ကမလာက လူမည်းသွေးပါဆိုပြီး လူမည်းမဲတွေ ချူနေပေမယ့် လွန်ခဲ့တဲ့ ၅နှစ်လောက်အထိက တလျောက်လုံး သူမကိုယ်သူမ အင်န္ဒိယနွယ် လို့ပဲ ဖော်ပြခဲ့တာပါ။ သူမမိခင်က အိန္ဒိယလူမျိုးဖြစ်ပြီး သူမဖခင်က လူမည်းသွေးပါတဲ့ ဂျမေကာနိုင်ငံဖွားဖြစ်ပါတယ်။ သူမဖခင်ဖက်က လူဖြူအိုင်းရစ်ရှ် အဖွားက ကျွန်ထောင်ကျော်ပိုင်တဲ့ ကျွန်ပိုင်ရှင်ဟေမေလ်တန်ဘရောင်းက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဘာသာရေးကတော့ ငယ်စဥ်က ဟိန္ဒူအနေနဲ့ မိခင်နဲ့ ဘိုးဘွားတွေက ပျိုးထောင်ခဲ့ပေမယ့် ကြီးလာတော့ အမေရိကန်ရဲ့ အကြီးဆုံး ခရစ်ယာန်အုပ်စုဖြစ်တဲ့ Baptist အဖြစ်ဖော်ပြခဲ့ပါတယ်။ သူမမိဘတွေက မာ့က်စ်ဝါဒီတွေဖြစ်ကြပြီး ဖီဒယ်ကက်စထရိုနဲ့ ချီကွေဗားရားကို ကိုးကွယ်တဲ့ ဘာ့ကလေက အာဖရိုအမေရိကန်အသင်းမှာ တက်ကြွသူများဖြစ်ပါတယ်။
အဲဒီအသင်းရဲ့ ခေါင်းဆောင် ဒေါ်နယ်ဝါဒန်(ခ) ခါလစ်အယ်လ်မန်ဆော်ရဲ့ လမ်းညွှန်မှုနဲ့ အာဖရို-အမေရိကန် အသင်းဝင်၂ဦးဖြစ်တဲ့ ဟွေးနျူတန်နဲ့ ဘော်ဘီဆီးလ်တို့ဟာ မော်စီတုန်းလမ်းစဥ်လိုက်တဲ့ ဘလက်ပန်သာပါတီကို တည်ထောင်ခဲ့တာမှာ တရုပ်ကွန်ကွန်တွေ နှစ်ထောင်းအားရ ဖြစ်ခဲ့ကြပါတယ်။ အဲဒီဘလက်ပန်သာပါတီကနေ ကွန်ကွန်ဘီအယ်လ်အမ်တွေ ဖြစ်လာတာပါ။ ဒါကြောင့်လည်း ကမလာရော တင်မ်ဝေါ့ဇ်ပါ ၂၀၂၀တုန်းက ဂျော့ဖလွိုက်သေတာအကြောင်းပြုပြီး ဆူပူသောင်းကျန်း မီးရှို့ဖျက်ဆီးလို့ အဖမ်းခံရတဲ့ ဘီအယ်လ်အမ်တွေကို အလှူခံပေးပြီး လိုက်ရွေးထုတ်ကြတာပါ။ နိုးကက်ရှ်ဘေလ်ဆိုတဲ့ လူဆိုးတွေကို အာမခံငွေမလိုစေပဲ ပြန်လွှတ်ပေးနိုင်တဲ့ ဥပဒေတွေကိုလည်း ကမလာနဲ့ အမွှေစိန့်ရုပ်သေးတွေက စအသက်သွင်းခဲ့ကြတာပါပဲ။ အဲဒီ ခါလစ် အယ်လ် မန်ဆော်ဆိုတာက ဟူစိန်အိုကို ဟားဗတ်ဥပဒေကျောင်းတက်ဖို့ ငွေကြေး ကျောင်းဝင်တာ အစစ ကူညီပေးခဲ့သူ ဖြစ်ပါတယ်။ ဟူစိန်ရော ကမာလာရော လွှတ်တော်ထဲက အစွန်းရောက် ဒီမိုကရက် စကွာ့ဒ်ရော ကမလာရော ဒီလိုနေရာ ရောက်လာတာ တရုပ်ကွန်ကွန်တွေနဲ့ အရှေ့အလယ်ပိုင်းက မာမူတို့ကျေးဇူးကြောင့်ပါပဲ။
