ကမ္ဘာပေါ်မှာ ဘယ်သူအာဏာအရှိဆုံးလဲ။

ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးက အမေရိကန်သမ္မတလား၊ ပူတင်လား၊ ရှီလား၊ တယောက်မှ မဟုတ်ပါဘူး။ သူတို့ရဲ့နာမည်တွေကိုလည်း လူများစုက သိကြမှာမဟုတ်ပါဘူး။

ဘလက်ရော့ခ်၊ စတိတ်စထရိနဲ့ ဗန်ဂတ်တို့ဟာ S&P 500 ရဲ့ ၈၈% ကို ကိုင်ထားကြပြီး ကမ္ဘာမှာ လည်ပတ်နေတဲ့ ၄၄၀ထရီလီယံဒေါ်လာအနက်က ၆၆ထရီလီယံက သူတို့လက်ထဲမှာ ဖြစ်ပါတယ်။ အဲဒီ ၃ခုရဲ့ စီအီးအိုတွေက ကမ္ဘာကြီးကို ချယ်လှယ်နေကြတာပါ။ ဒီသုံးခုပိုင်တဲ့ထဲမှာ ဂျန်နရယ်ဒိုင်နမစ်၊ စထရမ် ရူးဂါးကုမ္ပဏီ၊ လော့ဟိမာတင်၊ နော်သရော့ပ်၊ ဘိုးရင်း၊ စတဲ့ လက်နက်နဲ့ စစ်သုံးပစ္စည်း ထုတ်လုပ်သူတွေရဲ့ ရှယ်ယာတွေ ပါကြတော့ စစ်ဖြစ်တာဟာ သူတို့ကို ပိုကြွယ်ဝအောင် လုပ်ပေးလိုက်သလိုပါပဲ။ ဒါကြောင့်လဲ စစ်မကြိုက်တဲ့ ထရမ့်က သူတို့ရဲ့ ရန်သူ နံပါတ် ၁ ဖြစ်လာတာပါ။

စစ်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နှစ် ၃၀ကျော်လောက်ကို ပြန်ကြည့်ရင်တောင် ထရမ့်တဦးပဲ စစ်အသစ် မစခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့လည်း ထရမ့်ကို မုန်းတာ မဆန်းသလို စစ်မကြိုက်တဲ့ တဦးတည်းသော သမ္မတပဲ လုပ်ကြံဖို့ ကြိုးစားတာခံရပြီး ကျန်စစ်ကြိုက် နှစ်ပါတီက ခြသမ္မတတွေက အေးအေးလူလူ နေနေနိုင်တာ ဘာကြောင့်လို့များ ထင်ကြပါသလဲ။

တကယ်တော့ လုပ်ကြံဖို့ ကြိုးစားတာ ဒီတကြိမ်က တကယ်ဖြစ်သွားခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာလည်း နေရာစုံမှာ အကြိမ်ကြိမ် ထပ်ကြိုးစားကြပါတယ်။ လူတွေက နိုးကြားလာကြပြီဖြစ်လို့ အထမြောက်တဲ့အထိ မရောက်လိုက်တာပါ။ လူတုထောက်ခံမှု များသထက် များလာတဲ့​ ထရမ့်ကို ထောင်ချဖို့ ရိုက်ကာကျွန်းမှာ ပြင်ဆင်နေပြီလို့လည်း သတင်းဖြန့်နေကြပါတယ်။ တချို့ကလည်း မရှိတဲ့ပြစ်မှုတွေအတွက် အမိန့်တော့ချမယ်၊ ထောင်ချတဲ့အထိတော့ မသွားဘူးလို့ မှန်းဆကြပါတယ်။ ဒါတွေက ကဗတုန်းကလိုပဲ သူတို့ရှုံးနိုင်ခြေရှိလာလေ ပွဲက ပိုကြမ်း ပိုညစ်လာလေ ဖြစ်မှာပါ။

ထရမ့်အသက်ကို ရန်ရှာတာက မကြာသေးမီကမှဆိုပေမယ့် နာမည်ဖျက်စစ်ဆင်ရေးကတော့ ၈နှစ်ကျော်လာခဲ့ပါပြီ။ စစ်မကြိုက်တဲ့၊ သူ့ကြောင့် ဘာစစ်ပွဲမှမဖြစ်တဲ့၊ သူ့လက်ထဲမှာ ကမ္ဘာကြီး အေးချမ်းခဲ့တဲ့ ထရမ့်ကို ဒီမိုကရက်တွေနဲ့ မီဒီယာတွေက လူဆိုးကြီး၊ အန္တရာယ်ကောင်ကြီးလို တညီတညာတည်း ဝိုင်းပြီး ပုံဖော်ပေးနေနိုင်ကြတာကလည်း အဲဒီကုမ္ပဏီကြီး ၃ခုက မီဒီယာတွေရဲ့ ရှယ်ယာရှင်ကြီး ဖြစ်နေလို့ပါပဲ။ တော်ရုံကုမ္ပဏီကို ရှယ်ယာဈေး တက်အောင် ကျအောင် သူတို့ ၃ခုပေါင်း အင်အားနဲ့ ဝိုင်းသမလိုက်လို့ ရပါတယ်။ အမေရိကန်မှာ အိမ်ဈေးနှုန်းတွေ တော်ရုံလူ လိုက်မမှီဖြစ်နေတာလည်း အဲဒီ ၃ခုကြောင့်ပါပဲ။ လိုက်မမှီတဲ့ အိမ်ဈေးတွေက လူငယ်တွေ အိမ်ထောင်ပြုဖို့ စိတ်ကုန်လာကြ၊ စိတ်ဓါတ်ကျကုန်ကြတဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဒီမိုကရက်တွေ အာဏာကို အသည်းအသန်လိုချင်နေတာကလည်း နောက်ကွယ်က လာရီဖင့်တို့ ဆိုရော့စ်တို့လို လက်မဲကြီးတွေနဲ့ ပေါင်းစားတာဟာ အာဏာလည်းရ၊ အမြန်ဆုံးသူဌေးဖြစ်တဲ့ လမ်းလည်း ဖြစ်လို့ပါ။ မအလတို့လိုပါပဲ။ အီလွန်က ကမ္ယာ့အချမ်းသာဆုံး ဆိုပေမယ့် သူပိုင်တဲ့ဓနက ဟို၃ခုပေါင်းထားတာနဲ့ ယှဥ်လိုက်ရင် ဘာမှကို မဟုတ်တော့ပါဘူး။ ထရမ့်ဆို ပိုဝေးပါသေးတယ်။ ဒါပေမယ့် သူတို့တွေ ထရမ့်နဲ့ အီလွန်ကို ကြောက်(မုန်း)တာက စိတ်ထဲရှိတာကို ပြောရဲတာရယ်၊ မှန်တဲ့ဘက်က ရပ်တာရယ်၊ သူတို့နောက်က ပြည်သူတွေရယ်ကြောင့်ပါ။

