ဩဂုတ် ၂၃ ရက် ၂၀၂၄

ဒီကနေ့မှာ ရောဘတ်ကနေဒီဂျူနီယာက သမ္မတရကပကနေ နှုတ်ထွက်ပြီး သမ္မတထရမ့်ကို ထောက်ခံမှုပေးလိုက်ပါတယ်။ ကနေဒီအနေနဲ့ ကနေဒီတမိသားစုလုံး ဒီမိုကရက်တွေဖြစ်ကြတဲ့အတွက် ရီပါဘလစ်ကန်ခေါင်းဆောင်တဦးကို ထောက်ခံမှုပေးလိုက်တာဟာ အထူးသဖြင့် အခုလို မကွဲကွဲအောင် မမုန်း မုန်းအောင် မီဒီယာမျိုးစုံနဲ့ ရန်တိုက်ပေးနေတဲ့ခေတ်မှာ ဘယ်လောက်တောင်ခက်ခဲမလဲဆိုတာ မှန်းကြည့်နိုင်ပါတယ်။ ဒီမိုကရက်ဖြစ်ပေမယ့် ဒီမိုကရက် ပရိုင်မရီမှာ တရားသဖြင့် ပါဝင်ယှဥ်ပြိုင်ဖို့ကို အိုဘမတို့ ဘိုင်ဒန်-ဟဲရစ်တို့ အပိုင်စီးထားတဲ့ပါတီက ညစ်ထားတဲ့အတွက် ဝင်ပြိုင်ခွင့် မရခဲ့ပါဘူး။

တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ရတဲ့အခါမှာ facility၊ ငွေကြေး ကစလို့ အောက်ခြေလူထုအထိ ထိုးဖောက်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မဲပြားပေါ် ရောက်လာဖို့အတွက် မီရှီဂန်လိုပြည်နယ်မျိုးမှာ လူသိနည်းတဲ့ Natural Law Party ကနေ ဝင်ခဲ့ရပြီး ဝါရှင်တန်မှာတော့ Wd the People ပါတီကို ကိုယ်စားပြုခွင့်ရပြီး မဲပြားပေါ် ရောက်လာခဲ့တာပါ။ ကနေဒီက မဲပြားပေါ်မှာ သူ့နာမည်ဆက်ပါနေရင် ထရမ့်အတွက် မဲကွဲသွားသလို ဖြစ်မှာစိုးတဲ့အတွက် အချိန်မီ ရကပက ထွက်ခဲ့ပေမယ့် မိရှီဂန်နဲ့ ဝါရှင်တန်တွေက နောက်ဆုံးသတ်မှတ်ရက် ကျော်သွားပြီဖြစ်လို့ မဲပြားပေါ်မှာ သူ့နာမည် ဆက်ပါနေဦးမှာ ဖြစ်ပါတယ်။

ကနေဒီရဲ့ running mate ဖြစ်တဲ့ နိကိုးလ်ရှာနဟန်ဟာ ဆီလီကွန်ဗယ်လီက ရှေ့နေတဦးဖြစ်သလို ဂူဂယ်ဖောင်ဒါတဦးဖြစ်တဲ့ ဆာဂေးဘရင်ရဲ့ ဇနီးဟောင်းဖြစ်ပြီး မနှစ်ကမှ ကွဲကွာခဲ့ကြတာဖြစ်ပါတယ်။ သူမဟာ စတန်းဖို့ဥပဒေကျောင်းရဲ့ legal informatics ဖြစ်တဲ့ Code X မှာ fellow တဦးဖြစ်ပြီး ၂၀၁၉မှာ Bia-Echo ဆိုတဲ့ ဖောင်ဒေးရှင်းတခုတည်ထောင်ပြီး လူတွေရဲ့ မျိုးဆက်ပြန့်ပွားမှုသက်တမ်းကို ပိုရှည်အောင်နဲ့ autism ပျောက်ကင်းအောင်ကုသနိုင်တဲ့နည်းတွေကို သုတေသနလုပ်နေတာ ဖြစ်ပါတယ်။ ပြဿနာတွေမျိုးစုံပေးနေတဲ့ ကဗကကဆကို အစိုးရက တွန်းလာပြီး အဲဒီကကဆကြောင့် သေကြေနာမကျန်းဖြစ်ကြရတာတွေ တွေ့ရှိလာပြီးနောက်မှာ ရှာနဟန်က ကနေဒီလိုပဲ ကကဆတွေရဲ့ စိတ်ချရမှုနဲ့ ထိရောက်မှုအပေါ် သိပ္ပံပညာရှင်တွေအားလုံး သဘောတူညီမှုရှိရဲ့လားလို့ မေးခွန်းထုတ်လာတာဖြစ်ပါတယ်။

ကနေဒီကတော့ ကဗမတိုင်ခင်ကတည်းက အမေရိကန်တွေမှာ နာတာရှည်ရောဂါဖြစ်နေတာတွေကို ပပျောက်အောင် ပြုလုပ်ချင်သူပါ။ သမားရိုးကျဆေးပညာနဲ့ဆိုရင် သွေးတိုး ဆီးချို၊ နှလုံး စတဲ့ရောဂါတွေဟာ ပျောက်ကင်းဖို့မရှိပဲ ဆေးနဲ့ပဲ ထိန်းထားရပြီး ကြာလာလေ ဆေးတိုးသောက်ရလေ၊ နောက်ဆက်တွဲဆိုးကျိုးတွေရလေနဲ့ပဲ ဘဝအရည်အသွေးချို့တဲ့စွာနဲ့ ဘဝရဲ့ သုံးပုံတပုံကနေ တဝက်လောက်အထိ ဖြတ်သန်းနေကြရတာ ငွေကုန် လူမသက်သာဖြစ်ပါတယ်။