ကမလာရဲ့ညီမ မာယာကလည်း စတန်းဖို့က လက်ဝဲတက်ကြွသူတဦးဖြစ်ပြီး အဲဒီက ထိပ်တန်း မာ့စ်လီနင်ဝါဒီ လည်းဖြစ် တရုပ်လိုလားတဲ့ ကွန်ကွန်အုပ်စုဖြစ်တဲ့ လိဂ်အော့ရီဗော်လူရှင်နရီစထရပ်ဂဲရဲ့ နှစ်ရှည်အဖွဲ့ဝင် လည်းဖြစ်တဲ့ စတိဖိလစ်နဲ့ တော်တော့်ကို ရင်းနှီးပါတယ်။ ဖိလစ်က ဆပ်ပရိုင်းမော့ဂေ့ဂျ် ပြဿနာကို ကြီးသွားစေတဲ့ “pick a pay” မော့ဂေ့ဂျ်ကို တီထွင်ခဲ့သူ ဘီလျံနာဘဏ်သူဌေး ဟားဘတ် ဆန်ဒလာရဲ့ သမီးနဲ့ အိမ်ထောင်ကျပြီး လက်ဝဲကမ်ပိန်းတွေ၊ မဲပိုရဖို့အတွက် မဲမှတ်ပုံတင်ပေးတဲ့ လှုပ်ရှားမှုတွေကို ငွေအားလူအားနဲ့ ပံ့ပိုးပေးခဲ့ပါတယ်။ ဖိလစ်က ကမလာရဲ့ ကမ်ပိန်းတွေမှာ အဓိက ငွေလှူဒါန်းသူ ဖြစ်သလို ၂၀၀၈တုန်းက တောင်ဖက်နဲ့ အနောက်တောင်ဖက်ပြည်နယ်တွေမှာ မဲမှတ်ပုံတင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ပြီး ဟေလာရီကို ဟူစိန်အို နိုင်အောင် ကူညီပေးခဲ့ပါတယ်။
ကမလာ့ယောက်ျားက DLA Piper ဆိုတဲ့ ဥပဒေအဖွဲ့မှာ အလုပ်လုပ်တာပါ။ အဲဒီအဖွဲ့က ကွန်ကွန်တရုပ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ကာကွယ်ပေးဖို့ ရှေ့နေ ၁၄၀ကျော် သီးသန့် ထားရှိပေးထားတာ နှစ်ပေါင်း ၃၀ကျော်နေပါပြီ။ အဲဒီနောက်မှာမှ ယေးလ်တက္ကသိုလ်မှာ အနာဂတ်ဥပဒေပညာရှင်လောင်းလေးတွေကို ကွန်မြူနစ်စနစ်ကောင်းကြောင်း ဦးနှောက်ဆေးပေးရတဲ့ ပါမောက္ခအဖြစ် ခန့်အပ်ခံရပါတယ်။ လွယ်တယ်နော်။
ကမလာ့ဘဝမှာ လူမည်းသွေးများတာဆိုလို့ သူမနဲ့ငြိခဲ့တဲ့ သူမထက် အသက် ၃၀ကျော်ကြီးတဲ့ ဆန်ဖရန်မြို့ဝန်ဟောင်း အိမ်ထောင်သည် ဝီလီဘရောင်းပဲ ရှိပါတယ်။ ဝီလီဘရောင်းနဲ့ သူမနဲ့တွဲတုန်းက ဝီလီဘရောင်းက ကာလီဖိုးနီးယားလွှတ်တော်စပီကာပါ။ အဆမ်ဘလီစပီကာတယောက်ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဝီလီဘရောင်းက သူ့စမောလေးကမလာကို အဲဒီအချိန်ထဲက သိန်းဂဏန်း ပေးတဲ့ ပြည်နယ်ကော်မရှင် ၂ခုမှာ ရာထူးခန့်အပ်ပေးခဲ့ပါတယ်။ ၁၉၉၅မှာတော့ ဝီလီက စပီကာကနေ ဆန်ဖရန်မြို့ဝန်ရကပ ဝင်ပြိုင်ခဲ့ပါတယ်။ ဘရောင်းရဲ့ ကမ်ပိန်းတွေကို ငွေဖို့ပေးတဲ့ ဒေါက်တာ ကာလ်တန်ဂွဒ်လက်က ဆန်းရီပို့တာအပါအဝင် ကွန်ကွန်သတင်းစာတွေရဲ့ ပိုင်ရှင်ပါ။ အဲဒီမှာနိုင်ပြီးတော့ မြို့ဝန်အိမ်တက်တော့ သူ့ရဲ့ တရားဝင်ဇနီးကိုပဲ လက်တွဲတက်ခဲ့ပါတယ်။ မြို့ဝန်သက်တမ်း ၈နှစ်ပြီးခါနီး ကမလာကို ဆန်ဖရန်ဒီအေရာထူး ဝင်ပြိုင်စေတာမှာ အရင်သူခန့်ပေးထားတဲ့ ရာထူး၂ခုက နိုင်ဖို့ သေချာပေါက် အထောက်အကူ ဖြစ်ခဲ့စေတာပါ။ ဘရောင်းက စီ၂ပီရဲ့ ဆန်ဖရန်ပင်လယ်အော်ဒေသ အတွက် အကောင်းဆုံးမိတ်ဆွေတဦးလို့ လူသိများကြပါတယ်။ စီ၂ပီရဲ့ အကောင်းဆုံးမိတ်ဆွေဆိုတော့ အမေရိကန်ပြည်သူတွေရဲ့ ရန်သူလို့ပဲ ယူရမှာပါ။
ကမလာဟာ ဆန်ဖရန်ဒီအေအဖြစ် ၆နှစ်လုပ်ခဲ့ပြီး ၂၀၁၀မှာ ကယ်လီဖိုးနီးယားရှေ့နေချုပ် ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာလည်း ပလိုးစီနဲ့လည်းခင်၊ အင်မတန်လည်းပေါက်ရောက်တဲ့ သူမချစ်သူက ကနေ့ခေတ်ငွေတန်ဖိုးနဲ့ ၈သိန်းလောက် အကုန်ခံပြီး မဲဆွယ်ပေးခဲ့တာပါ။ အဲဒီမှာနိုင်ပြီး ၂၀၁၄မှာ ထပ်နိုင်ခဲ့ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိတ်သုဥ်းနေပြီဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာ ဒီမိုကရက်ပါတီရဲ့ ထောက်ခံမှုရထားတဲ့ လက်ဝဲစွန်းအတွက် အရွေးခံရဖို့ဟာ ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး။ ကယ်လီမှာ နျူဆမ်လို သိပ်ပေါက်ရောက်တဲ့ ပလိုးစီတူဖြစ်တာကလွဲရင် ဘာမူမှလည်း ချမပြ၊ ဘာဒီဘိတ်မှလည်း မပြိုင်၊ ကိုယ်ရေးအကျဥ်းတောင် သေချာဖော်ပြထားတာမဟုတ်တဲ့သူက မူတွေချပြ၊ ဒီဘိတ်တွေ ဝင်ပြိုင် ပြည်သူကို ဒီမိုကရေစီနည်းကျကျ မဲဆွယ်တဲ့ ကန်ဒီဒိတ်တွေကိုကျော်ပြီး နိုင်သွားတာပဲလေ။
ကမလာက ဆီနိတ်တာဖြစ်လာတဲ့အခါ သူမရဲ့ ပရိုကွန်ကွန် ဝန်ထမ်းချုပ်အဖြစ် ကရင်းဂျင်ပရေးကို ခန့်အပ်ခဲ့ပါတယ်။ ကရင်းကတော့ အခုပြန်ဝန်လုပ်နေတဲ့ အမေရိကန်ဇော်မဲလုံးမ ပါပဲ။ ကရင်းဟာ တရုပ်ကွန်ကွန်နဲ့ မ/ကိုရီးယားကွန်ကွန်လိုလားတဲ့ ဝေါ့ကားစ်ဝေါလ်ဒ်ပါတီနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်တဲ့ ဟေတီဆပ်ပို့နက်ဝေါ့ခ်မှာ တက်ကြွလှုပ်ရှားနေသူဖြစ်ပြီး ဟေတီသမ္မတဟောင်း လက်ဝဲစွန်းဂျီးန်ဘာထရန်အရစ်စ်တိုက်ဒ်ကို ထောက်ခံသူဖြစ်ပါတယ်။ ကွန်ကွန်တွေ ပတ်ချာလည် ဝိုင်းနေတဲ့ ကမလာရဲ့ သမိုင်းကြောင်းတွေကို ဝန်ကြီးရာထူးအတွက်ပဲဖြစ်ဖြစ် စစ်ဘက်ရာထူးတခုခု