေ့တန်းထွက်ဖို့ အော်ဒါမကျခင် အမတ်နေရာဝင်ပြိုင်မယ့်အကြောင်း တပ်ကို စာတင်တာမျိုးလည်း မရှိခဲ့ဖူးလို့ ဆိုပါတယ်။ လူလည်ကြီးတင်မ်ကတော့ တပ်ကထွက်သွားပြီး သူ့ရဲဘော်တွေ ခရစ်စမတ်မှာ အိမ်ပြန်ဖို့ ဘတ်စ်ကားလက်မှတ်တွေရအောင် ရန်ပုံငွေ ရှာပေးရမလားလို့တော့ မေးခဲ့သေးတယ်လို့ ဆိုပါတယ်။ တင်မ်ဟာ အဖားကောင်းတော့ မြို့အရာရှိတွေက ဆုတံဆိပ်တွေ ပေးခဲ့ပေမယ့် ယုံကြည်မှုနဲ့ အသက်ကို လောင်းကြေးထပ်ထားကြတဲ့ တပ်ထဲက လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအတွက်တော့ တင်မ်ဟာ သစ္စာဖောက်၊ ကြောင်ချေးပါပဲ။ ဒီလို ကိုယ်လွတ်ရုန်းတဲ့ စိတ်ဓါတ်မျိုးနဲ့လူက နိုင်ငံကို ဦးဆောင်မယ်ဆိုတာ ပုံမှန်စဥ်းစားတတ်သူတွေအတွက် big NO ပါပဲ။

မင်နီဆိုးတားမှာ ဂါဗာနာရကပဝင်တော့ သူ့ရဲ့ ကျောင်းဆရာဘက်ဂရောင်းကလည်း ကျောင်းဆရာတွေကို လေးစားတန်ဖိုးထားတဲ့လူတွေအတွက် သကာအုပ်ထားတဲ့ ဆေးခါးကြီး ဖြစ်ခဲ့ပါတယ်။ တင်မ်က စစ်မှုထမ်းဖို့ ထရိန်နင်ပြီးတော့ တက္ကသိုလ်မှာ သူ့ဖခင်လိုပဲ ပညာရေးနဲ့ဆိုင်တဲ့ ဘွဲ့တခု ယူခဲ့ပါတယ်။ အဲဒီက ဘွဲ့ရတော့ တရုပ်ပြည်က ကျောင်းတခုမှာ စာသင်တဲ့အလုပ် ရခဲ့ပါတယ်။ တင်မ် တခုတ်တရ ပြောလေ့ရှိတာက ငါဘယ်လောက်ပဲ အသက်ရှည်ရှည်၊ အဲဒီတရုပ်ပြည်မှာတုန်းကလောက် ကောင်းကောင်းမွန်မွန် အပြုစုခံရဖို့ မဖြစ်နိုင်တော့ပါဘူးတဲ့။ အဲဒါက သူ့ရဲ့ တရုပ်ပြည်အပေါ် တိမ်းညွှတ်မှုတွေရဲ့ အစပါပဲ။

တရုပ်ပြည်ကပြန်လာတော့ နီဘရားစကားမှာ စာသင်ရင်း ၁၉၉၄မှာ အိမ်ထောင်ကျပြီး သူ့ဇနီးဆရာမရဲ့ ဇာတိဖြစ်တဲ့ မင်နီဆိုးတားကို ပြောင်းပြီး ပထဝီဆရာအဖြစ် စာဆက်သင်ခဲ့ပါတယ်။ အမေရိကန်က ကျောင်းဆရာတွေ လုပ်လေ့ရှိတဲ့အတိုင်း ကျောင်းအားကစားအသင်း တွေမှာ နည်းပြလည်း လုပ်ခဲ့ပါတယ်။ ၁၉၉၉မှာ သူအလုပ်လုပ်တဲ့ မန်ကာတိုအထက်တန်းကျောင်းရဲ့ ပထမဆုံး ဂေး-စထရိတ် အလိုင်းယန့်စ်ရဲ့ အကြံပေးဆရာအဖြစ် လုပ်ခဲ့သလို သူနဲ့ သူ့ဇနီး ပူးပေါင်းတည်ထောင်ထားတဲ့ Educational Travel Adventures ကနေ အထက်တန်းကျောင်းသားတွေ တရုပ်ပြည်ကို သွားလေ့လာဖို့ ခရီးစဥ်တွေ စီစဥ်ပေးခဲ့ပါတယ်။ တရုပ်က အာဏာရှင်စနစ်ကို အထင်ကြီးတဲ့  ဒီမိုကရက်ပါတီဝင်လောင်းလေးတွေ မွေးထုတ်ပေးခဲ့သူ ဆိုပါတော့။

