စက်တင်ဘာ ၂၇ ရက် ၂၀၂၄

၂၀၂၄မှာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု ၂ကြိမ်မဖြစ်ခင် ၁နှစ်ကျော်ကတည်းက အီရန်က ဒရုန်းနဲ့ လုပ်ကြံနိုင်ခြေရှိတာကို စီးကရက်ဆားဗစ်ကို သတိပေးထားပြီးဖြစ်ကြောင်း အေးဂျင့်တဦးက ဆီးနိတ်မှာ ထွက်ဆိုခဲ့ပါတယ်။ အီရန်က ဆိုလေမာနီကို လုပ်ကြံခဲ့တာကို လက်တုန့်ပြန်တဲ့အနေနဲ့ ထရမ့်ရော ပွန်ပေယိုနဲ့ ဂျွန်ဘိုလ်တန်တို့ကိုပါ ပစ်မှတ်ထားကြောင်း သိရပါတယ်။ ဇူလိုင်လမှာ အပစ်ခံခဲ့ရတုန်းက စီးကရက်ဆားဗစ်မှာ ဒရုန်းကို ထောက်လှမ်းနိုင်တဲ့စနစ်က အဆင်သင့် မဖြစ်နေသေးတာကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေခဲ့ပါတယ်။ အီရန်က ဒရုန်းနဲ့ လုပ်ကြံနိုင်ခြေရှိတယ် ဆိုတာကို အန်နီမေးရှင်းဗီဒီယိုတွေနဲ့ လူသိအောင် လုပ်လာနေတာတောင်မှ စီးကရက်ဆားဗစ်မှာ ဒရုန်းနဲ့ လုပ်ကြံမှာကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်မနေသေးတာက တမင် ဟ ပေးထားသလို ဖြစ်နေတာပါ။ အိုဘမ၊ ကလင်တန်ကစလို့ ဘိုင်ဒန်/ကမလာအထိ အီရန်ကို မျက်နှာအညှိုးမခံပဲ ငွေသားပုံပေးပြီး ပေါင်းတာဆိုတော့ သူတို့ကို လုပ်ကြံမှာမဟုတ်တာ သေချာနေတာကြောင့် အခုလို လမ်းဖွင့်ပေးထားတာ ဖြစ်နိုင်ပါတယ်။

နေရှင်နယ်အင်တဲလီဂျန့်စ်ဒါရိုက်တာရုံးက ထရမ့်ကို အီရန်အကြမ်းဖက်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ ပြီးခဲ့တဲ့လတွေမှာ ပိုဆိုးလာကြောင်း အသိပေးခဲ့ပြီး စစ်တပ်ကလည်း စောင့်ကြည့်နေကြောင်းနဲ့ လူအင်အား၊ လက်နက်အင်အား ပိုတိုးချပေးထားကြောင်း ထရမ့်က ပြောသွားတဲ့အပြင် အက်ဖ်ဘီအိုင်ကို မသင်္ကာသူတွေရဲ့ ဖုံးတွေကို စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဆီနိတ်တာ ဂျော့ဟော်လီကတော့ စီးကရက်ဆားဗစ်က ထရမ့်ကို ဝစ္စကွန်ဆင်မှာ ပြုလုပ်မယ့် လူထုဟောပြောပွဲကို ဖျက်သိမ်းခိုင်းပြီး အဲဒီနေ့မှာပဲ ကမလာရဲ့ မဲဆွယ်ပွဲကို ဝစ္စကွန်ဆင်ပြည်နယ်က မေဒီဆင်မြို့မှာ လုပ်ခွင့်ပြုပေးလိုက်ကြောင်း အတွင်းလူတဦးက ဖောက်ချတာကို ဆီးနိတ်မှာ တင်ပြခဲ့ပါတယ်။ စီးကရက်ဆားဗစ်က ဘိုင်ဒန်/ကမလာတို့ တရားရေးဌာန လက်အောက်ခံဖြစ်တဲ့အတွက် မတရားအမှုဆင်တဲ့ ကိစ္စတွေလိုပဲ ဒါသည်လည်း ရကပ စွက်ဖက်မှုတရပ်လို့ ပြောလို့ရပါတယ်။