အတွက်ပဲဖြစ်ဖြစ် လုံခြုဲရေးကင်းလွတ်ခွင့်အတွက် အက်ဖ်ဘီအိုင်က ဘက်ဂရောင်းချက်ရင် ကျမှာကျိန်းသေပါတယ်။ ဒါပေမယ့် ၂၀၂၀တုန်းက ဂျိုးနဲ့ကပ်ပြီး အိမ်ဖြူထိ ပါလာသလို ၂၀၂၄မှာလည်း ဟူစိန်အိုရဲ့ ပစားပေးမှု မီဒီညာတွေရဲ့ ဝိုင်းဝန်းစောင်မမှုနဲ့ အရှင်မွေး နေ့ချင်းကြီးဖြစ်လာခဲ့ပါတယ်။ ဒါတွေကို ဖော်ထုတ်ရေးသားသူကတော့ မရင်းဗိုလ်ချုပ်ဟောင်း ဂျက်ဖရေဟစ်ဂင်ဘိုသမ်ဖြစ်ပါတယ်။
ကမလာကမ်ပိန်းက ခုမှသာ သူ့မဟာမိတ် စီ၂ပီဘောမမီဒီယာများအကူအညီနဲ့ ဘော်ဒါဇာ ဖြစ်ခဲ့တာတွေ၊ ရေနံတူးခွင့်ပိတ်မယ်လို့ ပြောခဲ့တာတွေ၊ ဘီအယ်လ်အမ်တွေအတွက် ပိုက်ဆံရှာပေးခဲ့တာတွေ၊ လူဆိုးတွေ မုဒိမ်းကောင်တွေကို ကိုယ်တိုင်သွားပြီး ဂုဏ်ယူပါတယ်လို့ ပြောခဲ့တာတွေ အဲဒါတွေကို မဟုတ်ပါဘူးလို့ ဗြောင်လိမ်နေသလို ဆီနိတ်တာဘဝက လွှတ်တော်မဲပေးမှတ်တမ်း တွေမှာ ပေါ်နေတဲ့ လက်ဝဲစွန်းဆိုတာကိုပါ ဖျက်ပစ်ကြပြီး သူမကို အလယ်အလတ်ဒီမိုကရက်တဦးအဖြစ် ဝိုင်းပုံဖော်(လိမ်) ပေးနေကြပါတယ်။
ကမလာ့ကမ်ပိန်းနဲ့ မီဒီယာတွေ တက်ခ်ကြီးတွေပေါင်းပြီး မဲဆန္ဒရှင်ပြည်သူတွေကို ဝိုင်းလိမ်ကြတဲ့ထဲမှာ ကမလာရဲ့ ဆင်ဂယ်ပေးယာကျန်းမာရေးစနစ်ကို ထောက်ခံခဲ့တာကိုပါ ဖုံးကွယ်ထားပါတယ်။ ဆင်ဂယ်ပေးယာကျန်းမာရေးစနစ် (သို့) မက်ဒီကဲဖော်အောဆိုတာက ဆိုရှယ်လစ်ကျန်းမာရေးစနစ် လုပ်ချင်တယ်လို့ ပြောတာပါ။ အခုလက်ရှိမှာက ပုဂ္ဂလိက ကျန်းမာရေး အာမခံစနစ်တွေများတော့ လစဥ်ကြေး၊ ကုသဖို့အိတ်ထဲက စိုက်ပေးရတဲ့ငွေ၊ ကိုယ့်အသက်အရွယ် ကျန်းမာရေးအနေအထားနဲ့ ချင့်ချိန်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တဲ့ဟာကို ဝယ်လို့ ရပါတယ်။ အာမခံတခုက ဆရာဝန်တွေ ဆေးရုံတွေ ခံစားခွင့်တွေ မကောင်းရင် နောက်တခုပြောင်းဝယ်လို့ ရပါတယ်။ သက်ကြီးတွေနဲ့ ဝင်ငွေနည်းတွေအတွက် မက်ဒီကဲ မက်ဒီကိတ်က သပ်သပ်ပါ။ အစိုးရက ကျန်းမာရေးကဏ္ဍကို လက်ဝါးကြီးအုပ်သွားရင် ပြည်သူတွေမှာ ရွေးစရာမရှိတော့ပါဘူး။
