ကမလာတို့ ဒီမိုကရက်တွေက သူတို့လက်ထက်မှာ ရာဇဝတ်မှုခင်း ကျဆင်းတယ်လို့ ပြောကြပါတယ်။ ခိုးဝင်ရာဇဝတ်ကောင်တွေ ဒင်းကြမ်းဖြစ်နေတာရော ပတ်ဝန်းကျင်မှာ မြင်နေကြားနေရတာရောနဲ့က လွဲနေတော့ တခုခုတော့ မှားနေပြီလို့ သိလိုက်ပါတယ်။ လွှတ်တော်မှာ ရီပါဘလစ်ကန်အမတ် Andy Biggs က ဘာကြောင့် ရာဇဝတ်မှုခင်းဒေတာတွေ ကျဆင်းနေရသလဲဆိုတာကို ရှင်းပြသွားပါတယ်။ ဒီမိုကရက်တွေ ရာဇဝတ်မှုခင်း ကျဆင်းအောင်လုပ်တဲ့နည်းတွေက
၁။ ရာဇဝတ်မှုအဖြစ် အကျုံးဝင်မယ့် သတ်မှတ်ချက်တွေကို လျော့ပေးတာ၊ (ဥပမာ $ 950ဖိုးအောက် ခိုးရင် ရာဇဝတ်မှုနဲ့ အကျုံးမဝင်ပဲ တဆင့်နိမ့်တဲ့ misdemeanor အသေးစားအမှားလုပ်မိတာနဲ့ပဲ အကျုံးဝင်သွားတာပါ၊ အဲဒါကို $2000 ဖိုးအောက်လို့ ပြင်လိုက်တဲ့ ပြည်နယ်တွေမှာ ရာဇဝတ်မှုစာရင်း ပိုကျသွားပါလိမ့်မယ်။
၂။ အလားတူပဲ ကြမ်းတမ်းရာဇဝတ်မှုနဲ့ ပတ်သက်ပြီး လက်နက်ဖြင့် ကြမ်းတမ်းစွာရိုက်နှက်မှု aggravated assault ကို သာမာန်ရိုက်နှက်မှု/လက်ရောက်မှု assault ၊ သာမာန်ရိုက်နှက်မှုကို misdemeanor လို့ သတ်မှတ်လိုက်တဲ့အခါ ကျူးလွန်ခံရသူတွေ နစ်နာသလောက် ရာဇဝတ်သားတွေနဲ့ ဒီမိုကရက်တွေ အမြတ်ထွက်ပါတယ်။
၃။ ရဲတွေကို ရာဇဝတ်မှုခင်း အစီရင်ခံစာ တင်ပို့ရမယ့် လမ်းညွှန်ချက်ကို နှစ်တနှစ်ရဲ့ ၆လကျော်အထိ ချမပေးတဲ့အတွက် အဲဒီကာလအတွင်’ ဖြစ်ခဲ့သမျှ ရာဇဝတ်မှုတွေဟာ တရားဝင်ဒေတာဘေ့စ်ထဲ ရောက်မလာတော့ပါဘူး။
ဒီလို မရိုးမသားကလဖန်ထိုးထာတွေကို ရာဇဝတ်မှုခင်းဒေတာကိစ္စမှာတင် သုံးတာမဟုတ်ပါဘူး။ ခိုးဝင်တွေနဲ့ ပတ်သက်တဲ့ ဒေတာတွေလည်း ဘာမှမရှိတဲ့အပြင် မိဘမပါပဲ ခေါ်သွင်းလာတဲ့ ကလေးငယ်တွေရဲ့ ဒေတာတွေလည်း ပီဒိုတွေ၊ လူကုန်ကူးသူတွေအကြိုက် စာရင်းဖျောက်ထား ကြတာပါ။ ခိုလှုံခွင့်လျောက်သူတွေဟာ ရုံးချိန်းတွေလုပ်ပြီး ပြန်လာရတာ ထုံးစံဖြစ်ပေမယ့် ကမလာတို့ ဘိုင်ဒင်တို့လက်ထက်မှာ အဲဒီထုံးစံတွေ ရှိသည့်တိုင် enforce မလုပ်၊ မလိုက်နာ အလေးမထား ကြတော့တာဟာ လူကုန်ကူးသူတွေ၊ အမြတ်ထုတ်လိုသူတွေအတွက် စိတ်ကြိုက်အနေအထားတခုကို ဖန်တီးပေးထားသလို ဖြစ်နေပါတယ်။ ခိုးဝင်တွေက ကျူးလွန်တဲ့ပြစ်မှုတွေဆိုလည်း သတင်းကြီး ဖြစ်လာတာမျိုးကလွဲလို့ လူမည်းတွေကျူးလွန်တဲ့ အမှုတွေလိုပဲ ရေ့စစ်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်လိုလူမျိုးတွေက ကျုးလွန်တယ်ဆိုတာကို ဖျောက်ထားကြပါတယ်။
ဟိုဘာသာကြီးကလူတွေ အများကြီးရွှေ့ပြောင်းလာတဲ့ ဥရောပမှာဆိုရင်လည်း ဘယ်ရင်းမြစ်က လူဘယ်နှစ်ဦး နိုင်ငံထဲမှာ ရှိနေတယ်ဆိုတဲ့ စာရင်းမပြနိုင်တာ နှစ်အတော်ကြာခဲ့ပါပြီ။ ရာဇဝတ်ပြစ်မှုတွေ မုဒိမ်းမှုတွေ ဖြစ်လာတော့လည်း ဘယ်လိုလူမျိုးတွေက ကျူးလွန်တယ်ဆိုတာ အမှန်အတိုင်း အများသိကုန်ရင် အာဏာလက်လွှတ်ရမှာဖြစ်တဲ့အတွက် ဇယားဖျောက်ထားကြတာပါပဲ။ အဖြစ်မှန်သိမှ အကောင်းဆုံး ဘယ်လိုဆက်လုပ်ကြမယ်ဆိုတာကို စီမံနိုင်မှာပါ။ ဒါက လူမျိုး/ ဘာသာ ခွဲခြားတာလည်း မဟုတ်ပါဘူး။ ကိုယ်က ဘယ်လောက်ကောင်းကောင်း၊ ကိုယ့်လိုလူအများစုက မကောင်းနေရင် ကိုယ့်ကိုလည်း မကောင်းမြင်ကြမယ်ဆိုတာ လူတိုင်းရှောင်လွှဲလို့မရတဲ့ အမှန်တရားတခုပါ။ ဒီလိုဖြစ်မလာစေချင်ရင် အချင်းချင်း ထိန်းကွပ်ကြဖို့ပဲ ရှိပါတယ်။
ဒီဘိတ်လုပ်ပေးခဲ့တဲ ABC News ကို ဦးစီးနေတဲ့ Dana Waldens က ကမလာရဲ့ တော်တော်ကိုရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတာ အနှစ် ၃၀ရှိပြီဖြစ်ပြီး ခင်ပွန်း၂ဦးသိခဲ့ကြတာက အနှစ် ၄၀ကျော်ပါပြီ။ ဒါ့အပြင် ဒိန်နာဟာ ကမလာရဲ့ ကမ်ပိန်းတိုင်းနဲ့ ဒီမိုကရက်ကန်ဒီဒိတ်တွေကို ငွေအမြဲလှူခဲ့သူ ဖြစ်ပါတယ်။ ABC က အက်စတာဘလစ်ရှ်မန့်ကို ပင်းတဲ့ လစ်ဗြဲမီဒီယာဖြစ်တာအပြင် အခုလို ပုဂ္ဂလိကဆက်နွယ်မှုတွေ ရှိနေတာဆိုတော့ တရားမျှတမှု ဘယ်လိုမှ မရှိနိုင်ပါဘူး။ တရားရုံးတွေမှာ တရားသူကြီးတွေက အမှုရှင်တဖက်ဖက်နဲ့ သိကျွမ်းနေတယ်ဆိုရင် Conflict of interest ကြောင့် အဲဒီအမှုကို မကိုင်တွယ်ပဲ ရှောင်ပေးရပါတယ်။ တကယ်လို့များ ကမလာက ကိုယ်ကျင့်သိက္ခာကို အနည်းငယ်မျှ တန်ဖိုးထားသူ ဖြစ်ခဲ့လျှင်တောင် အခုလို ပြောစရာဖြစ်လာနိုင်တဲ့ အနေအထားတခုကို ရှောင်ရှားခဲ့သင့်တာပါ။
