ကမလာဟဲရစ်ရဲ့ လမ်းသစ်ဆိုတာ တရုပ်ကို ဖျင်ကုန်းပေးရမယ့် လမ်းပါ။ သိပ်တော့မသစ်ပါဘူး၊ အိုဘမတို့ ဘိုင်ဒင်-ဟဲရစ်တို့လည်း လုပ်ခဲ့တာပါပဲ၊ ကမလာနဲ့ တရုပ်ကေဒါ တမ်ပွန်တင်မ်လက်ထက်မှာ ပိုဆိုးမှာပါ။ ဘာလို့လုပ်သလဲ၊ ကွန်မီစနစ်ကို သိပ်ယုံနေလို့လားဆိုတော့ မဟုတ်ပါဘူး။ ကွန်မီစနစ်ကို တကယ်ယုံတဲ့လူတွေက အာဏာရပြီးမှ မီလျံနာတွေ ဖြစ်လာပါ့မလား။ အာဏာဆုပ်ကိုင်ထားချင်တဲ့လူတိုင်း လက်ဝဲစနစ်ကိုပဲ ခုတုံးလုပ်ကြတယ်ဆိုတာ သမိုင်းလေ့လာသူတိုင်း သိကြပါတယ်။
ကမလာကမ်ပိန်းကလည်း မုသာဝါဒကမ်ပိန်းပဲ။ တခုမှ အမှန်မပါဘူး။ ထရမ့်နဲ့ ဗန့်စ် မပြောတာတွေကို ပြောတယ်၊ မလုပ်တာတွေကို လုပ်တယ်လိုပြောပြီး သူတို့ပြောခဲ့ လုပ်ခဲ့တာတွေကျတော့ မလုပ်ခဲ့သယောင် မဖြစ်ခဲ့သယောင် ပြောကြတယ်။ အလိမ်ခံချင်တဲ့သူ၊ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲရှီသူကတော့ သေချာလေ့လာတာမျိုး ဘယ်လုပ်မလဲ။ ထရမ့်နဲ့ပတ်သက်ပြီး မကောင်းပြောသမျှကလည်း ဘာမှ ရေရေရာရာ မဟုတ်ဘူး။ သွားပုပ်လေလွင့်ပြောတာထက် ဘာမှမပိုဘူး။ ၄ရက်သာ ကုန်သွားတယ်၊ သူတို့ပေါ်လစီက ဘာဆိုတာလည်း မချပြနိုင်ဘူး။ ဟိုဟာပေးမယ်၊ ဒီဟာပေးမယ်နဲ့ အချောင်သမားမဲတွေကို ဆွယ်တာလောက်ပဲရှိတယ်။ သူတို့ ၂ကျပ်ပေးရင် ကုန်ဈေးနှုန်းက ၄ကျပ်လောက် တက်မယ်ဆိုတာတော့ သတိပြုကြပါကွယ်ရို့။
ဘီဘီစီတို့ ဗွီအိုအေတို့က ကမလာဘက်က လိုက်တာမဆန်ုးဘူး။ အဲဒီဌာနတွေက အမေရိကန်အစိုးရတို့ ယူကေအစိုးရရဲ့ ဝါဒဖြန့်လက်တံတွေအဖြစ် ထောင်ပေးထားတာလေ။ အမေရိကန်အစိုးရယန္တယားကို ခြစားဒီမိုကရက်တွေ အုပ်စီးထားတော့ သူတို့ဝါဒဖြန့်လက်တံတွေကလည်း သူတို့အာဂျင်ဒါကိုပဲ တွန်းမှာပဲ။ မယုံရင် ရိုကိစ္စအပေါ် သူတို့သဘောထားကိုကြည့်လိုက်။ ဒေါ်စုနဲ့ မြန်မာအများစုအမြင်ကို လိုက်သလား၊ ဂလိုဘယ်လစ်တွေ အာဂျင်ဒါအတိုင်း တွန်းနေသလား။ တရုပ်ကိုရော ထိထိရောက်ရောက် ဝေဖန်ရဲလား။ ဒီမိုကရက်တွေမှားရင်ရော ထောက်ပြလား။ လူတိုင်းကတော့ ကိုယ်လိမ်နေတာပါလို့ မပြောဘူး၊ လူတိုင်းကလည်း ကိုယ်သိတာပဲ အဟုတ်ထင်တယ်။ မှတ်ကျောက်တိုက်မစစ်ရင်တော့ ဟုတ်နိုးနိုးနဲ့ပဲ သံသရာလည်ကြဦးမှာ။