မြန်မာပြည်မှာ ရေကြီး ရေလွှမ်းတာတွေဖြစ်တော့ ဒါမျိုးတွေဟာ အမေရိကန်မှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတပုဒ်ကို သွားသတိရမိပါတယ်။ ဒီမှာကတော့ သဘာဝဘေးဆိုတာမှာ နယ်မြေအကန့်အသတ်ရှိပြီး ကြိုတင်ခန့်မှန်းလို့ ပြင်ဆင်လို့ ရနိုင်ပေမယ့် အကြမ်းဖက်တွေရဲ့ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ဆိုရင် အချိန် နေရာမရွေး ဖြစ်နိုင်တာရယ် ခန့်မှန်းဖို့ခက်တာရယ်ကြောင့် ပျက်စီးဆုံးရှုံးနိုင်ခြေက ပိုကြီး၊ ပိုဆိုးပါတယ်။
နိုင်ငံတနိုင်ငံကို ဆိုင်ဘာတိုက်ခိုက်မှု အောင်အောင်မြင်မြင် ဆင်နွဲနိုင်ခဲ့တာက ၂၀၀၇မှာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတီထွင်ထားတဲ့ Stuxnet ကွန်ပြူတာဗိုင်းရပ်စ်ကို အသုံးပြုကာ အီရန်ရဲ့ ယူရေနီယံသန့်စင်စနစ်ကို ဖျက်ဆီးခဲ့လို့ အီရန်ယူရေနီယံသန့်စင်စနစ်ရဲ့ ၂၀%လောက် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီတီထွင်မှုကို နှစ်နိုင်ငံလုံးက ဝန်မခံကြပေမယ့် အော်ပရေးရှင်းအိုလံပစ်ဂိမ်းစ် လို့ခေါ်ကြောင်း နေရှင်နယ်အင်းထရက်စ်သတင်းစာမှာ ဖော်ပြထားပါတယ်။ အဲဒီဗိုင်းရပ်စ်ကို နောက်ပိုင်းမှာ ဂက်စ်ပိုက်တို့၊ ဓါတ်အားပေးရုံ တို့၊ ရေပေးစနစ်တို့ကိုပါ တိုက်ခိုက်လာနိုင်အောင် ပြုပြင်မွမ်းမံလာကြပါတယ်။
၂၀၀၈မှာ ပိုလန်က ၁၄နှစ်သားလေးက သူ့မြို့က tram ဓါတ်ရထား သွားတဲ့စနစ်ကို အပျော် hack ခဲ့ရာက ရထားလမ်းအချက်ပေးစနစ်တွေ ကမောက်ကမဖြစ်ကုန်ပြီး ဓါတ်ရထား ၄စီးလမ်းချော်ကာ လူ ၁ဒါဇင်လောက် ဒဏ်ရာရခဲ့ပါတယ်။ ၂၀၁၄မှာ ဂျာမဏီက စတီးစက်ရုံကွန်ပြူတာစနစ်ထဲကို ဟက်ကာတွေ ဝင်သောင်းကျန်းသွားလို့ ထိန်းမရဖြစ်ပြီး စက်ရုံရုတ်တရက် ပိတ်ကျသွားတာကြောင့် အပျက်အစီးတွေ အတော်ဖြစ်ခဲ့ပါတယ်။ ၂၀၁၆မှာ ခရိုင်းမီးယားကိုသိမ်းပြီးနောက် ရုရှားဟက်ကာတွေက ယူကရိန်းရဲ့ ပါဝါဂရစ် ပင်မဓါတ်အားလိုင်းစနစ်ကြီးကို ဝင်ဟက်ခ်ခဲ့တဲ့အတွက် ရေခဲတဲ့ ဆောင်းတွင်းကြီးမှာ ဓါတ်အားပြတ်တောက်မှုအကြီးစား ဖြစ်ပွားခဲ့ပါတယ်။
