မနေ့က ဒီမိုကရက်နေရှင်နယ်ကွန်ဗန်းရှင်း (DNC) ကို ရှီကာဂိုမှာ စတင်ကျင်းပပါတယ်။ DNC မှာ ကမလာက လူကြည့်အများဆုံးအချိန် prime time ည ၉နာရီမှာ စကားပြောခွင့်ရခဲ့ပေမယ့် ဂျိုးက ဘယ်သူမှ မကြည့်တော့တဲ့ ည ၁၁း၂၈ နာရီမှာမှ စကားပြောခွင့် ရခဲ့ပါတယ်။ “လက်ရှိသမ္မတ”လည်းဖြစ် သက်ကြီးရွယ်အိုတွေထုံးစံအတိုင်း ညစောစောအိပ်တာ နာမည်ကြီးတဲ့ ဂျိုးကို ညသန်းခေါင်နီးမှ စကားပေးပြောတာ ပလိုးစီအော်နေတဲ့ “ဝီလပ်ဖ်ဂျိုး”နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ အဲဒီလုပ်ရပ်က ဂျိုးကို တာ့တာပြလိုက်တာပါပဲ၊ ဒီမှာတော့ ခေါင်းထဲတည့်ပြီး သံရိုက်လိုက်သလိုပဲလို့ ဆိုကြပါတယ်။ ဂျိုးနေရာကို ကမလာလုလိုက်တာ ၁လလောက်ရှိပေမယ့် DNC document တွေမှာ ဂျိုးရဲ့ ဒုတိယသက်တမ်း ဆိုတာကို ဖော်ပြထားတဲ့ အကြိမ် ၂၀ကျော် ဆိုတော့ ဒီအန်စီက အလုပ်မလုပ်တာလား၊ ပြည်သူကို အလေးမထားတာလား မေးစရာဖြစ်နေပါတယ်။ ဂျိုးကတော့ ခုထိ သတင်းထောက်တွေမေးတိုင်း ငါသာပြိုင်ရင်နိုင်မှာလို့ ပြောနေဆဲဖြစ်သလို ကမလာက ဘိုင်ဒန်လက်ထက်မှာ ဖြစ်ခဲ့သမျှ သူမနဲ့ မဆိုင်သလို ပြောနေတာ ကိုလည်း ဘိုင်ဒန်က လက်မခံပါဘူး။
တကယ်တော့ ဒီအန်စီက ပြည်သူကို အလေးမထားသလို အမှန်တကယ်လည်း ကိုယ်စားမပြုတော့တာ နှစ်အတန်ကြာနေပါပြီ။ ကွန်ကွန်ကမာလာကိုတင်ဖို့ ကွန်ကွန်မွေးစားသား အိုဘမက အစကတဲက ကြံစည်ထားတဲ့အတွက် ဂျိုးနဲ့ ရောထည့်ပေးလိုက်တာပါ။ အဲဒါကြောင့်လည်း ဘယ်တုန်းကမှ မသုံးခဲ့တဲ့ ဘိုင်ဒန်-ဟဲရစ် administration လို့ ခေါ်ခဲ့တာပါ။ အခုမှသာ ကမလာက စီးပွားရေးတွေကျ၊ ကုန်ဈေးနှုန်းတွေတက်တာ သူ့ကြောင့်မဟုတ်သလိုလိုနဲ့ သူ့ကို မဲပေးရင်ပဲ ပထမရက်မှာတင် ကုန်ဈေးနှုန်းကျအောင် ထိန်းချုပ်ပေးမယ်လို့ ပြောနေတာပါ။ ငွေမတရားရိုက်ထုတ်နေတာ မတရား သုံးနေတာ မထိန်းချုပ်ပဲ ကုန်ဈေးနှုန်းပဲ ထိန်းချုပ်ရင် မြန်မာပြည်မှာ ဓါတ်ဆီ၊ စားသုံးဆီ ပြတ်လပ်၊ ဆိုရှယ်လစ်နိုင်ငံတွေမှာ ပေါင်မုန့်ပြတ်လပ်လို့ တန်းအရှည်ကြီး စီရတာမျိုးတွေ ဖြစ်လာတော့မှာပါ။ အဲဒါတွေက အခြေခံစီးပွားရေးသဘောတရားတွေပါပဲ။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာကို မသိရင်တော့ အလိမ်ဆက်ခံကြရုံပါပဲ။