မင်နီဆိုးတားဂါဗာနာဘဝမှာ ပြည်နယ်ကို စန်ကျူဝါရီပြည်နယ်အဖြစ် ပြောင်းပြစ်ဖို့ သူ့ထောက်ခံကြောင်း ပြောခဲ့ပါတယ်။ စန်ကျူဝါရီပြည်နယ်ဆိုတာက ပြည်နယ်/ခရိုင်/မြို့ ရဲဝန်ထမ်းတွဗကို ဖက်ဒရယ်လဝကနဲ့ ပူးပေါင်းမှုတွေ ဖြတ်တောက်လျော့ချတာပါ။ ဖက်ဒရယ် အစိုးရက အန္တရာယ်ရှိတဲ့ အီလီးဂဲတွေအကြောင်း သိချင်တယ်ဆိုရင် ဒေသခံရဲက ဒေတာမပေးဘူး၊ ပူးပေါင်းဆောင်ရွက်မှု မပြုဘူးဆိုတဲ့ သဘောပါ။ သူ့လက်ထက်မှာ အီလီးဂဲတွေကို ပြည်နယ်စားရိတ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ယာဥ်မောင်းလိုင်စင်ပါ ရနိုင်စေခဲ့ပါတယ်။ မင်နီဆိုးတားက  အီလ်ဟန်အိုမာလာတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။

ကဗကာလတုန်းက ဝေါ့လ်ဇ်အစိုးရက လော့ဒေါင်းတွေ တင်းတင်းကြပ်ကြပ်လုပ်ထားပြီး ချိုးဖောက်သူတွေကို တွေ့ရင် ဖုံးခေါ်တိုင်တန်းဖို့ hotline ဖွင့်ထားပေးခဲ့ပါတယ်။ တရုပ်ပြည်လိုပဲ တသွေးတသံ တမိန့်အောက်မှာ အိမ်နီးချင်းတွေ အမျိုးတွေကအစ ဘယ်သူ့ကိုမှ မယုံရတဲ့ ရန်လိုတဲ့ပတ်ဝန်းကျင်တခုကို ဖန်တီးပေးခဲ့တာပါ။

မင်နီဆိုးတားက ရီပါဘလစ်ကန်အမတ်တွေက ကျောင်းသားတဦးကို အစိုးရက ဘယ်လောက်သုံးမယ်လို့ သတ်မှတ်ပြီးရင် ဗောက်ချာထုတ်ပေးပြီး အဲဒီဗောက်ချာနဲ့ အစိုးရ/ ပုဂ္ဂလိက ဘယ်ကျောင်းကိုသွားထားထား ထားနိုင်အောင် လုပ်နိုင်ဖို့ အဆိုပြုခဲ့ပါတယ်။ အဲဒီလိုလုပ်မှ ကျောင်းတွေဟာ ကျောင်းသားရဖို့ အပြိုင်အဆိုင် ကြိုးစားလာကြရင်း ပညာရေးအဆင့်အတန်း မြင့်လာမှာဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ပါ။ ပညာရေးလောကမှာ ယူနီယံတွေ ကြီးစိုးနေတော့ မကောင်းလဲ ဖြုတ်လို့မရ၊ ကျောင်းသား စာမတတ်လဲ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မရှိနေတဲ့အပြင် ဆရာ/မတွေကိုယ်တိုင်က ထရန်စ်ကိစ္စတွေ လိင်ကိစ္စတွေ တွန်းထဲ့လာတာတွေပါ ဖြစ်နေတာပါ။

တင်မ်က တခြားပြည်နယ်ကနေ သူ့ပြည်နယ်ဆီ အပျို/လူပျိုဖော်ဝင်တာ တားမြစ်ဆေး၊ လိင်ပြောင်းခွဲစိတ်မှုနဲ့ ဟော်မုန်းသရပီလာလုပ်တဲ့ ကလေးအပါအဝင် လူတွေကို မိဘတွေက လိုက်မနှောက်ယှက်နိုင်အောင် ဂါဗာနာအမိန့်နဲ့ ကာကွယ်ပေးထားပါတယ်။ အဲဒီအမိန့်မှာ ပြည်နယ်က ကျန်းမာရေး အာမခံကုမ္ပဏီများကိုလည်း အဲဒီလို လိင်ပြောင်းနဲ့ပတ်သက်တာ မပါရင် ခွင့်ပြုချက် မပေးဖို့လည်း ပါပါတယ်။