အီလွန်ပြောခဲ့ဖူးသလိုပဲ AI ဟာ ကောင်းတဲ့ဘက်မှာသုံးရင် အကျိုးရှိနိုင်ပေမယ့် မကောင်းတဲ့ဘက်မှာ သုံးရင် လူ့ဘောင်အတွက် အများကြီးဆိုးကျိုးဖြစ်နိုင်ပါတယ်။ AI နဲ့ လက်နက်တွေ၊ တိုက်ခိုက်ရေး စက်ရုပ်တွေ ထုတ်တာက လူတွေကို လုံးဝအစားထိုးနိုင်တဲ့အဆင့်အထိ မရောက်သေးပေမယ့် အရမ်းကို လျင်လျင်မြန်မြန် တိုးတက်လာနေပါပြီ။ အလိုအလျောက်စနစ်နဲ့ လုပ်ထားတဲ့ ဒရုန်းတွေ၊ တင့်ကားတွေ၊ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ စက်သေနတ်တပ်ဆင်ထားတဲ့ စက်ရုပ်ခွေးတွေက အပြင်မှာ တကယ်ကိုရှိနေပါပြီ။ တရုပ်ပြည်မှာ အဲဒီလို စက်ရုပ်ခွေးတွေကို တွေ့နေရပါပြီ။ AI နဲ့ဖန်တီးထားတဲ့ လူပုံစက်ရုပ်တွေလည်း စင်းလုံးချောမဖြစ်သေးပေမယ့် စပြီး ထုတ်လုပ်နေကြပါပြီ။ မကြာတော့တဲ့အချိန်မှာ ပိုကောင်းတဲ့အဆင့်တခုကို ထုတ်လုပ်နိုင်လာတော့မှာပါလို့ Ink AI marketing က ဒီရစ်ဒါက ဆိုပါတယ်။

လူသားပုံစက်ရုပ်တွေက သိပ်မကြာခင် ဈေးကွက်ထဲကို တပုံတပင် ရောက်ရှိလာနိုင်ပြီး သူတို့ကို ဘယ်လိုအသုံးချမယ်ဆိုတာကိုတော့ ဝယ်ယူသူက ထည့်ပေးတဲ့  programming က ဆုံးဖြတ်သွားမှာပါ။ စစ်ဘက်မှာလည်း စက်ရုပ်တွေ သုံးလာကြမှာ မလွဲပါဘူး။ လက်ရှိဒေတာ၊ သမိုင်းကြောင်း၊ အရင်က ရထားတဲ့ ထောက်လှမ်းရေးသတင်း၊ အချိန်နဲ့ တပြေးညီရတဲ့ ဂြိုလ်တုက ဒေတာ၊ ကင်မရာတွေကနေ မီလီစက္ကန့်တိုင်း ပို့်ပေးနေတဲ့ ပုံတွေ၊ စစ်မြေပြင်က မိုက်ကရိုဖုံးနဲ့ တခြား sensor တွေကနေ ပို့ပေးတဲ့ ဒေတာတွေကို AI နဲ့ တွက်ချက်ပြီး စစ်မြေပြင်မှာ ဗျူဟာချတာတွေအထိပါ လုပ်လာကြပါပြီ။ ကာကွယ်ရေးဘက်မှာဆိုရင်လည်း တိုက်ချင်းပစ်ဒုံးတွေကို ပစ်ချဖို့၊ ရေငုတ်သင်္ဘောတွေကို ဖော်ထုတ် ဖျက်ဆီးဖို့၊ တာဝေးဗုံးကြဲလေယာဥ်တွေကို ပစ်ချဖို့ ပိုလွယ်လာမှာ ဖြစ်ပါတယ်။

စစ်က လက်နက်နဲ့ ဟိုဖက်ဒီဖက် ချကြတဲ့ စစ်မဟုတ်တော့ပဲ ရန်သူရဲ့ ဓါတ်အားလိုင်းစနစ်ကြီးကို ဝင်ဖြိုပစ်လိုက်တာမျိုး၊ လျှပ်စစ်သံလိုက်လှိုင်းတွေ သုံးပြီး ကွန်ပြူတာချစ်ပ်တွေ အလုပ်မလုပ်တော့အောင် လုပ်တာမျိုး၊ စွမ်းအားမြင့် စွမ်းအင်လက်နက်တွေသုံးပြီး ကိုယ်ရှို့ချင်တဲ့နေရာ ကွက်ကွက်လေး ပြာချပစ်တာမျိုး၊ အဲဒါတွေက မလွဲမသွေ ဖြစ်လာတော့မှာပါ။ လျှပ်စစ်မရှိ၊ ချစ်ပ်က အလုပ်မလုပ်ရင် AI လည်း ဘာမှ မတတ်နိုင်ပါဘူး။ စစ်ရေးကိစ္စတွေ ပိုရှုပ်ထွေးလာတာနဲ့အမျှ တတွဲတည်း ပါလာတာက ကိုယ်က လက်ဦးမှုရမှဖြစ်မယ် ဆိုတဲ့ အနေအထားတခု ဖြစ်လာပါတယ်။ အဲဒါက ၁၉၈၀ပြည့်နှစ်တွေက စစ်အေးတိုက်ပွဲထက် ဆိုးရွားတဲ့ မတည်ငြိမ်တဲ့ ကမ္ဘာကြီး ဖြစ်လာစေမှာပါ။