မက်ဒီကဲလိုဟာမျိုး လူတိုင်းရမယ်ဆိုတော့ မကောင်းဘူးလားလို့ မေးစရာရှိပါတယ်။ မကောင်းတာတွေထဲက တချို့က အစိုးရက ပေးတယ်ဆိုပြီး အခွန်တွေ တိုးကောက်မှာရယ်၊ ဆရာဝန်ရွေးစရာ နည်းသွားမှာရယ်၊ ရောဂါအမည်တပ်လွဲရင်လည်း အစိုးရစနစ်ဆိုတော့ ပြန်ပြောဖို့ ခက်မှာရယ်၊ မကြိုက်လို့ အပြင်မှာ ပုဂ္ဂလိကဆရာဝန်ပြရင် အစိုးရကျန်းမာရေးစနစ်ထဲကမဟုတ်တော့ အကုန် ကိုယ့်အိတ်ထဲက စိုက်ကုန်ရမှာရယ်၊ အစိုးရချုပ်ကိုင်တဲ့လုပ်ငန်းတွေသဘာဝ အမှားအယွင်း များသလို အရှုံးချည့်ပေါ်မှာရယ်ဆိုတော့ စမ်းသပ်မယ့်စက်တွေ ကောင်းကောင်း maintain မလုပ်တာကအစ အသစ်ထပ်မဝယ်နိုင်တာ၊ ဆေးသစ် ကုထုံးသစ် နည်းပညာအသစ်တွေ ဖြစ်လာဖို့ ပိုက်ဆံ မတတ်နိုင်တော့မှာရယ်၊ ဖရီးရရင် နှာစေးချောင်းဆိုးကအစ ပြချင်တဲ့သူက ပြနေကြမှာဆိုတော့ တကယ်လိုတဲ့လူတွေ စောင့်ရမှာရယ်၊ တခြားစစ်ချင် ဆေးချင် ရိုက်ချင် ပြုချင်တာတွေလည်း အဲဒီလိုပဲ စောင့်ရမှာရယ်၊ ဆက်စဥ်းစားကြပေါ့။
အခုကျန်းမာရေး အခမဲ့ဆိုတဲ့ တိုင်းပြည်တွေမှာ ကိုယ့်ဝင်ငွေပေါ်က အခွန် ၆၀%လောက်အထိ ကောက်တာရယ်၊ အပွိုင့်မန့်လိုချင် လချီစောင့်ရတာရယ်၊ မစောင့်နိုင်လို့ (သို့) ကုသမှုမကြိုက်လို့ တခြားက စိတ်ကြိုက် ပိုက်ဆံပေးကုလို့ ရတဲ့နေရာတွေ သွားကုရတာရယ်က ပိုက်ဆံကုန်တယ် ဆိုတာထက် အများကြီး ဆိုးပါတယ်။ အိုဘမကဲ ဆိုတာလည်း ဆိုရှယ်လစ်ကျန်းမာရေးစနစ် ပုံစံပါ။ အခမဲ့မဟုတ်သလို မကောင်းလို့ မကြိုက်ကြပါဘူး။ အိုဘမကဲ ပေါ်လာပြီးမှ ပုဂ္ဂလိက အာမခံတွေပါ ဈေးတွေမတရားတက်ကုန်သလို ဆားဗစ်စ်တွေပါ ညံ့ကုန်တဲ့အထိ ဆွဲချသွားတာပါ။ အိုဘမကဲက ဖရီးလည်း မရပါဘူး။ အစိုးရဆီက မဝယ်မနေရ ဝယ်ရတာပါ။ ပြောခဲ့တဲ့ ဒုက္ခတွေက အမြည်းကျွေးသလောက်ပဲ ရှိပါသေးတယ်။
ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေအေပါ် ကမလာက ဘယ်လိုကိုင်တွယ်မလဲဆိုတော့ ဈေးတက်တဲ့ ကုန်သည်ကြီးများကို အရေးယူပါမယ်တဲ့။ ဒါလည်း မအလနဲ့ တူပြန်တာပါပဲ။ ထောက်ပံ့နေတဲ့ စစ်စားရိတ်တွေ၊ အဆင့်ဆင့်သော ခိုးဝှက်ဘုံးတွေ ကာမိအောင် ငွေစက္ကူတွေ အဆမတန် ရိုက်နှိပ်တာကြောင့် ကုန်ဈေးနှုန်းတွေတက်ရတာလေ။ ဈေးတက်တဲ့ကုန်သည်ဖမ်းလို့ ကုန်သည်တွေပါ မရှိတော့ရင် ဘာနဲ့သွားစားကြမလဲ။ ဒီလိုဦးနှောက်ကိုရွေးရင် မအလကို ရွေးတာပဲ ဖြစ်တော့မှာပေါ့။