အမေရိကန်မှာလည်း ၂၀၁၃မှာ အီရန်ဟက်ကာတွေက နယူးယောက်က ရေလှောင်တမံ ရေထိန်းစနစ် ကွန်ပြူတာကို ဝင်ဟက်ခ်ခဲ့ပါသေးတယ်။ တာဝန်ရှိသူတွေက အချိန်မီ သိလိုက်တဲ့အတွက် အနီးပတ်ဝန်းကျင်မြို့လေးတွေ ရေလွှမ်းမဲ့ဘေးက လွတ်မြောက်သွားခဲ့ပါတယ်။ ၂၀၂၁မှာ ရုရှားကလို့ ယူဆရတဲ့ ဟက်ကာတစုဟာ အမေရိကန်ရဲ့ အကြီးဆုံးပိုက်လိုင်းကွန်ယက်တွေထဲက တခုဖြစ်တဲ့ ကိုလိုနီယယ်ပိုက်လိုင်းထိန်းချုပ်ရေးစနစ်ကို ဝင်ဟက်ခ်ခဲ့တဲ့အတွက် အမေရိကန်အရှေ့ပိုင်း ပြည်နယ် တွေမှာ ရေနံ၊ ဓါတ်ငွေ့ ပြတ်လတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကိစ္စဖြစ်ပြီး ဘိုင်ဒန်က ပူတင်ကို ဂျနီဗာမှာ တွေ့ဆုံပြီး ရုရှန်းဟက်ကာတွေ လုံးဝလက်ရှောင်သင့်တဲ့ အမေရိကန်ရဲ့ အရေးအပါဆုံး ပိုက်လိုင်း ၁၆ခု စာရင်းကို ပေးအပ်ခဲ့ပါတယ်။ ဒါတွေပဲရွေးတိုက်လို့ မပြောရုံတမယ်ပါပဲ။
အဲဒီ ၁၆ခုထဲမှာ ဓါတ်အားပေးစနစ်၊ ရေပေးဝေရေးစနစ်၊ ကျန်းမာရေးစနစ်၊ အရေးပေါ်စနစ်၊ ဓါတုလုပ်ငန်းတွေ၊ နျူဓါတ်ပေါင်းဖိုတွေနဲ့ ရေအားလျှပ်စစ်စနစ် စတာတွေ ပါဝင်နေပါတယ်။ အဲဒါတွေလည်း ပေးပြီးရော ဘိုင်ဒန်က တိုင်းပြည်ကို မိန့်ခွန်းပြောတဲ့ထဲမှာ ရမ်ဆမ်ဝဲတွေပါတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ ကမ္ဘာမှာ တကယ်ဖြစ်လာနိုင်တဲ့ အရာတွေပါ၊ မဖြစ်ဖူးလို့ ငါအာမမခံနိုင်ဘူး၊ နောင်အင်အားကြီးနိုင်ငံတခု (ရုရှား)က ဆိုင်ဘာအတက်ခ်လုပ်လာတာ အများကြီးကို ဖြစ်လာနိုင်နေပါပြီ။ ဖြစ်လာခဲ့ရင် ပျက်စီးဆုံးရှုံးမှုတွေ အကြီးကြီးမှ အကြီးကြီး ဖြစ်သွားလိမ့်မယ်လို့ ခြောက်ပါတယ်။
၂၀၂၃မှာ အီရန်နောက်ခံထားတဲ့ ဆိုင်ဘာအဗန်ဂျာစ်အဖွဲ့က ပစ္စဘတ်ဂ်အပေါ်ပိုင်းက ရေသန့်စင်တဲ့ ဌာန ၁၀ခုရဲ့ ကွန်ပြူတာစနစ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပါတယ်။ တာဝန်ရှိသူတွေက အချိန်မီသိသွားခဲ့လို့ manual ကိုပြောင်းပစ်ခဲ့တာကြောင့် ထိခိုက်မှု မရှိခဲ့တာပါ။ ၂၀၂၄မှာလည်း ရုရှားနဲ့ ပတ်သက်နေတဲ့ ဟက်တာအုပ်စုတခုက တက္ကဆက်စ်က ရေလှောင်တာဝါတခုရဲ့ ထိန်းချုပ်ရေးစနစ်ထဲကို ခိုးဝင်ပြီး ရေဂါလံပေါင်းထောင်ပေါင်းများစွာ လျှံကျအောင် လုပ်ခဲ့တာကြောင့် အရေးပေါ်အခြေအနေအထိ ဖြစ်သွားခဲ့ပါတယ်။ အင်ဒီယားနားမှာလည်း တာဝန်ရှိသူတွေက ရုရှန်းဟက်ကာတွေက သူတို့ ရေပေးဝေစနစ်ကို ဝင်တိုက်ခဲ့ကြောင်း ကြေငြာသွားပါတယ်။
အိမ်ဖြူက ဒီနှစ်မတ်လ ၁၈ရက်နေ့ကထုတ်တဲ့စာထဲမှာ ဆိုင်ဘာအတက်ခ်တွေဟာ အမေရိကန်တလွှားက ရေပေးစနစ်နဲ့ ရေဆိုးစနစ်တွေကို ဒုက္ခရောက်အောင် လုပ်နေကြကြောင်း၊ အဲဒီတိုက်ခိုက်မှုတွေဟာ သန့်ရှင်းစိတ်ချရတဲ့ ရေအသက်သွေးကြောကို ကမောက်ကမ လုပ်ပစ်နိုင်ကြောင်း၊ အဲဒါတွေကို ကာကွယ်ဖို့ သင်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါကြောင်း ရေးသားထားပြီး ဥပမာ ၂ခုပေးထားပါတယ်။ တခုက ပစ္စဘတ်ဂ်ကဟာဖြစ်ပြီး နောက်တခုက တရုပ် အစိုးရစပွန်ဆာတဲ့ ဗိုလ့်တိုင်ဖုံးအုပ်စုဟာ အမေရိကန်ရဲ့ သောက်ရေအပါအဝင် အချက်အချာကျတဲ့ အခြေခံအဆောက်အဦတွေရဲ့ ဆက်သွယ်ရေးစနစ်တွေထဲကို ဝင်ဟက်ခ်နိုင်ခြေရှိကြောင်း၊ သူတို့သုံးတဲ့ စနစ်က တခြားဟက်ခ်တဲ့စနစ်တွေလိုမဟုတ်ပဲ စစ်ရေးပဋိပက္ခဖြစ်လျှင် (သို့) ပထဝီနိုင်ငံရေး တင်းမာမှုတွေဖြစ်လာထဲ့အခါ ချက်ကောင်းကျတဲ့ အင်ဖရာစထရပ်ချာတွေကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားတာလို့ ဖက်ဒရယ်အေဂျင်စီတွေ ဌာနတွေက ယုံကြည်ချက်လယ်ဗယ်မြင့်မြင့်နဲ့ သုံးသပ်ကြောင်း ရေးထားပါတယ်။
အဲဒီအိမ်ဖြူက စာအပေါ်မှာ ၂ချက်ထောက်ပြပါမယ်။ ၁ က ဒါတွေ ပြည်သူကသိတော့ စိတ်ပူတာပဲ ရှိမှာပေါ့၊ အစိုးရက မဖြစ်အောင် အဖက်ဖက်က ကြိုကာရမှာလေ။ ခုလိုစာထုတ်တာက ကလိုင်းမိတ်ချိန့်တို့ ကဗတို့လိုပဲ ပြည်သူကို အကြောက်တရားနဲ့ နေစေ့ချင်တာရယ်၊ ကြောက်မှ ဆင်ခြင်တုံတရားတွေ ပျောက်ကုန်ပြီး သူတို့လှည့်သလို ဝင်လာမှာ၊ သူတို့ကို အားကိုးလာမှာကို လိုချင်တာ ဖြစ်ပါတယ်။ ၂ က တရုပ်ရဲ့ အစီအစဥ်ကို အကုန်သိနေပါလျက်နဲ့ ကာကွယ်ဖို့ မလုပ်ပဲ ကိုယ်ရေသန့်သန့်သောက်ရဖို့ တရုပ်ကမ္ယာမှာ ဗိုလ်ကျသမျှ ရေငုံနေရမယ့်သဘောမျိုး သက်ရောက်နေပါတယ်။ အိုဘမတုန်းကလည်း အီရန်က နျူထုတ်မှာစိုးလို့ဆိုပြီး ဘာမဆို လိုက်လျောရတာ ဟိုအတန်းရောက်လုရောပဲ။ ပြီးတော့ ထုတ်/မထုတ် စစ်တာလည်းမဟုတ်။ ရန်သူဘက် ပင်းချင်လို့ သက်သက် ဆင်ခြေပေးတဲ့သဘောပဲ ဖြစ်နေတာပါ။ ဒီလိုပြောလို့ တချို့က ကိုယ့်တိုင်းပြည်နာတာ ခံပါ့မလား၊ ဖြစ်နိုင်ပါ့မလားလို့ မေးကြတယ်။ သူဌေးလည်း မြန်မြန် ဖြစ်ချင်တယ်၊ တခြားလုပ်ကိုင်မစားတတ်ဘူး၊ ဒါပေမယ့် လုပ်ပိုင်ခွင့်အာဏာရှိတယ်၊ ဟိရိဩတပ္ပ၊ ကိုယ်ချင်းစာတရား/ အကြင်နာတရားလည်း ခေါင်းပါးတယ်ဆိုရင် သိပ်ဖြစ်နိုင်တာပေါ့။
ဆိုင်ဘာအတက်ခ်က infrastructure တွေကိုပဲ ဦးတည်တာ မဟုတ်ပါဘူး။ ဒီနှစ်ရကပက အမေရိကန်နဲ့ ကမ္ဘာကြီးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ပွဲဆိုတော့ ကမ္ဘာ့ငပွကြီးများ ပုံအောပြီး ဝင်စွက်ကြမယ့် ပွဲပါ။ အီရန်က ဟက်ကာအုပ်စုက ဒီနှစ်ဇွန်လလောက်ကတည်းက ထရမ့်ကမ်ပိန်းကို ဝင်ဟက်ခ်ပြီး ရလာတဲ့ အများပြည်သူနဲ့ မဆိုင်တဲ့ သတင်းတွေကို ဘိုင်ဒန်ကမ်ပိန်းကို ပို့ပေးဖို့ ကြိုးစားခဲ့တယ်လို့ အက်ဖ်ဘီအိုင်က အတည်ပြုသွားပါတယ်။ အဲဒါက ဘိုင်ဒန်ကို ကမလာနဲ့ အစားမထိုးခင် အပတ်တွေက ဖြစ်ခဲ့တာပါ။ ဩဂုတ်လထဲမှာတော့ FBI, the US Cybersecurity and Infrastructure Security Agency (CISA) နဲ့ Office of the Director of National Intelligence (ADNI) တို့က အီရန်ဟာ အမေရိကန်ရကပကို ဝင်စွက်ဖို့ ဘက်ပေါင်းစုံက ကြိုးစားနေပြီး မဲဆန္ဒရှင်တွေကြား သဘောထား ကွဲလွဲမှု ကြီးမားအောင် ပြုလုပ်နေတယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် တရုပ်နဲ့ ရုရှားကလည်း သူတို့အကျိုးအတွက် အမေရိကန်တွေကြား အကွဲအပြဲတွေပိုဆိုးအောင် ကြိုစားနေကြောင်းလည်း စာထုတ်သွားပါတယ်။