ဈေးနှုန်းထိန်းချုပ်တာကို ဆေးဝါးကဏ္ဍမှာ လုပ်လိုက်ရင် ဘယ်လောက်ဒုက္ခများမလဲဆိုတာ စဥ်းစားပါ။ ထရမ့်တုန်းက လုပ်ခဲ့တာက ဆေးဝါးထုတ်လုပ်သူတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဈေးသက်သာမယ့် နည်းတွေ ဆွေးနွေးတာပါ။ ကမလာလုပ်တာက မအလတို့လို အမိန့်နဲ့ ဈေးကန့်သတ်တာပါ။ မတူပါဘူး။ ဈေးနှုန်းကန့်သတ်တာလိုမျိုး ဈေးကွက်ကို ဝင်စွက်တာဟာ ရောင်းလိုအားကျစေပြီး ဝယ်လိုအားက မကျတော့ ပစ္စည်းပြတ်တာ၊ တန်းစီရတာတွေဖြစ်ပြီး မှောင်ခိုဈေးကွက်ဖြစ်လာစေမှာပါ။ ဂျိုး-ကမလာ လက်ထက်မှာ အစိုးရအင်အားသုံးပြီး မက်ဒီကဲကနေဝယ်ရတဲ့ ဆေးတချို့ကို ဈေးကန့်သတ်တာ လုပ်နေပါပြီ။ အဲဒါကြောင့် မက်ဒီကဲ part D ပရီမီယံတွေ မနှစ်ကထက် ၂၁% တက်သွားပါတယ်။ အိတ်ထဲက စိုက်ပေးရတာလည်း လာမယ့် ၂နှစ်အတွင်း အများကြီး တက်လာတော့မှာပါ။ အိုဘမကဲ လုပ်ပြီးတော့ လူတွေရဲ့ ကျန်းမာရေးအသုံးစားရိတ်က 40% ကျော် တက်သွားတာ မမေ့ကြပါနဲ့။
ထရမ့်လက်ထက်မှာ ဆေးဈေးတွေတက်အောင် ကစားတဲ့ ကြားပွဲစားတွေရဲ့ ပလန်တွေကိုကျော်ပြီး ဆေးထုတ်လုပ်သူနဲ့ စားသုံးသူ တိုက်ရိုက် ချိတ်ပေးခဲ့လို့ ဆေးဈေးတွေ သက်သာခဲ့သလို လုပ်ငန်းရှင် အငယ်လေးတွေ သူတို့ဝန်ထမ်းတွေအတွက် ကျန်းမာရေးအာမခံဝယ်ဖို့ အဆင်ပြေအောင် association health plans တွေ ကျယ်ပြန့်အောင် လုပ်ပေးခဲ့လို့ ဈေးရော coverage ပါ ကုမ္ပဏီကြီးတွေလို ကောင်းကောင်း ဈေးချိုချိုရအောင် လုပ်ပေးနိုင်ခဲ့တာတွေကို ဘိုင်ဒန်-ဟဲရစ်လက်ထက်မှာ အကုန်ပြန်ဖျက်ခဲ့ပါတယ်။ ထရမ့်တက်မှ ဒါတွေကို ပြန်လုပ်ပေးနိုင်ပြီး ကမလာတို့ ဖျက်သွားတာတွေကို ပြန်လှန်နိုင်မှာပါ။ ကမလာပဲ ဆက်ရှိနေရင် ဆေးဈေးနှုန်း ထိန်းချုပ်တာ ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်လာတော့မယ့်အပြင် ရွေးစရာမရှိတော့အောင်ပါ လုပ်ပါလိမ့်မယ်။