ကလိုင်းမိတ်ချိန့်နဲ့ ပတ်သက်လို့ တင်မ်က မင်နီဆိုးတားမှာ ၂၀၃၀ကျရင် ပြည်နယ်က ကားတွေရဲ့ ၂၀% ဟာ လျှပ်စစ်ကားတွေ ဖြစ်ရမယ်၊ ၂၀၄၀မှာ လုံးဝ ကာဗွန်ဖရီးလျှပ်စစ်စွမ်းအင် ဖြစ်ရမယ်ဆိုတဲ့အတွက် စားဝတ်နေရေးတွေ ကြပ်တည်း၊ မီးတွေပျက်၊ အလုပ်တွေ ပြုတ်ကြဦးမှာပါ။

၂၀၂၀တုန်းက ဂျော့ဖလွိုက်ကိစ္စနဲ့ ဆူပူမီးရှို့ဖျက်ဆီးလုယက်မှုတွေ ဖြစ်ခဲ့တာ ဝေါ့လ်ဇ်အုပ်ချုပ်နေစဥ်မှာပါ။ အင်မတန် တင်းကြပ်ပါတယ်ဆိုတဲ့ လော့ဒေါင်းတွေ ကြားထဲ ပြည်သူတွေ အပြင်ထွက်လို့ မရပေမယ့် ဘီအယ်လ်အမ်တွေ အန်တီဖာတွေကတော့ အပြင်ထွက်ပြီး အပီအပြင်ကို သောင်းကျန်းသွားခဲ့တာ ဆုံးရှုံးမှု ၁ဘီလီယံ ကျော်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ တင်မ်က နေရှင်နယ်ဂါ့ဒ်အစောင့်တပ်တွေ လွှတ်ပြီး အခြေအနေကို မထိမ်းခဲ့လို့ မင်နီယာပူလိစ်မြို့ဝန်က ဝေါ့လ်ဇ်ကို အပြစ်တင်ခဲ့ပါတယ်။ အဲဒီမှာ ဖမ်းမိထားတဲ့ မီးရှို့သောင်းကျန်းသူတွေကို ကမလာနဲ့ တင်မ်တို့က လက်တွဲညီညီ အာမခံပေး ကယ်ထုတ်ခဲ့ကြတာပါ။ အဲဒီမှာ ရဲမဝင်ရနယ်မြေတောင် သတ်မှတ်ခဲ့ပြီး လူမိုက်တွေကို ပေးအုပ်ချုပ်ခဲ့လို့ အပြစ်မဲ့ပြည်သူတွေ သေခဲ့ရတာ ဖြစ်ပါတယ်။

တင်မ်ဟာ အဘောရှင်းကို အစဥ်တစိုက် ထောက်ခံလာသူဖြစ်ပြီး ၂၀၂၃မှာ အရွယ်ရောက်ပြီးသူတိုင်း ၁၀% အခွန်နဲ့ တရားဝင်ဆေးခြောက်သုံးစွဲခွင့် ပြုခဲ့ပါတယ်။ ကျောင်းတွေမှာ အခမဲ့ နံနက်စာနဲ့ နေ့လည်စာ ကျွေးပြီး တနှစ် ၈၀,၀၀၀အောက် ဝင်သူတွေ ကောလိပ်ဖရီးတက်ဖို့ ဥပဒေပြဌာန်းပေးထားပါတယ်။ အဲဒီအစီအစဥ်တခုတည်းအတွက် အခွန်ထမ်းပြည်သူတွေအတွက် ပထမ ၂နှစ်မှာတင် သန်း ၄၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ မင်နီဆိုးတားမှာ လူဦးရေ ၅သန်း၊ အလုပ်လုပ်သူဦးရေ  ၂.၇သန်းဆိုတော့ တွက်ကြည့်ကြပေါ့။ အခြေခံပညာရေးစနစ်က ကောင်းနေရင် အထက်တန်းကျောင်းပြီးရုံနဲ့ လုပ်တတ်၊ ကိုင်တတ်၊ စဥ်းစားတတ်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းတတ် နေကြပါပြီ။ အခြေခံပညာရေးမကောင်းခဲ့ရင် ဘာဘွဲ့ရရ သုံးစားမရတာ မြန်မာပြည်မှာ အင်္ဂလိပ်ခေတ်က ပညာရေးနဲ့ ခုခေတ်ပညာရေး ယှဥ်ကြည့်ကြပေါ့။

အဓိကအချက်က ကျောင်းဆရာတို့၊ စစ်မှုထမ်းတို့ ဘာတို့လို အပေါ်ယံနာမည်ထက် ပိုနက်နက်ရှိုင်းရှိုင်း ကြည့်စေချင်တာပါ။ တရုပ်နဲ့ပတ်သက်တဲ့နိုင်ငံတိုင်း ခေါင်းဆောင်တွေ ချမ်းသာသွားသလောက် ပြည်သူတွေ ဖွတ်တက်ကုန်တာ မြန်မာတွေ အသိဆုံးပါ။ မမေ့ကြပါနဲ့။

Leave a comment