ဒီရက်ဒစ်ရဲ့ အဆိုအရ တရုပ်က စည်းမျဥ်းစည်းကမ်းတွေ လိုက်နာပါမယ်လို့ဆိုပေမယ့် အသက်နဲ့ လောင်းကြေးထပ်ပြီး ယုံဖို့ ခက်ပါတယ်။ အခုတောင် AI သုံးတဲ့လက်နက်တွေကို ရှီမျက်စေ့ကျနေတဲ့ နိုင်ငံတွေက အာဏာရှင်တွေကို ပံ့ပိုးပေးနေတာပါ။ ကမ္ဘာပေါ်မှာ တရုပ်မျက်စေ့ကျလိုက်တဲ့ နိုင်ငံတိုင်း အာဏာရှင်နိုင်ငံတွေ ဖြစ်သွားပြီး တိုင်းပြည်နဲ့ ပြည်သူတွေ မွဲပြာကျကုန်တာ ဖော်မြူလာတခုလို တွေ့လာရပါတယ်။ AI ခေတ်မှာ အကောင်းဆုံး အဦးဆုံး ထွင်နိုင်သူက ကမ္ဘာကြီးကို စိုးမိုးမှာဖြစ်လို့ တရုပ်က သူတို့ဆီက အတော်ဆုံးတွေကို မက်လုံးပေးပြီး အသည်းအသန် ကြိုးပမ်းနေပါတယ်။ အမေရိကန်မှာတော့ ဒီအီးအိုင်နဲ့ မောင်မစ္စကတွေ ဦးမဲ ဒေါ်မဲတွေက အရည်အချင်းရှိတဲ့လူတွေကို ကျော်ပြီး နေရာရနေကြတော့ တရုပ်နောက်က ရောက်လာခဲ့ရင် ကမ္ဘာ့ချိန်ခွင်လျှာ အများကြီး ပြောင်းသွားပါလိမ့်မယ်။

မတည်ငြိမ်တဲ့ကမ္ဘာကြီးမှာသူများလက်နက်ဆန်းပိုင်ရင် ကိုယ်ကလည်း ပိုင်ဖို့ လိုလာပြီဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေ စစ်စရိတ် ထောင်းလာကြမှာဖြစ်သလို စစ်တပ်ကို ကိုင်ထားနိုင်သူတွေ၊ လက်နက်ထုတ်လုပ်သူတွေရဲ့ ရုပ်သေးအစိုးရတွေ အရေးပါနေကြဦးမှာပါ။ အိမ်တအိမ်မှာ၊ ရပ်ကွက်တခုမှာတောင် တဦးနဲ့တဦး တအိမ်နဲ့တအိမ် စောင်နေတာတွေ များလာရင် စိတ်ရဲ့ အေးချမ်းမှုက အရင်ဆုံး တာ့တာပြသွားမှာပါ။ တိုင်းပြည်လည်း အလားတူပါပဲ။ နောက်တခုက တက်လာမယ့်အခွန်တွေနဲ့ အစိုးရက သုံးမလောက် ဖြုန်းမလောက်၊ ပြည်သူက ရှာမလောက် ဖြစ်လာမှာပါ။