တောင်အမေရိကမှာ အလွန်ဆိုးသွမ်းတဲ့ဂိုဏ်းလို့ နာမည်ကြီးတဲ့ ဗင်နီဇွဲလားက အဖွဲ့ဝင် ၅၀၀၀ လောက်ရှိတဲ့ Tren de Aragua (the Gateway လို့ အဓိပ္ပါယ်ရ) ဆိုတဲ့ ဂိုဏ်းဟာ မနေ့ကတင်သလို ကိုလိုရာဒိုမှာတင် သောင်းကျန်းတာ မဟုတ်ပဲ တက္ကဆက်စ်ပြည်နယ်က လူဦးရေ ၆၈၀,၀၀၀ပဲရှိတဲ့ အယ်လ်ပါဆိုမြို့မှာလည်း မြို့လယ်က ဟိုတယ်တခုကို ဇွန်လကတဲက ဝင်စီးထားတာ ဖြစ်ပါတယ်။ ဂိုဏ်းဝင်တွေနဲ့ အပေါင်းအပါတွေဟာ အဲဒီဟိုတယ်မှာ ပျော်ပါးသောက်စားကြသလို ရဲဒင်းတွေ ဓါးတွေတဝင့်ဝင့်နဲ့ သောင်းကျန်းကြပြီး တခါတရံ အခန်းထဲမှာတင်ကို သေနတ်တွေပစ်နေကြတာလို့ သိရပါတယ်။ ရဲကို ဖုံးဆက်တိုင်တာတင် အကြိမ်ပေါင်း ၇၀၀နီးပါး လက်ခံရရှိခဲ့တာပါ။ မြို့အုပ်ချုပ်ရေးက ဒီကနေ့မွန်းတည့်မတိုင်မီ ထွက်ပေးဖို့ notice ပေးထားပြီး ဟိုတယ်ကို ပိတ်ပစ်ဖို့ ကြိုးစားနေပါတယ်။ အဲဒီဂိုဏ်းက ကိုလိုရာဒိုနဲ့ တက္ကဆက်စ်တင်မကပဲ အမေရိကန်တလွှားမှာ ရောက်ရှိနေကြတာဖြစ်လို့ ကိုယ့်အနားမှာ မကြာမီ တွေ့ရှိလာနိုင်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။
အခုနာမည်ကြီးနေတဲ့ Ohio ပြည်နယ် Springfield မြို့မှာလည်း ဟေတီကလာတဲ့ ခိုးဝင်တွေဟာ ပန်းခြံတွေထဲက ရေကန်တွေမှာ ကျက်စားတဲ့ ဘဲတွေကို ဖမ်းစားနေကြတယ်လို့ ဒေသခံတွေက တိုင်တန်းထားပါတယ်။ အမေရိကန်က ပန်းခြံတွေမှာ ရေကန်တွေ ရှိတတ်သလို ဘဲတွေ ငန်းတွေက ဘေးမဲ့လို သဘာဝအတိုင်း နေထိုင်ကြတာပါ။ ကြက်ဆင်တွေဆိုလည်း အုပ်လိုက် မကြာမကြာ တွေ့ရတတ်ပါတယ်။ ဘယ်အမေရိကန်မှ ဖမ်းမစားတဲ့အတွက် လူလည်း မကြောက်ကြပါဘူး။ ယဥ်ကျေးမှုမတူ၊ လူမှုအဆင့် ကွာခြားတဲ့နိုင်ငံတွေက လူဆိုးတွေ အများကြီးပါနိုင်တဲ့လူတွေ ကိုယ့်တိုင်းပြည်လူဦးရေရဲ့ ၁၀ပုံ ၁ပုံနီးပါး ပေးဝင်တာရဲ့ နောက်ဆက်တွဲရလာဒ်တွေကို ပြည်သူတွေကပဲ ခါးစီးခံရမှာပါ။ ရာဇဝတ်သားတွေကို အမြဲ ပ စားပေးလေ့ရှိတဲ့ ကမလာတို့က မဲရပြီးတာနဲ့ အကုန် ပေယျာလကန် လုပ်ပစ်လိုက်မှာကို မမေ့ကြပါနဲ့။
အက်ဖ်ဘီအိုင်က နယူးယောက်ဂါဗာနာ ကေသီဟိုချူးလ်ရဲ့ ဒုဝန်ထမ်းချုပ်ဟောင်း Linda Sun ရဲ့အိမ်ကို ဝင်စီးအပြီးမှာ သူမဟာ တရုပ်အစိုးရရဲ့ အေးဂျင့်တဦးဖြစ်နေကြောင်း တရားရေးဌာနက ကြေငြာလိုက်ပါတယ်။ သူမရဲ့ ယောက်ျား Chris Hu ကိုလည်း ငွေဖြူဖွတ်မှု၊ ဘဏ်လိမ်လည်မှု၊ သူ့ရဲ့ ID တွေနဲ့ ပတ်သက်ပြီး အလွဲသုံးစားပြုမှုတွေနဲ့ စွဲဆိုထားပြီး ၂ယောက်လုံးကို ဖမ်းထားတာ ဖြစ်ပါတယ်။ တရုပ်အစိုးရအတွက် အလုပ်လုပ်ပေးခဲ့တဲ့အတွက် လင်ဒါတို့နှစ်ဦးဟာ ဒေါ်လာသန်းချီအပြင် လက်ဆောင်အများအပြား၊ ခရီးသွားလာခွင့်များနဲ့ သူတို့ရဲ့ မိဘတွေကိုပါ တရုပ်အရာရှိတွေက စပယ်ရှယ် ချက်ကျွေးကြတာ ဖြစ်ပါတယ်။ Long Island က သူတို့ရဲ့ ၃.