ဘိုင်ဒန်/ကမလာအစိုးရအဖွဲ့က စီးပွား/ကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုဟာ MSNBC နဲ့အင်တာဗျူးမှာ သူတို့အစိုးရရဲ့ စီးပွားရေးကိုင်တွယ်မှုတွေအပေါ် ထရမ့်ရဲ့ ဝေဖန်မှုတွေကို တုန့်ပြန်ရာမှာ ပြည်သူအတွက် ဘာတွေ ဘယ်လိုလုပ်နေပါတယ်၊ ဘယ်လိုအစီအစဥ်တွေ ရှိပါတယ်လို့ မပြောပဲ “အဲဒီလူ(ထရမ့်)ပြောသမျှက အမှန်တရားနဲ့ ပြောင်းပြန်ပါ၊ ငါတို့ ဒီအခြေအနေကို ဘယ်လိုရောက်လာတာလဲ၊​ အဲဒီလူကို အပြီးရှင်းပစ်ကြရအောင်၊ ငါတို့မှာ အရမ်းကို တော်တဲ့ ကန်ဒီဒိတ်လည်း ရှိနေပြီ၊​ သူမက အင်မတန်လည်း ရိုးသားတယ်၊ လက်တွေ့ကျတယ်၊ ပွင့်လင်းတယ်၊ ဒါပဲရွေးကြရင် ပြီးတာပဲ”လို့ မနေ့က ပြောသွားခဲ့ပါတယ်။ အဲဒီ ပြောဆိုမှုဟာ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတာ ၂ခုအပြင် အီရန်နဲ့ ဆက်သွယ်မှုရှိနေတဲ့ ပါကစ္စတန်နီတဦးက လုပ်ကြံဖို့ကြိုးစားတာတွေ နောက်မှာ ထွက်ပေါ်လာတာဖြစ်လို့ ထရမ့်ရကပ နိုင်ပြီးသည့်တိုင် ဆက်ကြိုးစားနေဦးမယ့်သဘောကို ပြနေပါတယ်။

ကမလာကို သိပ်တော်တယ်လို့ပြောတာ ဂျီနာတဦးတည်းမဟုတ်ပါဘူး၊ ပလိုးစီရောပါ။ အဖုံးအဖာ သိပ်လုပ်ကြတဲ့ ဒီမိုကရက်တွေဟာ စီးပွားရေးကိန်းဂဏန်းတွေကိုလည်း သာသာထိုးထိုး လိမ်ပြထားတဲ့ အတွက် ဒီလထဲမှာ လေဘာနံပါတ်တွေ ထွက်လာပြီး မကြာခင်မှာပဲ မသိမသာ ပြန်ပြင်သွားပါတယ်။ ဘယ်လောက်ကွာလဲဆိုတော့ ၈သိန်းကျော် (သိ့) ၃ပုံ ၁ပုံလောက်ကို ကွာနေတာပါ။ နံပါတ်တွေကို ခန့်မှန်းတဲ့နေရာမှာ ပဏာမအဆင့်၊ ပြန်သုံးသပ်တဲ့အဆင့်၊ နောက်ဆုံးထွက်လာတဲ့အဆင့်လို့ ၃ဆင့် ရှိပါတယ်။ ကမလာတို့လက်ထက်မှာ အဲဒီအဆင့် ၃ဆင့်စလုံးမှာ ဖောင်းပွနေလို့ ပြန်ပြန်ဖြတ်ရတာပါ။ ထုံးစံအတိုင်း လူကြားကောင်းတဲ့သတင်းဆို မီဒီညာတွေက ကျယ်ကျယ်လောင်လောင်၊ ပြန်ပြင်တဲ့ သတင်းကိုကျတော့ ဝိနည်းလွတ် ဒိုင်လျိုလေးပေါ့။ ဒါက ဒီတကြိမ်ထဲ မဟုတ်ပါဘူး၊ ၂၀၂၂ နွေဦးမှာ ထုတ်ပြန်တဲ့ နံပါတ်တွေကစပြီး အမြဲလိုဖောင်းပွနေတော့တာပါ။ လိမ်တဲ့နေရာ ကူလီကူမာလုပ်တာမှာ အလွန်တော်တဲ့ ဒီမိုကရက်တွေပါပဲ။