အဲဒီလထဲမှာပဲ မိုက်ကရိုဆော့ဖ်က အီရန်နောက်ခံပေးထားတဲ့ ဟက်ကာတွေဟာ သမ္မတကမ်ပိန်းတခုက ရာထူးကြီးပုဂ္ဂိုလ်တဦးကို ပစ်မှတ်ထားတိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်ကမ်ပိန်းလို့ မပြောပေမယ့် သူတို့ဘက်သား ဒီမိုကရက်တွေကို တိုက်ခိုက်မှာမဟုတ်တော့ ထရမ့်ကို တိုက်ခိုက်တာပဲ ဖြစ်မှာပါ။ အီရန်က ဝန်မခံသလို ကမလာကမ်ပိန်းကလည်း ဘာမှသိပ်မဟုတ်ပါဘူး ဆိုတဲ့ ပုံစံမျိုး တုန့်ပြန်ပါတယ်။ အိုဘမတို့ ဘိုင်ဒန်/ကမလာတို့ လက်ထက်တလျောက်လုံး သူများ လာချတိုင်း ကားနေအောင် ခံရတာပါပဲ၊ ချမှာလည်းသိတယ်၊ ချတာလည်း ခံတယ်၊ စာတွေသာထုတ်ပြီး ဘာမှ လက်တွေ့ ထိထိရောက်ရောက် အရေးမယူပုံက ယူအန်ကလူတွေ လုပ်နေပုံအတိုင်းပါပဲ။ ထိခိုက်တဲ့ထဲ သူတို့မှ မပါတဲ့အပြင် အိတ်တောင်ဖောင်းသေးတော့ နေနိုင်တာပေါ့။
ထရမ့်က ကမလာရဲ့ running mate တင်မ်ဝေါ့လ်ဇ်ကို တခါလားပဲ စကားပြောဖူးကြောင်း၊ အဲဒါက ၂၀၂၀မှာ ဂျော့ဖလွိုက်ကိစ္စတွေ ဖြစ်တုန်းက တင်မ်က သူ့အိမ်ကို အမေရိကန်အလံနဲ့ လူထောင်ချီဝိုင်းထားကြောင်း၊ သူ့မှာ တံခါးနားက အစောင့်လောက်ပဲ ရှိကြောင်း၊ ထရမ့်အနေနဲ့ သူ့ကို မိတ်ဆွေလို့ ရည်ညွှန်းပြီး ကာကွယ်ပေးဖို့ ဖုံးဆက်ခဲ့ပါတယ်။ ထရမ့်က အမေရိကန်အလံကိုင်တဲ့ လူတွေဆိုတော့ မင်းက ကောင်းတာကို ပြောချင်တာလား၊ ဆိုးတာကို ပြောချင်တာလားလို့ မေးတော့မှ သူတို့က အမေရီကန်အလံတွေကြိုက်တာဆိုတော့ ထရမ့်ကိုလည်း ကြိုက်မှာဖြစ်လို့ အကူအညီ တောင်းရတာဖြစ်ကြောင်း ဝန်ခံပါတယ်။ အဲဒီတော့မှ ထရမ့်က အမေရိကန်အလံ ကိုင်ထားတဲ့လူတွေက ပြည်သူကို လူတွေကို အန္တရာယ်ပေးမယ့်သူတွေ မဟုတ်ကြောင်း၊ ဒါပေမယ့် မင်းကို မထိခိုက်ရအောင် ပြောပေးမယ်လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ ထရမ့်က တင်မ်ကြောက်နေတာ သက်သာအောင် စာထုတ်ပြီး တင်မ်ဝေါ့လ်ဇ်က အိုခေပါတယ်၊ ငါ့မိတ်ဆွေပါလို့ ပြောလိုက်တော့ ဝိုင်းထားတဲ့လူတွေ ရှဲသွားခဲ့ပါတယ်။ တင်မ်က လော့ဒေါင်းတွေတဖက်ကလုပ်ပြီး တဖက်က ဘီအယ်လ်အမ်တွေကို မြှောက်ပေးပြီး ဆူပူဖျက်ဆီး ရမ်းကားမှုတွေ ပြုလုပ်တာကို သိသိနဲ့ ခွင့်ပြုထားခဲ့တာပါ။