၅သန်းတန်အိမ်၊ ဟိုနိုလူလူက ၁.၉သန်းတန်ကွန်ဒို၊ ဖရာရီကား စတာတွေဝယ်ဖို့အတွက် တရုပ်အစိုးရက ပေးတဲ့ငွေတွေကို ငွေဖြူဖွတ်ခဲ့တာပါ။ သူမက နယူးယောက်အစိုးရဆီမှာ ၁၅နှစ်လုပ်ခဲ့ပြီး ဟိုချူလ်မတိုင်ခင် အန်ဒရူးကိုမို လက်အောက်မှာလည်း လုပ်ခဲ့သူဖြစ်ပါတယ်။
မနှစ်ကကွယ်လွန်သွားတဲ့ ဒီမိုကရက်ဆီနိတ်တာ ဒိုင်ယန်းဖာန်းစတိုင်းဆီမှာ အနှစ် ၂၀ကျော် လုပ်လာတဲ့ ယာဥ်မောင်း/ရုံးဒါရိုက်တာ ဟာလည်း တရုပ်စပိုင်ပါပဲ။ အက်ဖ်ဘီအိုင်က သတိပေးထားသည့်တိုင် ဖာန်းစတိုင်းက အဲဒီလူက ဘာအရေးကြီးသတင်းတွေကိုမှ ထိတွေ့နေတာမဟုတ်ပါဘူးဆိုပြီး ဆင်ခြေ ပေးခဲ့ပါတယ်။ ဖာန်းစတိုင်းက လွှတ်တော်ထောက်လှမ်းရေး ကော်မီတီမှာ ခေါင်းဆောင်ဆိုတော့ တိုင်းပြည်အတွက် အန္တရာယ်များသလောက် အဲဒီလူရော ဖာန်းစတိုင်းရော သန်းပေါင်းများစွာ ရကြမှာပါပဲ။ ဒါကြောင့်လည်း ဖာန်းစတိုင်းက အသက် ၉၀အထိ မသေမချင်း ရာထူးကို ဆုပ်ကိုင်သွားခဲ့တာ ဖြစ်မှာပါ။
ဒါက ဒီမိုကရက်တွေ တရုပ်နဲ့ပတ်သက်လာရင် အာစေးထည့်ထားကြပြီး တရုပ်အတွက် အကွက်တွေ ဟ ပေးထားကြတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ အောက်လွှတ်တော်က တရုပ်စပိုင်မနဲ့ညိတဲ့ အဲရစ် ဆွဲဝဲလ် ဟာလည်း လွှတ်တော် ထောက်လှမ်းရေးကော်မီတီကပါပဲ။ ကျန်တဲ့လူဒီမိုကရက်တွေကသာ ခြမစားဘူးဆိုရင် ခြစားသူကိုလည်း ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ အရေးပါတဲ့ ကော်မီတီတွေကို ဦးမဆောင်ခိုင်းသင့်ဘူးပေါ့။
ကနေ့လည်း နယူးယောက်က ရဲကော်မရှင်နာ Edward Caban ဟာ ပြီးခဲ့တဲ့အပတ်က ခြစားမှု၊ ဩဇာအာဏာ အလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်ပြီး အက်ဖ်ဘီအိုင်က အိမ်ကို ဝင်စီးအပြီးမှာ နှုတ်ထွက်သွားခဲ့ပါတယ်။ အက်ဖ်ဘီအိုင်အကြီးအကဲတွေသာ သမာသမတ်ရှိခဲ့ရင် ဒီထက်အများကြီး ထွက်လာဦးမှာပါ။ မတွေ့သေးလို့ အပြစ်ကင်းတယ်လို့ လျော့မတွက်ပဲ ဖြစ်နိုင်ခြေတွေကို လုပ်ရပ်တွေ အပြောတွေနဲ့ ချိန်ထိုးကြည့်ဖို့ သင်ခန်းစာဖြစ်ပါတယ်။