ထရမ့်လက်ထက်မှာ အမေရိကန်အနေနဲ့ စစ်ပွဲအသစ် မစခဲ့သလို အမေရိကန်တပ်တွေကြောင့် သေကြေရတာတွေလည်း အနည်းဆုံး ဖြစ်ခဲ့ပါတယ်။ အလားတူပဲ ကမ္ဘာ့အန္တရာယ်ကောင်အစစ်တွေကို ပါးပါးနပ်နပ် ထိန်းထားနိုင်ခဲ့တဲ့အတွက် ကမ္ဘာကြီး အေးချမ်းခဲ့ပါတယ်။ စစ်မက်ကင်းစင်တဲ့ ကမ္ဘာကြီးကို တည်ဆောက်နိုင်မှ လူတွေမှာ အပြုသဘောဆောင်တဲ့ ပညာရေး၊ ကျန်းမာရေး၊ ယဥ်ကျေးမှု၊ အနုပညာ၊ စတဲ့ကိစ္စတွေအတွက် ပိုအာရုံစိုက်လာနိုင်ပြီး တိုးတက်အေးချမ်းသာယာတဲ့ လောကကြီး ဖြစ်လာမှာပါ။ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးမှာ စိတ်အေးချမ်းသာနေချင်ရင် ထရမ့်နဲ့ မာဂါရီပါဘလစ်ကန်တွေကို ရွေးပါ။ ဒီအန္တရာယ်ကောင်တွေကို ဖြိုချဖို့၊ ချကိုက်နေတဲ့ စနစ်ကြီးကို ပြင်ဆင်ဖို့ ထရမ့်မှာ ဝိုင်းကူကြမယ့် လူတော်လူကောင်းတွေ အဆင်သင့်ရှိနေပါပြီ။ အိမ်ဖြူရောက်အောင် ပို့ပေးဖို့ပဲ လိုပါတော့တယ်။ အဲဒီအတွက် သင်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ တကယ့်အာဏာက ပြည်သူ့လက်ထဲမှာသာ ရှိရမှာ ဖြစ်ပါတယ်။

အရှည်ကိုမကြည့်ပဲ ကမလာတို့ အိုဘမတို့ ချတဲ့ ငါးစာနောက်လိုက်မိရင် တိုးလာမယ့် ကုန်ဈေးနှုန်းတွေ ငွေဖောင်းပွမှုတွေ စိတ်ဖိစီးမှုတွေ၊ စစ်ပွဲတွေ ရာဇဝတ်မှုခင်းတွေကြောင့် သေကျေပျက်စီးမှုတွေ၊ ဆုတ်ယုတ်လာမယ့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စိတ်ဓါတ်နဲ့ စာရိတ္တတွေ၊ လွတ်လပ်မှုတွေ၊ လူသားသိက္ခာတွေ အဲဒါတွေကို ထည့်စဥ်းစားဖို့လိုပါတယ်။ ဘိုင်ဒန်-ဟဲရစ် စတက်တုန်းက အခုလိုတွေ ဖြစ်လာမယ်လို့ ထင်ခဲ့ကြသလား။ အိုဘမတက်စနဲ့ ၈နှစ်အပြီး၊ ဘိုင်ဒန်ဟဲရစ် တက်စနဲ့ အခု ဆုတ်ယုတ်မှုက အဖက်ဖက်မှာ အထင်အရှားပါ။ သူတို့ပဲ ဆက်ရှိနေရင် နောင် ၄နှစ်ဆိုရင် ပြန်လှည့်လို့ ဘယ်လိုမှ မလွယ်တော့တဲ့ အနေအထားတခုကို ရောက်သွားတာ့မှာပါ။ သင့်ရွေးချယ်မှုက သင့်အနာဂတ်၊ သင့်မိသားစု အနာဂတ်၊ ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် အများကြီး သက်ရောက်မှုရှိမယ်ဆိုတာ သတိမြဲမြဲထားပြီး မှန်ကန်စွာ ရွေးချယ်နိုင်ကြပါစေ။

Leave a comment