တကယ်တော့ အဲဒီရောဂါတွေဟာ မဖြစ်ခင် တားဆီးလို့ရသလို ဖြစ်လာရင်လည်း မှန်ကန်တဲ့ ဗဟုသုတ၊ ကုသနည်းတွေနဲ့ဆိုရင် ပျောက်ကင်းချမ်းသာရာ ရနိုင်တာပါပဲ။ ဒါပေမယ့် ဒီမိုကရက်ခေါင်းဆောင်တွေ၊ ဒီမိုကရက်ကြီးစိုးတဲ့ ဗျူရိုကရက် ကျန်းမာရေးအရာရှိတွေနဲ့ ဘစ်ဖာမာတွေ၊ ခြမီဒီယာတွေနဲ့ ကမ္ဘာ့ကျန်းမာအဖွဲ့တို့ပေါင်းပြီး လူထုကို အမှန်ကို အမှား၊ အမှားကို အမှန်လို့ နှစ်ရှည်လများ မှိုင်းတိုက်ထားတော့ အများစုက အသိမှား အမြင်မှားတွေနဲ့ပဲ ဖုံးလွမ်းနေကြဆဲ ဖြစ်ပါတယ်။

ထရမ့်နဲ့ပေါင်းလိုက်တဲ့ ကနေဒီရဲ့ ကြွေးကြော်သံက “မိတ်ခ်အမေရိကဟဲလ်သီးအဂန်း” ဖြစ်ပါတယ်။ ထရမ့်နိုင်ပြီး ကနေဒီ ကျန်းမာရေးဝက ဖြစ်လာခဲ့ရင် ပြည်သူ့မျက်နှာ တခုတည်းကြည့်ပြီး မှန်ကန်တဲ့ ကျန်းမာရေးအသိပညာပေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်ဖို့နဲ့ ဆေးပညာလောကကို ဘစ်ဖာမာက ငွေနဲ့ဖိပြီး စေလိုရာစေနေတာတွေ၊ တရုပ် ယူကရိန်းတို့နဲ့ပေါင်းပြီး ဒီမိုကရက်တွေလုပ်နေတဲ့ လူများများ ကိစ္စတုံးမယ့် ပိုးတွေ ဖန်တီးနေတာတွေကို ပြန်လှန်နိုင်ဖို့ မျှော်လင့်ပါတယ်။

ထရမ့်က ကနေဒီကို သူ့အစိုးရအဖွဲ့မှာ နေရာပေးမယ်လို့ ပြောထားပါတယ်။ ကနေဒီအဖြစ်ချင်ဆုံးက နာတာရှည်ရောဂါတွေ ကင်းစင်ဖို့ရယ်၊ တိုင်းပြည်ကြွေးမြီကင်းဖို့ရယ်၊ မပြီးဆုံးနိုင်တဲ့ စစ်ပွဲတွေ အဆုံးသတ်ဖို့ရယ်ဆိုတော့ ပြည်သူ့အကျိုး ဆောင်ရွက်ချင်တဲ့ ထရမ့်နဲ့ သဘောထားကွဲလွဲစရာ သိပ်တော့ မရှိပါဘူး။ ဆေးဝါးတွေ ကျန်းမာရေးကိစ္စတွေကိုတော့ ထရမ့်ထက် ကနေဒီက နှစ်ကြာရှည် သေချာလေ့လာထားတာဆိုတော့ ပိုသိနိုင်ပါတယ်။

ထရမ့်က ကနေဒီတင်မဟုတ်ပါဘူး၊ အီလွန်ကိုလည်း သူ့အစိုးရအဖွဲ့ထဲမှာပါဖို့ ကမ်းလှမ်းထားတာကို အီလွန်က လက်ခံထားပြီဖြစ်သလို လူတော်လေးဗီဗိတ်ခ်လည်း ထရမ့်အစိုးရထဲ ပါဝင်လာဖို့ ရှိနေပါတယ်။ အခုလို တိုင်းပြည်အပေါ် စေတနာရှိပြီး ခြမစားတဲ့ လူတော်လူကောင်းတွေ ထရမ့်အစိုးရထဲ ပါဝင်လာမှာဟာ ပြည်သူအတွက်ရော ကမ္ဘာသူ ကမ္ဘာသားတွေအတွက်ပါ အင်မတန်ကို ဝမ်းသာစရာဖြစ်ပါတယ်။ အမေရိကန်မှာ နာတာရှည်ရောဂါတွေကင်းစင်ရင် ကမ္ဘာလည်းအကျိုးရှိမှာ ဧကန်ဖြစ်သလို စစ်ဘေးကင်းပြီး ပညာရေးအဆင့်အတန်းတွေ တက်လာရင်လည်း ကမ္ဘာကို အကျိုးရှိစေမှာပါပဲ။

ဘိုင်ဒန်-ဟဲရစ်အစိုးရအဖွဲ့မှာ အရည်အချင်းမမှီသူ လိင်ပြောင်းတွေ ကာလာတွေ ဒီအီးအိုင်နဲ့ နေရာရနေပြီး အထက်ဆုံးက အောက်ဆုံးအထိ ပြည်သူအတွက် ဘာတခုမှ ဟုတ်တိပတ်တိ မလုပ်နေတာကို ယှဥ်ကြည့်ရင် ရွှေနဲ့ အီးနဲ့ ကွာသလို ဖြစ်ပါလိမ့်မယ်။

Leave a comment