ကမလာက မက္ကဆီကိုနယ်စပ်က အီရီဇိုးနားကို မဲဆွယ်သွားမယ့်နေ့မှာပဲ နေရှင်နယ် ဘော်ဒါပက်ထရို ယူနီယံက ဒုဥက္ကဋ္ဌ အတ်ဒယ်လ်ကွေးတိုးက ယခုလို ကြေငြာချက်ထုတ်ပြန်ပါတယ်။ “နယ်စပ်ပြဿနာကို နှစ်နဲ့ချီပြီး လစ်လျူရှုခဲ့ရုံတင်မကပဲ ပြဿနာကို အစပြုခဲ့တဲ့ ဒုသမတကမလာက နောက်ဆုံးတော့ နယ်စပ်ကို ဆင်းလာတော့မှာပါ။ ဒါကလည်း သွားခဲ့တယ်လို့ ပြောနိုင်ရုံသက်သက်ပဲ ဆိုတော့ နယ်စပ်မှာ နေ့စဥ်နဲ့ အမျှ အသက်တွေကိုရင်းပြီး အလုပ်လုပ်နေရတဲ့ ငါတို့နယ်ခြားရဲတွေရော ပြည်သူကိုပါ စော်ကားလိုက်တာပါပဲ၊ တချိန်လုံး မင်းဘယ်ပျောက်နေခဲ့တာလဲ ကမလာ။” ကမလာ့လက်ထက်မှာ ခိုးဝင်တွေရဲ့ သတ်ဖြတ်မှုကြောင့် အမေရိကန်ပေါင်းများစွာ သေဆုံးခဲ့ပြီး ဒီထဲမှာ ခိုးသွင်းလာတဲ့ မယဆေးပြားတွေ လူကုန်/လိင်ကုန်ကူးမှုတွေကြောင့် ဘဝပျက်/သေကြေရတာတွေ မပါသေးပါဘူး။

ကမလာရဲ့ နယူးဝေးဖော်ဝေါ့ဒ်ဆိုတာက အသစ်မဟုတ်ပဲ ကွန်မြူနစ်ပါတီယူအက်စ်အေရဲ့ ဆောင်ပုဒ် ဖြစ်နေတာကို တွေ့ရပါတယ်။ စီပီယူအက်စ်အေဝက်ဘ်ဆိုက်မှာ ဖော်ဝေါ့ဒ်ယူနိုက်တက်အင်စထရပ်ဂဲလို့ ရေးထားသလို မာဂါ (မိတ်အမေရိကဂရိတ်အဂန်း)ကို ချေမှုန်းဖို့ ညီညွတ်ကြလို့လည်း ရေးထားပါတယ်။ ကမလာပြောတဲ့ ကလေးတွေက ကွန်မြူနတီပိုင်ဆိုတာ ကွန်မြူနစ်မူပါပဲ။ ပြည်သူမှာ ပိုင်ဆိုင်မှု မရှိရတာလည်း ကွန်မြူနစ်မူပါပဲ၊ အဲဒါက စတော့နေပါပြီ၊ ဒီမိုခွက်တွေပဲ အာဏာရနေရင် နောက်တဆင့်တက်လာပါလိမ့်မယ်။ ခုတောင် ကားပိုင်တာ ဘာလုပ်ဖို့လဲ၊ ငါတို့လက်ထဲ ၂၄/၇ သုံးနေတာမှ မဟုတ်တာ၊ တခြားသုံနေတဲ့လူတွေနဲ့ မျှသုံးရင် အားလုံး အကုန်သက်သာတယ်လို့ စဦးနှောက်ဆေးနေပါပြီ။ ပြည်သူကို မွဲအောင်လုပ်နေတာ အဲဒီလမ်းကို သွားစေချင်လို့ပါ။ ချမ်းသာနေတဲ့ပြည်သူက အဲဒီအတွေးမျိုးတွေးဖို့ ဆယ်ကမ္ဘာလောက် ဝေးပါတယ်။

ဇယ်လင်းစကီနဲ့ ကမလာတို့ ယနေ့တွေ့ဆုံချိန်မှာ နှစ်ဦးလုံးက ယူကရိန်း နယ်မြေလက်လွှတ်မှာ မဟုတ်တဲ့ အကြောင်းနဲ့ အဲဒီလိုလုပ်မှ စစ်ပြေငြိမ်းရမယ့်အကြံတွေကို လက်မခံနိုင်ကြောင်း ပြောသွားပြီး ဇယ်လင်းစကီးက သူ့ရဲ့ ဗစ်ထရီပလန်ကို တင်ပြသွားပါတယ်။ အဲဒီပလန်က ယူကရိန်းကို လက်နက်တိုးမြှင့် ပို့ပေးဖို့နဲ့ ရုရှား အတွင်းထဲအထိ လှမ်းပစ်ခတ်ခွင့် ပြုပေးဖို့တွေပဲဖြစ်ပါတယ်။ ဘိုင်ဒန်-ဟဲရစ်တို့က အကူအညီ​အသစ်အနေနဲ့ အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး ပေးထရီယော့ ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ အက်ဖ်-၁၆ တိုက်လေယာဥ်တွေအတွက် ပိုင်းလော့ထရိန်နင် တိုးချဲ့ပေးဖို့တွေ ပါဝင်တဲ့ ၅.၅ ဘီလီယံ ထပ်ကူမယ်လို့ ကြေငြာလိုက်ပါတယ်။ ဇယ်လင်းစကီးက ပန်ဆယ်လ်ဗေးနီးယားက လက်နက်စက်ရုံကို သွားကြည့်ခဲ့ပြီး ဂျေဒီဗန့်စ်ကို ဝေဖန်ခဲ့ပါတယ်။