DNC ကျင်းပနေတဲ့ နှစ်ပေါင်း ၉၀ကျော် ဒီမိုကရက်တွေချည့် ဆက်တိုက်အုပ်ချုပ်လာတဲ့ ရှီကာဂိုမြို့မှာ ၂၀၂၃မှာ လူပေါင်း ၆၁၇ဦး အသတ်ခံခဲ့ရတဲ့အတွက် ၁၂နှစ်ဆက်တိုက် လူသတ်မှုအများဆုံးမြို့ကြီးလို့ မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ၂၀၁၃တုန်းက ၄၁၆ဦး အသတ်ခံရတာထက် ၂၀၀ကျော် တက်လာတာပါ။ ၂၀၂၃ထဲ ဇီလာဒဲလ်ဖီးယားမှာ လူသတ်မှု ၄၀၈မှုနဲ့ နယိူးယောက်စီးတီးမှာ ၃၈၆မှု ရှိခဲ့ပါတယ်။ ဒါတွေက မဲလိုချင်လို့ အစီအစစ်မရှိ ပေးဝင်တာတွေ၊ တခြားတိုင်းပြည်က ထောင်ခါပြီးဒီပို့တာတွေနဲ့ ဆက်စပ်နေပါတယ်။ DNC က secure the border လို့ အစီအစဥ်ထဲ ထည့်ထားပေမယ့် အအခုလည်း အိမ်ဖြူမှာ ကမလာရှိနေတာပဲဆိုတော့ လိမ်တာတောင် လေးလေးစားစား မလိမ်သလို ဖြစ်နေပါတယ်။
ဒီကနေ့ DNC မှာ အိုဘမက တင်ဝေါ့ဇ်ကို သိပ်ချစ်ကြောင်း အမွှန်းတင်သွားပါတယ်။ ကွန်မီချင်း ချစ်ကြတာ မဆန်းပါဘူး။ တင်မ်လိုလူမျိုးက မြို့ငယ်လေးမှာမွေးတာ၊ နိုင်ငံတာဝန် ထမ်းခဲ့တယ်၊ ကလေးတွေစာသင်တယ်၊ အားကစားနည်းပြလုပ်တယ်၊ အိမ်နီးချင်းတွေကို စောင့်ရှောက်တယ်၊ ဒါကြောင့် နိုင်ငံရေးနယ်ထဲ ရှိသင့်တဲ့လူမျိုးလို့ ပြောသွားပါတယ်။ သူပြောမသွားတာက တပ်က ရာထူးအစမ်းတိုးပေးပြီး ရှေ့တန်းလွှတ်တာကို ခေါင်းရှောင် ထွက်သွားခဲ့တာရယ်၊ အဲဒီလို ထွက်သွားတဲ့အတွက် ရာထူးတိုးမရတော့တာကို အဲဒီရာထူးရခဲ့သယောင် စစ်တိုက်ဖူးသယောင် အကြိမ်ကြိမ် လိမ်နေတာရယ်၊ ကလေးတွေကို တရုပ်ကိုအထင်ကြီးတဲ့ ကွန်မီလေးတွေဖြစ်လာအောင် ဦးနှောက်ဆေးပေးတာရယ်၊ ဂျော့ဖလွိုက်တုန်းက သူတို့ကွန်မီဘီအယ်လ်အမ်တွေကို ဆူပူသောင်းကျန်း မီးရှို့ဖျက်ဆီးခွင့်ပေးခဲ့လို့ လူသေတာတွေရယ် ဆုံးရှုံးပျက်စီးတာတွေရယ်ကို ထည့်မပြောသွားပါဘူး။ အဖြစ်မှန်တွေကို ထိမ်ချန်ထားတာ လိမ်တာပါပဲ။