ဇယ်လင်းစကီးက ထရမ့်ကိုလည်း ထရမ့်တာဝါမှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ထရမ့်က သူအိမ်ဖြူကို ပြန်ရောက်ရောက်ချင်း နှစ်ဖက်လုံးနဲ့  ညှိနှိုင်းပြီး စစ်အမြန်ဆုံးရပ်အောင် လုပ်ပေးသွားမယ်လို့  ဆိုပါတယ်။

ရုရှားက ဘုရှ်၄၃ လက်ထက်မှာ ဂျော်ဂျီယာကို ဝင်သိမ်းခဲ့ပြီး အိုဘမလက်ထက်မှာ ယူကရိန်းပိုင် ခရိုင်းမီးယားကို ဝင်သိမ်းခဲ့တာ ဘယ်နှစ်ရက်မှ မကြာလိုက်သလို အမေရိကန်ကလည်း ဘာမှ ဝင်မစွက်ခဲ့ပါဘူး။ ခုကျတော့မှ ယူကရိန်းမှာ စစ်တိုက်မယ့်လူတောင် မရှိတော့လို့ မြို့တွေထဲ အတင်းလိုက်ဆွဲနေရတဲ့ အခြေအနေမှာ မိမိပိုင်မြေကို တလက်မမှ မစွန့်လွှတ်နိုင်ဆိုတော့ ဒါက တိုင်းပြည် တကယ်အကျိုးရှိပါ့မလားဆိုတာ တကယ်ပြည်ချစ်စိတ်ရှိသူတိုင်း စဥ်းစားမိကြမှာပါ။ ဟိုအရင် သိမ်းခဲ့တဲ့ဒေသတွေကလည်း ရုရှန်းအနွယ်တွေများလို့ ဘယ်သူမှ မခုခံပဲ အသာတကြည် ရသွားခဲ့တာပါ။ အခုရုရှားတောင်းနေတာလည်း ရုရှားများတဲ့ ဒေသတွေဖြစ်လို့ မဲဆန္ဒသာ ခံယူလိုက်ရင် စစ်ဖြစ်စရာတောင် မလိုပါဘူး။ ဇယ်လင်းစကီးက ဒီမိုကရေစီကို ကာကွယ်ဖို့လို့ ပြောနေပေမယ့်  စီအိုင်အေရဲ့ ပတ်သက်နေမှုနဲ့ ရကပတွေဖျက်သိမ်းတာ၊ အတိုက်အခံတွေကို ထောင်ချထားတာတွေက အပြောနဲ့အလုပ် ဆန့်ကျင်ဖက်ဖြစ်တာကို ပြနေတာပါ။

နယူးယောက်မြို့ဝန် အဲရစ်အဒမ်စ်ကို ပူးပေါင်းကြံစည်မှု၊ ငွေလိမ်လွှဲမှု၊ လာဘ်စားမှု၊ ကမ်ပိန်းရန်ပုံငွေ ၁၀သန်းကို လိမ်ညာရယူမှု အစရှိတဲ့ ပြစ်မှု ၅မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။ ကျူးလွန်ခဲ့တဲ့ကာလက ဆယ်စုနှစ်တခုလောက် ရှိပြီဖြစ်ပြီး နိုင်ငံခြားသားတွေထံက တံစိုးလက်ဆောင် ရယူမှု၊ အထူးသဖြင့် မန်ဟက်တန်ရှိ တူရကီကောင်စစ်ရုံးကို မစစ်ဆေးဖို့ ထိုးတာတွေ ပါဝင်ပါတယ်။ ကမ်ပိန်းရန်ပုံငွေ တွေကို ကလဖန်ထိုးသုံးစွဲပြီး အဲဒါကို ဖုံးဖိဖို့အတွက်ရော နိုင်ငံခြားသားတွေဆီက ရတဲ့ငွေတွေကို ဖုံးဖိဖို့အတွက်ပါ အယောင်ဆောင်စာရွက်စာတမ်းတွေ လုပ်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။ အဒမ်စ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း၊ ဘိုင်ဒန်-ဟဲရစ်အစိုးရရဲ့ ခိုးဝင်ပြဿနာကို ဝေဖန်တဲ့အတွက် သူ့ကို ပစ်မှတ်ထားတာသာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

Leave a comment