ရောဘတ်ကနေဒီဂျူနီယာရဲ့ကမ်ပိန်းမှာ သူပိုင်ငွေ သန်းဆယ်ချီသုံးထားတဲ့ သူ့ရဲ့ running mate နီကိုးလ်ရှာနဟန်က သူတို့ဟာ ဒီမိုကရက်တွေဖြစ်(ခဲ့)ပေမယ့် ဒီမိုကရက်ပလက်ဖောင်မှာ ပြည်သူနဲ့ ထိတွေ့ခွင့် မရခဲ့ပါဘူး။ ငါတို့ နိုင်ဖို့အတွက် မျှမျှတတ အခွင့်အရေးလိုချင်ပါတယ်၊ အခုအချိန်မှာ သူတို့အနေနဲ့ ရွေးစရာ ၂ခုပဲ ရှိပါတယ်၊ ပါတီသစ်ထောင် (သို့) ထရမ့်နဲ့ပေါင်းဖို့ပါ၊ ပါတီသစ်ထောင်ရင် ငါတို့က အင်ဒီပန်းဒန့်မဲတွေ ထရမ့်ဆီက ခွဲယူသွားသလိုဖြစ်ရင် ကမလာတို့ နိုင်သွားမှာစိုးရိမ်ပါတယ်၊ သူတို့အနေနဲ့ ထရမ့်က ကနေဒီကမ်ပိန်းရဲ့ ပြည်သူ့ကျန်းမာရေးပေါ်လစီတွေအပေါ် တကယ့်ကို ရိုးရိုးသားသား စိတ်ဝင်စားတယ်လို့ ယုံကြည်ပါတယ်လို့ ဆိုပါတယ်။ ကနေဒီက ပြည်နယ်တိုင်းရဲ့ မဲပြားပေါ်မှာ ပါဝင်ခွင့်ရဖို့ လိုအပ်တဲ့ လက်မှတ်၁သန်းကျော်ပေးပို့တောင်းခံခဲ့ပေမယ့် တရားသူကြီး တဦးက ကနေဒီက နယူးယောက်မှာနေတာ အငြင်းပွားစရာဖြစ်နေလို့ နယူးယောက် မဲပြားပေါ်မှာ ပါဝင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်ပေးလိုက်ပါတယ်။ ဂျော်ဂျာနဲ့ ပင်ဆယ်လ်ဗေးနီးယားအပါအဝင် တချို့ပြည်နယ်တွေမှာလည်း အလားတူစိန်ခေါ်မှုတွေ ရှိနေပါတယ်။
ပီရူးက လူသတ်မှု ၂၃ခုနဲ့ အလိုရှိနေတဲ့လူကို မေလတုန်းက အမေရိကန်မှာ ဖမ်းမိပြီး ဘိုင်ဒန်-ဟဲရစ် အစိုးရက သူ့တိုင်းပြည်ပြန်မပို့ပဲ ပြည်တွင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဂျီယန်ဖရန်ကိုတောရက်စ် နဗားရိုဆိုတဲ့ အသက် ၃၈နှစ်ရှိသူကို ဩဂုတ် ၁၅ရက်နေ့က နယူးယောက်မှာ လဝကရဲ ICE က ဖမ်းမိခဲ့ပါတယ်။ ကမလာတို့က တိုင်းပြည်အန္တရာယ် ခိုးဝင်ရာဇဝတ်ကောင်တွေကို ဖျင်မသလောက် တိုင်းပြည်အကျိုးပြု ICE ကိုတော့ အပြုတ်ဖြုတ်ရှင်းနေချင်သူတွေပါ။ လက်ရှိအမေရိကန်မှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေ၊ ကုန်ဈေးနှုန်းတွေ၊ ဆေးလွန်သေဆုံးမှုတွေ၊ လူကုန်ကူး/လိင်ကုန်ကူးမှုတွေရဲ့ အဓိက ရေသောက်မြစ်က အစစ်အဆေးမရှိ ဝင်ခွင့်ပေးနေတာကြောင့် ဖြစ်ရတာပါ။ အမေရိကန်တွေရဲ့ အဲဒီပြဿနာတွေက ကမလာတို့ ဒီမိုကရက်တွေအတွက် လုံးဝ ပြဿနာ မဟုတ်တဲ့အပြင် အမြတ်ပါ ထွက်ပါသေးတယ်။ ဖြစ်နိုင်တဲ့ အကြီးဆုံးအမြတ်ကတော့ အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး ကမ္ဘာကြီးကို လိုသလိုလှည့်စား ခွတုတ်ဖို့ပါပဲ။